ဘာကြောင့် အိပ်ဖို့ လိုအပ်တာလဲ

kyawgyiMay 11, 20101min16514

အိပ်စက်ခြင်းသည်သက်ရှိများအတွက် ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ လူသားတိုင်းသည်
ခန့်မှန်းခြေအားဖြင့်ဘဝ၏သုံးပုံတစ်ပုံကိုအိပ်စက်ခြင်းဖြင့်ကုန်ဆုံးကြသည်။ကလေးငယ်များနှင့်လူငယ်
များသည် အိပ်စက်မှုကိုလူကြီးများ၊သက်ကြီးရွယ်အိုများထက်ပိုမိုပြုလုပ်ကြသည်။ အိပ်စက်ခြင်း၊နိုးထ
ခြင်းသံသရာသည်ကိုယ်တွင်းပိုင်း ဇီဝနာရီကထိန်းချုပ်ပြီး၊ ၎င်းသည်နေ့၊ ညသံသရာနှင့်တစ်ချိန်တည်း
ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည်ခန္ဓာကိုယ်ကိုအားအင်ပြည့်စေပြီး၊ညပိုင်းတွင်နှစ်ခြိုက်စွာအိပ်ပျော်ပါ
ကလန်းဆန်းမှုကိုပေးစွမ်းသည်။ သို့သော်အိပ်စက်မှုကိုမပြုဘဲနေပါက အာရုံစုစည်းနိုင်မှုနည်းပါးခြင်း၊
စိတ်မကြည်မလင်ဖြစ်ခြင်း နှင့် စိတ်အာရုံခြောက်ချားခြင်းတို့ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ကြွက်
သားများအတွက်အားအင်စုစည်းပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို အနားပေး အပန်းပြေစေပြီး နောက်
တစ်နေ့အတွက်ခန္ဓာကိုယ်ဖျတ်လတ်တက်ကြွအောင်ပြုလုပ်ပေးသည်။ (၂ဝဝ၈ ခုနှစ်မတ်လ ၂ရ ရက်
နေ့ထုတ်7Day Newsဂျာနယ်တွင်
ဖော်ပြထားပါသည်။)

14 comments

  • susunosuki

    May 11, 2010 at 2:43 pm

    အ်ိပ်တာအရေးကြီးတာမို့
    အိပ်ရာခင်းကောင်းကောင်းရှာကြစို့

  • peace

    May 12, 2010 at 5:28 am

    Yes, that is a true which sleep and dream is very important for us.Sleeping will be deploped our energy. Thank you so much one, Ko Kyawgyi.

  • intro

    May 12, 2010 at 9:14 am

    တစ်ခါတစ်လေ ညဘက်အိပ်တာ အားမရလို့…. နေ့ခင်းဘက်ပါ အိပ်သေးတယ်ဗျ…. ဟီး

  • tartay

    May 22, 2010 at 9:25 am

    နေ့ခင်းဘက်မှာတစ်ရေးတစ်မောအိပ်တဲ့လူတစ်ယောက်ဟာ
    မှတ်ညဏ်ပိုကောင်းတယ်ဆိုတဲ့အယူအဆကိုကျန်းမာရေးသုတေသီတွေကတွေ့ရှိထားတယ်လို့
    သတင်းထဲမှာဖတ်ရပါတယ်……..အဲဒါမှန်ကန်ကြောင်းလဲအတည်ပြုခဲ့ကြပါသေးတယ်…။

  • manawphyulay

    May 31, 2012 at 12:55 pm

    ရှေးလူကြီးတွေပြောတော့ အအိပ်ကို လျှော့သင့်တယ်လို့ ပြောတယ်။ တစ်နေ့ကို ၄ နာရီပဲ အိပ်ရင်ကော ဘယ်လိုဖြစ်နေမလဲဟင်…

    • Ch@vez

      May 31, 2012 at 12:58 pm

      ရုပ်ရင့်မယ် ဝက်ခြံပိုထွက်မယ် အရပ်ပုမယ်
      အလုပ်ချိန် တဝါးဝါးသန်းမယ်
      မိုက်ကနဲ မိုက်ကနဲ ငိုက်မယ် အိပ်ပါပျော်သွားဦးမယ်..
      မယုံမရှိနဲ့
      :mrgreen:

    • kai

      May 31, 2012 at 1:56 pm

      ဘာမှမဖြစ်ဖူး.. မယုံမရှိ..ကိုယ်တွေ့..
      ဆိုတော့.. တရက် ၈နာရီအိပ်တဲ့သူထက်.. ၄နာရီအချိန်ပိုရတယ်..
      တလမှာ.. နာရီ၁၂၀…
      တနှစ်မှာ.. နာရီ ၁၄၄၀
      ၁ဝနှစ်မှာ… နာရီ ၁၄၄၀၀..
      အနှစ်၅ဝမှာ.. နာရီ ၇၂၀၀ဝ = ၈.၂နှစ်
      (သာမန်လူ့သက်တန်း ၇ဝထဲ.. အရွယ်ရောက်ပြီးချိန် ၂ဝကစတွက်ရင်.. အနှစ်၅ဝရှိတယ်..)
      ဆိုတော့…
      တရက် ၄နာရီအိပ်တဲ့သူဟာ.. (သာမန်)တရက်၈နာရီအိပ်တဲ့သူထက်… ၈နှစ်ကျော်အမြတ်ထွက်တဲ့သဘော… 🙂

    • amatmin

      May 31, 2012 at 2:10 pm

      အိပ်ချိန်တန်မအိပ်ခဲ့တော့ အချိန်တွေက ပိုနေရော..
      အသက်ကြီးလို့ ရောဂါတခုလည်းစွဲကပ်ရော…
      ပိုနေတဲ့ အချိန်တွေပါပေါင်းပြီး မသေမချင်း
      ဆန့်တငင်ငင် ခံစားပေရော့ပဲ.. 😛
      ဆိုတော့ အားအင်ပြည့်ဝ လန်းဆန်းစေမဲ့
      သတ်မှတ်အတိုင်းအတာ တခုထိ အိပ်ပေးတာ အကောင်းဆုံး 🙂

    • Ch@vez

      May 31, 2012 at 2:11 pm

      လုပ်ပီ ..
      သူ့ကို ဘယ်သူက ၇ဝထိ နေရမယ် ဝရန်တီ ထုတ်ပေးထားတယ်မသိ…
      မူမမှန်တဲ့ လူနေမှု ပုံစံကြောင့် အသက်တိုတဲ့ အကြောင်း မသိတာလည်းမဟုတ်..

      ကျုပ်ကလည်း ကိုယ်တွေ့ …
      အဲ့သည့် ၂ဝ ကတည်းက အိပ်ချိန်လျှော့ခဲ့တာ..
      နေ့ ..ဘလက်ကော်ဖီ တဂွက်ဂွက် သောက် အိပ်မငိုက်အောင်..
      ညကျ မျက်စိကြောင် အိပ်မပျော် …
      အော်. .မသေခင်လေး ဟဲ့ ဆိုပီး လုပ်ချင်တာတွေလုပ် …
      နောက်ဆုံး အိပ်မပျော် …ဘလက်လေဘယ် ၁ပက် ၁ပက် သောက်အိပ်…
      မိုးလင်းရင် ဒုံးစိုင်းပြေး …ဒက်ဂလောက် ဒက်ဂလောက်..
      ဂလောက် ကာဖိင်န်း နဲ့ အယ်လကိုဟော စစ်ဖြစ်နေတဲ့ ခန္ဒာကိုယ်
      ကြာကြာခံမယ် ထင် ကိုမထင် ….

      ဇဂါးမစပ် …ဟိုတယောက် အရပ်တိုတာ နွားနို့မသောက်လို့ မဟုတ်ဘဲ..
      ငယ်တုန်းက အိပ်ရေးမဝခဲ့လို့ထင်ရဲ့ …ဟိဟိဟိဟ ..

      ကျုပ်ကတော့ ငယ်တုန်းက ဝဝလင်လင် အိပ်ခဲ့စားခဲ့တော့.
      ဒယ်လ်ပီယာရိုထက်တော့ ..၁လက်မ ပိုမြင့်ပါရဲ့…

      ဟီဟိ

      • Ch@vez

        May 31, 2012 at 2:22 pm

        သုတ္တန်လေး ပီးတော့
        ဝိနည်းလေး ချီးမြှင့်ပါ့မယ် မစိတ်ဖွေးပိစိရေ…

        ဂလိုဗျ …လူ့ကိုယ်ထဲမှာ နာရီတလုံး ရှိတယ် လို့ မှတ်..
        physiological/ biological clock လို့ခေါ်တယ်…လူရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို
        ထိန်းချုပ်သတဲ့ …။

        ဘယ်လိုမျိုးလဲဆို ..ခညား ရှမ်းပြည်သွားမယ်ဗျာ …
        ရောက်ရောက်ချင်း သိပ်ချမ်းတယ် ခံစားရမယ်..
        နောက်တော့ အသားကျပြီး ရောက်စကလောက် မအေးတော့ဘူး ဖြစ်မယ်..
        အသားကျဖို့ လိုတဲ့ ကာလ က တချို့ ၂ပါတ် လို့ပြောတယ် တချို့စာတွေက ၁ဝရက်တဲ့…

        အဲ့သည့် နာရီလေးက ထိန်းညှိပေးပါသတဲ့ ..
        အဲ ..ကျုပ်တို့ စား-ပါ-သောက်-ပေါက် တဲ့ အမူအကျင့်တွေကိုလည်း သူက ထိန်းသေးရဲ့..
        လူတွေမှာ ရှိတဲ့ ..အကျင့် ဆိုတာကိုလည်း ထိန်းသတဲ့ဗျာ..
        ၂ပါတ်လောက် နေ့စဉ်မပျက် တခုခုကို စွဲလုပ်လိုက် အဲ့ဒါ အကျင့်ဖြစ်ပြီး စွဲလာတတ်ရော
        လို့ အဆိုရှိတယ်…။ မိုးလင်းရင်စားဖို့ဆိုပီး ညကတည်းက ကွမ်းထုတ်ဝယ်
        ရေခဲသေတ္တာထဲ ဆောင်ထားတတ်တဲ့ ကွမ်းသမားတွေကို ကြည့်…။

        နေ့စဉ်လူမှုဘဝ အလိုက် .. စားချိန် အိပ်ချိန် နောက်ကျတာ စောတာ ဘဲလင့်န်စ် ကို
        အဲ့ဒါလေးက ထိန်းပြန်တယ် .. သည်တော့ တယောက်နဲ့ တယောက် ခန္ဓာကိုယ်တည်ဆောက်ပုံ
        ရော ကာလ-ဒေသ-ပရောဂရော မတူလို့ ..လူတယောက် ၁နေ့ဘယ်နှနာရီ အိပ်မှ
        အိပ်ရေးဝတယ် ဆိုတာ ပုံသေမရှိ….။မီနီမန် ၆နာရီလို့တော့ အဆိုရှိ။ သို့သော်
        လူနဲ့ လူမှုစနစ်ကိုလိုက်ပြီး ကွဲပြားနိုင်…။

        အိပ်ရေး မဝလင် ရင်တော့ အသက်တိုမှာ အမှန်…။
        မယုံရင် သဂျီးတို့ ကျုပ်တို့ နာရေးသတင်းသာ စောင့်ကြည့်နေ …
        မောပါ့အေ….။
        http://en.wikipedia.org/wiki/File:Biological_clock_human.PNG

  • Gipsy

    May 31, 2012 at 2:10 pm

    အရွယ်ထောက်လာလို့ အိပ်ချိန်နည်းရင် အာရုံကြော အားနည်းလာမှာ သေချာပါတယ်..
    လူတွေ အိပ်နေချိန်မှာ ကျောက်ကပ်လဲ အလုပ်လုပ်မှု အနားယူပါသတဲ့ ….
    ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် လိုအပ်သလို အိပ်စက် အနားယူကြပါဗျား…..။

  • အရင့်ရောင်

    May 31, 2012 at 2:17 pm

    ညဘက် ညဘက်တွေကို အိပ်ရတယ်လို့ သတ်မှတ်ပေးခဲ့သူကို
    ကျေးဇူးတင်ပါတယ်
    အရင့်ရောင် ကြတော့လည်း
    အိပ်လို့ပျော်ပါဘူးလေ………
    အတွေးတွေက ရစ်ပတ်နေလေရဲ့……..
    ဪ…………
    လောက…………..လောက(ညဉ်းတွားသံ)

  • Gipsy

    May 31, 2012 at 2:23 pm

    အလွမ်းသမားလေး အရင့်ရောင် ပါကလား …
    အိပ်မပျော်ရင် အိပ်ချေးတောက်…..။

Leave a Reply