Libyans had shown the world, how to deposed the dictator

timothyAugust 22, 20111min870

ရွာသားတို့ရေ။

လစ်ဗျားပြည်သူလူထုကို ၁ဝခါပြန်အလေးပြု၊

ဂုဏ်ပြုချီးကြူးကြပါစို့။

ခေါင်းမာပြီး၊ဗိုလ်သန်းရွှေလိုယုတ်မာပက်စက်တဲ့ ဂဒါဖီးကို

ပြောင်မြောက်တဲ့သတ္တိဗျတ္တိတွေနဲ့အခက်အခဲများကြားကတိုက်ထုပ်လိုက်ပြီ။

ကမ္ဘာ့ပြည်သူများက သတ္တိရှင်လစ်ဗျားပြည်သူလူထုကိုဂုဏ်ပြုကြပါတယ်။

အာဏာရှင်ကို၊စစ်အာဏာရှင်ကိုအကြမ်းနည်းနဲ့ဘဲဖြုတ်ချနိုင်မယ်ဆိုတာကိုသက်သေထူလိုက်ပြီ။

အမေရိကန်၊အင်းဂလိပ်၊ရုရှား၊တရုပ်၊ပြင်သစ်၊ကုလား၊ဘင်ကီမွန်( ကမ္ဘာ့အညံ့ဆုံးကုလအတွင်းရေးမှူး)

တို့အတွက်အကောင်းဆုံးသင်ခန်းစာဘဲ။

ဒီသင်ခန်းစာကိုယူပြီး ဆီးရီးရား အာဏာရှင် အာဆတ်ကိုဆုံးမဘို့သိပ်မခက်တော့ဘူး။

ဗမာပြည်သူလူထုသင်းခန်းစာယူဘို့က

၁) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ရေးဆိုတာပြည်သူလူထုကိုယ်တိုင်ဝင်ပါဝင်လုပ်မှရမည်ဆိုတာကိုယုံကြည်လိုက်လုပ်ကြပါ။

၂)ဒေါ်အောင်ဆန်းစုကြည်ကအခုစစ်အစိုးရခေါင်းဆောင်တွေကိုအနုနည်းနဲ့ဖြောင်းဖျဆွေးနွေးနေပြီ။

၃)ပြည်ကူလူထုကလူထုအင်အားပြကြရမယ်။အသေခံ၊အနာခံကြရမယ်။ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးလွတ်မြောက်ဘို့အရေးဆိုဆန္ဒပြကြရမယ်။

လိုအပ်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိန့်ပေးရင်၊ဒါမှမဟုတ်လို့အမေစုကိုရန်သတ္တုပြုလာရင်ပြည်သူအားလုံးလမ်းတွေပေါ်ထွက်လာကြပါ။

၄) စစ်တပ်ကရက်ရက်စက်စက်နှိမ်နင်းလာပြီဆိုရင်၊

၅)လက်နက်ကိုင်တိုက်တဲ့အဆင့်ရောက်ပြီ။

၆)လစ်ဗျားအခြေအနေနဲ့ဗမာပြည်ဖိနှိပ်မှုနဲ့တထပ်ထဲတူပါတယ်။ လစ်ဗျားတွေလုပ်တဲ့အတိုင်းသင်ခန်းစာယူပြီးအသေခံလုပ်ကြရမယ်။

၇) စစ်ခွေးများအပြစ်ကြမ်းလာရင်၊

လိပ်၊ကန်၊သစ်၊တရုပ်၊ရုရှား၊ကုလတို့အတွက် ပြည်သူလူထုကိုကာကွယ်တဲ့ ( Protection to People from harm ways of Sovereign States    Clause) ကိုသုံးပြီးစစ်လေယာဉ်၊စစ်သင်းဘောများလွှတ်ပြီးဖိနှိပ်သတ်ဖြတ်ခံနေကြရတဲ့ ပြည်သူလူထုကိုကူဘို့အတွက်က၊

ထမ္မင်းစားရေသောက်လောက်လွယ်သွားပါပြီ။

၈) အခုဆီးရီးယားအရေးအခင်းကိုစောင့်ကြည့်ကြပါ။

ဆီးရီးယားပြည်သူလူထုလက်နက်ကိုင်တိုက်လာပြီ၊အာဏာရှင်အာဆတ်ကရက်ရက်စက်စက်ပြစ်လာပြီဆိုရင်၊

ပြည်ပကစစ်လေယာဉ်၊စစ်သင်းဘောများရောက်လာကြအုံးမယ်။

၉) No pain, no gain. ပြည်သူလူထုကတခဲနက်ဝင်ပါ၊ဝင်နာ၊ဝင်ခံအသက်ပေးကြဘို့အဆင်သင့်ပြင်ထားပါ။

Libya ပြည်သူများကချွေးနဲ့သွေးနဲ့ရင်းပြီး ကမ္ဘာ့သမိုင်းစာမျက်နှာကိုပြင်လိုက်ပါပြီ။

Principle of Protection of Peoples from harm ways of Sovereign States

ပြည်သူလူထုကိုကာကွယ်ရေးဥပဒေ ကို Libya ပြည်သူများကပြဌါန်းလိုက်ပါပြီ။

ဗမာပြည်သူများကအသုံးတဲ့၊အသုံးချကြဘို့ဘဲလိုပါတယ်။

Libya အရေးအခင်းမှသင်ခန်းစာယူပြီး၊

မနှေးအမြန်လွတ်လပ်ရေးအတွက်ရုံးထွက်ကြပါစို့။

အပြုသဘောဝင်ရောက်ဆွေးနွေးကြဘို့ရွာသားအားလုံးကိုဖိတ်ခေါ်ပါရစေ။

ဗိုလ်သန်းရွှေအောက်ဆွဲဒလံသရဲသဘက်များကိုတော့ဒီလို ရွာသားများရဲ့လွတ်လပ်သော ဆွေးနွေးပွဲတွေမှာဝင်မပါကြဘို့မေတ္တာခံသတိပေးပါတယ်။