မတူ ထူးတဲ့ချစ်နည်း (အရမ်း မုန်း တဲ့ နည်းပါ )

Mobile HouseAugust 22, 20111min18916

မတူ ထူးတဲ့ချစ်နည်း(ဆိုဒ်တခုမှကူးယူထားသည်)

အရမ်းမုန်းတာ မို့ တင်ပေးလိုက်တာပါ ကျွန်တော်ကောင်မလေး က ဒီလိုချစ်စေချင်တာတဲ့ ။ကျွှန်တော်တော့ မဖြစ်နိုင်ဘူးထင်တယ် ။။ကျွှန်တော် မလုပ်နိုင်ဘူးလို့ထင်တယ် ။စာအုပ်တအုပ်ထဲက ဖတ်မိတာပါ ။
(၁)

နင့်ကို ငါပြောတယ် “ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ”

“အိုး.. သတိထားမှပေါ့ မိန်းမရယ်” လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်

“နင် ဖြေးဖြေးမလှဲတတ်ဘူးလား” ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။ ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။

နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။ ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင် ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၂)

နင့်ကို ငါပြောတယ် “လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့ နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်”

“တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုမိခဲ့တယ်။

နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက် မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၃)

နင့်ကို ငါပြောတယ် “ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်”

“အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်” ဆိုတဲ့ ကြင်နာသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၄)

နင့်ကို ငါပြောတယ် “ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့ ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်”

“စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ မကျွတ်နိုင်ဘူး” ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်” လို့ နင်ပြောခဲ့တယ်။ နင် ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။ ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင် ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၅)

နင့်ကို ငါပြောတယ် “သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်”

“ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင် ဖုန်းမကြာမကြာဆက်ခဲ့နော်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၆)

နင့်ကို ငါပြောတယ် “ငါ ဟိုဒင်းဖြစ်နေလို့ ဗိုက်အရမ်းအောင့်တယ်”

“သည်းခံလိုက်ပါ၊ တစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“မိန်းမတွေ သိပ်အလုပ်ရှုပ်တာပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကအစားထည့်တဲ့ ဘီရိုမှာ ချောကလက်တွေ ပိုလာတာတွေ့လိုက်တယ်။ နင်ဝယ်လာပြီး နင်မစားခဲ့ဘူး။ မိန်းမသဘာဝမဖြစ်ခင် ငါ့အတွက် နင်ပိုဝယ်ထားတတ်တာကို ငါသတိထားလိုက်မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၇)

နင့်ကို ငါပြောတယ် “ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့ ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့”

“ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။ ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၈)

နင့်ကို ငါပြောတယ် “ဒီနေ့ နားထောင်ခဲ့တဲ့ ဓမ္မတေးက အရမ်းကောင်းတာပဲ၊ နားထောင်ရင်း ခံစားရတယ်”

“ဘယ်စာအုပ်၊ ဘယ်အခွေထဲကလဲ၊ ငါတို့သွားရှာဝယ်ရအောင်လေ”ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“ဘယ်တေးဖြစ်ဖြစ် အတူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ကက်ဆက်ထဲကနေ ရင်းနှီးတဲ့တေးသံကိုအမြဲ ကြားခဲ့ရတယ်။ စီဒီစင်ပေါ်မှာလည်း ခွေအသစ်တစ်ခွေ တိုးခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၉)

နင့်ကို ငါပြောတယ် “လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်”

“ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို နင်ပြန်အားနာအုန်း” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၁ဝ)

နင့်ကို ငါပြောတယ် “နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့ ခင်ပွန်းကောင်းတစ်ဦးပါ”

“အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

“ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့ နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊ ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊ ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့ နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်…

16 comments

  • Shwe Ei

    August 22, 2011 at 5:34 pm

    ခေါင်းစဉ်မှာပါတဲ့(–)ထဲကစာက ဘာသဘောတုန်း။ စာတွေက ဖတ်လို့တော့ကောင်းသား။

  • blackprince72

    August 22, 2011 at 6:36 pm

    အဲ့ နည်း တွေကြောင့် ရည်းစား နဲ့ ပြတ်သွား လို့ ပါ ။

  • pyinlepyaw

    August 22, 2011 at 6:54 pm

    နည်းဗျုဟာ က အကောင်းလွန်သွားတယ်ထင်ပ … ၊

  • blackprince72

    August 22, 2011 at 6:56 pm

    မဟုတ်ဘူး သူ က လို ချင်တာ ။ကျွှန်တော် က မပေးနိုင်တာ

  • pyinlepyaw

    August 22, 2011 at 7:07 pm

    ရတာမလို လိုတာမရ သဘောမျိုးနဲ့တူနေတယ် ၊
    သူမလို ချစ် တတ်နိုင်တဲ့ချစ်သူမျိုး ရချင်ပါတယ် ၊
    မင်းသား က ဘာကိုမပေးနိုင်တာလဲ ဗျ..။

  • blackprince72

    August 22, 2011 at 7:45 pm

    ကျွှန်တော် ပေးနိုင်တာ ၁၅၀ဝ အချစ်ပါ။သူက အဲ့ ပုံပြင်ပြောပြတယ် ။ဘာသဘောနဲ့လဲ မသိဘူး။သူ လို ချင်တာ တော့ စဉ်းစားလို့ မရဘူး ။စဉ်းစားလို့ ရရင် ပြောကြ့ပါ။

  • မီးမီး သော်

    August 22, 2011 at 11:03 pm

    အနက်ရောင်မင်းသားလေးရေ ဒီလိုပါဘဲလေ—-ဟိဟိ မပြောတတ်ပါဘူး။အချစ်ကြီးချစ်ကြတော့လဲ. ဖြစ်တတ်ပါတယ်။ဖတ်လို ့တော့ကောင်းသားနော်။လက်တွေ ့ဆန်တဲ့ အချစ်မျိုးပါဘဲ။

  • ဝိညာဉ်ပြာ

    August 22, 2011 at 11:31 pm

    ကြိုက်တယ်ဗျာ ကျွန်တော်ကတော့ အဲ့လို ချစ်ခြင်းမျိုးကိုပဲ သဘောကျတယ်ဗျာ……

  • chitpyae

    August 23, 2011 at 7:08 am

    မိန်းကလေး တွေကလေ သူတို့ကို အမြဲ ဂရုစိုက် မေးမြန်း ပြီး လို သမျှ ပြောသမျှ လိုက်လုပ်ပေးတဲ့သူကို ပဲ ဂရုစိုက်တယ် ထင်တတ်ကြတယ် ။ တချို့ ယောကျင်္ား လေးတွေက ပေါ်ပေါ်တင်တင် မဟုတ်ဘဲ အခုလို လေး တွေ လုပ်ပေးပြီးဂရုစိုက်တတ်တာလည်း ရှိတာပဲလေ ၊ အဲဒါ ကို ကောင်မလေးတွေ သေချာ မသိခင်မှာတော့ ဂရုမစိုက်ဘူး ၊ မချစ်ဘူး လို့ ပဲ ထင်မိတတ်ပါတယ် ။ နောက်ပိုင်း သေချာ စဉ်းစား မိတဲ့ အခါ နားလည် သွားမှာပါ ။ ဘယ်သူမဆို ကိုယ်ချစ်လို့ ယူထားရင် တကယ် ဂရုစိုက်မှာပါ ။ မိန်းကလေး တွေကတော့ သိတဲ့အတိုင်း မိန်းကလေး စိတ်တော့ရှိတာပေါ့ ။ သူတို့ကို ဂရုစိုက်မှ ကျေနပ်တဲ့ သဘောရှိတယ်လေ ….. ဒါဆို သဘောပေါက် 😛 😛

  • ကြောင်ကြီး

    August 23, 2011 at 7:38 am

    နေ့ဖက်အနားယူတဲ့
    ငါ့ကိုကြည့်ပြီး
    လူတွေကပြောတယ်
    ငပျင်း၊ အလကားကြောင်တဲ့…
    ချစ်စရာကောင်းလိုက်တာ
    တပွေ့တပိုက်
    တတုံးတခဲကြီးလို့
    နင်အသိအမှတ်ပြုတာ
    ခံချင်ပေမဲ့
    ဗာလာနံလူမိုက်တွေ
    ပြောတာနင်ယုံခဲ့တယ်..
    ညဖက်ထပြီး
    ငါ့အလုပ်ငါလုပ်
    ကြွက်ခုတ်ပေးပြန်တော့လည်း
    ဆူလိုက်တာ
    ညံလိုက်တာနဲ့
    တပွမ်ပွမ်လုပ်ပြန်တယ်..
    လူ့အလိုနတ်မလိုက်နိုင်
    စကားပုံရှိပေမဲ့
    ငါကြိုးစားခဲ့တယ်..
    ငါကုတ်ပြခဲ့တယ်..
    ငါခြစ်ပြခဲ့တယ်..
    ငါပန်းပြခဲ့တယ်..
    ငါယိုပြခဲ့တယ်..
    ဒါတွေတော့
    နင်နားမလည်
    ငါဘာဆက်လုပ်ရမလဲ…
    ငါဘာဆက်လုပ်ရမလဲ…. 🙄

    ညဖက်ကြွက်ခုတ်ပေးတာ
    သင်းတို့မသိသေးလို့ပါ

    • MaMa

      August 23, 2011 at 7:56 am

      ငါဘာဆက်လုပ်ရမလဲ…
      ငါဘာဆက်လုပ်ရမလဲ….
      “လူ့အလို ကြောင်မလိုက်နိုင်” လို့ စကားပုံပြောင်းပေးလိုက်ပေါ့။ 😛

  • zawmyothu

    August 23, 2011 at 9:22 am

    နံပါတ် (၆) က ချောကလက် ကဘာအဓိပ္ပာယ်လဲဗျ လင်းစမ်းပါအုံး
    ဟဲဟဲ……..

  • နွယ်ပင်

    August 23, 2011 at 9:32 am

    သဘောကျတယ် ရေးထားတာလေးတွေကို
    ပါးစပ်နဲ့ ဟန်ဆောင်ပြီး ချစ်ပြနေတာထက် အခုလိုလေး ချစ်ပြတာကလည်းမဆိုးပါဘူး
    ဒါပေမယ့် တစ်ခါတစ်လေတော့လဲ မိန်းကလေးတွေက ဖွင့်ထုတ်ပြတ့ ချစ်ခြင်းတွေကိုလိုချင်တက်ကြပါတယ် ….

  • စုံ စုံ

    August 23, 2011 at 11:09 am

    ပို့စ်ကိုတော့သဘောကျတယ်
    ဒါပေမယ့်အဲ့လိုအမြဲတမ်းပါးစပ်ကနေကန့်လန့်ပြောတာတော့မကြိုက်ဘူး
    ကျမအထင်တော့ရင်ထဲကချစ်ခြင်းတွေကိုပါးစပ်ကမကြာခနဖွင့်ပြောလိုက်ရင်
    ပိုနွေးထွေးတဲ့မေတ္တာတရားတွေမွေးဖွားလာမယ်ထင်ပါတယ်

  • manawphyulay

    August 23, 2011 at 12:56 pm

    ဪ… ဖော်ဝေါ့တစ်ခေတ် ဆန်းသစ်လာပြန်ပြီ ထင်တယ်…..

  • blackprince72

    August 23, 2011 at 3:39 pm

    ဖေမြင့် စာအုပ်ထဲပါတယ် ထင်တယ် ။မေ့ သွားပြီ ။ဖတ်ဖူးတဲ့ သူရှိမှာပါ ။

Leave a Reply