မျက်မမြင်(၅)ဦး နှင့် ကွန်ပျူတာ

thit minAugust 22, 20111min1598

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့…

သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာတစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါ သတဲ့ …တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက်ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ…ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ဆိုသူရဲ့ ရုံးခန်းကိုရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …” အမယ် တယ်ဟုတ်ပါလား..ကို့ ညီတို့ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် “ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်းပါသတဲ့ …ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့..

သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့…..

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို..အခန်းထဲကို ဝင်ခိုင်းပြီး စမ်းစေပါသတဲ့

ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကိုပြောသတဲ့ ..

” ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ…အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကို း” တဲ့

ကိုကြီးကျော် သဘောကျ သွားသပေါ့ …

ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့

” အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကိုစမ်းမိ သွားပြီဘဲ “

နောက်တစ်ယောက် ဝင်သွားပါသတဲ့ …

သူလဲ ..ပြန်ထွက်လာပြီး …

” အော် ကွန်ပျူတာ ဆိုတာ ..အပျိုမကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ ” တဲ့

” အမ် …မင်းက ဘယ်လို စမ်းတာလဲ” ဆိုတော့

” ကျနော် ထိုင်ပြီး စမ်းတာပါ”…တဲ့ “

” အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့
..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …”

နောက်ထပ် တစ်ယောက် ဝင်ပါသတဲ့ကွယ်..

သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့
..

” ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့…အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …” တဲ့

” အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး”

ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့
..

ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကိုမထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..

” အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲညီညာပြန့်ပြူး လို့ “

” အော် ဒီကောင်က မာသာဘုတ် ကိုစမ်းမိတာကို း “

နောက်ဆုံးတစ်ယောက် အထဲကို ဝင်သွားတော့ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …

သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုးကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့..အတင်း ဝုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့

” ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကိုရိုက်တတ် သဟ ” လို့ ဆိုပြီးရဲတွတ်နေတဲ့ပါးကိုလက်နဲ့ပွတ်ရင်းပြောသတဲ့ ..

ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲအခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီ း

” ဒီမယ် ကိုကြီးကျော် ..ရှင့်ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲပါးကျိုးသွားချင်လို့လား..တော်ပြီ ရှင့် အလုပ်က ထွက်တယ်…”ဆိုပြီး ထွက်သွားပါသတဲ့..သည်တော့မှ ကိုကြီးကျော်လဲ..

” ဟိုက် …ငါ့ ..အတွင်းရေးမှူးမကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက်..ဟိုကောင်တွေဥပမာတွေက ကောင်းလှပါတယ်အောက်မေ့နေတာ …” တဲ့လေ။

8 comments

  • alinsett

    August 22, 2011 at 7:12 pm

    တော်တော် ရှာရှာဖွေဖွေ ရေးတတ်ပါလား….ကို သစ်မင်း..။

    ပုံပြောကောင်းသူ လို ့ပဲ ပြောရမလား။ ရယ်အောင်ရေးတတ်သူလို ့ပဲပြောရမလား။ ထားပါတော့ ။ ကိုယ်ကတော့ ဒီ ပို ့စ် ကို ဖတ်ပြီး အားရပါးရ ရယ်သွားပါတယ် ။

    စိတ်အမောတွေ ပြေသွားလို ့ကျေးဇူးပါပဲ ကိုသစ်မင်းရေ…

  • ပေါက်ဖော်

    August 22, 2011 at 8:24 pm

    ဖတ်တော့ ဖတ်ဖူးသားပဲ..
    ၂ ခါပြန်ဖတ်တော့ ၂ ခါ ပြန်ရီရတာပေါ့ဗျာ.

  • ရွှေအိမ်စည်

    August 22, 2011 at 8:54 pm

    ဒါကိုသစ်မင်းရေးတဲ ့ပိုစ့်လား သိချင်ပါတယ်….

    အဖြေပြောပါပေးပါ..ကိုသစ်မင်းရေးတာဆိုမှ..လင့်ပေးပါမယ်..

  • moethidasoe

    August 23, 2011 at 11:08 am

    ဘာတွေ confirm လုပ်နေကြတာလဲ ဟင် .. ရှာ ကို လည်သွားတာပဲ

  • winkyawaung

    August 23, 2011 at 12:30 pm

    ပုံပြင်လေးက တော်တော်မှန်တာပဲနော်..။ စမ်းယုံ စမ်းကြလို့သာ…။ ရမ်းကားလိုက်ကြရင် မလွယ်ဘူးနော်…။

  • manawphyulay

    August 23, 2011 at 12:40 pm

    အင်း အရင်ကလည်း ဖတ်ဖူးပါတယ်။ မျက်မမြင်ကလည်း မွေးကတည်းက မမြင်တဲ့ မျက်မမြင်ပဲဖြစ်လိမ့်မယ်ထင်တယ်။

  • Moe Z

    August 23, 2011 at 12:47 pm

    ဟာ ဟ.. ခေတ်သစ်မျက်မမြင်တွေပေါ့
    အရင်ကမျက်မမြင်တွေက ဆင်ကိုစမ်းတာလေ..

  • chitpyae

    August 23, 2011 at 2:31 pm

    မျက်မမြင် ၅ ယောက် ဆင်စမ်းတာတော့ ဖတ်ဖူးတယ် ။ ကွန်ပျူတာ စမ်းတာတော့ အခု မှ ပဲ ဖတ်ဖူးတယ် ။ ရယ်ရတယ် တော်တော် .. 😛 😛 😛

Leave a Reply