အမိန့် အရ 1.2.3 လောင်းကစားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း

MyochitAugust 22, 20111min8547

ကမ ္ဘာကျော် သံတွဲမြို့  လောင်းကစားဒိုင်ကြီးများ ယနေ့ (22.8.2011)  တနင်္လာနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပါသည် ၊

ဒိုင်ကြီး ဒိုင်လေး  ဒိုင်ပေါက်စန  များကို ယနေ့မှ စ၍ ပြန်လည်သက်ဝင်လှုပ်ရှား စေနိုင်ရန် တာဝန်ခံများမှာ —
..
သံတွဲမြို့ ရဲစခန်းမှုး-
နယ်ထိမ်းခေါင်းဆောင်-
စ.စ.စ-
S P-
စ.ရ.ဖ-
မြို့နယ်  ဒ န-
ခရိုင်  ဒ န-
ရပ်ကွက် အုပ်ချုပ်ရေးမှုး-
ကျေးရွာအုပ်ချုပ်ရေးမှုး-
များဖြစ်ကြောင်း သတင်းရရှိပါသည်ရှင့် ၊

ဆက်လက်၍  အထက်ပါ တာဝန်ခံအရာရှိများ ၏ အမည်များနှင့် ရာထူးများ အပြင် ဒိုင်ကြီး ဒိုင်လေး များ၏ အမည်များကို
ယ္ခုသတင်း အောက်တွင် တစ်ဆက်တည်း တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ၊
(သတင်း အချက်အလက်မပြည့်စုံ ခြင်းကြောင့် သည်းခံပေးပါရန် )

47 comments

  • pyinlepyaw

    August 22, 2011 at 6:49 pm

    ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ သိသားပဲ ၊ ဒါမှ ဆင်းရဲသား ပပျောက်ရေး လေ ၊ ထူးဆန်းပါဘူး လိုင်စင်သာ
    ပေးလိုက်ပါတော့ ၊ စာရေးသူရေ လုပ်ကိုင်ခွင့်ပေးတဲ့သူတွေရယ် ဒိုင်တွေ အမည်တွေရယ် တင်ပေးလိုက်ပါ၊
    သေချာသိရတာပေါ့ ၊

    • Foreign Resident

      August 23, 2011 at 4:36 am

      Yes, I agree ” လိုင်စင်သာ ပေးလိုက်ပါတော့ ”
      Gambling is really fascinating, I love it !!!
      ( but with strict rules & regulations )

    • kai

      August 23, 2011 at 4:42 am

      ရခိုင်ပြည်နယ်က.. သယံဇာတရှိပြီး.. စိုက်ပျိုးရေးကလည်း.. ဝင်ငွေရှိနေတာမို့.. လောင်းကစားလိုင်စင်ကို… မချပေးသင့်ဘူးယူဆမိပါတယ်..။
      သံယံဇာတနည်းပြီးခေါင်တဲ့.. အလုပ်အကိုင်ရှားပါးခက်ခဲတဲ့.. ပြည်နယ်ဒေသတွေကိုသာ. လောင်းကစားလိုင်စင်နဲ့.. လိင်ဖျော်ဖြေရေးတရးဝင်လိုင်စင်တွေ.. ချပေးသင့်ပါတယ်..။

      ယူအက်စ်မှာ..သဲကန္တရထဲက နီဗားဒါး-လပ်စ်ဗေးဂတ်စ်ကို.. ဒီလိုနဲ့.. ဖယ်ဒရယ်အစိုးရက..ဖွံ ့ဖြိုးအောင်လုပ်ခဲ့တာပဲ..။

  • icecube

    August 22, 2011 at 7:20 pm

    တင်ပေးချင်တာ အပြည့်အစုံ သတင်းရောက်မလာသေးလို့ ၊ နက်ဖန်မှ ဆိုရင် သတင်းဦးတင်ရတာ နောက်
    ကျမယ်စိုးလို့ပါ ၊ စုံတာနဲ့တစ်ပြိုင်နက် တင်ပေးမှာပါ ။

  • redbull

    August 22, 2011 at 7:26 pm

    ငါတို့မြို့ က အာဏာရှင် လူ့မလိုင်တွေက ပြည်သူတွေက်ို စားဝတ်နေရေးအတွက် အလုပ်အကိုင်နေရာ မှ ချမပေးနိုင်တာ၊
    လုပ်ကြပါစေ ဘာဖြစ်လဲ၊ မအဝှာက စီးပါွးပြိုင် မို့လို့လား ၊ မေးကြည့်တာပါ ။

  • jaryitt

    August 22, 2011 at 7:39 pm

    ဒီလိုပဲ ဖြစ်ရမှာပေါ့…။ဒါမှလိုင်းကြေးရမှာလေ….။ နို့မို့ ဆို ဒိုင်တွေက ဖုန်းမက်ဆေ့တွေနဲ့ စခန်းသွားနေကြတာ …။ သူတို့က ပိုတောင် သဘောကျကြသေးတယ်..။ လိုင်းကြေး မပေးရဘူး ..။ အကြွေး မကျန်ဘူးတဲ့…။

  • icecube

    August 22, 2011 at 10:00 pm

    တစ်ခုတော့သိရပီ…၊ ဒိုင်ချုပ်ကြီးတွေ အလုပ်လုပ်တဲ့နေရာက အမှတ် (၁) ရပ်ကွက် ဩဘာ လမ်း ထဲက
    နှစ်ထပ်တိုက်အိမ် မှာ တဲ့…၊ ဒီမြို့မှာ တော့ အဲဒီဒိုင်က အကြီးဆုံးပဲ တဲ့..၊
    လူနာမည်တော့ မပြောပါရစေနဲ့…၊

  • မီးမီး သော်

    August 22, 2011 at 10:39 pm

    ဟိုက် ဘယ်လို အမိန် ့ရကြီးပါလိမ့်။အမိနိ ့ရအပေါင်ဆိုင် ဘာညာဘဲကြားဖူးပါတယ်။ကြံကြံဖန်ဖန်တော်။ရဘဲ ရတတ်လွန်းပါတယ်။ခု လုပ်ပေးမယ့်ကိစ္စ ကတကယ်ကို နိုင်ငံ့ အခွန်ထမ်းရမယ့် လောင်းကစားလုပ်ပိုင်ခွင့်ပါလား စာရေးသူ ရေ(မှတ်ချက်။။အမျိုးသမီးထင်ပါတယ်) တိတိကျကျလေးရေးပေးစေချင်ပါတယ်။. နိုင်ငံတကာမှာတော့ Bookie ဒိုင်တွေက အခွန်နဲ ့ဘာနဲ ့လုပ်ကြတာလေ ခုက ဘယ်လိုတဲ့လဲဟင်။သေသေချာချာရှင်းပြစေချင်ပါတယ်။

  • မပြော ဘူး

    August 22, 2011 at 11:01 pm

    သံတွဲမြို့ထဲတင ်မဟုတ်ပါဘူး ကျွန်တော်တို့ မြို့မှာလဲ ဒီလိုပါပဲလေ
    နေပြည်တော်က ရဲ တွေ နယ် အထိ ဆင်းဖမ်းမယ်တဲ့
    ဖမ်းဆီးမယ့်ရဲ က ရောက်မလာသေးဘူး
    မြို့ထဲက ဒိုင်တွေက ဘယ်သူ ဘယ်ဝါ ဘယ်နေ့ ဘယ်လမ်းက လာမယ်
    စာရွက်စာတမ်း နဲ့ လောင်းကစားပစ္စည်းတွေ သေချာသိမ်းထားပါ နေရာရွေ့ထားပါ
    ဆိုတဲ့သတင်းက အရင်ဦးဆုံးရောက်နေပြီ
    အဲ့ဒါနဲ့များဗျာ အလုပ်ရှုပ်ခံပြီးဖမ်းနေရသေးတယ် မသိချင်ယောင်ဆောင်နေလိုက်ပြီးရော
    မရှိလို့ လုပ်စားနေကြတဲ့သူတွေကိုတော့အားနာပါရဲ့ဗျာ
    ဒိုင်အကြီး ကြီး ကိုင်ပြီးချမ်းသာနေကြတဲ့(အသားထဲကလောက်ထွက်၊ ဂုတ်သွေးစုပ် အယုတ်တမာ)သူများကိုတော့ ပြောလိုက်ချင်ပါရဲ့ ခေတ်မပျက်ပါစေနဲ့သာဆုတောင်းထားကြ။
    ခေတ်ပျက်လို့ကတော့ မင်းတို့တွေကိုအရင်သတ်မယ်
    မင်းတို့ဒိုင်ကိုင် လို့ လောင်းကစားလုပ်တဲ့သူရှိတာ
    မင်းတို့ ဒိုင် တွေ ရှိနေလို့လဲ လိုင်းကြေးဆိုတာက ပေါ်လာရတာ
    ဘယ်သူ ဘယ်သူမှ ကောင်းတာ မရှိဘူး
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သိက္ခာကျတယ်။………………………………….
    တော်သေးပြီ၊ ဒါပဲ။

  • မီးမီး သော်

    August 22, 2011 at 11:14 pm

    MG ရွာထဲမှာလဲ ဧည့်သည်အသစ်တွေတိုးလာတာဝမ်းသာစရာပါ။မပြောဘဲနဲ ့တော့မနေပါနဲ ့ရှင် ပြောပါနော့။

  • redbull

    August 22, 2011 at 11:17 pm

    ဟုတ်လိုက်တာ မှန်လိုက်တာ ၊ သိရသလောက် အဲ့ဒီ ဒိုင်လက်ချက်ထင်ပါတယ်၊ မိသားစု ၉ ခု လောက်
    သူတို့အိမ်တွေက်ို ထိုးအပ်လိုက်ရတယ်ကြားမိတယ်၊ လောဘသားတွေရဲ့ နောက်ဆုံးသွားရာလမ်းပေါ့၊

  • pannu

    August 23, 2011 at 8:18 am

    ခုပြောနေတဲ့ လောင်းကစားဒိုင် တွေက မော်လမြိုင်သားအုပ်စုတွေ…. သံတွဲရောက်ခါစ တော့ သူလိုကိုယ်
    လိုပါပဲ…. ခုတော့ ဒီမြို့ရဲ့ အချမ်းသာဆုံးစရင်းဝင်တွေ ဖြစ်နေပီ…
    လောဘ တွေကြောင့် အိုးမဲ့အိမ်မဲ့တွေလဲ များနေပါပီ…. သံတွဲသားမဟုတ်တဲ့ အရမ်းချမ်းသာနေပြီးဖြစ်တဲ့
    ဒိုင်…. ……. ….. (အားနာလို့) … တော်သင့်ပါပြီ … ရပ်သင့်ပါပြီ…
    ရှင်ကြီးတို့ကြောင့်… နောက်ထပ် အိုးမဲ့အိမ်မဲ့တွေ မဖြစ်စေလိုတော့ပါ…..။

  • MaMa

    August 23, 2011 at 8:43 am

    ဆေးလိပ်ခုံထောင်ပြီး အရမ်းချမ်းသာနေတဲ့ သူတစ်ယောက်ကို ဗျူးထားတာတစ်ခု ဖတ်ဖူးတယ်။ ဆေးလိပ်က လူကို ဒုက္ခပေးတာသိရဲ့သားနဲ့ ဆေးလိပ်နဲ့ ချမ်းသာအောင်လုပ်တာ အပြစ်ရှိသလို မခံစားရဘူးလား ဆိုတော့- ဆေးလိပ်သောက်အောင် သူကမတိုက်တွန်းဘူး။ ဆေးလိပ်သောက်တဲ့လူတွေရှိလို့ သူ ဆေးလိပ်ခုံထောင်တာ။ သောက်တဲ့လူ မရှိတော့ရင် သူလည်း ဆေးလိပ်မရောင်းတော့ဘူး တဲ့လေ။
    အဲဒါကြောင့် ဒိုင်တွေကိုချည်းပဲ အပြစ်တင်လို့တော့ မရပါဘူး။ လူတွင်ပါလို့ နွား ကျား ကိုက်တာပါ။ (သူ့နည်းသူ့ဟန်နဲ့ အမိန့်ရတာ မရတာတွေကို မပြောလိုပါ။)
    အတ္တာဟိ အတ္တနော နာထော။ (မှားရင်လည်း ပြင်ပေးပါ။) မိမိကိုယ်သာ ကိုးကွယ်ရာ။ ကိုယ့်ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးသူမှာ ကိုယ်ကိုယ်တိုင်သာ ဖြစ်ပါသည်။
    ကျမနဲ့ နီးစပ်သူတွေထဲမှာလည်း အဲဒီ ၁-၂-၃ တွေကြောင့် ဘဝပျက်သွားသူတွေကို မြင်ဖူးပါတယ်။ ဘဝပျက်လို့ စိတ်ပြောင်းသွားမယ် မထင်ပါနဲ့။ ခုချိန်ထိ ဝါသနာကို မဖြတ်နိုင်လို့ မွဲဆေး ဖော်တုန်း ရှိပါသေးတယ်။

  • pan pan

    August 23, 2011 at 9:32 am

    မမပြောတာ ထောက်ခံပါတယ်
    ခုနက redbullပြောတဲ့ လောင်းကစားဒိုင်ကို အိမ်တွေထိုးအပ်လိုက်ရတယ်ဆိုပြီး အဲဒီမိသားစုတွေကတော့
    ဒိုင်ကိုမုန်းနေမှာ သေချာပါတယ်
    ဒါပေမယ့် ပြန်တွေးကြည့်ရင် သူတို့တွေ လောဘကြီးပြီး လောင်းကစားလုပ်လို့ဖြစ်ရတာပါ
    သူများငွေကို အလွယ်လိုချင်တဲ့ လောဘကြောင့်ပါပဲ
    သူတို့ရှုံးလို့ အိမ်အပ်ရတာပေ့ါ
    နိုင်ရင် နောက်အိမ်တစ်လုံး ဝယ်ချင်ဝယ်မှာပေ့ါ
    ကျွန်မအဒေါ်ပြောတာလေးပြန်ပြောချင်ပါတယ်
    “လောဘကြီးတဲ့လူဟာ ဆင်းရဲလွယ်တယ်”တဲ့
    အစကတည်းက လောင်းကစားမလုပ်တဲ့ မိသားစုတွေကတော့ အိမ်လည်းထိုးအပ်စရာမှမလိုတာပဲ

  • မီးမီး သော်

    August 23, 2011 at 11:18 am

    ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ်ပေါ့ရှင်—-တင်းကျပ်တဲ့ စည်းကမ်းလေးနဲ ့ဆိုရင်အားလုံးကောင်းပါတယ်။နှစ်လုံးထီနဲ ့သုံးလုံးထီကိုတော့ သိပ်မဘောမကျပါဘူး၊ဒါပေမယ့် ဘောလုံးပွဲက တော့ bookie ဒိုင်သဘောမျိုးလေးတော့ရှိသင့်တယ်ထင်တာပါဘဲ။

  • winkyawaung

    August 23, 2011 at 12:43 pm

    နေပြည်တော်မှာတောင် လောင်းကစားမကင်းရင် အခြားနယ်တွေက လုပ်ချင်နေကြပါပြီ..။ မကွေးတိုင်းဒေသကြီးဆိုရင် မြို့ကြီးတွေမှာ လမ်းဆုံ လမ်းခွ လောင်းကစား ကင်းစင်ရမည် ဆိုင်းဘုတ်တွေတင်တယ်..။ နောက် တစ်ပတ်တောင် မကြာပါဘူး အဲဒီဆိုင်းဘုတ်တွေကို သက်ဆိုင်ရာက လိုက်ပြီး ပြန်ဖြုတ်ကြတယ်။ ဘာသဘောလည်းတော့မသိပါဘူး။ လုပ်ချင်ရင် လုပ်ကြဆိုတဲ့ သဘောထင်ပါတယ်လို့ လောင်းကစားသမားများကပြောပြီး.. ဝမ်းသာနေကြပါတယ်။ (ခုတစ်မျိုး တော်ကြာတစ်မျိုး…. ။ ခု စာလေးကြော်..ခု ဆီထမင်းပေါ့နော်…။ ပြည်သူ့ရဲတွေအသက် လောင်းကစား ဆက်ကြေးဟု ပြောဆိုနေကြပါသည်။)

    • nozomi

      August 23, 2011 at 12:55 pm

      မနေ့က ကာတွန်းလေး တစ်ခုတွေ့ပါတယ်

      တစ်ယောက်က- လောင်းကစား ကင်စင်နယ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လို့ နောက်တစ်ယောက် ကို မေးတာ “ မင်းတို့ ဟာက ဖြစ်နိုင်ပါ့မလားကွာ”တဲ့

      နောက်တစ်ယောက်က – ဖြစ်နိုင်တာပေါ့ကွာ မယုံရင် မင်းနဲ့ငါ လောင်းမလားတဲ့

  • pyinlepyaw

    August 23, 2011 at 1:35 pm

    winkyawaung ပြောမှ သတိရတယ် ။ လောင်းကစား ကင်းမဲ့ဇုံ ဆိုလား ကင်းစင်နယ်မြေ ဆိုလား
    ဆိုင်းဘုတ်ထောင်တာတွေ့လိုက်ရတယ် ။ သိပ်မကြာပါဘူး ။ ၁၅ ရက်လောက်နေပီ ပြန်ဖြုတ်ချလိုက်ကြ
    တယ် ။ ဒီမိုကရေစီ လုပ်ချင်တာလုပ်ကြ ဆိုတဲ့ သဘောမျိုးပေလား ။ တစ်ခြားနေရာတော့မသိဘူး ။
    ဒီမြို့မှာတော့ ၁ လုံး ၊ ၂ လုံး ၊ ၃ လုံး တွေက တစ်ပါတ်လားပဲ ရပ်သွားခဲ့တယ် ။ ဒီနေ့ထိ ဆက်တိုက်ပါပဲ ။
    လောင်းသူရှိလို့ ဒိုင်ကိုင်တဲ့ ကိစ္စတော ့မပြောလိုပါဘူး ။ အရက်သောက်သူ ရှိလို့ အရက်ရောင်းတဲ့သူတွေ
    အတွက် ကတော့ ဒီဘဝမှာရုူးချင်ရူး ၊ မရူးရင် နောက်ဘဝ ဘာဆက်ဖြစ်မလဲ တွေးသာကြည့်တော့ ။
    ဆေးလိပ်သောက်သူရှိလို့ ဆေးလိပ်ခုံထောင်တဲ့သူတွေလဲ အတူတူပဲနေမှာ ။
    ငွေတိုးစားသူတွေလဲ မကောင်းဘူးလို့ ဘယ်ဘာသာ မဆို တားမြစ်ထားတာပဲ ။
    လောင်းကစားလုပ်လို့ နိုင်တဲ့ငွေရယ် ၊ ဒိုင် လုပ်ပြီးရတဲ့ငွေ တွေ ကိစ္စတော့ သိသူများရှိခဲ့ရင် မျှဝေပေးစေ
    လိုပါတယ် ။ ။ ။

  • မီးမီး သော်

    August 23, 2011 at 2:43 pm

    ကိုပင်လယ်ပျော် လားမပျော်လားတော့ မသိပါ။ခုမေးထားတာကောင်းပါတယ်။ဘယ်လိုငွေမျိုးဘဲဖြစ်ပါစေ။ဖြ ူစင်သန် ့ရှင်းသောမိမိလုပ်အားနဲ ့ရတဲ့ငွေဘဲငွေဖြ ူငွေသန် ့ပါ။ခုပြောတဲ့သတင်းက ခုချိန်ထိ တိတိကျကျဘာမှလဲ ထွက်မလာပါလား။အရင်တုန်းကရှိခဲ့တာလား။ဝေဝါးမနေဘူးလား။

    • icecube

      August 23, 2011 at 5:00 pm

      မမီးမီးရှင့် …
      ဘာမှ ဝေဝါးနေပါဘူး…. လူ့အခွင့်အရေး တစ်ရပ်ရပ်ကြောင့် အမည်နာမ တွေ မပြောတော့တာ
      ပါ….
      မနေ့က ဒိုင် ဖွင့်တယ်… ဒီနေ့ ဒိုင်ပိတ်တယ်… ရဲတွေ လဲ ဖမ်းမယ်ဆီးမယ် အသံပေးတယ်…
      ဒီတော့ အရောင်းအဝယ်တွေက ယာယီရပ်ဆိုင်းသွားခဲ့တယ်…ဒါပါပဲ…
      ကျွန်မတို့ ကတော့ လုံးဝ အားမပေးဘူး…ကျွန်မတို့ရပ်ကွက်ထဲမှာ ရှိသမျှ ပုံအောထိုးပီး မပေါက် ခဲ့ရင် အော် ငြီးနေတဲ့ အသံတွေ…. လောဘ ဖက်ပီး အိုးမဲ့အိမ်မဲ့ စားရမဲ့သောက်ရမဲ့
      ဘဝမျိုးတွေကို မမြင်လိုတော့ပါဘူး…..။
      ဒီတော့ကာ.. နောက်ထပ်တစ်ခါ ဒိုင်ဖွင့်ရင် နာမည်နဲ့တစ်ကွ သက်ဆိုင်ရာကို ပို့တော့မယ်…။

      • မီးမီး သော်

        August 24, 2011 at 1:25 pm

        ဘယ်လို အမည်ခေါ် ရမလဲ မသိရသော စာရေးသူ ice cube ရေ–လူ ့အခွင့်အရေးကြေညာစာတမ်း ကိုရော ဖတ်ဖူးပါရဲ ့လား။အကြံပေးတာနော်။သတင်း အတိအကျပြောပြစေချင်ပါတယ်။အိမ်လိပ်စာတွေတောင် ပြောနိုင်နေမှတော့ ဒါက မဟုတ်သေးဘူးထင်ပါတယ်။ဆန်းစစ်ပါဦး။တခုတော့ အကြံဉာဏ်ပေးချင်တယ်. နောက်တခါဆိုရင် နာမည်နဲ ့တကွတိုင်တော့မယ် ဆိုရင် သက်ဆိုင်ရာ ပြည်နယ်၊ထိုကတဆင့် နေပြည်တော် သမ္မတထိ အဆင့်ဆင့်တိုင်ကြားသွားပေါ့။ပြီး မှဘယ်လို အရေးယူသလဲ ရွာထဲပြန်ဝေမျှလှည့်ပါ

  • etone

    August 23, 2011 at 3:39 pm

    သံတွဲကလူတွေ အတော်ချမ်းသာတာပဲ … လောင်းကစားတောင် စီးပွားဖြစ် လုပ်တဲ့ ဒိုင်ရော.. ထိုးသားရောရှိတယ်ဆိုတော ့… :mrgreen:

  • icecube

    August 23, 2011 at 4:50 pm

    ဟုတ်ဖူး မမ etone … တစ်နယ်လုံး အားလုံးကို ချုပ်ထားတာမို့ပါ… သံတွဲတစ်ခရိုင်လုံးဆိုပါတော့ …
    သံတွဲမြို့နယ် တင် ရပ်ကွက် ကျေးရွာပေါင်း ခုနှစ် ဆယ် ကျော်ကျော် ရှိတယ် လေ…
    ချမ်းသာလို့တော့မဟုတ်ပါဘူး… နယ်မြေအလိုက် ဂုတ်စီး တွေထားပီး စံနစ်တစ်ကျ ဖွဲ့စည်းထားတဲ့ ဒိုင်ကြီး
    ပါ….။ သက်တမ်းကတော့ ဆယ်နှစ် ကျော်ခန့် ရှိခဲ့တဲ့ ဒိုင်ချုပ်တွေပါ…။

  • ယမမင်း ကြီး

    August 23, 2011 at 6:15 pm

    အိမ်းးကြားရတာ မချမ်းသာလိုက်တာ။အပြစ်သားတွေ အားလုံးကို မှတ်သားရတော့မပေါ့၊အော် လောဘ လောဘ ဒီလောကသားတွေ မိုက်ကြတုန်းပါလားကွယ်ရို ့။

  • naywoonni

    August 23, 2011 at 8:41 pm

    မိုက်ကြတုန်းမပြောနဲ့ ဗျို့…။ မိုက်ချက်ကတော့ ကမ်းကုန်ပဲ..။ ဟိုတစ်က နေပြည်တော်မှာ နှစ်လုံး သုံးလုံးဒိုင်ဖမ်းတယ်..။ ရှာနှစ်နာရီလောက်ပဲ..။ လူမရှိတဲ့ အိမ်ဝိုင်းထဲ အထုတ်ပစ်လွှတ်လိုက်တာ သွားမကောက်ရဲဘူး…။ တရားဝင် ဝရမ်းနဲ့ လာရှာတာမှမဟုတ်တာ ..။ သက်သက်လာပြီး ဘော်ချက်တာဆိုတော့ ……..။ ဒိုင်လုပ်တဲ့ကောင်ကတောင် ပြန်ငေါက်လွှတ်လိုက်သေး…။ ခံရတာပဲ…။

  • မီးမီး သော်

    August 23, 2011 at 10:29 pm

    ရွာထဲမှာတော့ ယမမင်းကြီးဆိုပါလား ဟ ရောက်လာပါပီ။ကြည့်နေမှာပါ ကိုယ်ပါ အဆစ်တော့အပါမခံနိုင်တော့ဘူး ဟိ ဟိ

  • လူမုန်းစစ်မုန်း

    August 25, 2011 at 9:17 pm

    အမိန် ့အရ လဲပြော သေးတယ် ခုသိရသလောက် ဘယ်ဒိုင်မှ ကိုမဖွင့်တော့ပါဘူး။အေးဆေးပါဗျ။ ဘယ်နှယ့်ကြောင့် မ ice cube တစ်ယောက် တုံးတိတိလုပ် ဖြတ်ထားရတာလဲ???သတင်းကိုပြောတာပါ–တမျိုးထင်မနေပါနဲ ့။ခင်များကိုစိတ်မဝင်စားပါဘူး။ဒါပေမယ့်. ခင်များက လောင်းကစားဒိုင်လုပ်သူကိုကြည့်မရတာလား(သို ့) ရဲဝန်ထမ်း တွေကိုမလိုမုန်းထားတာလား။မရှင်းလင်းဘူး!!!

  • icecube

    August 25, 2011 at 10:18 pm

    သတင်းတက်သွားတော့ ဘယ်ဖွင့်ရဲတော့မလဲ ၊ ဒိုင်ကြည့်မရတာလား ရဲကိုမလိုတာလား ပို့စ်ကိုသေသေ
    ချာချာ ဖတ်ကြည့်ပါလေ ၊ ခုဆို မြို့လေး ဟာ ဘယ်လောက်အဆင်ပြေသလဲ ၊ ခိုးမှုတွေလဲ နည်းသွားတယ်၊
    နေ့စားသမားတွေ ရဲ့ ငတ်တစ်လှဲ့ ပြတ်တစ်လှဲ့ ငြီးငြူ သံ တွေလဲ မကြားရတော့ဘူးလေ ။

  • Lu Ka Lay

    August 25, 2011 at 10:34 pm

    မြန်မာနိုင်ငံလဲ နောက်တော့ တရားဝင် လောင်းကစား ဈေးကွက်တစ်ခု ပေါ်လာမယ် ထင်တယ်။ အခုတော့ ဖမ်းပေမယ့် တခြားနိုင်ငံတွေမှာ လိုင်စင်နဲ့ ကပ်စီနိုတွေ ဘာတွေ တောင် ရှိသေးတော့ သူတို့အနေနဲ့ ချိန်ထိုးကြည့်မယ် ထင်တယ်။ အပေါ်က အစ်ကိုတစ်ယောက်ပြောသလို ၂ လုံး ၃ လုံးက ကိုယ့်နိုင်ငံမှာ ထီရှိနေတော့ သိပ်သဘောမကျပေမယ့် ဘောလုံးဒိုင်တော့ တရားဝင်ဖွင့်ခွင့်ပေးရင် အဆင်ပြေလောက်ပါတယ်။

    • မီးမီး သော်

      August 25, 2011 at 11:37 pm

      casino ကိုပြောတာလား။အော် ဖြစ်လာဖို ့တော့ရှိမှာပေါ့ကွယ်။လူကလေးလဲ အကိုလား အမလား မခွဲခြားတတ်သေးဘူးနဲ ့တူပါတယ်။အင်းပေါ့လေ ခုမှ ရွာထဲရောက်လာသူဆိုတော့လဲ သနားပါတယ်။ကြိ ုးစားပါဦးနော်—

  • zippo

    August 25, 2011 at 11:28 pm

    လိုအပ်ရင်တော့ ဖွ ဦးမလို့……. စိတ်တော့ရှိနေတယ်… သို့ပေမဲ့လဲလေ…. လိုအပ်လာရင်…….
    ၂ လုံး ၃ လုံးက အောက်ခြေသိမ်း အားလုံးကိုထိခိုက်စေတယ်…
    ဘောလုံးကတော့ အလယ်လတ်တန်းနဲ့ အထက်တန်းလောက်ပဲထိခိုက်မှာ….

  • killer

    August 26, 2011 at 9:09 am

    စိတ်မရှည်တော့ဘူး။ ကြာလွန်းတယ်။ ဒီအဖွဲ့ရခိုင်မြေမှာလာလုပ်စားနေတာကြာပီ။မြို့အတွက် ကောင်းကျိုး
    တစ်ခုခုပေးမလား စောင့်ကြည့်တာ။ ဥးီအိမောင်ကွာ။ ဦးကိုရဲ ကွာ။
    ခု ဘော်လုံးဒိုင်လုပ်နေတယ်ကွာ။ ရွှေရတနာရုပ်ရှင်ရုံမှာကွာ။ ဖုံးမက်ဆေ့နဲ့ကွာ။ ဖမ်းချင်ရင်ဖုံးတွေကိုစစ်ကွာ
    ။ ပြောလိုုက်ပီကွာ။

    • လူမုန်းစစ်မုန်း

      August 26, 2011 at 12:44 pm

      ငါလဲ သံတွဲကပါ ဒါပေမယ့် မင်းတို ့နည်းနည်းလွန်နေပီကွ။ရွာညစ်ပတ်တယ်။စိတ်ဆိုးမယ်ဆိုလဲ ဆိုးကွာ။ဒါဘဲ

  • lupol

    August 26, 2011 at 11:39 am

    သူတို့လား။ သိတယ်။ မင်းက အသေသတ်မလို့လား။ ဆက်မဖေါ်ပါတော့နဲ့။

  • မီးမီး သော်

    August 26, 2011 at 11:56 am

    အော်. သံတွဲသားအဖွဲ ့တွေတော်တော်များများ ရွာထဲရောက်နေကြတယ်နော်။

  • ယမမင်း ကြီး

    August 26, 2011 at 1:07 pm

    အိမ်း စောင့်ကြည့်နေတာ တော့ကြာပီကွ။ဘာမှလည်းကြားရတာ အဆင်မပြေပါလားကွယ်။စိတ်ကုန်လာပီ။ကိုယ်တော်လဲ သံတွဲသားပါ၊ရပ်ဖို ့သင့်ပီထင်ပါတယ်။ဆိုင်သူတွေဆင်ခြင်ကြတန်ကောင်းပါရဲ့။

  • Thantwethar

    August 26, 2011 at 10:11 pm

    သံတွဲသားတွေစုံနေပြီဆိုတော့ သိအောင်ဖွလိုက်ဦးမယ်။ icecube , zippo ,pyinlepyaw ဆိုတာ တစ်ယောက်တည်းပါပဲ။အဲဒီသူကတော့ ပြည်ခိုင်ဖြိုးပါတီ EC ဦးခင်မောင်မြင့်ဘဲ ဖြစ်ပါတယ်။သူကလည်း တချိန်တုံးက (ပြည်ခိုင်ဖြိုးပါတီမဝင်ခင်လေးက ) 1.2.3 ဒိုင်ကိုင်ခဲ့တဲ့ ဒိုင်ကြီးတစ်ဒိုင်ပဲဖြစ်ပါတယ်။ဒါကတော့ သံတွဲသားတွေအားလုံးသိမယ်လို့ထင်ပါတယ်။အခုတော့ သံတွဲမှာ တမြို့လုံးနီးပါးနဲ့ မတည့်တဲ့သူဖြစ်နေတော့ ဝါးလုံးရှည်နဲ့ အကုန်လုံးကိုပတ်ရမ်းနေတာပါ။အတိအကျပြောနိုင်တာကတော့ သူကလည်း ဒီပုတ်ထဲက ဒီပဲပါပဲ။သူက အလုပ်မရှိတော့ တနေကုန်မြို့ထဲပတ်ပြီး သတင်းစုဆောင်းတယ်။ ညကျရင် အင်တာနက်တင်တယ်။ အခုဆိုရင် မြို့ထဲမှာ အင်တာနက်ခင်မောင်မြင့်ဆိုပြီး သတင်းကြီးနေတာ အကုန်လုံးကြားကြမှာပဲ။ အကြံပေးချင်တာတစ်ခုကတော့ ဦးခင်မောင်မြင့်ရေ ဌာနဆိုင်ရာနဲ့ လူပုဂိုလ်အကြောင်းတွေကို မရေးဘဲ သံတွဲမြို့ တိုးတက်ရာတိုးတက်ကြောင်း အကြောင်းအရာတွေကို တင်ပေးစေချင်ပါတယ်။မဟုတ်ရင်တော့ မင်းကိုသတ်မဲ့သူတွေ တန်းစီနေပြီဆိုတာ ……………သတိထားပေါ့ ငါ့ညီရာ…………..

    • mgmglusoe

      August 27, 2011 at 12:47 am

      Thantwethar ..ဟ ငါ့ကောင်ရ… လာပြန်ပလား ဒီ နာမည်တွေ ။ ငါသိနေတယ်။
      မင်းက နံမည်ကျော် သူခိုးဘွဲ့ ( ဟိုတစ်ပါတ်ခန့် က လျှပ်စစ်မီးခိုးသဖြင့်) လပ်လပ်ဆတ်ဆတ်
      ရထားတဲ့ သူခိုး ကပ်ဖား လူယုတ်မာ ကြာကူလီ ကျော်ကျော် (သို့) ထွန်းမသန့်ကျော် ပဲပေါ့။
      နာမည်တွေ ဖေါ်မရေးပါနဲ့ကွာ။ မင်းသိတာလဲ မဟုတ်ပဲနဲ့။ မရှက်ဘူးလား။ ရှက်စရာကြီးပါ။
      မင်းလဲကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့ မှတ်ပုံတင် အတု အစစ်ခံရတော့မယ် ကွ။
      မင်းတို့သိထားဖိုု့က အင်တာနက်တင်ခံရတဲ့သူတွေ အားလုံးဟာ အပစ်ရှိသူတွေ ကွ။
      ဒါတော့ရှင်းပါတယ်။ Thantwethar ငါ့ကောင်ရေ မင်းက ကျော်ကျော်မဟုတ်ရင်လဲ အင်တာနက်အပေါ်တင်ခံရပီး ဒုက္ခတွေ ရေစီးကမ်းပြို ရောက်ရတော့မဲ့ ဝန်ထမ်းဆိုးတစ်ယောက်
      ယောက်ဖြစ်မယ်ဆိုတာတော့ အတိအကျပဲပေါ့…။

    • killer

      August 27, 2011 at 1:09 am

      အပေါ်ကကောင် ။ ဒါဆိုငါလဲ ပြောကြည့်မယ် ။ Thantwethar ဆိုတဲ့အကောင်လဲ ကြံ့ဖွံ့က
      ခင်မောင်မြင့် ဆိုတဲ့အကောင်ပဲလို့ ငါပြောမယ်။ ဘယ်သူမှလည်းမသိဘူး။ ငြင်းလို့လဲ မရဘူး။
      ပုဂ္ဂိုလ် ရေးမုန်းတီးမှုနဲ့ မစွတ်စွဲကြပါနဲ့။ မင်းတို့ပြောနေပုံနဲ့ စာရေးဆရာတွေအားလုံးဟာ
      ကြာရင် တစ်ယောက်ထဲ ဖြစ်နေပါ့မယ်။ ဟား ဟား ဟားးး အရူးတွေပဲ…။

    • pannu

      August 27, 2011 at 1:35 am

      နေစမ်းပါအုံး ကိုကိုသံတွဲသားကြီးရေ ပြည်ခိုင်ဖြိုးပါတီဝင်လို့လဲပြောသေး တစ်မြို့လုံးနဲ့လဲ
      မတည့်ပြောသေး ဋ္ဌာနဆိုင်ရာ မကောင်းကြောင်း လဲသူက ပြောသေးတယ် ဟုတ်လား..
      ဟုတ်မှလဲလုပ်ပါ မောင်ကာလုရယ် မလွန်လွန်းဘူးလားရှင့်..။
      ကျမ ကိုလဲ ကိုခင်မောင်မြင့်လို့တော့ ပြောဦးမှာလား ။ ကျမ ကို လဲ မသတ်ပါနဲ့နော် ။
      ကြောက်လွန်းလို့ပါ ။ ခစ်ခစ်…………….
      နဲနဲလေးတော့ပြင်ရေးပေး ဟုတ်ပီလား …

  • လူမုန်းစစ်မုန်း

    August 27, 2011 at 12:27 am

    ဟိုက် ခင်များကတော်တော်နှံစပ်ပါလား။ဘယ်လိုနည်းလမ်းတွေများရှိလို ့လဲ။ခများက ဌာနဆိုင်ရာက ရေပေါ်ဆီတယောက်ဖြစ်မယ်ထင်တယ်။ဘာလို ့လဲဆိုတော့ ခများစကားတွေကရှေ ့နောက်သိပ်မညီဘူးဗျ။နောက်ပြီး စကားပြောတာဗျာ အမိန် ့သံတွေဘာတွေနဲ ့။ငါကတော့ ခုမှရွာသားအသစ်ကွ။ဒါပေမယ့်နာမည်နဲ ့လိုက်အောင် အလုပ်လုပ်ပြမယ့်ကောင်ပါ။

  • lupol

    August 27, 2011 at 12:30 am

    Thantwethar ရေ ။ မင်းလဲမဟုတ်သေးပါဘူး။ မင်းလဲ သူတို့နဲ့ အတူူတူနဲ့ အနူနူပဲ။
    ဘာမှ မထူးပါဘူး။ မင်းလဲ ချီးထုပ်တစ်ကောင်ပါပဲကွာ။ တစ်အုပ်စုထဲပါ။ မင်းတို့လို အဆင့်မရှိပဲ လူနာမည်တွေလျောက်လျောက်ဖေါ် ၊ သိတာလဲမဟုတ် အထင်နဲ့ ရမ်းရမ်းပီး ရမ်းတုတ်နေကြသကိုး။
    သံတွဲမြို့သား တွေ နာမည်ပျက်ရတာ မင်းတို့လို ချီးထုပ်တွေကြောင့်ဆိုတာ ထမင်းစားတိုင်းသတိရကြပါ။
    အံ့ဩတယ် သိလား။ သံတွဲမှာ online သုံးတဲ့သူတွေ ဒါလောက်များတာ ။ ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲ တစ်ကယ်
    ချီးထုပ်တွေပါပဲ။ ကိုယ့်အဆင့်အတန်းကိုယ်သတ်မှတ်နေကြတော့တာပါပဲ။ အရှက်ရှိကြပါ။


  • လူမုန်းစစ်မုန်း

    August 27, 2011 at 12:44 am

    ငါ့နာမည် ကိုမင်းတို ့မြင်အောင်ကြည့်ထား။လူမုန်းစစ်မုန်းကွ။လူတွေကိုမုန်းတယ်၊စစ်အာဏာရှင်တွေကိုမုန်းတယ်၊ငါ့ကိုယ်ငါလဲမုန်းတယ်။

  • redbull

    August 27, 2011 at 1:24 am

    Thantwethar အမည်ခံ အဲဒီ သူတောင်းစားကိုသိပ်မပြောကြပါနဲ့….။ ငါတို့တွေဝိုင်းပြောလို့ဆိုပီး
    ပြောတဲ့သူအားလုံး ခင်မောင်မြင့် လို့ အမည် လာ တပ်ခေါ် နေဦးမယ်..။ ရူးနေပီလားမသိပါဘူး……၊
    ငါတို့ ကတော့ ဘာဆိုဘာမှ မသိ။ မှန်တယ်ထင်တဲ့ဘက်က ရပ်ပီးသားပဲ.။
    လာတော့မရွှီးနဲ့ သံတွဲအကြောင်း ငါတို့ သိပီးသား။ သေချာတာက မင်း Thantwethar ဆိုတဲ့အကောင်
    အလကားကောင် ဖြစ်တယ်ဆိုတာ အားလုံးသိသကွ ။ မင်း မှတ်ထား ။

  • pannu

    August 27, 2011 at 1:45 am

    စဉ်းစားစရာပဲ ။ ဟိုးအရင် maythakhin ကလောင်အမည်နဲ့ ဂျစ်ပဆီ ဆိုတာ ခင်မောင်မြင့် တဲ့ ။
    ခု တော့ icecube zippo pinlepyaw ကလောင်နာမည်တွေ ဟာ သူပါလို့ စွပ်စွဲနေပြန်တယ်။
    မဆိုင်သော်လည်းစဉ်းစားရမယ်လေ ။ ခုဟာက သိပ်မဟုတ်တော့ဘူးထင်မိလို့ပါ။ ခုလဲကြည့်လေ
    thantwethar ကလောင်နာမည်နဲ့ ဒီနေ့ပဲ Mandalaygazette ကို မန်ဘာဝင်ပီး ချက်ချင်း ခင်မောင်မြင့်
    ကိုဆော်တော့တာပဲ။
    ရည်ရွယ်ချက်ကတော့ ခင်မောင်မြင့်မကောင်းကြောင်းတစ်ခုထဲပါပဲ။

    ဒီတော့ …………………………… ထူးဆန်းတယ် လို့ပဲ ကောက်ချက်ချရတော့မယ်……

  • မီးမီး သော်

    August 27, 2011 at 8:37 am

    မရွှေအိမ်စည်ရေ ရွာမှာတော့ ခြေတွေလိမ်မတတ်ရှုပ်ကုန်ပါပီ။တခါလာလည်း ဒီ ရံဖန်ရံခါမှ ရောက်လာတတ်သူတွေက ကိုခင်မောင်မြင့်ဘဲ လက်ညှိုးထိုးတာနည်းနည်းတော့ထူးဆန်းနေပီ။စဉ်းစားရတော့မယ်။

Leave a Reply