ပြာလွင်ကောင်းကင် ဂွမ်းစဖြူလွှ နောက်ဆုံးကျတော့လဲ……………………..

ဂွှမ်းဆိုင်လိုဖြလွှ ပြာလွင်သောကောင်းကင် က အောက်ခံကင်းဘတ်စလိုပေါ့
မြို့မငြိမ်းသီချင်းထဲကလို တိမ်လွှာလေးတွေ တရွှေ့ရွှေ့ယူငှင်ဆိုသလိုပါဘဲ နည်းနည်းစီရွှေ့
အခုတော့ မိုးတိမ်ညိုကဘဲအားကောင်းနေသလိုလို

အခုတော့ တိမ်ညိုတွေဘယ်ရောက်သွားပါလိမ့်
အခုတော့ ဂွမ်းဖြုလေးတစ်လိုပါလား
အပြာရောင်ကောင်းကင်က ပိုကြည်လင်လာပါတယ်။
နောက်ဆုံးတော့ ကောင်းကင်တစ်ခုလုံးတိမ်ညိုတွေကဘဲဖုံလွှမ်းသွားတော့ မြင်ရတာ လွမ်းစရာ

သိပ်အလှကြီးတော့ မဟုတ်ပါဘူး ခဏလေးအတွင်းမှာပြောင်းလဲသွားတဲ့ တိမ်လေးတွေကို မှတ်တမ်းတင်ရင်။
လူတွေရဲ့စိတ်လဲတိမ်လိုပါဘဲ ခုဖြူလိုက် ခုပြာလိုက်။
နောက်ဆုံးတော့လဲ တ်မ်ညိုတွေဖုံးအုပ်သွားသလို သာမန်လူသားတစ်ယောက်ဖြစ်တဲ့ကျနော်လဲ……………………..

7 comments

  • မဝေရေ
    ကျနော်တင်တာ ချို့ယွင်းချက်ရှိသေးတယ်ထင်တယ် မအောင်မြင်သေးဘူး။
    မဆိုင်တဲ့စာတွေပါနေတုန်းဘဲဗျာ။

    • weiwei

      August 23, 2011 at 11:09 pm

      နောက်တော့ လုပ်ရင်းနဲ့ အထာသိပြီး အဆင်ပြေသွားမှာပါ …
      ရန်ကုန်ကတိမ်တွေလဲ တော်တော်လှပါတယ် …

  • ပြောဘို့မေးသွားသဗျာ။
    ဒီတိမ်ပုံလေးတွေက 22-8-2011နေ့က မန်းလေးကန်တော်ကြီး(တက်သေးအင်း)အရှေ့ဖက်ကနေ အနောက်ဖက်ခြမ်းကို ရို်က်ထားတဲ့ပုံလေးပါ။

  • naywoonni

    August 23, 2011 at 8:44 pm

    ကိုပေါက်ရေ…။ စကားလုံးမရှိသေးတဲ့ ကောင်းကင်ကို စကားလုံးတွေ စီပေးနေတာလားဗျာ……….။

  • ဆူး

    August 23, 2011 at 10:58 pm

    တိမ်ပြာပြာ နေ့တနေ့ ရောက်ခဲ့ပြီလေ..
    ကိုပေါက်တို့ အတွဲလေး လမ်းလျှောက်နေပါတယ်…
    ကိုပေါက် ကို အားကျမိတယ်… ချက်ချက်(ကင်မရာ) လေးရေ… ဘယ်မှာလဲပြော… (ကင်မရာ အပေါင်ဆိုင် ရောက်တုန်းက တွေးမိတဲ့ စာသားလေး)

  • manawphyulay

    August 24, 2011 at 5:27 pm

    ပုံတွေကို ကြည့်ရင်းနဲ့ တိမ်တွေကို စီးချင်စိတ်ပေါက်လာမိတယ်။ တိမ်တွေကို စီးပြီး စိတ်အလျဉ်ကို လွှင့်ကြည့်နေမိတယ်။ အလုပ်ပြန်ရင်တောင် ကောင်းကင်ကို မော့ကြည့်နေမိလို့ ခလုတ်တိုက်တာလည်း ခဏခဏပါပဲ။

Leave a Reply