“လမ်းနံဘေးနားကပန်းနဲ့တူသောထမင်းဆိုင်”

“လမ်းနံဘေးနားကပန်းနဲ့တူသောထမင်းဆိုင်”
ဒီနေ့ ညနေစောင်းမှာ အိမ်ရှေ့ဖြတ်သွားတဲ့အချဉ်ပေါင်းသည်လေးဆီက သီချင်းလေးကို နားစွင့်လိုက်တော့”လမ်းနံဘေးနားကပန်းကို မပန်ကြပြီ”ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းလေးကို ကြားလိုက်ရပါတယ်။
သွားလေသူအဆိုတော်လွှမ်းမိုးငယ်စဉ်ကာလကဆိုခဲ့လူကြိုက်များခဲ့တဲ့သီချင်းလေးဖြစ်နေပါတယ်။
လမ်းနံဘေးမှာအလေ့ကျပေါက်တဲ့ပန်းများဟာအလွယ်တကူဆွတ်ချုလို့ရနိုင်တော့ လူတွေကတန်ဘိုးမထားတတ်ကြတာလေးကို သီချင်းလုပ်ဆိုထားတာပါ။
လောကမှာ ကောင်းမွန်ပေမယ့်လဲ အလွယ်တကူရတော့ တန်ဘိုးမရှိဘူးထင်ပြီး ဖယ်ထားကြတာတဲ့ ကိစ္စတွေက အများကြီးပါ.။
ဒါလေးနဲ့ဆက်ပြီး တွေးမိပြန်တာက နေ့လည်က မိတ်ဆွေတွေနဲ့အမှတ်မထင်ရောက်သွ ားတဲ့ထမင်းဆို်င်လေးကိုပါ။
(ကျနော့်မိတ်ဆွေက မန်းလေးမြို့နှံ့တယ်ဆိုတဲ့ ကိုပေါက် မရောက်ဘူးတဲ့ဆိုင်ခေါ်သွားမယ်ဆိုပြီးခေါ်လို့ရောက်၊
ကျနော်လဲတကယ်မရောက်ဘူးပါ၊
ညံ့ချက်ကတော့ ကမ်းကုန်ပေါ့)
အဲဒီဆိုင်လေးက မန်းလေးမြို့ရဲ့ အထင်ကရထဲမှာလည်းမပါဘူး၊
မန်းလေးလမ်းညွှန်ထဲမှာလဲနာမယ်မပေါက်၊
အထူးအဆန်းအနေနဲ့လူစုပြီးသွားစားကြမယ်ဆိုတဲ့စာရင်းထဲမှာလဲမပါသေးဘူး။
လူသိနည်းသောဆိုင်လေးဖြစ်တော့ ကျွန်တော်တို့အပေါင်းအသင်းတစ်စုကတော့
“မြို့လယ်က တောဆိုင်လေး”လို့အလွယ်ဆုံးနာမည်ပေးလိုက်ကြပါတယ်။
မြို့လယ်လို့ပြောရတာက 83-84ကြားနဲ့23-24ကြားမှာ ဒီဆိုင်လေးက ရှိနေလို့ပါဘဲ။
မန္တလေးမြို့များပြားလှစွာသောဝင်းတွေထဲကဝင်းလေးတစ်ဝင်းထဲမှာရှိပါတယ်။
84လမ်းအတိုင်းလာ တောင်ဘက်ကလာမယ်ဆိုရင် 23လမ်းဒေါင့်မရောက်ခင်မှာ
တွေ့တဲ့အရှေ့ဘက်လမ်းကြားအတိုင်းဝင်လာလိုက်မယ်ဆိုရင်
သုံးအိမ်မြောက်လောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်လေး တွေ့နိုင်ပါတယ်။
(ထုံးစံအတိုင်း ဝင်းကြားထဲက သွားရမယ်ဆိုရင် တော့ 84လမ်းပေါ်မှာကားထားခဲ့။
စက်ဘီးတို့ဆိုင်ကယ်တို့လာမယ်ဆိုရင် တော့ ဝင်းကြားထဲစီးဝင်လာခဲ့လို့ဖြစ်။
လမ်းကလေးကတော့ နည်းနည်းကျဉ်းတယ်။
ဆိုင်ကယ်စီးဝင်မယ်ဆိုရင် နည်းနည်းလေးတော့ သတိထားစီးမှရပါမယ်)
အဲဒီအိမ်လေးအောက်ထပ်မှာဆိုင်ဖွင့်လို့ထား၊ဆိုင်းဘုတ်တော့မရှိပါဘူး။
တောင်ဘက်ခြမ်းမြောက်ဘက်လှည့်အိမ်ကလေးပေါ့။
အဝင်ဝမှာ ညောင်ရွက်စိမ်းစိမ်းလေးတွေ တန်းစီလို့ချိတ်ထားပါတယ်။

ဝင်းထဲက ထမင်းဆိုင်လေးအိမ်တည်နေရာ

ဆိုင်လေးကအိမ်အောက်ထပ်မှာဖွင့်ထားပြီး အရှေ့ဘက်ခြမ်းက ဖယောင်းပုဆိုးခင်းထားတဲ့ကွပ်ပျစ်လေးပေါ်မှာ စားပွဲအကူ လေးလုံးအိမ်အလည်ခေါင်မှာတော့ ဟင်းတွေတင်ထားတဲ့ မတ်တပ်ရပ်စားပွဲခုံတစ်လုံးနဲ့
အဲဒီစားပွဲဘေးမှာတော့ စားပွဲအပုလေးတစ်လုံးခင်းထားပါတယ်။
ထူးခြားတာကတော့ အလှူမှာ ဘုန်းကြီးကျောင်းမှာ အိမ်ဆွမ်းကျွေးတွေမှာစားရတာနဲ့တူလို့ပါ။
ကြမ်းပြင်အထက်မှာ ခင်းထားတဲ့ဖယောင်းပုဆိုးပေါ်မှာဖင်ချထိုင် ဗမာပီပီအားရပါးရလွေးရုံပါဘဲ။

ဒါကတော့ ဆိုင်အခင်းအကျင်း အရှေ့ဖက်ခြမ်း

အနောက်ဖက်ခြမ်းမှာတော့တစ်ခုံခင်းထားပါတယ်
အနေ ာက်ဘက်ခြမ်းက အခင်းအကျင်း

မတ်တပ်ရပ်စားပွဲပေါ်မှာ ဟင်းမျိုးစုံကိုစတီးဇလုံလေးတွေနဲ့ထည့်ထားပါတယ်။
ဘေးနားမှာတော့ ယင်ကောင်မလာအောင် ဖယောင်းတိုင်မီးလေးထွန်းထားပါတယ်။
ဟင်းခွက်ကလေးတစ်ခုစီလိုက်ကြည့်တော့ ဆိတ်သားနှပ် ဆိတ်သားလုံး ဆိတ်သားထောင်းကြော်
ငါးဆုပ်ဟင်း ငါးဟင်း ပုစွန်အကောင်လတ်လတ်ကလေးတွေကို ဆီပြန်ချက်ထားတာ။
ကြက်သားဆီပြန် ကြက်သားကြော် ငါးကြော် ဟင်းအမယ်တော်တော်လေးစုံပါတယ်။
(အမဲသားတော့မရပါဘူး)။
ရာသီစာ ဒိန်ညင်းသီးပြုတ်လဲရှိ ဒိန်ညင်းသီးကို အပြားလိုက်ထောင်းပြီးချက်ထားတာလဲပါ
မြင်တာနဲ့သွားရည်ကျချင်စရာပါ။

ဟင်းဇလုံလေးတွေ တန်းစီ

ဒါကတော့အနီးကပ်
ကဲ စားချင်တာ ကိုယ့်ဘာသာကိုယ်ရွေးပေတော့ ဇလုံလေးတွေတန်းစီထားတယ်

အဲတာနဲ့ တစ်ယောက်က ပုစွန်နဲ့ နောက်တစ်ယောက်က ငါးဆုပ်ဟင်း
ကျနော်ကတော့ ဆိပ်သားနှပ်။
ဟင်းလိုက်ပွဲကတော့ ဒိန်ညင်းသီးချက်နဲ့ ဆိတ်သားထောင်းကြော်။
သူတို့ချပေးတဲ့အရံဟင်းတွေကလဲများမှများ။
ချဉ်ရည်ဟင်း၊ခရမ်းသီးနှပ်၊ကုလားပဲချက်၊
ခဝဲသီးအရည်စပ်စပ်နဲ့အချိုကြော်ချက်
ပဲတီချဉ်သုပ်၊နှမ်းဖတ်ချဉ်သုပ်၊ငပိရေကျိုနဲ့တို့စရာ။
(တို့စရာကလဲ အစုံ ရှောက်ရွက်အစီးလိုက်၊ပဲစောင်းလျားသီးပြုတ်၊သခွားသီး ပလပ်စတစ်စကာခုံးလေးနဲ့အပြည့်
လိုတယ်ဆိုရင်ထပ်ချပေးပါတယ်။)။
ဒါကတော့ ကျနော်မှာစားထားတာပါ
ထုံးစံအတိုင်း ကျနော်တို့ ထမင်းစားကြတဲ့အခါ သုံးယောက်ဆို ဟင်းသုံးမျိုုးမှာ
တစ်ယောက်ဟင်းတစ်ယောက်နှိုက်စား တတ်ကြပါတယ်။
စားကြည့်မိလို့ သိလာတာကတော့ ဟင်းတစ်ခွက်စီက သီးသန့်ချက်ထားတာပါဘဲ။
အများအားဖြင့်ထမင်းဆိုင်တွေမှာ ဟင်းချက်တယ်ဆိုရင်
ဟင်း အားလုံးအတွက် ဟင်းအနှစ်ကို ရောလို့ချက် ပြီးမှပြန်ခွဲပြီး အသားတစ်မျိုးစီနဲ့ရောထည့်တာပါ။
စားရတာ အရသာအတော်လေးကောင်းပါတယ်။
အတို့အမြုပ်လေးနဲ့စားတာကို တစ်ပန်းကန်ကျော်ကျော် ဆန်ကလဲ ဖြူဖြူအိအိ။
ကျနော်တို့သုံးယောက်စားတာ ထမင်းတစ်အုပ်ပြောင်ပါတယ။်
စားပြီးတာနဲ့ရေနွေးကြမ်းနဲ့ထညက်ခဲ အချိုတဲကြပါတယ်။
ပိုက်ဆံရှင်းတဲ့အခါ မျက်လုံးပြူးသွားပါတော့တယ်။
ပုစွန်နဲ့တစ်ပွဲ၊ငါးနဲ့တစ်ပွဲ၊ဆိတ်သားနဲ့တစ်ပွဲ၊
ဟင်းအပိုက ဒိန်ညင်းသီးချက်တစ်ခွက်၊ဆိတ်သားထောင်းကြော်တစ်ပွဲ၊
ရေသန့်တစ်ဘူး
ရူဘီစီးကရက်က (2)လိပ် ဒါက ကျနော်တို့စားထားကြတာပါ။
အားလုံးပေါင်းမှ 5300ကျပ်ပါတဲ့။
ပုစွန်ဟင်းနဲ့ကတော့ 1500
ကျန်တာဘာစားစား 1200
ဟင်းအပိုတစ်ပွဲ 500
ရေသန့်တစ်ဘူး 300
ကဲမတန်ဘူးလားဗျာ။
အဲတော့ ဈေးလဲသက်သာ ကောင်းလဲကောင်း သန့်လဲသန့်
မြန်မာဆန်ဆန် ပုဆစ်တုပ်ထိုင်ချင်ထိုင် တင်ပလ္လင်ခွေထိုင်ချင်ထိုင် အားရပါးရထိုင်ပြီးလက်နဲ့ဆွဲချင်တယ်ဆိုရင်တော့
ကျနော်ပြောတဲ့ဆိုင်လေးကို သွားအားပေးလိုက်ပါလို့ ကြော်ငြာလိုက်ပါတယ်။
ဒီထမင်းဆိုင်သေးသေးလေးကို ကြော်ငြာပေးရတာကတော့ ရိုးရိုးသားသားနဲ့တစ်နိုင်တစ်ပိုင်လုပ်နေကြတဲ့
လုပ်ငန်းလေးတွေအများစုမှာ လူသိမများတော့ အရောင်းနည်း အရောင်းနည်းတော့လုံးပါးပါးပြီးလုပ်ငန်းရပ်သွားပါတယ်။
တကယ်လို့များ သူကောင်းတာ ဖော်ပေးလို့ လူသိများသွားရင် အရောင်းရတွင်ကျယ်လို့ လုပ်ငန်းဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
ဒီလို တနိုင်တပိုင်လုပ်တဲ့လုပ်ငန်းလေးတွေက ကြီးထွားလာရင် တိုင်းပြည်မှာလည်း အလုပ်လက်မဲ့ပြဿနာကို အလိုလိုဖြေရှင်းပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။
လုပ်ငန်းအသေးလေးတွေကို အခြေခိုင်လို့တိုးတက်စေချင်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-8-2011

24 comments

  • pan pan

    August 23, 2011 at 9:10 am

    ဆိုင်လေးကဆိုင်နဲ့တောင်မတူဘူး
    အိမ်မှာစားရသလို ခံစားမှုရမှာပဲ
    အခင်းအကျင်းလေးက ချစ်ဖို့ကောင်းတယ်
    မန်းလေးကိုလာဖြစ်ရင် အဲဒီဆိုင်မှာ လေးပေါက်လိုက်ကျွေးမလား

  • နွယ်ပင်

    August 23, 2011 at 9:26 am

    အခင်းအကျင်းလေးရော အစားအသောက်တွေကရော အလှူမှာပဲ စားရသလို အိမ်မှာပဲ စားရသလိုလိုနဲ့
    တကယ့် မြန်မာဆန်ဆန်လေးနဲ့ စားချင်စရာလေးပါပဲ ..
    အခုအရေးကြီးတာက မနက်က ဘာမှ မစားခဲ့ရပဲ လေးပေါက်ပိုစ့်ကို ဝင်ဖတ်မိတာပဲ
    အခုတော့ ဗိုက်တွေဆာလာလို့ အိတ်ထဲက ခြင်္သေ့လေးတွေ ခုန်ထွက်ကုန်ပြီ ..
    ပြတ်တုန်းလပ်တုန်း 23 ပါဆိုမှ ………. 🙂

  • Shwe Tike Soe

    August 23, 2011 at 9:34 am

    ဟုတ်ပဗျာ.. မန်းလေးက အစားအသောက်တွေကို သတိရလိုက်တာ….
    မန်းလေးက ဈေးသည်တွေက စေတနာပါတော့ အစားအသောက်က အရမ်းအရသာရှိတယ်နော်…
    သတိရလိုက်တာ.. ကိုပေါက်လမ်းကြုံရင် ပါဆယ်လေး ဆွဲခဲ့ပေးပါ… ဟဟဟ

  • zawmaung

    August 23, 2011 at 9:35 am

    No trouser , no skirts and shorts allowed . (just joke)

  • pooch

    August 23, 2011 at 9:37 am

    အင်း … သွားစားကြည့်မယ် လေးပေါက် …

  • ရွှေအိမ်စည်

    August 23, 2011 at 9:43 am

    ကိုပေါက်….ကျနော်လာလည်ရင်လိုက်ကြွေးဗျာနော်…
    ..တခုတော့စဉ်းစားမိတယ်..မိုးရာသီနော်..ယင်ကောင်မနားဘူးလား
    အုပ်ဆောင်းလည်းမပါဘဲနဲ ့……
    ယင်မောင်းပြီးမှဓါတ်ပုံရိုက်တာလား…..

    (မသိဘူးနိုင်ဘူး….သူ ကအလကားစားရတယ်ဆိုပြီး…တချို ့တွေ ရှိတယ်လေ)စတာပါနော်

    လေးပေါက်ကတော့ငွေရှင်းတယ်ကွ၅၃၀ဝတဲ ့

  • kai

    August 23, 2011 at 9:50 am

    ပိုက်ဆံရှင်းတဲ့အခါ မျက်လုံးပြူးသွားတယ်ဆိုလို့.. တော်တော်များသလားထင်မိတာ.. ဈေးတန်တယ်ပေါ့..။
    ပုဇွန်ဟင်းမှ.. တပွဲ ၂ဒေါ်လာဆိုတော့.. ပါဆယ်နဲ့မှာလို့ရသလားမေးပေးပါဦး..။
    ယူအက်စ်ကပါလို့..။

    ပြောရရင်..ဂျပန်တွေလည်း ..ဗမာတွေလိုပဲ..ကွပ်ပစ်လို..ဖျာထူခင်းပြီး ထိုင်စားကြတယ်..။
    တိုကျို-ဂင်းဇာက စားသောက်ဆိုင်တွေ..အဲဒီလိုတွေရှိတာပေါ့..။
    ထိုင်သူတွေ..ကြာရင်..ခြေထောက်တွေနာမှာစိုးတာမို ့… သူတို့ဆိုင်တွေက.. မြေအောက်တွင်းတူးပြီး..ခြေချထိုင်ဖို့ပြုပြင်ထားလေရဲ့..။
    စာပွဲထိုးတွေက.. စကပ်တိုနဲ့မဟုတ်ပါဘူး.။ ကီမိုနိုနဲ့ပေါ့..။ 🙂

  • ရွှေအိမ်စည်

    August 23, 2011 at 10:09 am

    လေးပေါက်ရေ..သူကြီးတို ့များစကားပြောရင်ဒေါ်လာကကိုမချဘူး..
    သတိထားမိတာပြောပြတာနော်….
    ပြီးတော့ယူအက်စ် ကလည်းနေရာတိုင်းပါတယ်……
    ဘယ်လို နေနေလည်းတော့မသိဘူး..
    ကြွားမှကြွားဘဲ…

    မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ – ဦးမြင့်ကိုဖတ်ပြီး…
    ဘာပြောရင်ကောင်းမလဲ စဉ်းစားနေတာ..
    မပြောချင်တော့လို ့..လေးပေါက်ဆီဘဲ …ပြောတော့မယ်

    ပြောလိုက်ပါလေးပေါက်ရာ..အားမကျဘူးဘို.

    မြန်မာငွေ တန်ဖိုးတက်အောင်….တို ့ဘကြီးတွေ လုပ်နေတယ်လို ့..
    680ဘဲ ဈေးရှိတယ်လို ့..

    (ရှူး….ကြုံတုံးအတင်းပြောအုံးမယ်……ဒါကလည်း..သူတို ့တွေကြားကဘဲလာတာသိလား
    ကန်တော့ရတော့မယ်ဆိုရင်မြန်မာပြည်မှာဈေးကျအောင်လုပ်နိူင်တဲ ့သူတစ်ယောက်ရှိတယ်။
    တစ်ယောက်ကန်တော့ရရင်လည်းသောင်းနြ ့ကန်တော့ရတာဆိုတော့ဈေးကျအောင်လုပ်ပြီးတော့ဝယ်…
    ကန်တော့ခံတွေကပြန်ရောင်းပြီးရင်..ပြန်တက်….ငွေကြေးလဲ လှယ်မှုက…ပြောတဲ ့အတိုင်းဘဲဖြစ်နေတယ်ဗျား)

    စာထဲ မှာသင်ခဲ ့တြ ့ငွေကြေးနဲ ့
    တူလားမတူဘူးလား????
    မတူဘူးလားတူလား????

  • weiwei

    August 23, 2011 at 10:30 am

    တော်တော်တန်တာပဲ …
    ရန်ကုန်မှာ မနေ့ကပဲ မြန်မာထမင်းဆိုင်မှာ ၂ ယောက်စားခဲ့တာ … ဝက်သားတစ်ပွဲနဲ့ ငါးသလောက်ပေါင်းတစ်ပွဲ … အရန်ဟင်းဘာမှမပါတာတောင်မှ ၇၈၀ဝ ကျတယ် …

  • ကြောင်ကြီး

    August 23, 2011 at 10:37 am

    သုံးယောက်စားတယ်လည်းဆိုသေး ဘယ်နှယ်ထမင်းပန်းကန်က နှစ်ချပ်ထဲဖြစ်နေတာလဲ။ မလိမ်နဲ့နော်ဦးပေါက်၊ ဒါနဲ့ ဘဲသားဟင်းရော မပါဘူးလား။ သူများအသား တမ်းတရတာတော့ မကောင်းပါဘူး။ ဒါပေမဲ့ ဘဲသားက တကယ်ကောင်းတာ…

  • manawphyulay

    August 23, 2011 at 10:46 am

    ခုတော့ တင်ပြီးပေါ့…. မသွားခင်ထဲက စောင့်ဖတ်ချင်နေတာ………. လေးပေါက်ရဲ့ မိတ်ဆွေက မန်းလေးလာရင် အဲဆိုင်လိုက်ပို့မယ်တဲ့…….. မလာခင်ထဲက ကြိုတင်ဘိုကင်လုပ်ထားတယ်…. :

  • Big Defender

    August 23, 2011 at 11:02 am

    ဒီလိုလား
    အဲဒီလိုတော့ လွေးချင်သား
    စားရတာ မြိန်ပါ့နော်

  • nozomi

    August 23, 2011 at 11:02 am

    မန္တလေးရောက်ရင် သွားစားဦးမယ်

    ဆိုင်တွေမှာ စားရရင် ဟင်းတွေ အရမ်း ကောင်း ၊ မကောင်း ထက် (အရသာ အသင့်အတင့်ပဲ ရှိဦး ) သန့်၊မသန့်ကို ပိုကြည့်ဖြစ်တယ်

    ရန်ကုန်က တချို့ ဆိုင် မကြီး၊တကြီးတွေ ဆိုင်မှာ ထိုင်စောင့်နေရင်းနဲ့ နောက်ဖေးဘက် ဝင်သွားမိရင် အသားတွေမှာ ယင်ကောင်က တစ်လောင်းလောင်း အကိုင်အတွယ်က ညစ်ပတ်နဲ့ စားချင်စိတ်ကကုန်ရော

    ဦးပေါက် ဆိုင်က ကြည့်ရတာ အကိုင်အတွယ် က သပ်သပ်ရပ်ရပ်နဲ့ အိမ်မှာ စားရသလို အပြင်အဆင်နဲ့ စားချင်စရာလေး

  • မီးမီး သော်

    August 23, 2011 at 11:34 am

    ကိုပေါက်ရေ. ဆိုင်လေးကသေးပေမယ့် သန် ့တယ်နော်။ဆိုင်တော်တော်များက ညစ်ပတ်ကြတယ်လေ။အိမ်ဆိုင်လေးဆိုတော့ နွေးနွေးထွေးထွေးရှိမယ့်ပုံပါ။

  • ပေါက်ဖော်

    August 23, 2011 at 12:01 pm

    အင်းဗျ..
    ဆိုင်လေးက နဲနဲ သေးတော့ အစားအသောက် တန်သည့်တိုင်အောင် စီးပွား ဖြစ်မယ် မထင်ဘူး.
    အင်း..ပြောလို ့တော့ ရပါဘူး..သူ ့ဟာနဲ ့သူတော့ ခိုင် မှာပါ

    ဆိုင်ပုံဆန်ကတော့ ရန်ကုန်မှာဆို `မွန်မလေး´ လိုပုံစံပါပဲ….စားကောင်းမှာပါ.

    ဲအဲ..
    ကျနော်သာ ဆိုင်ပိုင်ရှင်ဆိုရင်တော့
    နံရံကို ဆေးလေးဘာလေးသုတ်၊အရှေ ့က မျက်နှာစာကိုလဲ ကြည့်ကောင်းအောင် ပြင်၊ဟင်းဇလုံတွေကိုလဲ မှန်ဘီရိုလေးထဲ ထည့်ထားမယ်ဆို….ကြည့်ပျော်ရှုပျော်ဖြစ်ပြီး မိတ် ပိုရလာမလားလို ့ စဉ်းစားမိတယ်ဗျ.

  • စုံ စုံ

    August 23, 2011 at 2:57 pm

    နဲနဲစပ်စုလိုက်ဦးမယ်
    ဆိုင်ရှေ့မှာနဲ့ဆိုင်ထဲမှာညောင်ရွက်တွေချိတ်ထားတာ
    ယတြာချေတာလားမသိဘူးနော်

  • jalthusg.kt

    August 23, 2011 at 3:09 pm

    မန်းလေးမှာ အဲထက်ကောင်းပြီး အဲဒီထက်တန်တဲ့ဆိုင်တွေအများကြီးရှိပါသေးတယ် ဥပမာ ဇလုံကြီးတို. ပေါ့ ကျောင်းသားတွေတော်တော်များများ စားကြတယ် ခုနောက်ပိုင်းမရောက်ဖြစ်လို.ဈေးတော့သိပ်မသိတော့ဘူး လွန်ခဲ့တဲ့သုံးလလောက်ကစားတာတော့ တစ်ခါပြင်ကို ၉၀ဝ ပဲကျတယ် အဲဒီတစ်ခါပြင်ကလည်း တော်ရုံတန်ရုံစားနိုင်တဲ့သူတော့ လိုက်ပွဲတစ်ပွဲလောက်နဲ့ကို ဝ တယ် လိုက်ပွဲကလည်းတစ်ရာပဲရယ်

  • etone

    August 23, 2011 at 4:37 pm

    လေးပေါက်ဆိုင်က တန်လှချည်လား … ဓနုဖြူ ဒေါ်စောရီမှာ နှစ်ယောက်သွားစားတာ … တစ်ယောက်က ပုစွန်ထုပ်ကြီးနဲ့.. တစ်ယောက်က ဝက်ကလီဆာနဲ့ … ခရမ်းသီး မီးဖုတ်သုတ်လည်း မှာတယ် ..ကျန်တာ အရံဟင်းပဲ … တစ်သောင်းကျော်ရှင်းလိုက်ရပါတယ် … 🙁

    ပေးရပြီး တန်အောင်စားချင်ရင် ဘူဖေးသွားစားလို့ကောင်းတယ် … ဝါးတမ်းလမ်းမက Doreen မှာ တစ်ယောက်ကို ကိုးထောင်ပဲရှိတယ် .. ဘူဖေးဖွင့်ချိန် ညနေခြောက်နာရီကတည်းက ပိတ်ချိန်ဆယ်နာရီထိ တအိအိနဲ့ စားနိုင်သလောက်စားမှ တန်တာ 😛 😛

  • ဟုတ်တယ်ဗျ အစကနှစ်ယောက်
    နောက်တစ်ယောက်ကထပ်လို်က်လာတော့ အားလုံးသုံးယောက်
    မစားခင်ဓါတ်ပုံရိုက်ထားတော့ ဟင်းပွဲတောင်မစုံသေးဘူး။

    ယင်ကောင်မအုံတဲ့နည်းပေးထားတယ်လေ၊
    ဖယောင်းတိုင်မီးလေးထွန်းထားလိုက်သပေါ့။

    ဟုတ်ပါတယ် ဇလုံကြီးကို ကျနော်သွားစားဘူးပါတယ်။
    လောလောဆယ်အောင်မြင်နေတဲ့ဆိုင်က ဇလုံကြီးပေါ့ ဆိုင်ခွဲတွေတောင်ဖွင့်ထားပါတယ်။
    ဇလုံကြိးလိုအောင်မြင်နေတဲ့ဆိုင်မျိုးအကြောင်းရေးဘို့ကတော့ ကျနော့်ရင်ထဲကိုရောက်မလာပါဘူး။

    အခုဆိုင်လေးက စတင်အားယူဆဲ ဆိုင်လေးမို့ ကြော်ငြာတဲ့အနေနဲ့ရေးပေးဖြစ်ပါတယ်.။
    ကျနော်နဲ့အတူသွားစားတဲ့ မိတ်ဆွေကလဲ ရေးဘို့တိုက်တွန်းတာလဲပါတယ်။
    ကြိုးစားအားယူလို့ လုပ်ငန်းထူထောင်စ ဆိုင်လေးမို့ မန်းလေးက မသိသေးတဲ့မိတ်ဆွေများ အလယ်ရောက်လာမယ့် မိတ်ဆွေများ သွားအားပေးချင်စိတ်ပေါက်လာအောင်ပါ…………………….

  • ရွှေဘိုသား

    August 23, 2011 at 8:33 pm

    အလုပ်ကအပြန်ဝင်ဖတ်လိုက်တာ ထမင်းတောင်ဆာလာပြီ
    လေးပေါက် ဝယ်ကျွေးတော. ရွှေဘိုကားကြီးကွင်းလာခဲ. အဝစားမှ 1500 ပဲရှိတာ မှာတဲ.ဟင်းကို
    ဘေးမှာ ဇလုံနဲ.ချပေးထားတာ
    ကျနော်တောင် ပြန်ရင် အမြဲကြိတ်တာ ဒီမှာက ဈေးကြီးတော. နေ.တိုင်း ကြုံသလို ဖြစ်သလို ကများနေတာ

  • ရွှေဘိုသား မန်းလေးရောက်ရင် လာခဲ့။
    လေကျွေးမကျွေးဘူး တကယ်ကျွေးမှာ။
    ကိုပေါက်က သူများကို “ကျွေး”တာဝါသနာပါတယ်။
    တကယ့်ကို ကျွေးမှနော်။
    နောက်မှာကျွေးလှချည်လားဆို ပြီးတော်ပါပြီမလုပ်နဲ့။

  • windtalker

    August 23, 2011 at 10:46 pm

    ဟာ
    ဟို ပို ့စ်ထဲ မှာ ကြတော့
    အရမ်းချစ်ကြတဲ့ သူ နှစ်ယောက် ဆို
    ကျွေးရမှာပေါ့
    သေချာလေး
    နော
    ဟီဟိ

  • ဆူး

    August 23, 2011 at 11:23 pm

    ယင်ကောင် တွေ များနေရင် မောင်းနည်းရှိတယ်။
    ဖယောင်းတိုင် ထွန်းလိုက်ရင် ပြေးသလို
    ယင်ကောင်က အမှောင်လည်း ကြောက်တယ်။
    အစားအစာတွေ အနားကို အမှောင်ချလိုက်ရင် လင်းလဲ့ နေရာကို ပြေးပါတော့တယ်။ သူတို့ ကောင်းကောင်း တည့်တည့် မတ်မတ် ပြေးနိုင်အောင် ယပ်တောင်လေး ခပ်ပေးဖို့တော့ လိုမယ်။
    ကြောညာမှာ ဝင်စားကြတဲ့ ပရိတ်သတ် တွေ အားလုံး နောက်နှစ် ကိုပေါက် နဲ့ မဒမ်ပေါက် ရဲ့ မင်္ဂလာ နှစ်ပတ်လည် အဲဒီ ဆိုင်မှာ အားလုံးကို အဝ ကျွှေးမယ်လို့ သတင်းရထားပါတယ်။ အခုကတည်းက လက်ဖွဲ့ ကြိုပြင်ထားကြပါ။ အခု ထမင်းသွားစားတာလည်း ဘိုကင် သွားယူတာလို့ ကြားတယ်။ တီးတိုး စကားဆိုတော့ ကိုပေါက် ကိုသာ သေချာ မေးကြည့်မှ ဖြစ်မယ်။ ဟဲဟဲ.. လာမယ်နော်..

Leave a Reply