မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ – ဦးမြင့်

kaiAugust 23, 20111min2719

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC)၊ နေပြည်တော်
၂ဝ၁၁ ခုနှစ် ၊ ဩဂုတ်လ (၁၉-၂၁)ရက်

မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ
အပိုင်း (၁)
နိဒါန်း
၁။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် သိသိသာသာ တောက် လျောက် တက်လာခဲ့ပါသည်။ ထို့ကြောင့်ပြဿနာများ ပေါ်ပေါက်ခဲ့ပါသည်။ ကျပ်ငွေတန်ဘိုးတက် လာသည့်အတိုင်းအတာနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ၏ စရိတ်နှင့်အကျိုးအမြတ်များအပေါ် အကျိုးသက်ရောက်ပုံကို နိုင်ငံတော်သမ္မတရုံး စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးဆက်အောင် ပြုစုထား သောစာတမ်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယင်းအချက်အလက်များကို ဤစာတမ်းတွင် ထပ်မံမဆွေးနွေးတော့ဘဲ အောက်ပါကိစ္စသုံးရပ်ကိုသာ ဖော်ပြသွားပါမည်။ ၎င်းတို့မှာ –

၂။ ပထမဦးစွာ မည်သည့်အကြောင်းကြောင့် ငွေတန်ဘိုးမြန်မြန်ဆန်ဆန်တက်ရပြီး၊ မည်ကဲ့သို့ ပြဿနာများ ဖြစ်ပေါ်စေသည်ကို ရှင်းပြရန်။
၃။ ဒုတိယအချက်အနေဖြင့် ကျပ်ငွေလဲလှယ်နှုန်းတက်သည့်ပြဿနာကို ဖြေရှင်းပြီး၊ ငွေလဲလှယ် နှုန်းအပေါ် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု ပြန်လည်ရရှိ၍့၊ ပြဿနာ ပိုမိုဆိုးရွားမသွားစေရေးတို့အတွက် လတ်တလော ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အကြံပြုရန်။

၄။တတိယအချက်အနေဖြင့် လောလောဆယ်ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းပြဿနာသည် မြန်မာနိုင်ငံ၏ ငွေလဲလှယ်စနစ်ကို ပြုပြင်ပြောင်းလဲရန် အခွင့်ကောင်းတစ်ခုဟု ယူဆနိုင်ပါသည်။ ထိုအခွင့်ကောင်းကိုယူ၍ နိုင်ငံတကာစံချိန်စံညွန်းမှီသည့် နိုင်ငံခြားငွေဈေးကွက်တစ်ခု တည်ထောင်ရန် သင့်ပါသည်။ ထိုဈေးကွက်က အသင့်အတင့်တည်ငြိမ်သည့် ငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးပါမည်။ ထို့အပြင် မြန်မာဗဟိုဘဏ်အနေဖြင့်လည်း ငွေလဲလှယ်နှုန်းကို စီးပွားရေးစီခံခန့်ခွဲမှုတွင် ပို၍ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရန်ဆောင်ရွက်ပါမည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ရန် အကြံပြုချက်များကို ဤစာတမ်းတွင် အကျဉ်းမျှဖော်ပြထားပါသည်။

အပိုင်း(၂)
ငွေလဲလှယ်နှုန်းမြင့်မားလာခြင်း၏အကြောင်းတရားနှင့်အကျိုးသက်ရောက်မှုများ

၅။ ဘောဂဗေဒဘာသာရပ်၏ သဘောတရားတစ်ခုဖြစ်သည့် ဒတ်ချ်ရောဂါ (ီကအခ့ ိငျနေျန) သည် ရုတ်တရက်ငွေတန်ဖိုးတက်ရခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ လူသိများ ပြီးထင်ရှားသည့် သာဓကတစ်ခု ဖြစ်ပါသည်။ (၁၉၆ဝ)ပြည့်လွန်နှစ်များက နယ်သာလန်နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်က နယ်သာလန်နိုင်ငံသည် ကမ်းလွန်ပင်လယ်ပြင်တွင် ရှာဖွေ တွေ့ရှိသော သဘာဝဓါတ်ငွေ့အများအပြားကို ပြည်ပသို့တင်ပို့ ရောင်းချခဲ့ပါသည်။ ထိုသို့ ရောင်းချ ခြင်းကြောင့် နိုင်ငံတွင်းသို့ နိုင်ငံခြားငွေအများအပြား လှိမ့်ဝင်လာခဲ့ပါသည်။ ထို့ကြောင့် ဒတ်ချ် ပြည်တွင်းသုံးငွေ ဂီလ်ဒါ(ါကငိူနမ) ၏ ငွေလဲလှယ်နှုန်း ထိုးတက်သွားစေခဲ့ပါသည်။ ထိုသို့ ငွေလဲလှယ် နှုန်း တိုးတက်သွားခြင်းကြောင့် အကျိုးသက်ရောက်မှု(၄)မျိုး ပေါ်ပေါက်ခဲ့ပါသည်။

၆။ ပထမအချက်အနေဖြင့် ငွေလဲလှယ်နှုန်းမြင့်မားသွားသော်လည်း တိုင်းပြည်၏သယံဇာတ ဖြစ်သော သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားသို့တင်ပို့ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သို့ဖြစ်၍ ငွေလဲလှယ်နှုန်း မြင့်မားသွားသော်လည်း နယ်သာလန်၌ သဘာဝဓါတ်ငွေ့တင်ပို့မှု ဆက်လက်အားကောင်းစန်းပွင့်နေပြီး နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေအများအပြား ဆက်လက် ဝင်ရောက်ခဲ့ပါသည်။ ထိုဖြစ်ရပ်ကြောင့် ပြည်ပပို့ကုန်သဘာဝဓါတ်ငွေ့လုပ်ငန်းကို နယ်သာလန်တွင် ”စန်းပွင့်လုပ်ငန်း” (ဩသာငညါ ျနခအသမ) ဟု သတ်မှတ်ပါသည်။

၇။ ဒုတိယအချက်အနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် မပါဝင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ ရှိပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းကို သာဓကအဖြစ် ဖော်ပြနိုင်ပါသည်။ ဤလုပ်ငန်းက နိုင်ငံအတွင်း အဆောက်အဦး၊ လမ်း၊ တံတားစသည်တို့ကို တည်ဆောက်ပေးပါသည်။ သို့သော် ဆန်၊ ပဲ နှင့် ရေထွက်ကုန်များကဲ့သို့ လမ်းနှင့်တံတားများကို နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချခြင်း မပြုနိုင်ပါ။ ၎င်းတို့ကို ပြည်တွင်းမှာသာ အသုံးပြု နိုင်ပြီး၊ ”ပြည်ပကုန်သွယ်ရေးတွင် အကျုံးမဝင်သောကုန်စည်များ” (ညသည-အမေိနိ ါသသျိ) ဟူ၍ သတ်မှတ်ပါသည်။ အလားတူပင် စူပါမားကတ်၏ လက်လီရောင်းချသောလုပ်ငန်းများသည် ပြည်ပသို့ တင်ပို့ရောင်းချခြင်း မပြုနိုင်ပါ။ ၎င်းတို့သည် ပြည်တွင်းစားသုံးသူများ အတွက်သာ အသုံးဝင်ပြီး ” ပြည်ပကုန်သွယ်ရေးတွင် အကျုံးမဝင်သောဝန်ဆောင်မှုများ” (ညသည-အမေိနိ ျနမလငခနျ) ဟု သတ်မှတ်ပါသည်။ သတိပြုသင့်သည့်အချက်မှာ ပြည်ပဈေးကွက်တွင် မပါဝင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ငွေလဲလှယ်နှုန်းတက်သွားခြင်း၏ ဂယက်ရိုက်ခတ်မှုမရှိပါ။ တကယ်တော့ ငွေလဲလှယ်နှုန်း တက်သွားခြင်းကြောင့် အကျိုးကျေးဇူးပင် ရရှိနိုင်ပါသေးသည်။ အဘယ့်ကြောင့် ဆိုသော် ငွေလဲလှယ်နှုန်းတက်သွားခြင်းကြောင့် သွင်းကုန်များ၏တန်ဘိုးကို ပြည်တွင်းသုံးငွေကြေး ဖြင့်တွက်လျှင် ဈေးသက်သာသွားခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားကုန်ပစ္စည်းများ တင်သွင်းရောင်းချသော စူပါမားကတ်သည် အမြတ်ပိုမိုရရှိနိုင်ပါသည်။ အလားတူပင် ဆောက်လုပ် ရေးလုပ်ငန်းတစ်ခုသည်လည်း စက်ပစ္စည်းနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို ပြည်ပမှဈေး သက်သက်သာသာဖြင့် ဝယ်ယူနိုင်၍ အမြတ်ပိုရနိုင်ပါသည်။

၈။ တတိယအချက်အနေဖြင့် သဘာဝဓါတ်ငွေ့အများအပြား တင်ပို့မှုကြောင့် ငွေလဲလှယ်နှုန်း တောက်လျောက်တိုးတက်နေပါက နိုင်ငံတစ်နိုင်ငံ၏ စက်မှုလက်မှုနှင့်စိုက်ပျိုးရေးကဏ္ဍတို့၏ ပို့ကုန် များ၏ ကမ္ဘာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါသည်။ ထို့အပြင် ယင်းကဏ္ဍများ၏ ပို့ကုန်မှရရှိသည့်နိုင်ငံခြားငွေကို ပြည်တွင်းသုံးငွေအဖြစ် ပြောင်းလဲလိုက်သည့်အခါ ရရှိသည့်ငွေ လျော့သွားစေပြီး၊ ကုန်ကြမ်းနှင့်လုပ်အားခကို ပြည်တွင်းသုံးငွေဖြင့် ပေးချေရခြင်းကြောင့်လည်း အသားတင်ဝင်ငွေကို လျော့ပါးစေပါသည်။ အကယ်၍ ငွေလဲလှယ်နှုန်းသည် အတားအဆီးမဲ့ တိုးတက် နေလျှင် ပို့ကုန်မှရသောဝင်ငွေသည် ထုတ်လုပ်မှုစရိတ်ကို ကာမိတော့မည်မဟုတ်ဘဲ၊ အရှုံးပြကာ လုပ်ငန်းများ ရပ်ဆိုင်းရစေနိုင်ပါသည်။ ငွေလဲလှယ်နှုန်းတိုးမြှင့်လာခြင်းကြောင့် ယိုယွင်းကျဆင်း လာသော စက်မှုနှင့်လယ်ယာကဏ္ဍတို့ကို ”နောက်ကျကျန်ရစ်ခဲ့သောကဏ္ဍများ” (ူေါါငညါ ျနခအသမျ) ဟု သတ်မှတ်ခြင်းခံရပါသည်။ ထို့အပြင် ငွေလဲလှယ်နှုန်းတက်လာခြင်းကြောင့် ဈေးချိုသာစွာ ဝင်ရောက် လာသော ပြည်ပမှသွင်းကုန်များသည် ပြည်တွင်းဈေးကွက်တွင် ထိုကုန်များနှင့် ယှဉ်ပြိုင်ရောင်းချ နေရသော သွင်းကုန်အစားထိုး လုပ်ငန်းများကိုလည်း ထိခိုက်စေပါသည်။ ထိုသို့သောအကြောင်းများ ကြောင့် နယ်သာလန်နိုင်ငံတွင် စက်မှုကဏ္ဍကျဆင်းသွားသည့်ဖြစ်ရပ်ကို ူသညိသည နခသညသာငျအ မဂ္ဂဇင်းက ဒတ်ချ်ရောဂါ (ီကအခ့ ိငျနေျန) ဟု (၁၉၇၇) ခုနှစ်တွင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။

၉။ စတုတ္ထအချက်အနေဖြင့် နောက်ကျကျန်ရစ်ခဲ့သော လယ်ယာနှင့်စက်မှုကဏ္ဍတို့မှ လုပ်သား နှင့်အရင်းအနှီးတို့သည် စန်းပွင့်နှင့်ပြည်ပဈေးကွက်တွင် မပါဝင်သောလုပ်ငန်းများသို့ ရွှေ့ပြောင်းသွား ရန် အလားအလာများ ပေါ်ပေါက်နိုင်ပါသည်။ ယင်းတို့ကို ကောင်းသည့်အလားအလာများဟု မယူဆ နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍများသည် ပြည်ပမှရင်းနှီးမြုှပ်နှံမှု လုံလောက်စွာရရှိနေသဖြင့် ပြည်တွင်းမှ ထပ်မံအရင်းအနှီးမြှုပ်နှံရန် မလိုအပ်ပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများက မိမိတို့၏လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်သော အရင်းအနှီးမြုှပ်နှံ ထားပြီး ဖြစ်ပါသည်။ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍသည် စက်ကိရိယာကို အားကိုးသောလုပ်ငန်း များဖြစ်သဖြင့် အလုပ်အကိုင်ပေးနိုင်စွမ်း အနည်းငယ်မျှသာ ရှိပါသည်။ ထို့အပြင် လိုအပ်သည့် လုပ်အားကိုလည်း ရင်းနှီးမြှုပ်နှံသည့်ပြင်ပနိုင်ငံများမှ တစ်ပါတည်း ခေါ်ဆောင်လာတတ်ကြပါသည်။

၁ဝ။ ဆောက်လုပ်ရေး၊ စူပါမားကတ်နှင့် စားသောက်ဆိုင်များတွင် အလုပ်အကိုင်ရရှိနိုင်သော်လည်း အလုပ်သမားများအနေဖြင့် ထိုလုပ်ငန်းများမှ နိုင်ငံကိုအကျိုးပြုသည့် နည်းပညာနှင့်အတတ်ပညာ ရရှိနိုင်သည့်အခွင့်အလမ်းများ နည်းပါးပါသည်။ အထူးသတိပြုသင့်သည်မှာ ခောတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံအတွက် အခြေခံကျသော နည်းပညာ၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုနှင့် ရောင်းဝယ်ဖောက်ကား ရေးပညာများကို စက်မှုကဏ္ဍ၌ ရရှိရန် အလားအလာကောင်းကြောင်းပင် ဖြစ်ပါသည်။

၁၁။ စိုက်ပျိုးရေးကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် လူအများစုမှီခို အသက်မွေးဝမ်းကြောင်း ပြုရာဖြစ်ပြီး၊ ဆင်းရဲသားအများစုရှိရာ ကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ငွေလဲလှယ်နှုန်း တိုးတက်ခြင်းကြောင့် ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသူများ စီးပွားရေးအကျပ်အတည်းနှင့် တွေ့ကြုံခံစားရန်မသင့်ပါ။

၁၂။ ဒတ်ချ်ရောဂါကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံ၏သဘာဝဓနကို နိုင်ငံခြားသို့ ရောင်းချခြင်း ကြောင့်သာမက အကြောင်းအမျိုးမျိုးကြောင့် (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင်) ပြည်တွင်းသို့ စီးဆင်းဝင်ရောက်လာသော နိုင်ငံခြားငွေများကြောင့် ပြဿနာများ ပေါ်ပေါက်လာခြင်းတို့လည်း ပါဝင် ပါသည်။ စိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍတို့ နောက်ကျသွားစေအောင် လုပ်ဆောင်လိုက်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆိုးကျိုးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဤဝေဒနာမျိုး ခံစားနေရပြီဟု သံသယဖြစ်စရာ အကြောင်းအရာအချို့ တွေ့ရှိနေရပါသည်။

အပိုင်း(၃)

ကျပ်ငွေလဲလှယ်နှုန်းမြင့်မားလာခြင်းနှင့်မလိုလားအပ်သောအကျိုးဆက်များကိုဖြေရှင်းရန်
အကြံပြုချက်များ

၁၃။ ကျပ်ငွေလဲလှယ်နှုန်းတက်သည့်ပြဿနာကို အချိန်ကိုက်ဖိဖိစီးစီး ဖြေရှင်းရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် (၁၉၉၇-၉၈)ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားစဉ်အခါက အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ကြုံခဲ့ရသကဲ့သို့ ငွေကြေးပြဿနာမှ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာများအဖြစ်သို့ အသွင်ကူးပြောင်းသွားတတ်ခြင်းကြောင့် ဖြစ်ပါသည်။

၁၄။ မကြာသေးမီက ဆက်ဒမ်ဟူစိန်သည် ပင်လယ်ကွေ့စစ်ပွဲကို ”စစ်ပွဲတကာတို့၏မိခင်စစ်ပွဲကြီး” (ာသအ့နမ သ် ေူူ တမျေ) ဟု ပြောကြားခဲ့ပါသည်။ ပင်လယ်ကွေ့စစ်ပွဲသည် ဆက်ဒမ်အတွက် နိဂုံး မကောင်းခဲ့သော်လည်း သူ၏အဆိုကို အသုံးပြု၍ ငွေလဲလှယ်နှုန်းသည် တိုင်းပြည်ငွေကြေး၏ဈေးနှုန်း ဖြစ်သောကြောင့် ”ဈေးနှုန်းတကာတို့၏မိခင်ဈေးနှုန်းကြီး” (ာသအ့နမ သ် ေူူ စမငခနျ) ဟုလည်း ဆိုနိုင် ပါသည်။ သို့ဖြစ်၍ မိခင်တစ်ယောက်ကဲ့သို့ပင် ငွေလဲလှယ်နှုန်းသည် နိုင်ငံစီးပွား ကြံ့ခိုင်မှုအပေါ် ဩဇာလွှမ်းမိုးပါသည်။ သို့သော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် အခြားသော ဈေးနှုန်းများ ကဲ့သို့ပင် ဈေးနှုန်းတစ်ခုသာဖြစ်ပြီး ၎င်းကို ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကသာ ပြဌာန်းပါသည်။

၁၅။ ဝယ်လိုအား (ဥပမာ-ဒေါ်လာဝယ်လိုအား) (၃)မျိုး ရှိပါသည်။ ပထမအမျိုးမှာ ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ရန်အတွက် လိုအပ်သော လှည့်ပတ်သုံးစွဲရန်ဝယ်လိုအား (အမညျေခေအငသည ိနာညေိ) ဖြစ်ပါသည်။ ဒုတိယအမျိုးမှာ လိုလိုမယ်မယ် အရေးအကြောင်းပေါ်လျှင် သုံးစွဲရန်အတွက် ကြိုတင်ဆောင်ထားရန်ဝယ်လိုအား (စမနခကေအငသညမေပ ိနာညေိ) ဖြစ်ပါသည်။ တတိယအမျိုးမှာ ဈေး ကစားရန်ဝယ်လိုအား (ျစနခကူအေငလန ိနာညေိ) ဖြစ်ပါသည်။ ယင်းမှာ နိုင်ငံခြားငွေ၊ ကုန်ပစ္စည်း၊ မြေ ယာ၊ စတော့ရှယ်ယာ နှင့် ဘဏ္ဍာရေးဈေးကွက်တို့၌ ဈေးကစားရန်ရည်ရွယ်သော ဝယ်လိုအားမျိုး ဖြစ်ပါသည်။

၁၆။ နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းလိုအားကို မြန်မာနိုင်ငံရှု့ထောင့်မှ ကြည့်မည်ဆိုပါက သဘာဝဓါတ်ငွေ့ရောင်းချခြင်း၊ ကျောက်မျက်လေလံပွဲများကျင်းပခြင်း၊ စွမ်းအင်ကဏ္ဍနှင့် အထူး စီးပွားရေးဇုန်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ကြောင့် နိုင်ငံခြားငွေအများအပြား ဝင်လာခဲ့ပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ပုဂ္ဂလိက အရင်းအနှီးများ မြန်မာနိုင်ငံအတွင်းသို့ ဝင်လာခဲ့မှု့များလည်း ပါဝင်သည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အတိုးနှုန်းမြင့်မားနေခြင်းကို အခွင့်ကောင်းယူရန်၊ မြန်မာ့စီးပွားရေးပွင့်လင်းလာမည် ဟုမျှော်လင့်၍ မြေယာနှင့်အခြားပိုင်ဆိုင်မှုများ ဝယ်ယူရန်တို့အတွက် ဝင်ရောက်လာကြခြင်းဖြစ်သည် ဟု ခန့်မှန်းရပါသည်။ ပြည်သူပိုင်မှ ပုဂ္ဂလိကပိုင်သို့ ဆောင်ရွက်သည့်အစီအစဉ် (စမငလအေငဖအေငသည) မှ လည်း ဒေါ်လာများ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည်ဟု သတင်းများလည်း ပေါ်ပေါက်ခဲ့ ပါသည်။ မည်သည့်နိုင်ငံမဆို ထိုပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် ငွေရေးကြေးရေး အပေးအယူများ နှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များရရှိရန် မလွယ်ကူပါ။

ထို့ကြောင့် မသေချာမရေရာမှုများ ဖြစ်ပေါ်ပြီး၊ ဈေးကစားမှုများကို ပေါ်ပေါက်လာစေပါသည်။ ဤအခြေအနေများ ကိုအခြေခံ၍ ကျပ်ငွေလဲလှယ်နှုန်းမြင့်မားသည့် ပြဿနာကိုဖြေရှင်းရန် အဘက်ဘက်မှ အကြံပြုချက် များ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် (၁၉၉၇-၉၈) ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားစဉ်အခါက အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ကြုံခဲ့ရသကဲ့သို့ ငွေကြေးပြဿနာမှ ဘဏ္ဍာရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာများအဖြစ်သို့ အသွင်ကူးပြောင်းသွားတတ်ခြင်းကြောင့် ဖြစ်ပါသည်။

၁၇။ မကြာသေးမီက(၂ဝဝ၇-၂ဝဝ၈)ခုနှစ်တွင် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့ပါသည်။ ထိုပြဿနာကိုဖြေရှင်းရာတွင် အောင်မြင်မှုရသင့်သလောက်ရရှိခဲ့သော်လည်း အခက်အခဲများကျန်နေဆဲ ဖြစ်ပါသည်။

ကမ္ဘာ့နေရာအတော်များများတွင် ငွေကြေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းများ ယနေ့ထက် တိုင်ရှိနေဆဲ ဖြစ်ပါသည်။ အကျပ်အတည်းမဖြစ်မီကာလ၌ အမေရိကန်ပြည်ထောင်စုတွင် ဘဏ်များ၊ ဘဏ္ဍာရေးဈေးကွက်များတွင်ရှိနေသော လုပ်ငန်းကြီးများ၊ အာမခံလုပ်ငန်းများ၊ စတော့ဈေးကွက် လုပ်ငန်းများနှင့် အခြားပုဂ္ဂလိကလုပ်ငန်းကြီးများသည် အမြတ်အစွန်းများစွာ ရရှိခဲ့ကြပါသည်။ ဤအချိန်တွင် ဘဏ်နှင့်ဘဏ္ဍာရေးကုမ္ပဏီကြီးများမှ ကျော်ကြားသော အမေရိကန်အမှုဆောင်အရာရှိ ချုပ်များ၏ မတော်မလျော်ဆောင်ရွက်မှုများ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအမှုဆောင်အရာရှိချုပ်များ ၏ ဇိမ်ခံရွက်လှေများ၊ နန်းတော်တမျှခမ်းနားသောတိုက်တာများ၊ ၎င်းတို့လုပ်ကိုင်နေသော ကုမ္ပဏီ များတွင် များပြားသော အစုရှယ်ယာများနှင့် လစာအဖြစ်ဒေါ်လာသန်းချီ၍ တရားဝင်ခံစားခွင့်အဖြစ် ရရှိထားကြပါသည်။ ပိုဆိုးသည်မှာ အချို့ကုမ္ပဏီများက ၎င်းတို့၏အခြေအနေနှင့်ပတ်သက်၍ သတင်းအမှားများ ထုတ်ပြန်ကာ စာရင်းတွေလိမ်လည်ခဲ့ကြကြောင်း အထောက်အထားများ ပေါ်ထွက် ခဲ့ပါသည်။ ပါမောက္ခဂျိုးဇက်စတစ်ဂလစ်ဇ်က အမေရိကန်နိုင်ငံရှိ ထိပ်ဆုံးလူဦးရေ(၁)% သည် နိုင်ငံ ဝင်ငွေ၏ (၂၅)% ကို ယခုအခါ ပိုင်ဆိုင်နေကြောင်း ထောက်ပြခဲ့ပါသည်။ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ဘဏ္ဍာရေးကဏ္ဍရှိ အထိန်းအချုပ် တော်တော်များများကို ဖယ်ရှားပစ်ခဲ့သော စီးပွားရေးလွတ်လပ်မှု မူဝါဒများကြောင့် ဖြစ်ပါသည်။

၁၈။ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားသည့်အခါ ကုမ္ပဏီကြီးများအခက်အခဲတွေ့ကြပြီး၊ ဒေဝါလီ ခံရမည့်အခြေအနေသို့ ကျရောက်ခဲ့ကြပါသည်။ အစိုးရသည် ကုမ္ပဏီတွေကိုကယ်တင်မည်(သို့မဟုတ်) မကယ်ဘဲလွှတ်ပေးလိုက်မည်ကို ဆုံးဖြတ်ရန်လိုလာပါသည်။ ဤဆုံးဖြတ်ရန်ကိစ္စမှာ မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီလုပ်ငန်းများရပ်ဆိုင်းသွားလျှင် လူအတော်များများ အလုပ်လက်မဲ့ ဖြစ်ပါမည်။ စီးပွားရေးအခက်အခဲတွေနှင့် ရင်ဆိုင်ကြရပါမည်။ ထို့ကြောင့် တိုင်းပြည်တွင် လူမှုရေး ပြဿနာများ ပေါ်ပေါက်လာပါမည်။ ထိုမှတဆင့် အစိုးရသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရ ပါမည်။ သို့ဖြစ်၍ အမေရိကန်အခွန်ထမ်းတို့၏ သန်းထောင်ချီသောဒေါ်လာငွေများကို အသုံးပြုကာ၊ ကုမ္ပဏီကြီးများနှင့်ဘဏ်များကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့ရပါသည်။ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ကြောင့် ဒုက္ခရောက်နေသော ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းများအား ကယ်တင်ရသည့်အလုပ်ကို အမေရိကန်နိုင်ငံ၌သာမက တရုတ်၊ အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အတော်များများ၌လည်း ဆောင်ရွက်ခဲ့ရပါသည်။

၁၉။ မြန်မာနိုင်ငံသည်လည်း အလားတူ ဆုံးဖြတ်ရခက်သောအခြေအနေကို ယခုအခါ ကြုံတွေ့နေရ သည်ဟု ယူဆနိုင်ပါသည်။ ငွေလဲလှယ်နှုန်း(၁)ဒေါ်လာတန်ဘိုး ကျပ်(၁ဝဝဝ)အထက်တွင်ရောက်နေ စဉ်က စိုက်ပျိုးရေး၊ သစ်တော၊ ရေထွက်နှင့်စက်မှုထုတ်ကုန်များ တင်ပို့ရောင်းချနေသည့်လုပ်ငန်း များသည် ၎င်းတို့အပေါ်ကောက်ခံသော ပို့ကုန်အခွန်(၁ဝ)%ကို ထမ်းဆောင်ရန် ဝန်မလေးခဲ့ကြပါ။ ထိုသို့ ပို့ကုန်အပေါ်မှ အခွန်ကောက်ခံခြင်းကို အခြားမည်သည့်နိုင်ငံတွင်မှ ကျင့်သုံးခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် ပို့ကုန်အခွန်ဟုဆိုရာတွင် ကုန်သွယ်လုပ်ငန်းခွန် (၈)% နှင့် ဝင်ငွေခွန် (၂)% တို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများသည် မှန်မှန်ကန်ကန်စနစ်တကျ စာရင်း ထားသိုမှုမရှိခြင်း၊ အခွန်ထမ်းစီးပွားရေးလုပ်ငန်းရှင်များဘက်ကရော အစိုးရအခွန်ကောက်သူများ ဘက်ကပါ အဂတိ လိုက်စားမှုတွေရှိနေခြင်းတို့ကြောင့် ကုန်သွယ်ခွန်နှင့်ဝင်ငွေခွန်ကောက်ခံရန် ခက်ခဲသဖြင့် လုပ်ရကိုင်ရလွယ်ကူပြီး ထိရောက်မှုရှိသော ပို့ကုန်အပေါ်အခွန်ကောက်ခံသည့်နည်းကို ကျင့်သုံးခဲ့ရခြင်း ဖြစ်ပါသည်။

အကြံပြုချက်များ

၂ဝ။ ပထမအချက်အနေဖြင့် ကျပ်ငွေဒေါ်လာလဲလှယ်နှုန်း (၂ဝ)% မှ (၂၅)% အထိတက်သွား သောအခါ စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့အပေါ်ကောက်ခံနေသော ပို့ကုန်အခွန်(၁ဝ)% သည် ကြီးမားသောဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေကြောင်း တညီတညွတ်တည်း တင်ပြလာကြပါသည်။ ကုမ္ပဏီ ကြီးများမှ အမှုဆောင်အရာရှိကြီးများသာမက မိသားစုပိုင်လုပ်ငန်းငယ်များမှ ပိုင်ရှင်များနှင့်တွေ့ဆုံ၍ အခြေအနေကို အကဲဖြတ်ရာတွင် ယင်းတို့တင်ပြသော အဆိုပြုချက်သည် မှန်ကန်သည်ဟု ယူဆ ရပါသည်။ သို့ဖြစ်၍ ကျပ်ငွေလဲလှယ်နှုန်းတက်နေခြင်းကြောင့် အခက်အခဲတွေ့နေသော စီးပွားရေး လုပ်ငန်းများကို ကယ်တင်သည့်အနေဖြင့် ပို့ကုန်အခွန် (၁ဝ)% ကောက်ခံနေသည်ကို ရပ်တန့်သင့် ကြောင်း အကြံပြုလိုပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အခြားသောအစိုးရ အတော်များများ ကျင့်သုံးလေ့ရှိသည့် ငွေကြေးအကျပ်အတည်း (သို့မဟုတ်) ဘဏ္ဍာရေးအကျပ်အတည်းများ နှင့် ကြုံတွေ့ရသော စီးပွားရေးလုပ်ငန်းရှင်များအား ကူညီလေ့ရှိသည့်မူဝါဒများနှင့်လည်း ကိုက်ညီပါသည်။ ထို့အပြင် အစိုးရက ငွေကြေးပြဿနာကို အလေးအနက်ထားဖြေရှင်းနေကြောင်း ပြသလိုက်သည့် သာဓကတစ်ခုဟုလည်း ယူဆနိုင်ပါသည်။ ငွေလဲလှယ်နှုန်းပြဿနာ ပြေလည်သွားသည့်အခါ အခွန် ကောက်ခံသည့်စနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ပေးဆောင်ရန်လိုအပ်သည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့ကို ပုံမှန်အခွန်ကောက်စနစ်ဖြင့် ထိထိရောက်ရောက်ကောက်ခံ နိုင်ပါလိမ့် မည်။

၂၁။ ဒုတိယအချက်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် လိုင်စင်လျှောက်ထားရသောစနစ်ကို ပယ်ဖျက်လိုက်ခြင်းအားဖြင့် အရောင်းအဝယ်လုပ်ရန်အတွက်လိုအပ်သော ဒေါ်လာဝယ်လိုအား တိုးလာ မည်ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်လာဝယ်လိုအားကို သိသိသာသာမြင့်မားစေပြီး၊ ကျပ်ငွေလဲလှယ် နှုန်းကို လျော့ကျစေနိုင်ပါသည်။

၂၂။ တတိယအချက်အနေဖြင့် ပြည်တွင်းဈေးကွက်တွင် အစိုးရက ဒေါ်လာများဝယ်ယူနိုင်ပါသည်။ ဤကဲ့သို့ ဝယ်ယူခြင်းကြောင့် အစိုးရလက်ဝယ် သီးသန့်နိုင်ငံခြားရံပုံငွေများ တိုးပွားလာပါမည်။ အစိုးရအနေဖြင့် ပြည်တွင်းရှိ အဓိကလုပ်ငန်းရှင်ကြီးများကို အလားတူဝယ်ယူရန်လည်း တိုက်တွန်းနိုင် ပါသည်။ ယခုအခါ (၁)ဒေါ်လာလျှင် ကျပ်(၇၅ဝ)နှုန်းဖြင့် ဝယ်ယူနေကြသည်ဆိုပါစို့။ အစိုးရနှင့် လုပ်ငန်းရှင်ကြီးများက ပြည်တွင်းဈေးကွက်တွင် ဤကဲ့သို့ ပါဝင်ဆောင်ရွက်ခြင်းကြောင့် (၁)ဒေါ်လာ လျှင် ကျပ်(၉ဝဝ)နှုန်းအထိ ကျသွားမည်ဆိုကြပါစို့။ ထိုအခါ အစိုးရက (၁)ဒေါ်လာလျှင် ကျပ်(၁၅ဝ) မြတ်နိုင်ပါသည်။ ထို့အပြင် အစိုးရအနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရန်အတွက် လဲလှယ်နှုန်းကို (၁)ဒေါ်လာလျှင် ကျပ်(၉ဝဝ) မှ ကျပ်(၁ဝဝဝ) အတွင်း သတ်မှတ်ခြင်းသည် သင့်တင့်မျှတသည် ဟုယူဆလျှင် မိမိလက်ဝယ်ရှိ သီးသန့်နိုင်ငံခြားငွေကို အသုံးချ၍ ဤနှုန်းတွင် ငွေလဲလှယ်နှုန်းကို ထိန်းထားနိုင်ပါမည်။

၂၃။ စတုတ္ထအချက်အနေဖြင့် အကယ်၍ မြန်မာနိုင်ငံတွင် အတိုးနှုန်းမြင့်မားနေခြင်းကြောင့် နိုင်ငံ ခြားငွေများ ဝင်ရောက်လာသည်ဆိုလျှင် အတိုးနှုန်းကို သင့်တော်သလိုလျှော့ချနိုင်ပါသည်။ သို့သော် ဘဏ်များ ပုံမှန်အမြတ်ရရန်အတွက် အပ်ငွေအပေါ်ပေးသောအတိုးနှုန်းနှင့် ချေးငွေအပေါ်ကောက်ခံ သောအတိုးနှုန်းတို့အကြား လုံလောက်သောခြားနားမှု ဆက်လက်ထားရှိရပါမည်။ ဤသို့ဆောင်ရွက် ရာတွင် သတိကြီးစွာထားရန် လိုအပ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။ အတိုးနှုန်းကို ရုတ်တရက် ခပ်များများပြောင်းလဲလိုက်ပါက ငွေအပ်နှံသူများအနေဖြင့် စိုးရိမ်မှုများလွန်ကဲလာပြီး၊ အပ်ငွေများ ပြန်လည်ထုတ်ယူကြသဖြင့် ဘဏ်အကျပ်အတည်း ပေါ်ပေါက်စေနိုင်ပါသည်။

၂၄။ ပဉ္စမအချက်အနေဖြင့် ငွေလဲလှယ်နှုန်းပြဿနာကိုဖြေရှင်းရာ၌ ရှုပ်ထွေးခက်ခဲသောနည်းပညာ ဆိုင်ရာကိစ္စရပ်များနှင့် ကြုံတွေ့လေ့ရှိပါသည်။ ထို့ကြောင့် ဤကိစ္စတွင် အတွေ့အကြုံများစွာရှိသော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(ှုငြ်္)ထံမှ နည်းပညာအကူအညီ တောင်းခံသင့်ပါသည်။ သို့သော် (ှုငြ်္) မှ နည်းပညာအကူအညီရသောကြောင့် ၎င်း၏အကြံပြုချက်များကို လိုက်နာကျင့်သုံး ရန်တာဝန်မရှိပါ။ ထို့အပြင် နောက်ရရှိမည့်ရလဒ်တစ်ခုမှာ (ှုငြ်္) နှင့် ငွေလဲလှယ်နှုန်းပြဿနာကို ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် မြန်မာနိုင်ငံက ဤကိစ္စကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်း နေကြောင်း မြန်မာပြည်သူတို့သာမက အာဆီယံလုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံတကာအဝန်းအဝိုင်း တွင်ပါ ယုံကြည်စိတ်ချမှုများ တိုးပွားလာစေနိုင်ပါသည်။
၂၅။ ဆဌမအချက်အနေဖြင့် နိုင်ငံခြားငွေအမြောက်အမြား ဝင်ရောက်လာခြင်းကြောင့် ငွေလဲလှယ် နှုန်းတိုးတက်စေသည့် ပြဿနာပေါ်ပေါက်ခဲ့သည်ဆိုလျှင် ကျောက်မျက်လေလံပွဲ ကျင်းပသည့်အကြိမ် အရေအတွက်ကို အထိုက်အလျောက် လျှော့ချသင့်ပါသည်။
၂၆။ သတ္တမအချက်အနေဖြင့် မြန်မာနိုင်ငံတွင် ယခုအခါ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော အစိုးရ ရှိနေပြီ ဖြစ်ပါသည်။ သမ္မတကြီးက မြင်သာထင်သာ၍ တာဝန်ရှိတာဝန်ယူသောမူဝါဒ ချမှတ် ကျင့်သုံးမည်ဟု ကြေငြာထားပြီးလည်း ဖြစ်ပါသည်။ ကျပ်ငွေလဲလှယ်နှုန်း မြင့်မားလာသည့်ကိစ္စသည် မြန်မာပြည်သူအမြောက်အမြား စိုးရိမ်နေကြသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်ပြီး အစိုးရက ကြေငြာချက်တစ်ရပ် ထုတ်ပြန်သင့်ပါသည်။ မည်သည့်အချိန်၊ မည်သည့် နေရာ၊ မည်သို့မည်ပုံ ကြေငြာချက်ထုတ်ပြန်မည်ဆိုသည်ကို သက်ဆိုင်ရာအာဏာပိုင်များ၏ဆန္ဒ အတိုင်း ဆက်လက်ဆောင်ရွက်သင့်ပါသည်။
၂၇။ အဌမအချက်အနေဖြင့် ငွေကြေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းများ၌ ကောလာဟလများ၊ သတင်းအချက်အလက် မှန်ကန်စွာမရမှုများ နှင့် သတင်းမှားများ တမင်ဖြန့်ဖြူးခြင်းတို့ကြောင့် ဈေးကစားသူများ ပေါ်ပေါက်တိုးပွားလာတတ်ပါသည်။ သို့ဖြစ်၍ လွန်ခဲ့သောဆယ်စုနှစ်များကကဲ့သို့ အဓိကနိုင်ငံအဆင့်စီးပွားရေး စာရင်းအင်းအချက်အလက်များကို တရားဝင်ပုံမှန်ထုတ်ဝေသင့်ပါသည်။ ယင်းအချက်အလက်များတွင် ငွေဖောင်းပွမှုနှုန်း၊ နိုင်ငံခြားသီးသန့်ရန်ပုံငွေ၊ အမျိုးသားရသုံးမှန်းခြေ ငွေစာရင်း၊ ငွေကြေးပမာဏ၊ ဂျီဒီပီ(ကဏ္ဍအလိုက်နှင့်တိုးတက်မှုနှုန်း)၊ အိမ်ထောင်စုဝင်ငွေနှင့်အသုံး စရိတ်စစ်တမ်းများ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ ပါဝင်ပါသည်။
အပိုင်း(၄)
မြန်မာငွေလဲလှယ်နှုန်းစနစ်ပြုပြင်ပြောင်းလဲရေး
၂၈။ အကျပ်အတည်းတစ်ခုပေါ်ပေါက်လာလျှင် ၎င်းသည် ပြုပြင်ပြောင်းလဲရေးစတင်ရန် အခွင့်အခါ ကောင်းကို ဖန်တီးပေးတတ်ပါသည်။ သို့ဖြစ်၍ မြန်မာကျပ်ငွေလဲလှယ်နှုန်း ပြဿနာကို ငွေလဲလှယ် နှုန်းစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ရန်အတွက် အခွင့်ကောင်းတစ်ခုဟု ယူဆ၍ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ပါသည်။ သို့သော် ဤလုပ်ငန်းစဉ်သည် နက်နဲသော လေ့လာ စိစစ်သုံးသပ်မှုများ ပြုလုပ်ရမည့်ကိစ္စဖြစ်၍ ယခုစာတမ်းငယ်၏ဘောင်ကို ကျော်လွန်နေပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ငွေလဲလှယ်နှုန်းစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဒေသနှင့်နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် ပြုလုပ်ရန်လိုအပ်မည့် အခြေခံကျသောအချက် (၂)ရပ် ရှိပါသည်။
၎င်းတို့မှာ-
• ပထမအချက်အနေဖြင့် လောလောဆယ်မြန်မာနိုင်ငံတွင်ရှိနေသော ငွေလဲလှယ်နှုန်းအမျိုးမျိုးကို တစ်ခုတည်းဖြစ်အောင် စုစည်းရန် (နထခ့ညေါန ျွအေန ကညင်ငခအေငသည) နှင့်

• ဒုတိယအချက်အနေဖြင့် နိုင်ငံ၏လက်ရှိ ငွေပေးငွေယူရှင်းတမ်း (ဘေူညေခန သ် စပောနညအျ) သာမန်စာရင်း (ခကမမနညအ ခေခသကညအ) တွင် ချမှတ်ထားသောအတားအဆီးများကို ဖယ်ရှားရန်တို့ ဖြစ်ပါသည်။
၂၉။ အထက်ပါလုပ်ငန်းများဆောင်ရွက်ရေးသည် ငွေလဲလှယ်နှုန်းကိစ္စချည်းသက်သက် မဟုတ် တော့ပါ။ အထူးသဖြင့် နိုင်ငံအဆင့်စီးပွားရေးမူဝါဒ (ာခေမသနခသညသာငခ စသူငခပ) များနှင့် ပတ်သက်ပြီး အချိန်ယူအလေးပေး ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ သို့သော် လောလောဆယ် ကြုံတွေ့နေရ သည့် ကျပ်ငွေလဲလှယ်နှုန်းပြဿနာ၏ (ာခေမသ) စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ စတင်ရန် နှိုးဆော်ပေးချက်ကိုလက်ခံသဘောပေါက်ပြီး လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ယုံကြည်ပါသည်။

U.Myint  << pdf Download

9 comments

  • Foreign Resident

    August 23, 2011 at 6:04 am

    Dear Villagers,
    For your referance,

    the Dutch disease is a concept that purportedly explains the apparent relationship between the increase in exploitation of natural resources and a decline in the manufacturing sector. The claimed mechanism is that an increase in revenues from natural resources (or inflows of foreign aid) will make a given nation’s currency stronger compared to that of other nations (manifest in an exchange rate), resulting in the nation’s other exports becoming more expensive for other countries to buy, making the manufacturing sector less competitive.

    —http://en.wikipedia.org/wiki/Dutch_disease—

  • koyinmaung

    August 23, 2011 at 8:58 am

    တရုတ် မြန်မာ ငွေလဲနုန်းလေးသိယင်ပြောကြပါအုံး…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 23, 2011 at 9:03 am

    ( • ဒုတိယအချက်အနေဖြင့် နိုင်ငံ၏လက်ရှိ ငွေပေးငွေယူရှင်းတမ်း (ဘေူညေခန သ် စပောနညအျ) သာမန်စာရင်း (ခကမမနညအ ခေခသကညအ) တွင် ချမှတ်ထားသောအတားအဆီးများကို ဖယ်ရှားရန်တို့ ဖြစ်ပါသည်။)
    သဂျီးမင်းဂဒေါ့ ဘာတွေရပြီးဘာတွေစားထားရသလဲမသိဘူး
    ထုံးစံအတိုင်း နိုင်ငံတစ်ကာနဲ့တိုင်းပြီး စာတမ်းရှည်ကြီးဖတ်ပြ.
    သူ့စစ်အစိုးရက တွင်းထွက်ပစ္စည်းရောင်းရငွေတွေကို
    နိုင်ငံတော်တွက်သုံးပါတယ်ဆိုပြီး လာဖောလ်သွားပြန်ပြီ
    ပြောရင်လည်းအောင်ပုလွန်ရာကျမှာမို့ သိပ်တော့မပြောလိုတော့ပါဘူးနော
    အဲ့သည်ဖော်ပြခဲ့တဲ့နိုင်ငံတွေရဲ့ ပုဂ္ဂိုလ်တွေက
    တွင်းထွက်ပစ္စည်းတွေကို စားသလောက်စား ဘုံးသလောက်ဘုံးပြီး
    ကျန်တာတွေကို ကိန်းဂဏန်းတွေနဲ့ဘယ်လို နိုင်ငံတော်ကို ရှင်းလင်းတင်ပြတယ်ဆိုတာကို
    မန္တလေးဂေဇက်ရဲ့
    မူရင်း အာဘော်
    မူရင်းရည်မှန်းချက်
    မူရင်းပန်းတိုင်
    ဆိုတဲ့ ဒို့တာဝန်သုံးပါးလုပ်နည်းလုပ်ထုံးအတိုင်း မပျက်မကွက် မတင်ပြခြင်းဖြစ်ပါတယ်
    ( ဒီလောက်ရှည်တဲ့စာတမ်းရှည်ကြီးမှာ ဝင်ငွေကိန်းဂဏန်းတင်ပြမှု့ကို ဖြတ်တောက်ထားရတာကတော့
    ဂေဇက်ရဲ့ တာဝန်ကြီး သုံးပါးနဲ့ မငြိခြင်းဖြစ်ပါကြောင်း( စကားချပ်))

    • ကြောင်ကြီး

      August 23, 2011 at 9:19 am

      ခက်ပါဘိ အောင်ဘုယ်။ သဂျီးဆိုတာ လူထဲကလူပဲကွ။ သူ့မှာလည်း သားမယားစ် (အများကိန်း) ခယ်မ၊ ဆွေတော်မျိုးတော်တသိန်း ကြည့်ရှုစောင့်ရှောက်ဖို့ ရှိသေးသကွဲ့။ နင်တို့ငါတို့လို တကောင်ကြွက် အနာဂတ်မဲ့နေသူတွေ မဟုတ်ဘူး။ နင်တောင် ညကသောက်လက်စ ဘီယာပုလင်းကို မလွှတ်ပစ်ရက်ပဲ နေ့ဖို့ညစာချန်ထား မက်နေသေးရင် သဂျီးက သူပိုင်ဆိုင်ထားတဲ့ တိုက်တာ ခြံမြေ မော်တော်ကား အနှိပ်ခန်း၊ ဟော်တယ် ရွှေတွင်း ကျောက်တွင်းတွေ၊ နောင်ရလတ္တံ့သော ကားပါမစ်၊ သစ်ပါမစ်၊ ရွှေ၊ ကျောက်စိမ်း ပတ္တမြားတူးဖေါ်ခွင့်လိုင်စင်တွေကို စွန့်ပစ်ပြီး သူတပါးအကျိုး ဆောင်ရွက်ခိုင်းတာ တရားပါ့မလား…။ နင်ပြောတဲ့ မူရင်းအာဘော်ဆိုတာ မင်းယူ အော်ပါလို့ပြောတာ၊ ဒီလောက်တောင် လက်သိပ်ထိုးယူပြီး လွှတ်တော်လွှတ်တော် အော်ပေးနေတာ မကြားဘူးလား၊ မူရင်း ရည်မှန်းချက်ဆိုတာ မင်းယူ ရပ်မှန်းချည် – ယူပြီးတော့ ဆက်မသွားဘဲ ခန့်မှန်းချေနဲ့ ချည်တုပ်ထားတာကို ပြောတာ။ မူရင်း ပန်းတိုင်ဆိုတာ မင်းယူ ပိုင်တန်း – မင်းယူပြီး ပိုင်ရင် တန်းသာလုပ်ဆိုတဲ့ အဓိပ္ပါယ်။ အခုတော့ သဂျီးက မပိုင်သေးလို့ နောင်ငါးနှစ်လွှတ်တော်ကို မျက်စပြစ်ပြနေတာ မတွေ့ဘူးလား..မောရတာ ပြောတယ်…….

  • maungmoenyo

    August 23, 2011 at 9:38 am

    မြန်မာနိုင်ငံမှာ လက်ရှိအစိုးရလက်ထက်မှာ စီမံကိန်းနှင့်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဆိုတာရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး တို့နဲ့ ပါတ်သ်ကပြီးဖြစ်ပေါ်တိုးတက်မှုတွေကို (၃) လပါတ်(၁)ကြိမ်၊ နှစ်ဝက်(၁)ကြိမ်၊ (၁)နှစ်တကြိမ်စသည်ဖြင့် ပြည်သူကိုအစီရင်ခံဘို့တာဝန်ရှိပါတယ်။ စာအုပ်အနီလေးတွေနဲ့ ထွက်တာ (၂၀၀၉) အထိရောက်ပါပြီ။ နှစ်စဉ် ချိန်ကိုက်မထွက်နိုင်ပါဘူး။ ထွက်တဲ့ကိန်းဂဏန်းတွေကို ဘယ်သူကမျအယုံအကြည်မရှိပါဘူး။ ဗိုလ်နေဝင်းလက်ထက်က ပေါင်းတလည်က ဝမ်းကွမြျားရဲ့ မကြေနပ်သံထွက်လာလို့ အဲ့ဒီဌာနကြီး (အဲ့ဒီတုံးက စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန) ကိုမေးတော့ ဘယ်သူမှ အမှန်မပြောကြောင်းသိရလို့ ဒေါသပုန်ထပြီး၊ (၂၆)နှစ်သက်တမ်း လမ်းစဉ်ပါတီကြီးလဲဗုံးဗုံးလဲပါတယ်။
    ခုဦးသိန်းစိန်လက်ထက်မှာတော့ အဖြစ်မှန်ကိုကောင်းကောင်းကြီးသိပေမဲ့၊ ထုံးစံအတိုင်း သိက္ခာကြီးတခွဲသားနဲ့ မသိမသာနဲ့ တိုင်းပြည်စီးပွားရေးအခက်အခဲရှိကြောင်းဖွင့်ဟသွားပါတယ်။ အစိုးရအဖွဲ့နဲ့ တက္ကသိုလ်တွေ၊ နိုင်ငံခြားပြန်တွေ ဒုနဲ့ဒေးရှိတဲ့ ကိုယ့်မှာရှိပေမဲ့၊ အထက်ကိုတုန်နေအောင်ကြောက်ရတဲ့ စရိုက်ကိုမဖြောက်နိုင်မှာဆိုးလို့၊ ပြောရဲဆိုရဲရှိမယ်လို့ထင်ရတဲ့ ဝင်စတန်ဆက်အောင်တို့၊ ဒေါက်တာမြင့်တို့ကို အကြြံ့ပုခိုင်းရပါတယ်။ အဖြစ်က….။
    (၁) cash flow ရှိတဲ့ငွေကြေးစနစ်ရှိရပါမယ်၊
    (၂) လူထုက monetary system ပေါ်မှာယုံကြည်မှုရှိရပါမယ်။
    (၃) အစိုးရက တိုက်ရိုက်ပါဝင်ပါတ်သက်တဲ့ ငွေကြေးဈေးကွက်ကင်းရှင်းရပါမယ်။ ဆိုလိုတာက အစိုးရက ဘာကိစ္စမဆိုဝင်ပြီးစီးပွားရေးလုပ်တာတွေ ကင်းရပါမယ်။
    (၄) Central Bank ဟာ လွတ်လပ်စွာစီမံခွင့်ရှိတဲ့ cabinet အဖွဲ့အစည်းဖြစ်ရပါမယ်။ အစိုးရကဝင်ပြီး ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါဆိုပြီး စွက်ဖက်ခြင်းကင်းရပါမယ်။
    (၅) ကျောက်မျက်လေလံပွဲလို တပွဲစားစနစ်ဟာ ငွေကြေးလဲလှည်မှုစနစ်ကိုအခြေယိုင်စေပါတယ်။ cash value fluctuation ကိုဖြစ်စေပါတယ်။
    (၆) အစိုးရက ငွေကြေးနဲ့ ကုန်သွယ်မှုဆိုင်ရာဥပဒေတွေကိုလွှတ်တော်နဲ့ပေါင်းပြီးထုတ်ပါ။ ခနခန မပြောင်းပါနဲ့။
    (၇) ပါမစ်စနစ် ဟာ လဘ်ပေးလဘ်ယူကိစ္စကိုအားပေးတာမို့၊ အစားထိုးနိုင်တဲ့နည်းစနစ်တခုဖေါ်ထုတ်ရပါမယ်။
    (၈) ဥပဒေကိုအများပြည်သူကိုတပြေးညီအသိပေးပြီး၊ ခံစားခွင့်ကိုတပြေးညီ ဖြစ်ပါစေ။

    အချုပ်ပြောရရင် – FEC ဖျက်သိမ်းရေးစနစ်မှာ ကုန်သည်အလတ်တန်းစား၊ အငယ်တန်းစာ နဲ့ သာမာန်လူလတ်တန်းစားတွေ အထိနာစရာရှိပါတယ်။ ဒါပေမဲ ရေရှည်အတွက်အခြေခိုင်လာနိုင်စရာရှိပါတယ်။ (စိတ်ကူးယဉ်ဥပဒေဆန်းတေါ နဲ့ ခြေမရှုတ်ရင်ပေါ့လေ။)

  • kai

    August 23, 2011 at 11:05 am

    ပြီးခဲ့တဲ့.. ဒေါ်စုတက်တဲ့.. ပွဲမှာ.. စာတမ်းဖတ်သွားသူ..ဒေါက်တာဇော်ဦး ဆိုတာက.. အမှတ်မမှားဘူးဆိုရင်… ယူအက်စ်က.. မြန်မာအတိုက်အခံတွေကို.. ငွေတွေတော်တော်ရှာပေးသွားနိုင်သူပဲ..။
    ဦးစိန်ဝင်းရဲ့..အဝေးရောက်အစိုးရအပါအဝင်.. တော်တော်များများ.. သူလုပ်ပေးထားတာ..မကင်းဘူးထင်မိတယ်..။

    အခုပြန်ပေါ်လာတော့.. နေပြည်တော်မှာ..။
    အင်း..
    မြန်မာ့စီးပွားရေးကတော့.. တော်တော်ကို… အပြောင်းအလဲတွေဖြစ်မယ်..ထင်မိတာပါပဲ..။ 🙂

  • meocyrus

    August 23, 2011 at 12:22 pm

    နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးဟာသူ့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့ဆက်စပ်နေတယ်ဆိုတာအားလုံးသိပီးသားပါ။ အမိုးစုတ်နေတာကိုလဲဖို့အာရုံမရကြဘဲကြမ်းပြင်ကရေသုတ်နေလို့ကတော့တစ်သက်လုံးသုတ်လို့ဆုံးမှာမဟုတ်ဘူး။
    စာတမ်းတွေဖတ်နေလို့လဲ ဖြူးဆရာတော်ပြောသလို အာပုတ်စော် နံရုံပဲရှိမယ်။

  • မီးမီး သော်

    August 23, 2011 at 1:25 pm

    “””အမိုးစုတ်နေတာကိုလဲဖို့အာရုံမရကြဘဲကြမ်းပြင်ကရေသုတ်နေလို့ကတော့တစ်သက်လုံးသုတ်လို့ဆုံးမှာမဟုတ်ဘူး။
    စာတမ်းတွေဖတ်နေလို့လဲ ဖြူးဆရာတော်ပြောသလို အာပုတ်စော် နံရုံပဲရှိမယ်။””””
    မိုက်တယ်. ဒါကိုတော့ ထောက်ခံတယ်။သူတို ့မို ့လို မရှက်မကြောက် စာရွက်ကြည့်ဖတ်၊အထစ်စ်အငေါ့ငေါ့ နဲ ့သူတို ့ကိုယ်တိုင်ရော နားလည်ရဲ ့လား ဘယ်သူရေးပေးထားမှန်းမသိပါဘဲဇွတ်ဖတ်ပြနေတော့တာပါဘဲ။ဟွန် ့နံ လိုက်တဲ့ အာပုပ်စော်တွေ. ထွီ

  • timothy

    August 23, 2011 at 3:46 pm

    စစ်တပ်ကအုပ်စီးထားတဲ့ကလိမ်စိအယောင်ဆောင်အရပ်သားအစိုးရကိုဘာမှအကောင်းမြင်ပြီးမြှော်မနေနဲ့။
    ကုလသမဂ်ဂက အသုံးမကျဆုံးအတွင်းရေးမှူး ယောင်စိန် ဘင်ကီမှန်းကတောင်ရောယောင်ပြီးစစ်အစိုး
    ရကိုချီးကြူးနေပြန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုရုပ်သေးသမ္မကတကူးတကဖိတ်မာန်တကပြုလို့လေ။
    ရုပ်သေးအစိုးရကဘိုးတော်သန်းရွှေအကြိုက်ကပြနေတာကိုဘာမှတခိခိနဲ့ဖြစ်မနေကြနဲ့။
    ဒါက အေဆီယံ ဥက္ကဌရာထူးရအောင်အောက်လမ်း၊အထက်လမ်းနည်းမျိုးစုံကလိမ်စိဆင်နေတာ။
    သိပ်ထလာကြရင်နေ့ချင်းညချင်းဒုံရင်းကိုပြန်ရောက်ပြီမှတ်။
    သိန်းစိန်ထောင်ကျ၊ဒေါ်အောင်ဆန်းစုကြည်ကိုပြန်ဖမ်း၊စစ်တပ်အာဏာသိမ်း။
    တခါလိမ်လို့ယုံမိတာခွင့်လွှတ်နိုင်တယ်။
    ၃-၄ ခါလိမ်လဲယုံနေတာဘဲဆိုရင်တော့၊
    ကိုယ့်ဖါသာကိုယ် ငထူငထူလို့အော်ပြီးလဲသေကြ။
    ဗိုလ်သန်ရွှေနဲ့သရဲတစုကတော့ဆက်လိမ်နေမှာဘဲ။
    လိမ်နေတာကိုလက်ခံရင်
    လက်ခံတဲ့လူအပြစ်ဘဲ

Leave a Reply