ဒီရက်ပိုင်းလေး အလုပ်တွေများနေတာနဲ့ အမှတ်တရတွေတောင် သတိမရနိုင်အောင်ဖြစ်နေလို့ အခုမှပဲ ပြန်သတိရလိုက်ဦးမယ်
ဒီတစ်ခါအမှတ်တရလေးက အလုပ်ဝင်ဝင်ချင်းမှာ ကိုယ်တိုင်အင်တာဗျူးတာမဟုတ်ဘဲ သူများမေးတာကို ဘေးကနေလိုက်ပြီး သင်ခန်းစာယူခဲ့ရတဲ့ အမှတ်တရအင်တာဗျူးလေးပါ . ။အဲ့နေ့က နွယ်ပင်က အလုပ်ဝင်တာ တစ်ပတ်တောင်မကြာသေးတဲ့အတွက်အင်တာဗျူးမေးတာ အတွေ့အကြုံရအောင်ဆြို့ပီး မန်းနေဂျင်းဒါရိုက်တာမမကြီးက စီနီယာအစ်ကိုကြီး အင်တာဗျူးတဲ့ဆီကို နွယ်ပင့်ကိုထည့်လိုက်တယ် ။သူမေးရမယ့် သူကလည်း အဲ့အချိန်တုန်းက တကယ့်ကြော်ငြာစူပါစတားမင်းသမီး အင်တာဗျူးရဖို့တောင် မနည်းချိတ်ထားရတာဆိုတော့ နွယ်ပင်အတွက် တစ်ကယ့်ကို အကျိုးရှိစေမယ့်ပထမဦးဆုံးသင်ခန်းစာလေးပေါ့ မင်းသမီးက ရှူတင်ကိုချိန်းလို့ လိုက်သွားတော့ မင်းသမီးအခန်းမရိုက်ရသေးတာနဲ့
ရောက်ရောက်ချင်းပဲ တန်းမေးလို့ရခဲ့တယ် မင်းသမီးကလည်းမေးမျှကို စိတ်၇ှည်လက်ရှည်နဲ့ဖြေပေးခဲ့တာ တကယ့်ကို ကျေနပ်စရာကိုကောင်းခဲ့ ပါတယ် ။ အင်တာဗျူးလဲပြီးရော ကျေးဇူးတင်စကားတွေဘာတွေပြောပြီး ပြန်တော့ လမ်းလဲရောက်ရော မေးထားတဲ့ ဟာလေးကို ပြန်လဲ ဖွင့်ကြည့်လိုက်ရော ကတ်ဆက်က ဘာဖြစ်တယ်မသိပါဘူး မေးထားသမျှ ဘာတစ်ခုမှမဝင်ပဲ ဖြစ်နေတာကိုတွေ့ရပါတယ် အဲ့ဒီမှာ စီနီယာအစ်ကိုကြီးလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ရော မင်းသမီးက တကယ့်ကို စေတနာပါပါနဲ့ဖြေပေးထားလို့ တစ်ကြောင်းသွား အဖြေတွေလဲမဟုတ်တော့ အကုန်လုံးမှတ်မိဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ ရမ်းသန်းပြီးရေးရအောင်လဲ မဟုတ်သေးပြန်ဘူးဆိုတော့ ရှေ့မျက်နှာနောက်ထားပြီး မင်းသမီးဆီကိုတစ်ခေါက်ပြန်လှည့်၇ပြန်ပါတယ် ။
ဒီတစ်ခါတော့ မင်းသမီးက ရိုက်နေတာနဲ့ နာ၇ီဝက်လောက်စောင့်နေရပြီး မင်းသမီးအခန်းလဲပြီးရော နောက်တစ်ခေါက် မင်းသမီးအနားကို ချဉ်းကပ်သွားတော့ မင်းသမီးက ရယ်ရယ်ပြုံဲးပြုံးနဲ့ မေးစရာမေးခွန်းကျန်နေခဲ့လားလို့မေးတော့ အားနာလိုက်တာလေ ဘာပြောရမှန်းတောင်မသိဘူး ဒါပေမယ့် မပြောလို့ကလဲ မဖြစ်တော့ ဖြစ်သမျှအကြောင်းကို ပြောပြလိုက်တော့ မျက်နှာ နည်းနည်းပျက်သွားပင်မယ့် တမင်သက်သက်လုပ်တာမှ မဟုတ်တာဆိုပြီး အင်တာဗျူးကို အစကနေပြန်ဖြေပေးခဲ့ပါတယ် ။တကယ့်ကို ကျေးဇူးတင်စရာလဲကောင်းပြီး အနုပညာစိတ်ဓာတ် အပြည့်ရှိတဲ့ မင်းသမီးလေးပေါ့
သူကတော့ မင်းသမီး ထက်ထက်မိုးဦးပါ အဲ့အချိန်တုန်းက အရမ်းကိုအောင်မြင်နေပြီး သူ့ခေတ်ဖြစ်နေတာပါ သူ့ကိုဗျူးဖို့ဆိုတာက တကယ်တော့ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး သူက ပြန်မဖြေပေးဘူးပြသာနာရှာမယ် နောက်ရက်ကိုထပ်ချိန်းမယ်ဆိုလဲ ကိုယ်တွေကမှားခဲ့တော့ ဘာတပ်နိုင်မှာလဲ ဒါပေမယ့် သူကတော့ ပထမတစ်ခေါက်ကလိုပဲ သေသေချာချာကို ပြန်ဖြေပေးခဲ့ပါတယ် ဒီအင်တာဗျူးကတော့ ထက်ထက်ရဲ့ စိတ်ထားလေးကို အမှတ်ရစေမိခဲပါတယ် ။ ဒါပေမယ့် ဟိုတစ်လော ဂျာနယ်လစ်ကို ပါးရိုက်လိုက်တယ်ဆိုတဲ့ သတင်းလဲ ကြားရရော တကယ်ကို အံသြစေခဲ့ရပါတယ် ။ ထင်လဲ မထင်မိပါဘူး တကယ်ဆိုတာလဲ သေချာနေပါတယ် ။ အရိုက်ခံခဲ့ရတဲ့ တစ်ယောက်ကလည်း နွယ်ပင်တို့နဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေတော့
သူ့ကို ဖုန်းဆက်ပြီးမေးကြည့်တော့လဲ သူမေးတဲ့မေးခွန်းက ပါးရိုက်လောက်အောင်လဲ မဟုတ်ခဲ့ပြန်ပါဘူး ။ဒါပေမယ့် အဲ့အချိန်က ထက်ထက်က ကလေးပျက်ပြီးခါစဆိုတော့ သူ့စိတ်တွေက အရမ်းကို ထိခိုက်လွယ်ခံစားလွယ်နေတယ်လို့ပဲ တွေးထင်၇တော့တာပေါ့ ။ကိုယ်တွေမေးခဲ့စဉ် အချိန်တုန်းက သူ့မှာ အဲလိုစိတ်ခံစားချက်တစ်ခုခုမရှိနေတာကိုပဲ ကျေးဇူးတင်ရမယ် မဟုတ်ရင် နွယ်ပင်ရဲ့ ပထမဦးဆုံး အင်တာဗျူးနောက်လိုက်
အတွေ့အကြုံးလေးက လက်ဝါးရာလေး ထင်ကျန်နေရစ်မှာကျိန်းသေပဲ ထက်ထက်ကိုလဲ ဒီလို အမှတ်ရခြင်းမျိုးနဲ့မဟုတ်ဘဲ အခြားပုံစံတစ်မျိုးနဲ့ သတိရနေမှာသေချာတယ်နော် ………….. ဆက်ရန် ………..

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..