ကျွှန်မ ဘဝရဲ့ အမှတ်တရ များထဲက အမှတ်တရများ (5)

နွယ်ပင်August 23, 20111min1188

ဒီရက်ပိုင်းလေး အလုပ်တွေများနေတာနဲ့ အမှတ်တရတွေတောင် သတိမရနိုင်အောင်ဖြစ်နေလို့ အခုမှပဲ ပြန်သတိရလိုက်ဦးမယ်
ဒီတစ်ခါအမှတ်တရလေးက အလုပ်ဝင်ဝင်ချင်းမှာ ကိုယ်တိုင်အင်တာဗျူးတာမဟုတ်ဘဲ သူများမေးတာကို ဘေးကနေလိုက်ပြီး သင်ခန်းစာယူခဲ့ရတဲ့ အမှတ်တရအင်တာဗျူးလေးပါ . ။အဲ့နေ့က နွယ်ပင်က အလုပ်ဝင်တာ တစ်ပတ်တောင်မကြာသေးတဲ့အတွက ်အင်တာဗျူးမေးတာ အတွေ့အကြုံရအောင်ဆိုြ့ပီး မန်းနေဂျင်းဒါရိုက်တာမမကြီးက စီနီယာအစ်ကိုကြီး အင်တာဗျူးတဲ့ဆီကို နွယ်ပင့်ကိုထည့်လိုက်တယ် ။သူမေးရမယ့် သူကလည်း အဲ့အချိန်တုန်းက တကယ့်ကြော်ငြာစူပါစတားမင်းသမီး အင်တာဗျူးရဖို့တောင် မနည်းချိတ်ထားရတာဆိုတော့ နွယ်ပင်အတွက် တစ်ကယ့်ကို အကျိုးရှိစေမယ့်ပထမဦးဆုံးသင်ခန်းစာလေးပေါ့ မင်းသမီးက ရှူတင်ကိုချိန်းလို့ လိုက်သွားတော့ မင်းသမီးအခန်းမရိုက်ရသေးတာနဲ့
ရောက်ရောက်ချင်းပဲ တန်းမေးလို့ရခဲ့တယ် မင်းသမီးကလည်းမေးမျှကို စိတ်ရှည်လက်ရှည်နဲ့ဖြေပေးခဲ့တာ တကယ့်ကို ကျေနပ်စရာကိုကောင်းခဲ့ ပါတယ် ။ အင်တာဗျူးလဲပြီးရော ကျေးဇူးတင်စကားတွေဘာတွေပြောပြီး ပြန်တော့ လမ်းလဲရောက်ရော မေးထားတဲ့ ဟာလေးကို ပြန်လဲ ဖွင့်ကြည့်လိုက်ရော ကတ်ဆက်က ဘာဖြစ်တယ်မသိပါဘူး မေးထားသမျှ ဘာတစ်ခုမှမဝင်ပဲ ဖြစ်နေတာကိုတွေ့ရပါတယ် အဲ့ဒီမှာ စီနီယာအစ်ကိုကြီးလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ရော မင်းသမီးက တကယ့်ကို စေတနာပါပါနဲ့ဖြေပေးထားလို့ တစ်ကြောင်းသွား အဖြေတွေလဲမဟုတ်တော့ အကုန်လုံးမှတ်မိဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ ရမ်းသန်းပြီးရေးရအောင်လဲ မဟုတ်သေးပြန်ဘူးဆိုတော့ ရှေ့မျက်နှာနောက်ထားပြီး မင်းသမီးဆီကိုတစ်ခေါက်ပြန်လှည့်ရပြန်ပါတယ် ။
ဒီတစ်ခါတော့ မင်းသမီးက ရိုက်နေတာနဲ့ နာရီဝက်လောက်စောင့်နေရပြီး မင်းသမီးအခန်းလဲပြီးရော နောက်တစ်ခေါက် မင်းသမီးအနားကို ချဉ်းကပ်သွားတော့ မင်းသမီးက ရယ်ရယ်ပြုံးဲပြုံးနဲ့ မေးစရာမေးခွန်းကျန်နေခဲ့လားလို့မေးတော့ အားနာလိုက်တာလေ ဘာပြောရမှန်းတောင်မသိဘူး ဒါပေမယ့် မပြောလို့ကလဲ မဖြစ်တော့ ဖြစ်သမျှအကြောင်းကို ပြောပြလိုက်တော့ မျက်နှာ နည်းနည်းပျက်သွားပင်မယ့် တမင်သက်သက်လုပ်တာမှ မဟုတ်တာဆိုပြီး အင်တာဗျူးကို အစကနေပြန်ဖြေပေးခဲ့ပါတယ် ။တကယ့်ကို ကျေးဇူးတင်စရာလဲကောင်းပြီး အနုပညာစိတ်ဓာတ် အပြည့်ရှိတဲ့ မင်းသမီးလေးပေါ့
သူကတော့ မင်းသမီး ထက်ထက်မိုးဦးပါ အဲ့အချိန်တုန်းက အရမ်းကိုအောင်မြင်နေပြီး သူ့ခေတ်ဖြစ်နေတာပါ သူ့ကိုဗျူးဖို့ဆိုတာက တကယ်တော့ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး သူက ပြန်မဖြေပေးဘူးပြသာနာရှာမယ် နောက်ရက်ကိုထပ်ချိန်းမယ်ဆိုလဲ ကိုယ်တွေကမှားခဲ့တော့ ဘာတပ်နိုင်မှာလဲ ဒါပေမယ့် သူကတော့ ပထမတစ်ခေါက်ကလိုပဲ သေသေချာချာကို ပြန်ဖြေပေးခဲ့ပါတယ် ဒီအင်တာဗျူးကတော့ ထက်ထက်ရဲ့ စိတ်ထားလေးကို အမှတ်ရစေမိခဲပါတယ် ။ ဒါပေမယ့် ဟိုတစ်လော ဂျာနယ်လစ်ကို ပါးရိုက်လိုက်တယ်ဆိုတဲ့ သတင်းလဲ ကြားရရော တကယ်ကို အံဩစေခဲ့ရပါတယ် ။ ထင်လဲ မထင်မိပါဘူး တကယ်ဆိုတာလဲ သေချာနေပါတယ် ။ အရိုက်ခံခဲ့ရတဲ့ တစ်ယောက်ကလည်း နွယ်ပင်တို့နဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေတော့
သူ့ကို ဖုန်းဆက်ပြီးမေးကြည့်တော့လဲ သူမေးတဲ့မေးခွန်းက ပါးရိုက်လောက်အောင်လဲ မဟုတ်ခဲ့ပြန်ပါဘူး ။ဒါပေမယ့် အဲ့အချိန်က ထက်ထက်က ကလေးပျက်ပြီးခါစဆိုတော့ သူ့စိတ်တွေက အရမ်းကို ထိခိုက်လွယ်ခံစားလွယ်နေတယ်လို့ပဲ တွေးထင်ရတော့တာပေါ့ ။ကိုယ်တွေမေးခဲ့စဉ် အချိန်တုန်းက သူ့မှာ အဲလိုစိတ်ခံစားချက်တစ်ခုခုမရှိနေတာကိုပဲ ကျေးဇူးတင်ရမယ် မဟုတ်ရင် နွယ်ပင်ရဲ့ ပထမဦးဆုံး အင်တာဗျူးနောက်လိုက်
အတွေ့အကြုံးလေးက လက်ဝါးရာလေး ထင်ကျန်နေရစ်မှာကျိန်းသေပဲ ထက်ထက်ကိုလဲ ဒီလို အမှတ်ရခြင်းမျိုးနဲ့မဟုတ်ဘဲ အခြားပုံစံတစ်မျိုးနဲ့ သတိရနေမှာသေချာတယ်နော် ………….. ဆက်ရန် ………..

8 comments

  • ရွှေအိမ်စည်

    August 23, 2011 at 11:59 am

    ကျေးဇူးပါနွယ်..ရုပ်ရျင်တွေတော့မကြိုက်တတ်လို ့သိပ်မကြည့်ဖြစ်ပါဘူး

    စာတော့ဖတ်တယ်..အဲ ့ဒိသတင်းဖတ်မိတော့..ပါးရိုက်ချင်လောက်အောင်..အမေးတော့ရှိမှာပေါ့
    အဲ ့ဒိ့တုံးကလည်းမထက်ထက်ကို…ရိုင်းတယ်လို ့မထင်မိပါဘူး..
    လူတစ်ယောက်ရဲ ့စိတ်ဓါတ်က..သူ ့ရုပ်ရည်ပေါ်မှာပေါတယ်လေ…
    မထက်ထက် ရဲ ့ရုပ်ရည်ကအဲ ့ဒိ့စရိုက်မရှိသူမလို ့ပါ…
    ဗျူးတဲ ့သူလည်းအပြစ်မတင်မိပါဘူး..
    စကားဆိုတာမျိုး ကလည်းလူတိုင်းပြောတတ်တုန် ့ပြန်တတ်တာဘဲ

    အကြောင်းရှိလို ့အကျိုးဖြစ်လာစေတာဘဲ…
    ကိုယ်လည်းအနားမှမရှိမသိတော့..မသိဘူးပေါ့….

    ****************
    တစ်ယောက်နြ ့တစ်ယောက်ကြားက သည်းခံနိုင်သောစကားသည်သာအကောင်းဆုံးဘဲ လို ့…

    ဒါကြောင့်နွယ်ရေ…မထက်ထက်အကြောင်းအတွေ ့ကြုံလေးကိုအမှတ်တယကျေးဇူး

  • windtalker

    August 23, 2011 at 1:10 pm

    ထက်ထက် က ကလေးပျက်ထားတဲ့ အချိန်မို ့..
    ဟုတ်တာပေါ့ဗျာ ။
    အဲဒီ မနွယ်ပင် သူငယ်ချင်း က လဲ
    ဟိုကမှ ကြေကွဲ နေချိန်…
    သွားပြီး….
    ကိုယ်ချင်း မစာ ၊ ဇွတ်မေးလို ့နေမှာ..နော

    • နွယ်ပင်

      August 23, 2011 at 1:15 pm

      ကိုယ်ချင်းမစာရယ်လို့တော့ မဟုတ်ဘူးထင်ပါတယ်
      ဂျာနယ်လစ်ဆိုတော့လဲ သူများထက်များ သတင်းဦး
      သတင်းထူးလေး ရမလားဆိုတဲ့စိတ်နဲ့ မေးခဲ့တာဖြစ်မှာပါ
      အဲဒီမှာ ထက်ထက်ကလဲ စိတ်ထဲ ဝမ်းနည်းနေတဲ့အချိန်
      စိတ်ဆိုးလွယ် ဒေါသထွက်လွယ်နေတဲ့ အချိန်ဆိုတော့
      မဖြစ်သင့်တာတွေ ဖြစ်သွားရတယ်ထင်ပါတယ်
      အမှန်က စာနယ်ဇင်းနဲ့ အနုပညာရှင်တွေဆိုတာက
      တစ်ယောက်နဲ့ တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲလေ ………….

  • pan pan

    August 23, 2011 at 1:47 pm

    ထက်ထက်ကိုတော့ ကြိုက်တယ်
    ချစ်ဖို့လည်းကောင်းတယ်
    သူ့မျက်နှာလေးကလည်း ရှင်းတယ်
    ခုတော့ ကြော်ငြာတွေမှာ မတွေ့ရတော့ဘူး
    သူ့ကြော်ငြာအဟောင်းတွေပဲ လာနေတယ်
    အဟောင်းပေမယ့် ကြည့်ရတာ မရိုးနိုင်ပါဘူး

  • hmee

    August 23, 2011 at 1:58 pm

    ကျေးဇူးပါ နွယ်ပင်ရေ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က အကြောင်းတွေ သိရလို့။ နီကိုရဲရဲ့ ရိုက်ကွင်းနောက်ကွယ်မှ အလွဲများစာအုပ်ဆို အရမ်းကြိုက်တာ။ နွယ်ပင် သူငယ်ချင်းဆိုပေမဲ့ ပြောဦးမယ် 🙂 သူမေးတဲ့ မေးခွန်းက သူများရဲ့ အားနည်းချက် ဖြစ်နေတာကို ပြီးတော့ ဘယ်လိုလူမျိုးမဆို ကိုယ့်အားနည်းချက်ကို ထိရင် နာတတ်တယ်လေ ဘယ်လိုပဲ ဘာမှမဖြစ်ချင်ယောင် ဟန်ဆောင်နေနေ မမေးသင့်ဘူး။ နောက်ပြီး ရဲတိုက်ကို ထင်တယ် သူမေးထားတာ အမေးခံရသူတော့ မသိဘူး ဖတ်တဲ့သူတောင် စိတ်ခုသွားတယ်။

  • ကြောင်ကြီး

    August 24, 2011 at 9:19 am

    အဲဒီအချိန်ကစပြီး ရွှေမင်းသမီးလေးက ဂျာနယ်လစ်တွေနဲ့ စကားပြောရင် လက်ပါမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်သတဲ့။ တရားခံအခုမှ မိတော့တယ် နွယ်ပင်တို့ကိုး…။ ထက်ထက်မိုးဦးအမှုသတင်း နောက်ဆုံးအခြေအနေသိရင်လည်း ပြောပါအုံး…။

    • နွယ်ပင်

      August 24, 2011 at 9:26 am

      ဦးကြောင်ကြီးရယ် နွယ်ပင် ဒီအလုပ်ကို စွန့်ခွာခဲ့တာ (3) နှစ်နီးပါးလောက်ရှိပါပြီ စာနယ်ဇင်း လုပ်ရတာ
      တော်တော်လေး စိတ်ကုန်လာပြီး မင်းသား ၊မင်းသမီးကလည်း ဒီလူကြီးပဲ ထပ်ထပ်မေးနေရတော့
      အမေးခံရတဲ့သူမပြောနဲ့ မေးတဲ့သူတောင် စိတ်ကုန်လာတယ် အဟုတ်ပဲ …
      ထက်ထက် သတင်းကတော့ ကျေအေးသွားပြီဆိုလားတော့ကြားပင်မယ့် သေသေချာချာတော့ မသိသေးဘူး ဦးကြောင်ပြောမှပဲ သတိရသွားပြီ ဖုန်းဆက်ပြီးမေးဦးမှ 🙂

  • ဆူး

    August 24, 2011 at 11:52 pm

    ွှနွယ်ပင်ရေ ဖုန်းဆက်ပြီးပြီလား ဘာတဲ့တုန်း

Leave a Reply