နေ ့စဉ်အသုံးချ ဂမီ္ဘရ(၂)

အသုံးချဂမီ္ဘရ(၂)

ဒီယွန်ဖော်ကျွန်း က“ဝိဉာဏ်”ဆိုတဲ့အသုံးအနှုံးကိုဖော်ပြရာမှာ ကျွန်တော်တို့သုံးသောလူ့ကိုယ်သွေးစွမ်းရည်ထက်

သာလွန်သောအရာ(အတ္တမ ဗောဓိမန)ကိုမဆိုလိုပါ။သူ(မ)ဆိုလိုသည်မှာ သိမ်မွေ့သော အာရုံသိစိတ်ကိုသာဆိုလို

သည်။သို့မဟုတ်လူ့ဝိဉာဏ်ရှိ အာရုံစွမ်းရည်များ ဟုဆိုနိုင်သည်။ရုပ်ပိုင်းတွင်မတည်သောစွမ်းရည်များသာဖြစ်၏။

ရုပ်ပိုင်းဆိုင်ရာ ကြောင်းကျိုးဆက်စပ်မှုဖြင့်မဖော်ပြနိုင်သော ဒီလှိုင်းနှင့်ဝဲဂယက်ကဲ့သို့သောကိစ္စများ လူသားများ

တွင်ရှိသည်။(Chaos သီအိုရီကိုလေ့လာကြည့်လျင် သိနိုင်သည်။)မှန်သည်။အကြောင်းတရားများသည် သိစိတ်

၏အဆင့်များမှပေါ်ပေါက်လာသည်။သိမ်မွေ့သောအဆင့်များရှိစွမ်းအင်များ၏စီးဆင်းမှုသည် အခြေအနေတိုင်းနှင့်

သက်ဆိုင်သောကျင့်စဉ်အမြောက်အများကိုသယ်ဆောင်လာသည်။အမျိုးမျိုးသောသိစိတ်အလွှာများအားလုံး

သည် အချင်းချင်းအပြန်အလှန်ထိုးဖောက်နိုင်ပြီး နီးကပ်စွာဆက်စပ်လျက်ရှိပေသည်။ကျွန်တော်တို့တွင်အာရုံ

ငါးပါးသာမက မဖွံ့ဖြိုးသေးသောသိမ်မွေ့သည့်အဆင့်မြင့်အာရုံများရှိသည်။ဂန္ဓာရီပညာရှင်လောင်းလျာသည်

ထိုသိမ်မွေ့သောအာရုံများကိုနိုးကြားထက်မြက်အောင်လေ့ကျင့်၍ ထိုအာရုံများတွင်ထင်ဟပ်လာသောခံစားမှု

များကိုရှင်းလင်းစွာသိနိုင်ရန်အားထုတ်သည်။(နှာခေါင်းသည် အနံ့များကိုအာရုံခံနိုင်သည်။သို့သော်အနံ့တိုင်းကို

မည်သည့်ရနံ့ဖြစ်သည်ဟုခွဲခြားရန်မလွယ်ကူပေ။သိမ်မွေ့သောသိစိတ်တွင်ထင်ဟပ်လာသောဓမ္မာရုံများကိုခွဲခြား

ရန်မှာအလွန်ခက်ခဲသည်။-စာရေးသူ)။သို့မှသာစွမ်းအင်စီးမှုနှင့်သက်ဆိုင်သောကြောင်းကျိုးဖြစ်စဉ်များကိုး ကျယ်ပြန့်ရှင်းလင်းစွာမြင်နိုင်မည်ဖြစ်၏။

ကောင်းစွာလေ့ကျင့်မှုမပြုပါက ထိုအာရုံများသေချာနိုးကြားလာမည်မဟုတ်ပါ။ထိုအခါသိမ်မွေ့သောဓမ္မာရုံ

ခံစားမှုများကို သတိမပြုမိခြင်း၊တလွဲသဘောပေါက်ခြင်းနှင့် နားမလည်ခြင်းတို့ဖြစ်လာမည်။ကျွန်တော်တို့

သည် ကျွန်တော်တို့ဝန်းကျင်ရှိ ခံစားချက်များ ၊အတွေးများနှင့်လိပ်ပြာ(သို့)နာမ်ပိုင်းဆိုင်ရာသဘာဝ၏

အရည်အသွေးများကလွှမ်းမိုးခြင်းကိုခံစားရသည်။(ဝမ်းနည်းကြေကွဲနေသူအနီးတွင်နေပါက သင်ပါဝမ်းနည်း

လာမည်။သချင်္ု ိင်းတွင်ထိုင်နေခြင်းနှင့် ဘုရားပေါ်တွင်ထိုင်နေခြင်း၏ကွဲပြားသောသင့်ခံစားချက်ကိုစဉ်းစားပါ။)

လူအတော်များများတွင်တိုက်ရိုက်မဟုတ်ဘဲမသိမသာသွယ်ဝိုက်၍လွှမ်းမိုးခံရလေ့ရှိသည်။ထို့ကြောင့်လွှမ်းမိုး

သောအာရုံများကိုကောင်းစွာသတိပြုသောအခါ ကျွန်တော်တို့သည် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကောင်းစွာ

လက်ခံနိုင်လာပြီးကျွန်တော်တို့၏ကြံ့ခိုင်သောခံစားမှုနှင့်အတွေးများတိုင်အောင်ဖောက်ထွင်း၍ထိုပတ်ဝန်းကျင်

ကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်လာနိုင်မည်။(သီလသမာဓိမြင့်မားသောဆရာတော်ကြီးများ မေတ္တာဓာတ်

ပို့လွှတ်သောအခါ၊ဒေသနာများရွတ်ဖတ်သောအခါ စိတ်တွင်လုံခြုံရာရသကဲ့ဖြစ်သည်။ဤတွင်Ether ဆိုသော

စကားလုံးကိုရှင်းရန်လိုပါသည်။အသံကြားနိုင်ရန်လေသည်ကြားခံအဖြစ်လိုသကဲ့သို့ အီသာသည် စိတ်ချင်း

ဆက်သွယ်ရာတွင်ကြားခံဖြစ်ပြီး၎င်းသည်စကြဝဠာတစ်ခုလုံးကိုလွှမ်းခြုံထားသည်ဟုဆိုကြသည်။)တစ်ပါးသူ

ကြောင့်စိတ်တွင်လုံခြုံလာခြင်းသည် တစ်ကယ်ကြံ့ခိုင်သောစိတ်မဟုတ်ချေ။ထို့ကြောင့်ကိုယ့်အားကိုယ်ကိုးနိုင်

အောင်လေ့ကျင့်ရမည်။သို့သော် လေ့ကျင့်သော်လည်းအရည်အသွေးမပြည့်ဝသောဂန္ဓာရီဆရာတို့သည် မိမိ

တို့အစွမ်းဖြင့်လူအထင်ကြီးအောင်ပြုမိတတ်ကြသည်။ပညာပြည့်ဝသော ပညာရှင်များမှာမိမိကိစ္စကိုပြီးမြောက်

အောင် သိုသိပ်စွာဆောင်ရွက်လေ့ရှိသည်။

အရည်အသွေးမပြည့်ဝသောဂန္ဓာရီဆရာတို့သည် မာနထောင်လွှားပြီးကမာ္ဘကြီးကိုပင်ပြောင်းလဲဖို့အားထုတ်

တတ်ကြသည်။အရည်အသွေးပြည့်ဝသောဂန္ဓာရီဆရာတို့သည်နှိမ့်ချခြင်းကိုဆွဲကိုင်၍သိဒ္ဓိစွမ်းအင်များကို

ရှာဖွေစုစည်းကာ ကောင်းမွန်မြင့်မြတ်သောအလုပ်တို့ကိုသာအားထုတ်ကြသည်။မိမိဝန်းကျင်ကို အပြုသဘော

ဆောင်သည့်စိတ်စွမ်းအင်များလွှမ်းမိုးစေ၏။ထိုအခြင်းအရာသည် ပထမအဆင့်တွင်ကိုယ်ကျင့်ဖြူစင်အောင်

လေ့ကျင့်ခဲ့သောကြောင့်ဖြစ်သည်။ထို့ကြောင့်ဂန္ဓာရီပညာရပ်တွင် ပထမအဆင့်သည် စိတ်စင်ကြယ်စေရန်ဖြစ်

ပြီး ဒုတိယအဆင့်တွင်စင်ကြယ်သောစိတ်ကပတ်ဝန်းကျင်အပေါ်မည်သို့အပြုသဘောဆောင်လွှမ်းမိုးသည်ကို

သိရှိရန်ဖြစ်ပေသည်။

အသုံးချဂမီ္ဘရ(၃) – ပတ်ဝန်းကျင်ကိုထိန်းချုပ်ခြင်း

ပတ်ဝန်းကျင်ကို ထိန်းချုပ်ရန် မိမိကိုယ်ကိုထိန်းချုပ်ခြင်းမှစတင်ရမည်။ပတ်ဝန်းကျင်က မိမိအပေါ်လွှမ်းမိုးမှုများ

ကင်းလွတ်သည်အထိလေ့ကျင့်ရမည်။သို့မဟုတ်ပါကပတ်ဝန်းကျင်ကိုစိတ်စွမ်းအင်ဖြင့်ပြန်လည်လွှမ်းမိုးရန်မည်

သည့်ကျင့်စဉ်မျှကျွန်တော်တို့မမျှော်လင့်နိုင်ပေ။ကျွန်တော်တို့သည်ပတ်ဝန်းကျင်ကိုစိတ်စွမ်းအင်ဖြင့်လွှမ်းမိုးလာနိုင်

သောအခါပတ်ဝန်းကျင်ကကျွန်တော်တို့အားမလွှမ်းမိုးမပြောင်းလဲနိုင်တော့သည်ကိုဝိရောဓိမကင်းဘဲဖြစ်လိမ့်မည်။

အတွင်းအဇ္ဈတ္တ သဟဇာတဖြစ်ဖို့သည်ပဓာနအကျဆုံးဖြစ်သည်။ဘာဝနာစီးဖြန်းမှုသည် အလွန်တန်ဘိုးရှိသည်။

ပြဿနာ၏အကြောင်းအရာကိုဖြေရှင်းဖို့ထက်စိတ်ဝိဉာဏ်ဖွံ့ဖြိုးတိုးတက်၍လူးလွန့်နိုးကြားစေဖို့သာမူတည်သည်။

စိတ်တွင်ပုံဖော်နားလည်ထားသောအမြင့်ဆုံးစံသတ်မှတ်ချက်တွင်ကိုယ်ကျိုးမငဲ့ဘဲမြှုပ်နှံထားမှုတွင်မူတည်သည်။

အနှစ်ချုပ်အားဖြင့် ဂန္ဓာရီပညာပေါက်မြောက်ရန်အတွက် အတ္တမကြီးဘဲစိတ်ဝိဉာဏ်ဖြူစင်ဖြောင့်မတ်မှုကိုဗဟိုပြု

၍လေ့ကျင့်မှုသည်သော့ချက်ဖြစ်သည်။ရုပ်ဒြပ်မှစွမ်းအင်ဆွဲထုတ်ရန်မဟုတ်ဘဲ နာမ်ဓာတ်မှသာစွမ်းအင်ရယူရန်

ဖြစ်၏။ အတွင်းအဇ္ဈတ္တညီညွတ်အောင်ပြောင်းလဲနိုင်သောအခါ ကျွန်တော်တို့သည်ဗဟိဒ္ဓိအခြေအနေများကိုပိုမို

ကောင်းမွန်စွာထိန်းချုပ်ကိုင်တွယ်လာနိုင်ပေမည်။မိမိကိုယ်ကိုရိုးသားစွာသုံးသပ်အကဲဖြတ်နိုင်ဖို့သည်အလွန်အ

ရေးကြီးလှသည်။မိမိ၏သိစိတ်ပိုင်း ၊ဉာဏ်ပိုင်းအားနည်းချက်များကိုဖော်ထုတ်၍ပြုပြင် ကုသရမည်။စိတ်တွင်ဖြစ်

ပျက်သမျှအခြေအနေတိုင်းကိုမလွတ်အောင်သုံးသပ်နိုင်မည်။လက်ခံနိုင်ရမည်။(သူများအပေါ်မနာလိုဝန်တိုစိတ်

ပေါ်လျှင်သိအောင်ကြိုးစား၍ထိုစိတ်ကိုဆုံးမရမည်။ငါသူတော်ကောင်းဖြစ်လို့ထိုစိတ်မျိုးမဖြစ်ဘူး မရှိဘူးဟူ၍

အထင်မကြီးသင့်ပါ။ကိုယ့်စိတ်ကိုရိုးသားစွာအကဲခတ်၍မကောင်းလျင်မကောင်းဟုလက်ခံကာပြုပြင်နိုင်ရမည်။)

ကိုယ့်ကိုယ်ကို ကိုယ့်စိတ်ကိုမလွတ်တန်းသိအောင်အားထုတ်ရ၏။ကိုယ့်ကိုယ်ကိုသေချာသိသောအခါ

ပတ်ဝန်းကျင်ကိုသိလာမည်။ကျင့်စဉ်များသည် ယာဉ်သဖွယ်ဖြစ်သည်။၎င်းတို့အပေါ်၌ဖက်တွယ်ထားပါ

ကထိုနေရာတွင်သာရပ်တန့်နေမည်။လွတ်မြောက်မှုကိုမမျှော်လင့်နိုင်ပေ။ထို့ကြောင့်အဆောင် လက်ဖွဲ့

များသည်ထိုအဆောင်ကိုအသုံးပြုသူများမှလွဲ၍ကျန်သူများအတွက်တန်ဘိုးမဲ့ခြင်းဖြစ်သည်။ထို့ပြင်

သာမန်လူများကိုဦးတည်သောမှော်ပညာအခမ်းအနားလုပ်ငန်းစဉ်များ၏အဆုံးသတ်များသည်ပြင်းထန်

သောသက်ရောက်မှုများကိုဖြစ်စေခြင်းဖြစ်သည်။(လူသစ်များကိုသာဝကအဖြစ်လက်ခံ၍သိဒ္ဓိတက်ပေးသော

အခမ်းအနားများတွင်သင်သည်ထိုအဆင့်ကိုကျော်လွန်ပြီးသူဖြစ်ကမည်သို့မျှအကျိုးသက်ရောက်မှုမရှိသကဲ့

သို့ဖြစ်သည်။)လူအများသည် အကြောင်းကိုမကြည့်အကျိုးကိုသာဂရုပြုကြသည်။ရောဂါကိုမကု၊ဝေဒနာကို

သာကုကြသည်။(အဆုတ်အအေးပတ်၍ချောင်းဆိုးခြင်းတွင်လတ်တလောဝေဒနာဖြစ်သောချောင်းဆိုးသက်

သာစေရန်မော်ဖိန်းပေးသကဲ့သို့ပင်။)ထိုအခါမည်သည့်တိုးတက်မှုမျှမရှိနိုင်ပေ။အကြောင်းရင်းမှန်ကိုသေချာစွာ

လေ့လာသင်ယူ၍ကုသမှသာစစ်မှန်သောကုသမှု နှင့်စစ်မှန်သောတိုးတက်မှုရှိပေမည်။

အခြားသော တွဲဖက်အရည်အချင်းများမှာမိမိကိုယ်ကိုထိန်းချုပ်နိုင်မှုအတိုင်းအတာ၊စိတ်ခံစားမှုအရသော်

လည်းကောင်း ၊ရုပ်ပိုင်း စိတ်ပိုင်းအရသော်လည်းကောင်းတုန့်ပြန်မှုကင်းခြင်းနှင့်ဒေါသစိတ်ကိုအောင်နိုင်

စေရန်မေတ္တာ ၊ဂရုဏာပွားများခြင်းနှင့် ကြောက့်ရွံထိတ်လန့်မှုတို့ကိုကျော်လွှားရန် စိတ်ကူးအာရုံများကို

ထိန်းချုပ်ခြင်းတို့ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော်ထိတ်လန့်ကြောက့်ရွံမှုသည် ကျွန်တော်တို့စိတ်ကူးမှု

၏ထုတ်ကုန်စစ်စစ်ဖြစ်သောကြောင့်ပင်။

2 comments

  • kai

    August 23, 2011 at 2:57 pm

    တော်တော်ကို..မြှင့်နေတယ်..။
    …မလိုက်နိုင်ဘူး..။ ငယ်တုံးကတော့.. ဖတ်ယုံတင်မက..လိုက်လုပ်ကြည့်တာပဲ..။
    အခုတော့… 🙂

    တယောက်ယောက်က. .ဆွေးနွေးပေးရင်ကောင်းမယ်..။
    ဘာပဲဖြစ်ဖြစ်..ကြိုက်တာလေးတခုတွေ့လို..ကုဒ်ထားလိုက်တယ်..။

    ကျင့်စဉ်များသည် ယာဉ်သဖွယ်ဖြစ်သည်။၎င်းတို့အပေါ်၌ဖက်တွယ်ထားပါ ကထိုနေရာတွင်သာရပ်တန့်နေမည်။ လွတ်မြောက်မှုကိုမမျှော်လင့်နိုင်ပေ။ ထို့ကြောင့်အဆောင် လက်ဖွဲ့ များသည် ထိုအဆောင်ကိုအသုံးပြုသူများမှလွဲ၍ ကျန်သူများအတွက်တန်ဘိုးမဲ့ခြင်းဖြစ်သည်။

  • forever

    August 23, 2011 at 4:52 pm

    အသက်က ၄ဝကျော်နေပြီဆိုတော.
    စိတ်ကလဲ အရောင်စုံပြီး ညစ်နေပြီ
    ဖြူအောင်အစွမ်းကုန်ကြိုးစားရင်တောင်
    ဝါကျင်ကျင် ဖြစ်နေတော.မယ်ထင်တယ်
    ဆက်ရေးပါအုံးဗျာစောင်.ပြီးဖတ်နေပါ.မယ်

Leave a Reply