ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း

ရွှေအိမ်စည်August 24, 20111min21418

ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း

အချစ်တွေ အင်တာနက်မှာ
မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။
မိုက်မဲမှုတစ်ခုတဲ့လား

မူတွေများတဲ့ ငါ့ကဗျာလည်း
မကြိုက်တော့ဘူး
တွေဝေသွားတဲ့ ကောင်မလေးလည်း
ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း

အားနာပါတယ် အပြောအဆို
မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင်
၂၁ရာစုဟာ လတ်ဆတ်ဆူပွက်
သွေးကြွလွန်းတယ်

လူငယ်တွေကြားမှာ ရေပန်းစားသလို
ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား
ဖုန်းကြော်ငြာသလို မက်ဆေ့ချ်
ခဏခဏ ပို့ပြရမလား

ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ
ဆောရီးပါ . . .
ငါရိုင်းများသွားလား
မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း
ငါ့ဒီတစ်သက်ကျေးဇူးတင်တယ်
အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့

စိတ်ကူးယဉ်ဆန်တဲ့ငါ
အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို
ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့
ဆုတောင်းဖူးတယ်။
ငါ့ဖက်မှာ အမှောင်
မင်းဖက်မှာ လင်းပါစေ
ကောင်းကင်က လမင်းကို
အဖြေရှာဖူးပါတယ် မိန်းခလေးရယ်။

ဘဝမျိုးစုံ မဖြတ်သန်းဘူးပေမယ့်
တောတောင်ရေမြေ သဘာဝဟာ
သူစိမ်းဖြစ်ခဲ့ဖူးပါတယ်။

လောကဓံကို ရေမပါမှန်းသိရဲ့နဲ့
ရေဘူးပေါက်နဲ့ ရေခတ်ခဲ့ဘူးတယ်
ခြင်းကျားနဲ့ငါးဖမ်းသလို
မင်းအချစ်တွေ ငါဖမ်းခဲ့ဘူးတယ်
လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
ခြားသွားတဲ့ စည်းလို
ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်
ဒီပွဲမှာ ငါရှုံးပါတယ်
မင်းနိုင်ပါတယ်

ခေါင်းပန်းလှန်သလို
ကျား/ဗိုလ်ဆွဲသလို နွှဲခဲ့ကြတာ မဟုတ်ဘဲ။
ငါအရှုံး မင်းအနိုင်
မင်းအရှုံး ငါအနိုင်
လွန်ဆွဲသလို နှစ်ဦးစလုံး
ရင်ဆိုင်လဲခဲ့ကြတယ် မဟုတ်လား
တရုတ်ဘုန်းကြီးတစ်ပါးလို
“ဝေါ်မီတော်ဖု”နဲ့ဣန္ဒြေဆောင်ရမလား
“ဝေါ်အိုက်နီ”ဆိုပြီး အချစ်ကို
ပြန်သီရမလား

မရေရာတာတွေ ခေါင်းစားနေခဲ့ပြီ
နေခဲ့တော့ လရိပ်ဖြူ
နေခဲ့တော့
သံသရာတစ်ဖက်ကမ်းမှာ လမ်းမမြင်ပေမယ့်
လျှောက်ရမယ်မှန်း ငါသိခဲ့ပြီ
ကျန်ရစ်သူတစ်ယောက်ရဲ့ ဓားတစ်ရာ
မွှမ်းတဲ့ရင်ခွင်ကို
ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့

မင်းအချော့အမြူမှာ
ကြယ်အစင်းစင်း ကြွေသားစမ်းစေ
မှောင်မဲမဲထဲ ငါဆက်လျှောက်ရဲပါတယ်။

အနားလာပါ ငါမျှော်နေမယ်
အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
သွေးစွန်းသွားခဲ့

မင်းမသိပေမယ့် ငါသိတယ်
နက္ခတ်ဆရာမသိတဲ့ နေကြတ်၊လကြတ် အခါသမယဟာ
အဲဒီကာလပေါ့

ဒါလီရေ. . . ငါ့နာရီတွေ ပျော့ခွေမသွားဘူး
ကြွပ်ဆတ်ကျိုးပျက်သွားတာကွ လို့
ငါအော်ခဲ့တယ်။

မျှော်လင့်ချက်ဟာ မီးကျိုးမောင်းပျက်
ရေကုန်သွားတဲ့ သင်္ကြန်သေနတ်
မီးလောင်သွားတဲ့ အချစ်တစ်စုံ
ပြာဖြစ်သွားမှ ဂဟေဆက်မရတော့သလို
၁…၂…၃…၄
မင်းနဲ့ငါ ၃နဲ့၄ လိုပြေးထွက်ခဲ့ပြီ

ပြဒါးလို အတက်အကျမမြန်ခဲ့သလို
သံလိုမမာကျောခဲ့ပါဘူး
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
မင်းနဲ့ငါ့ နာမည် ကမ္ဗည်းတင်ပြီ

အေးစက်ပေမယ့် ပေးဆပ်ခဲ့ကြပါတယ်
ဘယ်ရွေ့ဘယ်မျှ ပမာဏက
ဘယ်ဂါလံခွက်နဲ့မှ ချိန်လို့မရ
အချစ်တွေ အလွမ်းတွေနဲ့အတူ
တောင်ကုန်းမြင့်မြင့်
မျှော်စင်လေးထိပ်မှာ ချိတ်ဆွဲထားမယ်။

ငှက်ကလေးတွေ လာနားတဲ့အခါ
ဆည်လည်းသံတလွင်လွင်နဲ့
မင်းနဲ့ငါ့အလွမ်းကို
သူတို့ အသိအမှတ်ပြုလိမ့်မယ်

စာကြည့်တိုက်တစ်ခုမှာ မင်းနဲ့ ငါ့အနမ်းက
တိတ်ဆိတ်ခဲ့ပြီ။
သိမ်းထားပါ
မြုပ်နှံပါ
ရဲရင့်ပါ
စွန့်စားပါ
မြတ်နိုးတန်ဖိုးထားပါ
တခါတခါ ပိတ်နေတဲ့ တံခါးကို
ခြေဆောင့်ကန်ဖွင့်ရသလို
ကံကြမ္မာကို လက်ဝါးစောင်းပြင်းပြင်းတစ်ချက်
ကျွေးပါ။

သူနာ ကိုယ်နာ
ရင်မနာဖို့ ဂရုစိုက်ပါ
ငါ့ အမှားမှာ သင်ခန်းစာ
ယူပါ
အိပ်ရေးဝ ဝ အိပ်ပါ
အိပ်ယာက နိူးလျှင်
ကမ္ဘာတစ်ဖက်က ငါ့ကို
မင်းငိုသံတွေနဲ့ နှိုးလိုက်ပါ
ဟန်မဆောင်တတ်တဲ့ မင်းကို
ငါ စိတ်နဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်
ငါချစ်တဲ့ မင်းတစ်ယောက် ကျန်းမာပျော်ရွှင် စိတ်တိုင်းကျသူ ဖြစ်ပါစေ ။

ကဗျာချစ်သူ
ရွှေအိမ်စည်

18 comments

  • ပေါက်ဖော်

    August 24, 2011 at 9:58 pm

    တော်ကီတွေကတော့ လန်ထွက်နေတယ်

    အသည်း ဘယ်နှခါ ကွဲဖူးတုန်း..မှန်မှန် ဖြေစမ်း..

    လူကြီးကို လိမ်ရဘူးနော်.. 😛

    • ရွှေအိမ်စည်

      August 24, 2011 at 10:53 pm

      မလိမ်ရပါဘူး……
      ငါ့အသည်းက..နင်ဘဲ ခွဲသွားတာလား
      ဒါမှမဟုတ်..သူ ့အလိုလိုဘဲ ကွဲသွားတာလား
      ဘာပဲဖြစ်ဖြစ်လေ……
      နင်ချစ်မှူရေးရာသိတတ်သူတစ်ယောက်အနေနဲ ့
      ကျကွဲလွင့်စင်သွားတဲ ့.
      .ငါ့အသည်းလေးကို…
      ငါ့ရင်ဘတ်ထဲ
      ပြန်ကောက်ထည့်ပေးသွားပါ…..:P

  • စုန်းထီး

    August 24, 2011 at 10:21 pm

    အသည်းမကွဲပါဖူးပါဘူးတဲ့
    တစ်ခါတည်း ကြေမွသွားခဲ့တာပါတဲ့
    ကိုယ်စား ( ခေါင်းစား အမြီးကျက် အမြီးစား ) ဖြေပေးလိုက်ပါတယ်
    ပုံ
    … အမိန့်အရ

    (စုန်းထီး)
    အတွင်းရေးမှူး
    အထွေထွေမေးစာများပြန်ကြားရေးအဖွဲ့
    စုန်း/ကဝေ/မှော်/ဥစ္စာစောင့်/သူယောင်မယ်/ရွာသူ
    အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
    😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀

    • ရွှေအိမ်စည်

      August 24, 2011 at 10:49 pm

      အတွင်းရေးမှူး..အခုမှဘဲ ရတော့တယ်…..

      ရွာသူရဲ ့အတွင်းရေးမှူးအသစ်ခန် ့တယ်…င့ါပွိုင့်နင့်ကိုလွဲတယ်…

      သို ့သော်…..သူကြီးခွင့်ပြုချက်တောင်းရန်

      (အခု…….အသည်းကကွဲနေတာနော်) Please click me tender Please click me tender

  • မီးမီး သော်

    August 24, 2011 at 11:20 pm

    ဟာ အသည်းကွဲနေတယ်တဲ့နော်။အစာများများစားပေါ့ ရွှေအိမ်စည်လေးရယ်နော်။မိုက်တယ်ကွာ ကဗျာလေးက—–

    “”လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
    ခြားသွားတဲ့ စည်းလို
    ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
    ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်
    ဒီပွဲမှာ ငါရှုံးပါတယ်
    မင်းနိုင်ပါတယ်”””””

  • TTNU

    August 25, 2011 at 12:16 am

    ဒီကဗျာလှလှလေ တစ်ပုဒ် ဖြစ်လာဖို့ ခံစားချက်တွေ အချိန်တွေ အများကြီးရင်းခဲ့ရမှာပဲနော်။
    ှုIt’s really amazing, the readers can be moved.
    ဒါပေမဲ့ ကိုယ် ကဗျာ သဘော နားမလည်တာနေမှာပါ။

    ကျန်ရစ်သူတစ်ယောက်ရဲ့
    ဓားတစ်ရာ မွှမ်းတဲ့ရင်ခွင်ကို
    ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့၊

    အဲဒီနေရာ မှာ နည်းနည်း မျက်စိလည်တယ်။
    ကိုယ်ညံ့တာနေမှာပါ။

  • Moe Z

    August 25, 2011 at 10:09 am

    “အနားလာပါ ငါမျှော်နေမယ်
    အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
    သွေးစွန်းသွားခဲ့”
    အခုဆို တစ်နှစ်ပြည့်တော့မှာပေါ့နော်
    anniversary လုပ်ရင်ဖိတ်ဦးနော်…

  • ကြောင်ကြီး

    August 25, 2011 at 10:10 am

    တော်ကီတွေကလန်ထွက်
    မော်လီဆွေကခံသတ်
    ဘော်ဘီထွေကရမ်ပက်
    ဂျော်နီငပေကအံဖတ်
    စော်ကြည်ဖေကမာန်တက်…။

      • pan pan

        August 25, 2011 at 12:56 pm

        ဆော်ကြည် ပေါ်သည်
        အော်ပြီ ဂျော်နီ
        ကြောင်စီ လှောင်ရယ်
        တော်ပြီ အိမ်စည်
        :mrgreen:

    • pan pan

      August 25, 2011 at 12:55 pm

      လန်ထွက်တော့ ခြံခတ်ပြီး
      ဒန်ခွက်နဲ့ ရိုက်လိုက်မယ်
      ခံသတ်တော့ ပြန်ပတ်ပြီး
      သံဘရပ်နဲ့ တိုက်ပစ်မယ်
      ရမ်ပက်တော့ အကြံနက်နဲ့
      ရေတစ်ခွက်တော့ ရောလိုက်မယ်
      အံဖတ်တော့ အခံခက်လို့
      တစ်ချက်တည်းနဲ့ ထွေးထုတ်မယ်
      မာန်တက်တော့ တအားညှပ်ပြီး
      အားစိုက် ဖက်လိုက်တယ်
      :mrgreen:

  • Big Defender

    August 25, 2011 at 10:35 am

    ရှယ်ပဲဗျာ
    လန်ထွက်နေတာပဲ

  • နွယ်ပင်

    August 25, 2011 at 10:58 am

    အသည်းကွဲဖူးမှ ဒီလို အမိုက်စား အလန်းစား စကားလုံးလေးတွေနဲ့
    ကဗျာ တစ်ပုဒ်ထွက်လာတာနော် ဟုတ်တယ်ဟုတ်
    အခု အသဲကွဲနေတာလား ရွှေအိမ်စည်ရေ
    လာလေ ….ကိုရီးယားကားထဲကလို အတူတူသွားသောက်ရအောင် အဖော်လိုက်ပေးမယ် 😛

  • ရွှေအိမ်စည်

    August 25, 2011 at 11:25 am

    အမလေး..ရွာပြင်မှာ..ပိုလီယိုဆေးတိုက်ကြွေးနေတာ..
    အဲ လေ…စိတ်အဟာရတိုက်ကြွေးနေတာနဲ ့..ရွာထဲ တောင်မဝင်မိဘူး…

    ဟုတ်တယ်နွယ်ရေ..စာတွေ တကုတ်ကုတ်ရေးဖတ်နေတာ…
    ချစ်သူကိုနေကောင်းလားတောင်….စာတစ်ကြောင်းမှမရေးမိတာ..

    ချစ်ချစ်ကကောက်သွားရော……

    သူ ့ဖြတ်မလား..စာရေးတာရပ်မလားဆိုတော့…နေတော့ပေါ့နော်…..
    ကိုယ်ကမှမနေနိုင်တာကို……..ရေးပေးလိုက်တာပေါ့

    အွန်..ကိုရီးယားကားလို ့တော့သောက်ပေါင်…..
    နောက်တစ်ယောက်ဘဲထားမယ်…….အဟားစတာ…

    ……….အဖော်လိုက်ပေးမယ်ဆိုလို ့ကျေးဇူးတင်ပါတယ်…..သောက်ရင်ခေါ်မယ်နော်….
    ဒီကပျော်မှသောက်တတ်တာ..
    စိတ်ညစ်ရင်..စာပိုဖတ်တယ်..
    အလုပ်များအောင်လုပ်ပစ်လိုက်တယ်…
    **********

    ဟန်ဆောင်နေတာပါ..ဟီးးးးးးးးးးရွှတ်..ရွှတ်

  • forever

    August 25, 2011 at 11:34 am

    စာကြည်.တိုက်တခုမှာ
    မင်းနဲ.ငါ.အနမ်းကတိတ်ဆိတ်ခဲ.ပြီ တဲ…
    အော… စာကြည်.တိုက်ထဲမှာ ကဲတဲ.အတွဲကမင်းတို.ကိုး….

  • Moe Z

    August 25, 2011 at 11:53 am

    “အချစ်တွေ အင်တာနက်မှာ
    မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။”
    ဟာ…အခုမှတရားခံပေါ်တော့တယ်
    connection က ခဏခဏ block ဖြစ်တာ ရွှေအိမ်စည်ကြောင့်ကိုး

  • manawphyulay

    August 25, 2011 at 11:56 am

    ဖတ်ကြည့်လိုက်မိတဲ့အခါ
    ဟတ်ထိသွားတစ်ခါ…..

    စာကြည့်တိုက်ထဲဝင်တဲ့အခါ
    သတိထားကြည့်မိတစ်ခါ…..

    စိတ်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ
    ကြိုလင့်မယ့် လက်တစ်စုံနဲ့ပါ…..

Leave a Reply