ကုတင်တစ်ထောင်ဆန်.က လူနာ ၈ ယောက်လောက်ကိုလက်မခံခြင်း

ဂ်ဲသုAugust 23, 20111min19813

ကြားဘူးကြလားမသိ ကုတင်တစ်ထောင်ဆန်.နေပြည်တော်တပ်မတော်ဆေးရုံကြီးက ရေးပေါ်လူနာ ၈ ယောက်လောက်ကိုလက်မခံဘူးဗျ။

ကျွန်တော်တို.အတက်နေ.ည ကနေပြည်တော်ကနေမန်းလေးကိုပြန်တာ လမ်းမှားပြီး နေပြည်တော်မြို.ပတ်လမ်းကိုရောက်သွားတာ အချိန်က ည၁ဝ နာရီလောက် လမ်းမှာ ကားတစ်စီးတွေ.တယ်ဗျ မှောက်နေတာ ရေပက်ခံကား လိုက်ထရပ်လေး လူ ၂ဝ လောက်ပါမယ်ထင်တယ်

အဲဒါနဲ့ ကျွန်တော်တို.လည်း တတ်နိုင်သလောက်ကူညီပြီး စိုးရိမ်ရတဲ့လူနာတွေကို ခွဲထုတ်လိုက်ပါတယ် ပြီးတော့ လမ်းကြုံကားတစ်စီးကိုတားပြီး လူနာ ၈ယောက်လောက်နဲ့ အနီးဆုံးဆေးရုံ တစ်ခုခုကိုသွားမယ်ဆိုပြီး နေပြည်တော်ကုတင် ၁၀၀ဝ ဆန်. တပ်မတော်ဆေးရုံကိုသွားပါတယ် ဟိုရောက်တော့  သုံးပွင့်နဲ့ ဗိုလ်ကြီးဆရာဝန်က ထွက်တောင်မကြည့်ဘူးဗျာ အဲကွန်းခန်းထဲကတောင်မထွက်ပဲ လက်မခံနိုင်ဘူးတဲ့ အရပ်ဘက်ဆေးရုံကိုသွားတဲ့ ဒါနဲ့ ကျွန်တော်တို.လည်း လူနာတွေကို ဘာမှလုပ်မပေးနိုင်ပဲဒီအတိုင်းကြီးြ ပန်လာခဲ့ ရတယ် အနည်းဆုံးဗျာ ဆေးရုံပဲ အရေးပေါ်လူနာတွေကို ထိုက်သင့်သလောက်တော့ ကြည့်ပေးပေါ့ဗျာ ပြီးမှ လက်မခံချင်မခံနဲ့ပေါ့ မတော်လို.များ လမ်းမှာအဲဒီလူနာတွေတစ်ခုခုဖြစ်ရင် အဲဒီလူနာတွေကိုသတ်တာ အဲဒီဆေးရုုံလို.ပြောရမှာ ပဲ  တာဝန်ရှိတဲ့သူတွေများ ဒီစာဖတ်မိတယ်ဆိုရင် ထိုက်သင့်သလိုတစ်ခုခုတော့လုပ်ပေးကြပါ ကျွန်တော်သိတာကတော့ ဆရာဝန်ဆိုတာ ရန်သူဆိုရင်တောင်ကုပေးရမယ်လို.သိထားတာပဲ ခုလူနာတွေက ရန်သူတွေလဲမဟုတ်ကြပါဘူး ဒုက္ခရောက်နေတဲ့ပြည်သူတွေပါ ကုတင်တစ်ထောင်ဆန့်အောင်ဆောက်ထားပြီး လူနာကျတော့ လက်မခံ ဘူးဆိုတော့ ဆေးရုံကြီးကို ကုတင်အလွတ် တစ်ထောင်ဆန်.ဆေးရုံကြီးဆိုပြီးနာမည်ပြောင်းဖို.တောင်ကောင်း

နေပြီ။

 

13 comments

  • pan pan

    August 23, 2011 at 2:23 pm

    စစ်ဆေးရုံဆိုတော့ အရပ်နဲ့မဆိုင်ဘူးပေ့ါလေ
    တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတော့
    စစ်တက္ကသိုလ်မှာ စာပေဟောပြောပွဲလုပ်တော့ ရဲဘော်တွေက ရယ်စရာလည်းမရယ်၊ ဘာမှမတုန့်ပြန်တော့
    သင်တန်းကဆရာက ရယ်စရာရှိရယ်၊ ငိုစရာရှိငို ခွင့်ပေးတယ်လို့ပြောမှ ရယ်ကြသတဲ့
    ဆရာဝန်ဆိုတာ ရန်သူတောင်ကုရတယ်ဆိုတာ ဟုတ်ပေမယ့် သူတို့ကတော့….ဒီစကားက သူတို့နဲ့မဆိုင်သလိုပေ့ါ 🙁
    ဘာပဲဖြစ်ဖြစ်ပေ့ါ…ခုလိုလုပ်တာတော့ မကောင်းဘူးလေ
    ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့က အဓိကရည်ရွယ်ချက်ပဲမလား
    ဆေးရုံမှာ လက်ခံလို့မရရင်တောင် အကူအညီတစ်ခုခုတော့ လုပ်ပေးသင့်ပါတယ်

  • Shwe Ei

    August 23, 2011 at 2:24 pm

    တပ်မတော်ဆေးရုံ ဖြစ်နေလို့ အပြင်လူကုမပေးတာများလား?

  • kai

    August 23, 2011 at 2:34 pm

    အောက်မှာ.. အမေရိကားက.. ဆေးရုံအရေးပေါ်အခန်းမှာတင်..ဘာမှမလုပ်ပေးလို့… သေတဲ့လူနာတွေအကြောင်းပါတဲ့ သတင်း၂ပုဒ်တင်ပေးထားတယ်..။ သတင်းအရှည်ကို.. လင့်ခ်ကတဆင့်ဖတ်ကြည့်ပါဥိး..။
    အင်မတန်စိတ်မကောင်းစရာပါ..။
    ကျုပ်ကိုယ်တိုင်လည်း.. ကားအက်စိဒန့်နဲ့. .ဆေးရုံအရေးပေါ်ရောက်တာ.. ဘာမှမလုပ်ပဲ..တနာရီကျော်ကြာ ..အရေးပေါ်ခန်းထဲ..ပစ်ခံထားရဖူးတယ်..။ မသေလို့.. ရှင်နေတယ်မှတ်ပေါ့နော..။

    မြန်မာပြည်မှာတင်ဖြစ်နေတာမဟုတ်ဘူး..ဆိုတာပြောလိုရင်းပါ..။

    LOS ANGELES — A woman who lay bleeding on the emergency room floor of a troubled inner-city hospital died after 911 dispatchers refused to contact paramedics or an ambulance to take her to another facility, newly released tapes of the emergency calls reveal.

    Edith Isabel Rodriguez, 43, died of a perforated bowel on May 9 at Martin Luther King Jr.-Harbor Hospital. Her death was ruled accidental by the Los Angeles County coroner’s office.

    Relatives said Rodriguez was bleeding from the mouth and writhing in pain for 45 minutes while she was at a hospital waiting area. Experts have said she could have survived had she been treated early enough.

    County and state authorities are now investigating Rodriguez’s death. Relatives reported she died as police were wheeling her out of the hospital after the officers they had asked to help Rodriguez arrested her instead on a parole violation. Sheriff’s Department spokesman Duane Allen said Wednesday that the investigation is ongoing.

    In the recordings of two 911 calls that day, first obtained by the Los Angeles Times under a California Public Records Act request, callers pleaded for help for Rodriguez but were referred to hospital staff instead.

    “I’m in the emergency room. My wife is dying and the nurses don’t want to help her out,” Rodriguez’s boyfriend, Jose Prado, is heard saying in Spanish through an interpreter on the tapes.

    “What’s wrong with her?” a female dispatcher asked.
    Advertise | AdChoices

    “She’s vomiting blood,” Prado said.
    http://www.msnbc.msn.com/id/19207050/ns/health-health_care/t/woman-dies-er-lobby-refuses-help/#.TlNdY6i9FsA
    ========
    http://www.cnn.com/2011/HEALTH/01/13/emergency.room.ep/index.html
    (CNN) — When 2-year-old Malyia Jeffers developed a fever one Sunday afternoon in November, her parents gave her a children’s Motrin and kept a cautious eye on her throughout the night.

    By the following morning, Malyia’s fever had jumped to 101 degrees, and other concerning symptoms also started to appear.

    “I noticed bruising on her right cheek. She was really weak and could hardly walk,” says her father, Ryan. He and his wife, Leah, drove Malyia to the emergency room at Methodist Hospital, five miles from their Sacramento, California, home.

    According to Jeffers, a triage nurse briefly examined his daughter and said Malyia most likely had a virus and a rash, and told the family to wait.

    They waited — and Malyia got worse.

    • kai

      August 23, 2011 at 3:12 pm

      ကျုပ်ပြောတာမှာ.. မြန်မာစစ်ဆေးရုံက.. အရပ်သားအရေးပေါ်လူနာကို.. လက်မခံတာ..မှန်တယ်လို့ ပြောလိုရင်းမဟုတ်ပါဘူးနော..။
      ဆရာဝန်ကျင့်ထုံးတွေတွေ..။ စစ်ဆေးရုံးစည်းကမ်းတွေတော့မသိဘူး..။
      ဒါပေမဲ့.. ပို့စ်တင်သူက..ပို့စ်တင်ပြီပြောတာကို ထောက်ခံကြောင်းလေးပြောချင်လို့ပါ..။

      ဒါမျိုးတွေက.. လူထုဖက်က..ပြောရတာက.. ဘလိမ်း.ကလိမ်း..တက်သင့်တာတွေပါ…။ 🙂

  • မီးမီး သော်

    August 23, 2011 at 3:04 pm

    ဟုတ်မှာပေါ့လေ. စစ်ဆေးရုံမိုးနေမှာပါ–ဒါမှမဟုတ်ရင်တော့ သိပ်မကျွမ်းကျင်ကြလို ့လက်ခံပြီးတော့ မကုသရဲ လို ့နေမှာပါရှင်။စစ်သားဟာစစ်တိုက်ဖို ့ဘဲတတ်မှာပေါ့။ဆေးထိုးအပ်ကိုင်၊ရာဇပလ္လင်ပေါ်တက်ထိုင်ရတာ. တန်ရဲ ့လား လို ့သူတို ့ကိုယ်ဖာသာပြန်မေးသင့်ပါတယ်

    • Foreign Resident

      August 24, 2011 at 7:34 am

      No !!!
      If အရေးပေါ်လူနာ,
      Even in စစ်ဆေးရုံ, They must at least treat with first aids,
      After that, they can refuse admission.
      This is international & also Myanmar medical practice.
      I am sure, those captain knew that.

      May be, they want to save their medicine,
      because those every medicines are money for them.

      Finally, if you want to blame, blame to poorness.

  • Endless

    August 23, 2011 at 3:13 pm

    သာကြီး…. တင်မယ်ဆို တစ်ခြား အကြောင်းအရာ တင်ပါကွာ…
    တောင်းပန်ပါတယ်…. သိပ်မဖွပါနဲ့…. အဲ့ဒီ အကြောင်းတွေ ဖန်တစ်ရာတေ နေလို့ပြောတာ…
    မိုးကြီး

    • jalthusg.kt

      August 24, 2011 at 11:17 am

      အေးကွာ မင်းသိပြီးသာဆိုမဖတ်နဲ့ပေါ့ကွာ ငါက မသိသေးတဲ့သူတွေဖတ်ဖို.တင်တာပါ မင်းမကြိုက်ရင်မဖတ်ပဲနေလို.ရပါတယ် ဒါက ငါ့ကိုယ်တွေ.မို. မခံမရပ်နိုင်လွန်းလို.နေရာစုံမှာတင်နေတာပါ တစ်ချိန်ချိန်တစ်ခြားတစ်နေရာရာမှာ အဲလိုအဖြစ်မျိုးအဖြစ်အောင် အဲလိုအဖြစ်မျိုးကိုဘယ်သူမှမကြုံချင်ကြဘူးဆိုတာ သိအောင်တင်တာပါ

  • zaymdy

    August 23, 2011 at 4:32 pm

    ပြည်သူသာ အမိ
    ပြည်သူသာ အဖ ကနေ. .. တပ်မတော်သာ အမိ
    တပ်မတော်သာ အဖ ဆိုတည်းက သိလိုက်ရပါပြီး….

  • icecube

    August 23, 2011 at 6:59 pm

    အင်းနော်………… တပ်မတော်နဲ့ပြည်သူ ဘယ်တော့မှ သဟဇာတ ဖြစ်တော့မလဲ….။
    ဒီပုံအတိုင်းဆို……

  • ogre

    August 23, 2011 at 9:55 pm

    ဒါက စည်းခြားတဲ့သဘောပဲဗျ
    နေပြည်တော် စည်ပင်ရိပ်သာမှာတောင်
    စစ်သားတွေတည်းခိုလို့မရဘူးလို့ ရေးထားတာတွေ့တယ်
    စစ်တန်းလျှားနဲ့ အရပ်သားခွဲခြားထားတဲ့စည်းတစ်ခုပဲ
    ပြည်သူ့ တပ်မတော်မှန်ရင်တော့ သူတို့ဆေးရုံမှာလက်မခံရင်တောင်
    အရပ်ဖက်ဆေးရုံကိုလွဲပေးဖို့ စီစဉ်ပေးသင့်တယ်
    သူတို့စစ်သားတွေကားမှောက်လာရင် အရပ်ဖက်ဆေးရုံကလူတွေ ကလဲ
    အဲလိုပဲပြောပြီးပြန်လွတ်လိုက်ကြည့်ပါလား
    နောက်နေ့ စစ်တန်းလျှားခေါ်ပြီး ဒါပြည်သူတပ်မတော်သားကွ ဘာမှတ်နေလဲပြောပြီး
    အထောင်းခံရ ရင်ခံရ အဲဒါမှမဟုတ်
    နောက်နေ့ “ဆမ” လက်မှတ်အသိမ်းခံရမယ်မှတ်ထား ဘာမှတ်လဲ လုပ်စားမရဖြစ်သွားမယ်

  • etone

    August 24, 2011 at 10:19 am

    စစ်ဆေးရုံမို့လို့ .. အရပ်သား လက်မခံတာဖြစ်ဖို့များပါတယ် … ဒါပေမဲ့လည်း… လုပ်ထုံးအနည်းငယ်လွဲချော်နေတယ်လို့ ထင်မိတယ် … အရေးပေါ်ကားမှောက်လို့ရောက်လာတဲ့ လူနာတွေကို လက်မခံထားဘူးဆိုလျှင်တောင် လိုအပ်တဲ့ ရှေးဦးသူနာပြုစုနည်းတွေနဲ့… သွေးထွက်မလွန်အောင်တို့.. သတိရအောင်တို့… အရင်လုပ်ပေးပြီး ယာယီနားစေပြီမှ တခြားဆေးရုံကိုလွှဲပေးသင့်တယ်လို့ထင်ပါတယ်… ။

    ချက်ချင်းကြီး အားကိုးတကြီးနဲ့လာတဲ့လူတွေကို ဘာတစ်ခုမှမလုပ်ပေးပဲ ပြန်လွှတ်လိုက်တာကတော့ … မဖြစ်သင့်ပါဘူး … ။ နောက်ပိုင်းလူတွေက ဒီနေရာ လာပြီး ဘာမှမထူးဘူး … အာပလာကြီးလို့ … ထင်သွားစေနိုင်တဲ့ အတွက်ပါပဲ … ။ ပန်းသတင်းလေညှင်းဆောင်ပြီး …လူသတင်းလူချင်းဆောင်မှာမို့ … သမိုင်းမှာ အညစ်ထေးမဖြစ်သွားအောင် … ဆေးရုံက တာဝန်ရှိသူတွေ ..နည်းနည်းပြန်စမ်းစစ်သင့်ပြီထင်တယ် 🙄

    • Moe Z

      August 24, 2011 at 10:43 am

      etone ပြောတာဖြစ်နိုင်ပါတယ်၊ စစ်ဆေးရုံမှာ မိသားစုဝင်တွေတက်ရောက်ကုသဖို့တောင် စာရွက်စာတမ်းတွေ လိုအပ်တဲ့အထောက်အထားတွေပြရပါတယ်၊
      ပြီးတော့ တပ်မတော်သားရဲ့ မိဘဆိုရင်လက်ခံတယ်။ ယောက္ခမဆိုရင် လက်မခံဘူးတဲ့။
      တပ်သားအဆင့်ကိုပြောတာနော် 😛

Leave a Reply