The defiance of the flower

Moe ZAugust 23, 20111min764
  • အမျိုးသမီးမှာ လက်နှစ်ဖက်ရှိတယ်

ပိုးဖဲစလို နုပျော့နေဖို့ မဟုတ်

ဘဝအခြေခံကို ခိုင်မြဲစွာဆုပ်ကိုင်ဖို့။

  • အမျိုးသမီးမှာ ခြေနှစ်ဖက်ရှိတယ်

မျှော်မှန်းချက်အတိုင်း မြင့်နိုင်သမျှမြင့်အောင်တက်ဖို့

တစ်ပါးသူအပေါ် မှီခိုဖို့မဟုတ်။

  • အမျိုးသမီးမှာ မျက်လုံးအစုံရှိတယ်

အမျိုးသားတွေကို ညှို့ငင်ဆွဲဆောင်ဖို့မဟုတ်

ဘဝအသစ်တွေကို ရှာဖို့

ကျယ်ပြန့်တဲ့ကမာ္ဘတစ်ခွင်ကို စူးစမ်းဖို့။

  • အမျိုးသမီးမှာ မယိမ်းမယိုင်တဲ့ မြဲခိုင်တဲ့

မီးရှူးတိုင်လို နှလုံးသားရှိတယ်

လူသားတွေကို ဖန်ဆင်းဖို့

အင်အားတွေကို စုစည်းဖို့။

  • အမျိုးသမီးမှာ ဘဝရှိတယ်

ပျော်ပါးမှုရှာရာမှာ အသုံးတော်ခံဖို့မဟုတ်

လွတ်မြောက်ခြင်းတန်ဖိုးကို သင်ယူဖို့

အမှားတွေကို ကျိုးကြောင်းခိုင်လုံစွာ ပြင်ဆင်ဖို့။

  • ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေရှိတယ်

တပ်မက်သူတွေအတွက် ပွင့်ဖို့မဟုတ်

မဟာပထဝီမြေဆီအဖြစ် အားဖြည့်ဖို့

အစွမ်းကုန်ပွင့်လို့။

 

(အမျိုးသမီးတိုင်းကို မဆိုလိုပါ။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။)

 

4 comments

  • Kyaemon

    August 23, 2011 at 3:55 pm

    Excellent Poem!

    I think you meant “Defiance” in your title.

  • kai

    August 23, 2011 at 4:01 pm

    စာလုံးပေါင်းမှားနေလို့… ပြင်ပေးလိုက်ပါတယ်..လုံမ မိုးဇက်ရေ..။

    • Moe Z

      August 24, 2011 at 8:25 am

      Ohh !!!!
      How clumsy I am…thanks a lot.

  • pan pan

    August 23, 2011 at 4:40 pm

    ကောင်းလိုက်တာ
    ကျွန်မတော့ အရမ်းကြိုက်တယ်
    သဘာဝအရ အင်အားနည်းပေမယ့် ကဗျာထဲကလို ဖြစ်ရမယ်
    တစ်ချက်မဟုတ် တစ်ချက်တော့ဖြစ်ရမယ်

Leave a Reply