အားလုံးပြုံး​ပြီးမှမရယ်​ကြပါနဲ့

thit minAugust 27, 20111min1259

မှားယွင်းမှု၏ရလဒ်”
မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။

တကယ်တမ်းပြောရရင်အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ ”
ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး”

ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာမဟုတ်ဘူး။ တက္ကစီသမားကိုကွ ”

 သူ့လက်ရာ

” ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင်”

“ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ ”

“မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာချဉ်စပ်လို့ရေးထားတယ်ရှင့်

 တစ်ယောက်တစ်လှည့်

“ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ်ဟန်းနီးမွန်းထွက်ချင်လို့ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ ”

“အင်း ….. ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက်မရှိရင်လည်းမဖြစ်ပြန်ဘူး။

နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြဝန်ထမ်းတွေဆိုတော့ခွင့်မပေးနိုင်ဘူးလို့လည်းမပြောရက်ပြန်ဘူး။

ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့မေတ္တာရပ်ခံပါရစေကွာ ”

 သူ့နေရာသူပြန်သွား

“ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ “”
ဪ ….. အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီဆရာမ “”
ဟောတော်ဒုက္ခပါပဲ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် 。。အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ”

 မေးမှသိတယ်

“မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ဝမ်းသာတယ်ကွာ၊

နေ့ခင်းတုန်းကတောင်မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့မင်းတို့လင်မယားနှစ်ယောက်
ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ ”

“ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ ”

 ပြောချင်တာကဒီလိုပါ

“မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ပြီးတော့ညအမှောင်ထဲ
ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ယာဉ်မောင်းလိုင်စင်လည်း
မပါဘူး ။ ကိုင်း …..ဒီလောက်တောင်အပြစ်တွေများတာ
ဘာပြောချင်သေးလဲ ”

“ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။

အဲဒါကတော့ဒီကားကိုခိုးလာတာပါပဲ ”

 မေမေ့တာဝန်ထားလိုက်

“ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။

သူကငရဲရှိတယ်ဆိုတာကိုမယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ ”

“လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့မေမေ့တာဝန်ထားလိုက်စမ်းပါ”

 အမွေဆက်ခံမိလို့

“ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”

“ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။

ဒီဂူထဲမြုပ်ထားတာခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား ”

“ဟင့်အင်း ….. ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ ”

 မမြောက်ပါနဲ့ဗျာ

“မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊

ရေခဲသေတ္တာရယ်၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ
အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  ”

“ဟာ ….. တရားသူကြီးမင်းကလည်း ကျွန်တော့်ကိုအနေခက်အောင်မြှောက်နေပြန်ပြီ”

ထင်တာကတခြား

“တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ
ဟုတ်သလား ”

“ဟုတ်ပါတယ် ၊ တရားသူကြီးမင်း ”

“ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ”

“ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင်”

သိချင်လို့

“ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ ”

“မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ ”

“ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ ”

“ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ဝယ်လာတာလေ ”

ပြင်ပအစားအစာ

“ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။မြန်မြန်သွားကယ်ကြရအောင်”

“ဟင်း ….. တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေလုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် ”

ယောက်ျားဆိုတာ

“ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ၊အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် ”

“ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ ”

လိုချင်ရင်ပြောပါ

“ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊

အရိုးနဲ့အရေခွံချည်းပဲ”

” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား”

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

*မင်းသားဟာအပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင်နာကျင်ပုံမပြပေမယ့်မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့အခါမှာတော့နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

*မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ”က”ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

*မိတ်ကပ်တွေဟာလည်းတစ်ခါလိမ်းပြီးရင်မိုးရွာရွာနေပူပူဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဒီအတိုင်းပဲရှိနေပါတယ်။

*မင်းသားနဲ့မင်းသမီးချစ်သူနှစ်ယောက်ကွင်းပြင်ထဲမှာကနေတုန်းရုတ်တရက်(ဘယ်ကရောက်လာသလဲဆိုတာ
ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက်ထွက်လာပြီး သူတို့နဲ့အတူ ဝင်ကလေ့ရှိပါတယ်။

*ဇာတ်သိမ်းခန်းကျရင်မင်းသားဟာသူနဲတိုက်ခိုက်နေတဲ့လူဆိုးကသူအစ်ကိုဖြစ်ကြောင်းသူကိုကြည့်ရှုစောင့်ရှောက်နေတဲ့အိမ်ဖော်မိန်းမကြီးကသူ့အမေဖြစ်ကြောင်း၊ရဲအရာရှိကြီးကသူ့အဖေဖြစ်ကြောင်း၊တရားသူကြီးကသူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့်ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

*ရုပ်ရှင်ထဲကစကားတွေကြားမှာခပ်ကျယ်ကျယ်ပြောပြီးအများဆုံးညှပ်သုံးတတ်တဲ့အင်္ဂလိပ်စကားလုံးတွေကတော့
“No Problem”, “MyGod!”, “Get Out!”, “Shut
Up!”, “Impossible” နဲ့ “Please forgive me!”တို့ဖြစ်ပါတယ်။

*မင်းသားမင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီးလူးလှိမ့်နိုင်သလို အဝတ်အစားတွေလဲ
အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

သူတိုတွေဟာအုန်းပင်တွေကြားမှာပြေးလွှားခြင်းသီချင်းဆိုခြင်းမျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ခြင်းတစ်ယောက်နဲတစ်ယောက်ဖြတ်ကနဲအကြည့်ချင်းဖလှယ်ခြင်း၊အဝတ်အစားလဲခြင်းများကိုတပြိုင်ထဲမှာလုံးမမောမပန်းဘဲလုပ်နိုင်ကြပါတယ်။

 

တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

*မင်းသားရဲ့မိဘဖြစ်ရတဲ့သူတွေဟာကံမကောင်းတတ်ကြပါဘူးမင်းသားငယ်စဉ်ဘမှာရန်သူတွေသတ်တာခံရပြီး
မင်းသားကမိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။

*ဒဏ်ရရပြီးသေလုမျောပါးဖြစ်နေတဲ့လူတွေဟာအသက်ကိုရအောင်ရှုပြီးသူ့ကိုဘယ်သူသတ်သလဲဆိုတာ
ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ(သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။

*သိုင်းပညာရှင်တွေဟာခေါင်မိုးတွေသစ်ပင်တွေပေါ်မှာအဝေးကြီးကိုချွေးလုံးဝမထွက်ဘဲ
ပျံနိုင်ပါတယ်။ ဒါပေမယ့်တခြားမြို့တွေရွာတွေကိုခရီးထွက်တဲ့အခါတွေမှာတော့လမ်းလျှောက်ပြီး(ဒါမှမဟုတ်)
မြင်းစီးပြီးသွားကြရရှာပါတယ်။

*မင်းသားသူရဲကောင်းတွေဟာပိုက်ဆံရဖို့အတွက်အလုပ်မလုပ်ပေမယ့်ဝယ်စားတဲ့အစားအစာတွေအတွက်
ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲရှိနေတတ်ပါတယ်။

*တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲရောက်နေနေမင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။

*အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။တင်ပလင်ခွေထိုင်၊ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ပျောက်ပါပြီ။

*သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး(အထူးသဖြင့်ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်းပြုတ်မကျကြပါဘူး။

ဗေဒင

တနင်္ဂနွေ

“နွေ”ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလိုပူစပ်ပူလောင်ဖြစ်လတ္တံ့။
တနင်္ဂနွေနံနိုင်ငံဖြစ်သောအမေရိကန်တွင်တနင်္ဂနွေသားအိုဘားမားသမ္မတဖြစ်လာသဖြင့်နံတူအကျိုးပေးလုပ်ငန်းများအိမ်သာကျင်းတူးခြင်း၊အုတ်ဂူဆောက်ခြင်းတို့ကိုအင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။
ကျန်းမာရေးတွင်အော်ဟစ်ညည်းညူရမည့်ရောဂါကြီးများကိုအောင်မြင်စွာလက်ခံနိုင်သည့်အခြေအနေများရှိနေသည်။အချစ်ရေးတွင်အထာကျသည့်ချစ်သူလေးများရခါနီးကာမှအူကြောင်ကြားများနှင့်အကြောင်းပါသွားသဖြင့်အုတ်အော်သောင်းနင်း
ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့်
ယှဉ်အိပ်နေပါ။

တနလာင်္

“ကျားဆိုမှကျား”တနင်္လာသားသမီးများသည်ယခုလအတွင်းကြောင်တောင်တောင်နိုင်ခြင်း၊ကျပ်မပြည့်ခြင်းတို့ကြောင့်ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။
ကိုယ်ပိုင်အရည်အချင်းဖြင့်ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့်ချိန်းတွေစဉ်ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများချူစားခံရလတ္တံ့။
ပညာရေးတွင်ကျောင်းထုတ်ခံရခြင်း၊စာမေးပွဲကိုခွေးကျကျခြင်းများဖြစ်တတ်သဖြင့်ဖြစ်နိုင်လျှင်ကျောင်းမသွားပါနှင့်။ဂေါ်လီရိုက်ခြင်း၊ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ကူလီထမ်းခြင်းများကိုယခုလအတွင်းတနင်္လာသားသမီးများအတွက်
ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ
(အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို
လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟုသက်စေ့ကြွေးကြော်ပါ။

အင်္ဂါ

ယခုလအတွက်အကောင်းဆုံးဇာတာရှင်များမှာအင်္ဂါသားသမီးများပင်ဖြစ်သည်။မကြာခဏအလှူအဖိတ်ခံရခြင်း၊လိုင်းကားပေါ်တွင်ထိုင်စရာရတတ်ခြင်းတို့ကြောင့်အနေအစားချောင်နေနိုင်သည်။စုတ်ပြတ်နေသည့်တိုင်အောင်“ဆရာကြီး”ဟုအထင်ခံရနိုင်သည်။ဆွဲကြိုးချသတ်သေသည့်တိုင်ဇက်မကျိုးဘဲလှလှပပအသက်ထွက်သွားမည့်အင်္ဂါသားသမီးများဖြစ်သည်။စစ်သားများဆီးသွားရာတွင်ဇယားကပ်နိုင်သည်။စီးပွားရေးကောင်းနေစဉ်ညရေးညတာသွားလာရေးအဆင်ပြေစေရန်ဆင်တစ်ကောင်ဝယ်ထားသင့်သည်။ကျန်းမာရေးတွင်မူဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်းဆေးများဆက်တိုက်ဆိုသလိုသောက်နေရတတ်သည်။နှလုံးသားရေးရာတွင်စိတ်ဖောက်ပြန်နေသူများ၊ဇိမ်မယ်များ၊ဇီဇာကြောင်သူများ၊ညစောင့်များနှင့်စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ယတြာအနေဖြင့်ဇော်ဂျီအဝတ်အစားများဝတ်ပြီးဈေးဝယ်ထွက်ပါ။

ဗုဒ္ဓဟူး

ကံဇာတာမှေးမှိန်နေခြင်း
မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်းမဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင်လတ်နေတတ်သည်။
ယမကာကြိုက်တတ်သူများရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်နေသူများလျှမ်းလျှမ်းတောက်အောင်မြင်အံ့။လောင်းကစားကြောင့်ယောက္ခမနှင့်ရင်ဆိုင်ရဖွယ်ရှိသည်။ဝသောသူများဝိတ်မချနိုင်ပါကဝက်နှင့်တူလတ္တံ့။ပညာရေးတွင်ယောင်ချာချာဖြစ်နေသူများလျက်ဆားပြောင်းရောင်းသင့်သည်။
ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသောအိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း
ပေးလတ္တံ့။ ယတြာချေလိုပါကတစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

 

ကြာသပတေး

မူယာမာယာများတတ်သောကြာသပတေးသားသမီးများအတွက်ပြတ်ပြတ်သားသားကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ပြဿဒါးကိန်းထဲရောက်သဖြင့်ပြောင်ချော်ချော်လုပ်ခဲ့သမျှပြဿနာတတ်နိုင်သည်။
စီးပွားရေးတွင်ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။ကျန်းမာရေးတွင်
ပန်းနာရင်ကြပ်မှသည်ပန်းညှိုးပန်းသေမျက်စိကွယ်ဖုတ်လှိုက်ဖုတ်လှိုက်နှင့်အသက်သေသည်အထိဖြစ်တတ်သဖြင့်ဘုရားတရားလုပ်ချိန်တန်ပြီဟုဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်းအခြေအနေမပေးသဖြင့်ပန်းရံဆရာဖြစ်သွားအံ့။
နှလုံးသားရေးတွင်ချစ်ရေးဆိုလာသူကိုပဲများပြီးပါးရိုက်မိပါကမိုက်မဲခြင်းသာဖြစ်ပြီးမည်သူကိုမဆိုမြန်မြန်လက်ခံလိုက်သင့်သည်။ကံကောင်းစေမည့်ယတြာမှာပိတ်စတစ်ခုတွင်“ဘိန်းဖြူရောင်းသည်”ဟုရေးပြီးမ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

သောကြာ

သောကြာသားသမီးများကြွက်ကလေးများလို တွင်းအောင်းနေရအံ့။အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာထောင်ကျအံ့။

အလုပ်အကိုင်အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်သောကများနေနိုင်သည်။ ကျန်းမာရေးတွင်သေလောက်သည့်ကံများမရှိသော်လည်းသစ်ပင်ပိခြင်း၊
ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ
ကလေးရယ်” ဟု ပြောလာသူရှိပါက“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ”
ဟု ပြန်ပြောရန်ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ – တစ်ခုသော သောကြာနေ့တွင်သိက္ခာရှိသူတော်ကောင်းတစ်ဦးကိုသဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။

စနေ

**တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်ရင်းနှီးပြီး
တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။

နိဗ္ဗာန်ယာဉ်လုပ်ငန်းများတွင်အောင်မြင်အံ့။
ပညာရေးလိုက်စားသူများနိုင်ငံခြားမထွက်နိုင်ပါကပြည်တွင်းတွင်ပဲနေရလတ္တံ့။နေမကောင်းသူများနှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ
အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူရှိနေသည့်တိုင်အောင်တောင့်တောင့်ဖြောင့်ဖြောင့်အငယ်အနှောင်းထပ်ရရန်ရှိနေသဖြင့်အိမ်ထောင်ဘက်ကို
အလစ်မပေးသင့်ပေ။ အဆိုးများပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှနှပ်ချေးနည်းနည်းတောင်းစားပါ။

9 comments

  • koyinmaung

    August 27, 2011 at 2:20 pm

    အားပေးသွားပါတယ်…ကောင်ပါတယ်
    ဒါပေမဲ့စာကြောင်းတွေဖြတ်မပေးတဲ့အတွက်
    ဘောင်ကျော်ထွက်ကုန်တယ်….

  • နီလေး

    August 27, 2011 at 2:57 pm

    အားပေးသွားတယ်နော် အားရပါးရပြုံးပြီးမှ ရယ်သွားပါကြောင်း

  • မီးမီး သော်

    August 27, 2011 at 3:08 pm

    ကိုသစ်မင်း. ကတော့လုပ်ချလိုက်ပြန်ပီ။ဒါလေးကတော့ကြိ ုက်လို ့ပါ—-

    ထင်တာကတခြား
    “တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ
    ဟုတ်သလား “
    “ဟုတ်ပါတယ် ၊ တရားသူကြီးမင်း “
    “ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ”
    “ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင်”

  • cobra

    August 27, 2011 at 3:12 pm

    တော်တော်လေးရယ်သွားပါတယ်…။

  • alinsett

    August 27, 2011 at 5:35 pm

    မချ ိမဆန် ့ကို ရယ်လိုက်ရပါတယ် ။
    အရယ်ကောင်းလို ့တောင် ထွက်ကျ ကုန်ပါသေးတယ် ။ မျက်ရည်နဲ ့ နှပ်..တွေ။

  • yetazar

    August 28, 2011 at 11:04 am

    “ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး “

    “ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။

    ဒီဂူထဲမြုပ်ထားတာခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား “

    “ဟင့်အင်း ….. ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ “ …………….. အကြိုက်ဆုံးဟာသလေးပါ ။ ခုငိုနေတဲ့သူ သေရင်တော့ တတိယမြောက်တစ်ယောက် လာငိုဦးမယ်ထင်တယ် ။ ဟာသဆိုတာတွေက လက်တွေ့ဘဝတွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ ။ ရယ်စရာလေးတွေပါသလို တွေးစရာလေးတွေပါလာတယ် ။ ဟာသလေးတွေအားလုံးကြိုက်ပါတယ် ။ ကြုံရင်တင်ပေးပါဦး ။ ဖတ်ချင်ပါသေးတယ် ။

  • thithi lay

    August 28, 2011 at 11:05 am

    တရုတ်ကားနဲ ့ကုလားကားရှယ်မယ်နော် ဦးလေး

  • captainamerica

    August 28, 2011 at 12:50 pm

    ပြုံရုံတင်မကဝူး။အကျယ်ကြီးပါရီမိတယ်။တရုပ်ကားနဲ.ကုလားကားကတော့ခင်ဗျားပြောမှပဲ
    စဉ်းစားမိပီးအူတတ်အောင်ပါရီမိတယ်။ဟုတ်တာပဲဗျ 🙂 🙂 😛

Leave a Reply