***ရွာသူလေး ရဲ ့ရှားရှားပါးပါး (မွန်ရိုးရာ မုန် ့ဟင်းခါး)**

တင်ထားတဲ့ ခေါင်းစဉ်ကိုဖတ်ပြီး ရှားရှားပါးပါးဆိုလို ့အံ့ဩမသွားနဲ ့နော်။
ဒီနေ ့ဈေးသွားရင်း ရှားရှားပါးပါး ငှက်ပြောအူ နုနုလေးရောင်းတာတွေ ့လို ့ ချမ်းချမ်းတို ့သူဌေးမကလဲ မြန်မာအစားအစာ စားဘူးချင်တယ်ဆိုလို အရမ်းစားချင်တဲ့ မုန် ့ဟင်းခါးလေး ကို မချက်စဖူး ချက်စားဖြစ်ပါတယ်။
ချမ်းချမ်းမကြိုက်ဆုံးအလုပ်ကိုပြပါဆိုရင်ချက်ပြုတ်စားသောက်ရတာပါပဲ။တော်တော်လေးစာချင်စိတ်ရှိမှ စားမည့်လူဦးရေ အနည်းဆုံး သုံးယောက်ရှိမှ ချက်ပါတယ်။ဒါတောင်မချက် လို ့မဖြစ်မှ ချက်တာနော်။ချမ်းချမ်းတစ်ယောက်ထဲစားရမယ်ဆိုရင်တော့ မချက်ဘူး။တစ်ဝမ်းဝ ဖို ့ပင်ပန်းရတာနဲ ့မတန်လို ့လေ။ ကိုယ်တိုင်ကလည်း အစားအသောက် သိပ်ပြီး မမက်မောဘူး။ချက်ရတာလဲဝါသနာမပါဘူး။အားရင်အခန်းအလှပြင်တယ်၊အခန်းသန် ့ရှင်းရေးလုပ်တယ်။
အခန်းကောင်းကောင်းလေးနဲ ့ သန် ့သန် ့လေး နေရရင်ပြီးရော ထမင်းကို ဆားနဲ ့ပဲစားရစားရစားနိုင်တယ်။သူငယ်ချင်းတွေလာလည်ရင် ချမ်းချမ်းက ဘာမှမချက်ကျွေးဘူး။စားချင်ရင် ဝယ်စား။မဝယ်စားရင် ကိုယ့်အိမ်ကိုယ်ပြန်စား။
(ဧည့်ဝတ်ကျေကြောင်းနှင့်အိမ်ရှင်မပီသကြောင်းကြွားပါသည်)ချွေးမတော်ချင်သူများ ကြိုတင်အကြောင်းကြားနိုင်ပါသည်။

မုန်းဟင်းခါးတို ့အသုတ်စုံ ဆိုရင် ချမ်းချမ်းတို ့ရွာသူလေးတွေ အကြိုက်ပေါ့။
ရွာသားတွေကတော့ ချမ်းချမ်း တို ့မိန်းကလေးတွေလို
ပစိပစပ် တွေသိပ်မကြိုက်တတ်ကြပါဘူး။ဒါ့ကြောင့် ရွာသားတွေအကြိုက် ကြွက်ကောင်လုံးကင်၊ကြောင်ကောင်လုံးကင်၊အဲမှားလို ့
ကြက်ကင်၊ဘဲကင်၊ ငါးကင် အမြည်းလေး လုပ်နည်းကို ချမ်းချမ်း အပျင်းမကြီးတဲ့နေ ့၊စိတ်ကောင်းဝင်တဲ့နေ ့၊နွေရာသီမှာ မပူတဲ့နေ ့ကျရင် ချက်ပြမယ်နော်။အခုတော့ ချမ်းချမ်းရှားရှားပါးပါး ချက်ထားတဲ့ မုန် ့ဟင်းခါးလေးကို စားချင်ရင်လဲ စားနိုင်တယ်နော်။မစားချင်လဲ မစားနဲ ့ပေါ့။(အတင်းခေါ်မကျွေးပါ)
………..
မုန် ့ဟင်းခါးချက်ဖို ့လိုအပ်တဲ့ပစ္စည်းတွေကတော့(ပမာဏတော့မပြောတော့ဘူးနော် စားမည့်လူဦးရေကိုကြည့်ပြီးကိုယ့်ဘာသာ ချိန်ထည့်ပါ။)

(၁) မုန် ့တီဖတ်
(၂) ငါးရံ ့အလတ်စား တစ်ကောင်
(၃) ငှက်ပြောအူ၊ ငှက်ပျောခေါင်း နုနု
(၄) ကြသွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း
(၅) ငါးပိစိမ်းစားအနည်းငယ်
(၆) စပါးလင်
(၇) နနွင်းမှုန် ့
(၈) မန်ချည်းမှည့်
(၉) ငံပြာရည်
(၁၀) ပဲတောင့်ရှည၊်နံနံပင်၊ဇီယာ
(၁၁) ဆီ၊ဆား
(၁၂)ငြုတ်သီးအကျက်မှုန် ့
(၁၃) အချိုမှုန် ့သို ့မဟုတ် သကြား
………………………..
ပြုလုပ်နည်း
မုန် ့ဟင်းခါးချက်ရင်တော့ အကောင်းဆုံးက
ငါးရံ ့ပါပဲ။တစ်ချို ့ငါးခူနဲ ့ငါးကြင်း ကိုသုံးကြပေမယ့် ချက်ပြီးရင် အဆီဖတ်တွေ တဝင်းဝင်းနဲ ့မို ့စားရတာ အီတယ်။ငါးရံ ့က အဆီနည်းပြီးအသားများတော့ အနှစ်များပြီးပိုချိုပါတယ်။တတ်နိုင်ရင် ငါးအရှင်သုံးတာအကောင်းဆုံးပါပဲ။ ငါးလတ်မှ အနံ ့မွှေးပြီး အရသာ ချိုပါတယ်။ချမ်းချမ်းက တော့သေနေတဲ့အကောင်တွေထဲက ပါးဟပ်နီနီနဲ ့ဝမ်းဗိုက်သား ခပ်မာမာ လေးကို ရွေးပါတယ်။ငါးမလတ်ရင် ဝမ်းဗိုက်သား ပျော့ပြီး ပါးဟပ်တွေက မည်းမည်း ဒါမှမဟုတ် ဖြူနေတတ်ပါတယ်။
ပထမဦးဆုံး အကြေးခွံ နဲ ့ဗိုက် ခွဲပြီးသား ငါးရံ ့ကို ၂ ပိုင်းပိုင်းပါ။ ပိုင်းထားတဲ့ငါးကို အညှီနံ ့ပျောက်အောင်ဆားနဲ ့နနွင်းနဲ ့သေချာပွတ်ပြီး ရေနဲ ့အညှီအချွဲစင်အောင်ဆေးပါ။ အဓိကကတော့ ပါးစပ်နဲ ့ပါးဟပ်ပါပဲ။ပါးစပ်မှာအချွဲတွေနဲ ့ပါးဟပ်မှာသဲတွေ ပိုများတော့ ဆားနဲ ့ပွတ်ပြီိး သေချာ ဆေးပါ။( ငါးရံ အူ၊ငါးခူမှာခေါင်း ငါးပြေမတစ်ကိုယ်လုံး ကောင်းတဲ့ )ငါးရံ ့အူကြိုက်သူများ အူထဲက သည်းခြေထုတ် အူကိုဓါးပါး မှမဟုတ်နှီးဖျားလေးနဲ ့သေချာခွဲပြီး ဆားနနွင်းနဲ ့ပွတ်ဆေးပါ။

ပြီးရင် ဆေးထားတဲ့ ငါးကို အိုးထဲထည့်ပြီး စပါးလင် သုံးလေးချောင်းကိုရေဆေးပြီး ဓါး ပြားရိုက်ထည့်ပါ။ ဂျင်းနဲ ့ကြက်သွန်ဖြူ အနည်းငယ်ကို ရေစင်အောင် ဆေးပြီး အခွံမခွာပဲ ဓါးပြားရိုက်ထည့်ပါ။ ငါးပိစိမ်းစား၊ ဆားအနည်းငယ်၊နနွင်းမှုန် ့အနည်းငယ်၊ဆီအနည်းငယ်၊အချိုမှုန် ့အနည်းငယ် ထည့်ပါ။ (မြန်မာဟင်းချက်ရင် အချိုမှုန် ့မပါပဲစားလို ့ဘယ်လိုမှ အရသာမရှိပါဘူး) အချိုမှုန် ့စားများရင်လဲ ရောဂါများပါတယ်ဒါ့ကြောင့် အချိုမှုန် ့ထဲကို သကြားရောထည့်ထားရင်အကောင်းဆုံးပါပဲ။ လိုအပ်တာတွေထည့်ပြီးရင် သေချာနယ်ပြီး ရေကိုသင့်တော်သလောက် ချိန်ပြီးထည့်ပါ။ပြီးရင်အဖုံးဖုံးပြီး မီးဖိုပေါ်တင်ပါ။မီးအရှိန်သိပ်မပြင်းပါနဲ ့။

ငါးအိုးတည်နေတုန်းမှာ ငှက်ပျောအူ နဲ ့ငှက်ပျောခေါင်း နုနုလေးကို ပါးပါးလှီးပါ။ ဇလုံတစ်လုံးထဲကို ရေထည့်ပြီး ဆားနဲ ့နနွင်း ထည့်ပါ။လှီးထားတဲ့ငှက်ပြောအူကို အဖန်ဓါတ်တွေ လျော့သွားအောင်ဆားရေနနွင်းရေနဲ ့စိမ်ထားပါ။

တည်ထားတဲ့ငါးအိုးဆူလာရင် ငါးကိုအိုးထဲ ဆယ်ထုတ်ပြီး ပုဂံတစ်ခုထဲမှာ အအေးခံထားပါ။ခုနက လှီးထားတဲ့
ငှက်ပျောအူကို ရေဆေးပြီး နောက်ထပ်အိုးအသစ်ထဲထည့် ဆီနည်းနည်းဆားနည်းနည်း ငါးပိစိမ်းစား နည်းနည်းထည့်ပါ.ခုက ပြုတ်ထားတဲ့ ငါးပြုတ်ရေ နည်းနည်းလောင်းထည့်ပြီး မီးဖိုပေါ်မီးမှန်မှန်နဲ ့တင်ထားပါ။
တစ်ချို ့ကတော့ ဟင်းရေအိုးထဲ တစ်ခါတည်း ရောချက်ကြပါတယ်။ငှက်ပျောဖတ်ကို လူတိုင်းမ ကြိုက်ကြပါဘူး။
ဒါ့ကြောင့် မရောပဲ သီးသန် ့ချက်ပါတယ်။
ငှက်ပျော အူချက်နေတုန်းမှာ ခုနက အအေးခံထားတဲ့ ငါးလဲအေးလောက်ပြီမို ့ငါးအရိုးနွှင်လို ့ရပါပြီ။ အရိုးနွှင်ပြီးရင်တော့
ကျန်တဲ့အရိုးခေါင်းကို ဆုံထဲထည့်ပြီး ညက်အောင်ထောင်းပါ။ညက်သွားရင်တော့ ရေဖျော် အရိုးဖယ်ပြီး အရေသပ်သပ်
ဖယ်ထားပါ။


ခုနက တည်ထားတဲ့ ငါးအိုးကိုလည်း နောက်ထပ်အိုးတစ်လုံးထဲပြောင်းထည့်ပါ။ဒုတိယအိုးထဲပြောင်းထည့်ရင်တော့ စပါးလင်ဖတ်တွေနဲ ့ရေပဲ ယူပါတယ်။
ဂျင်းဖတ်တွေ နဲ ့ငါးပိထဲမှာပါတဲ့ သဲတွေ ကအနည်အဖြစ် ကျန်နေမှာမို ့အနည်တွေကိုဖယ်ထုတ်ရပါ့မယ်။
ပြီးရင် ရေနည်းနည်းထပ်ထည့်ပြီး မီးဖိုပေါ် တင်ပါ။ဟင်းခါးအိုးတည်နေတုန်းမှာ
ကျန်တဲ့စပါးလင် ၊ဂျင်းနဲ ့ ကြက်သွန်နီ၊ကြင်သွန်ုဖြူ ကို ခွံခွာပြီး ပါးပါးလှီးထားပါ။ လှီးပြီးသွားရင် ပထမဦးဆုံး စပါးလင် ကိုငြုတ်ဆုံ ထဲ ညက်အောင် ဆားနည်းနည်း ထည့်ပြီး ထောင်းပါ။စပါးလင်ညက်သွားလျှင် ဂျင်း ထည့်ပါ၊ဂျင်းညက်သွားလျှင် ကြက်သွန်ဖြူ နဲ ့ကြက်သွန်နီ ထည့်ထောင်းပါ။ ပြီးလျှင် ပုဂံတစ်ခုထဲ ထည့်ပါ၊အရိုးနွှင်ပြီးသား ငါးဖတ်တွေကို ဆုံထဲမှာ ညက်အောင်ထောင်းပါ။ ငါးညက်သွားလျှင်
ဒယ်အိုးထဲ ဆီနည်းနည်းထည့်ပြီး ထောင်းထားတဲ့ စပါးလင်နဲ ့ဂျင်း ကြက်သွန်ဖြူတို ့ကို ဆီသတ်ပါ။ပြီးလျှင်ထောင်းထားတဲ့ ငါးကို ထည့်ပြီး ဇွန်းနဲ ့သမအောင်ရောမွှေပေးပါ။နှံ ့အောင်မွှေ ပြီးလျှင်တော့
အဲ့ဒီအချိန်မှာ တည်ထားတဲ့ဟင်းရေအိုးဆူနေလောက်ပါပြီ။

ဟင်းရေအိုး ပွက်ပွက်ဆူလာလျှင်တော့ ဆီသတ်ထားတဲ့ ငါးကိုထည့်ပြီး ဇွန်း နဲ ့မွှေပေးပါ။ပြီးရင် အဖုံးဖုံးပြီး မီးမျှင်းမျှင်းနဲ ့၁ဝ မိနစ်လောက် တည်ထားပါ။ အဲ့ဒီအချိန်မှာ ဟင်းရေထဲထည့်ဖို ့ကြက်သွန်နီဥ ကို ရေစိမ်ပြီး အခွံနွှာထားပါ။ ချမ်းချမ်းတို ့နယ်မှာတော့ ကြက်သွန်ဥသေးသေးလေးတွေကို အလုံးလိုက်ထည့်ပါတယ်။

ကြက်သွန်နီ နွှာလို ့မျက်ရေကျရင် အိမ်ထောင်ပြုတဲ့အခါ ယောက္ခ မနဲ ့ယောင်းမတွေ အနိုင်ကျင့်တာခံရတယ်တဲ့။ ဒါ့ကြောင့် အနိုင်ကျင့်တာမခံချင်လျှင်တော့ ကြက်သွန်နီကို ကြိုပြီးတစ်နာရီလောက် ရေစိမ်ထားပါ။
ပြီးမှ အခွံနွှာပါ၊နွှာရလွယ်သလို မျက်လုံးလဲမစပ်တော့ပါဘူး။

ဆယ်မိနစ်ပြည့်ရင် အဖုံးဖွင့်ပြီး အရသာမြည်းကြည့် လိုအင်တဲ့ ဆား ၊အချို မှုန် ့ထည့်ပါ။ပြီး ရင် ကြက်သွန်နီ ဥသေးသေးလေးတွေကို ရေဆေးပြီး ထည့်ပါ။အဖုံးပြန်ဖုံးပြီး မီးမျှင်းမျှင်း နဲ ့တည်ပါ။
အဲ့ဒီအချိ်န်မှာ ကြက်သွန်ကြော် ကြော်ဖို ့ကြက်သွန်ဖြူကို အခွံနွှာပြီးပါးပါးလှီးထားပါ။ပြီးရင် ဒယ်အိုးထဲဆီသတ်ပြီး ဆီပူလာလျှင် နနွင်းနည်းနည်းထည့်ပါ။ပြီးလျှင် ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်ဖြူအနီရောင်မသန်းခင်မှာ ချပါ။ကြက်သွန်ကြော် နဲ ့ဆီကို ပုဂံတစ်လုံးစီတွင်ခွဲထည့်ပါ။
အချဉ်ရေအတွက် မန်ချည်းမှည့်ကိုရေဆေး ရေနွေးပူပူထဲတွင် ထည့်ပြီး ပိုးသေသွားအောင် ခဏစိမ်ထားပါ။
ဟင်းချက်တိုင်း မန်ချည်းမှည့်အချဉ်ရေ လွယ်လွယ်သုံးချင်ရင်တော့ မန်ချည်းမှည် ့အစိတ်သားလောက်ကို ရေဆေး အိုးထဲထည့် ရေထည့်ပြီး ဆူလာအောင် မီးဖို ပေါ်တင်ပါ။ဆူလာရင်တော့ မီးဖိုပေါ်က ချပြီး ဇကာသေးသေးနဲ ့ အရေပျစ်ပျစ်ရအောင် စစ်ပါ။ပြီးလျှင် ဖန်ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာ ထဲထည့်။လိုအပ်တဲ့အခါ ဇွန်းနဲ ့ခပ်ပြီး လွယ်လွယ်လေးသုံးလို ့ရတာပေါ့။ရေခဲသေတ္တာထဲထည့်ထားရင်တော့တစ်လလောက် အထားခံပါတယ်။
ပြီးရင် နံနံပင် ပဲတောင့်ရှည် ဇီယာတို ့ကို သေချာဆေးပါ။အသီးအရွက်တွေတွေဆေးတဲ့အခါမှာ ဆားထည့်ပြီးဆေးရင်တော့ ပိုးမွှားတွေ
ကိုသေစေပါတယ်။ဒါ့ကြောင့်အစိမ်းစားမည့်အသီးအရွက်တွေကို ရေဆေးပြီး ဆားရေနဲ ့ခဏလောက်စိမ်ထားပေးရင်တော့ အကောင်းဆုံးပါပဲ။
ပြီးလျှင် စားဖို ့သောက်ဖို ့ပြင်ဆင်လို ့ရပါပြီ။ကိုယ့်ဘာသာခူးခပ်စားနော်။ချမ်းချမ်းကတော့ ***အစားထိပ် အအိပ်ဗိုလ်*** ဆိုတော့ အိုးအတိုင်းပဲ ချပြီးစားတော့မယ်။

တတ်သမျှ မှတ်သမျှ ကြိုးစားပမ်းစားချက်ထားသောကြောင့် ချက်တဲ့အိမ်ရှင်မ အမောပြေရန် မကောင်းလဲ ကောင်းတယ် မစားချင်လဲစားချင်တယ်ဟုပြောပါ။မပြောပါက နောက်နောင် ချက်ကျွေးတော့မည်မဟုတ်ပါ။

အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရတတ်တယ်တဲ့.
“သတိရလိုက်တာ ချစ်သူရယ် ဒီမှာ ငါမကုန်တော့ဘူးဟ..”
Written..By…. ချမ်းချမ်း(ရွာသူလေ)http://www.haymonchan.blogspot.com

6 comments

  • 007James

    August 23, 2011 at 8:27 pm

    ချမ်းချမ်း မွန်မုန့်ဟင်းခါးအကြောင်းရေးလို့ မွန်ပြည်နယ်စရောက်ခါစကိုသတိရတယ်။ရေးမြို့ အရုတောင်ရွာမှာဈေးဝယ်တာ မွန်လို ကိုယ်ကမတတ်၊ ရောင်းသူက မြန်မာလိုမတတ်။ဒါနဲ့ လိုချင်တာယူပြီး ပိုက်ဆံ မှန်းပေးလိုက်တယ်။ပိုတာပြန်အမ်းတယ်။အဆင်ကိုပြေလို့။

  • windtalker

    August 23, 2011 at 9:37 pm

    ကျွန်တော် လည်း မွန်သွေး ပါတယ် ဗျ
    ချမ်းချမ်း ပို ့စ်လေး ဖတ်ပြီး
    အဲဒီ မုန် ့ဟင်းခါး ကို စားချင်လာပြီနော်
    တွေ ့ရင် ချက်ကျွေးရမယ်
    ဟီဟိ

  • မီးမီး သော်

    August 23, 2011 at 10:53 pm

    ဟယ် ချမ်းချမ်းကတော့ ပြောနေပီ ချွေးမတော့သေမယ်သာပြင်ပေတော့။ကြိမ်းထားတယ်နော့ မုန် ့ဟင်းခါးလဲကျွေးမှာ ပယ်ပယ်နယ်နယ်ကို ခိုင်းမယ့်ပုံ ဟိ ဟိ. ဝေးဝေးရှောင်မှ

  • မီးမီး သော်

    August 23, 2011 at 10:57 pm

    “”””တတ်သမျှ မှတ်သမျှ ကြိုးစားပမ်းစားချက်ထားသောကြောင့် ချက်တဲ့အိမ်ရှင်မ အမောပြေရန် မကောင်းလဲ ကောင်းတယ် မစားချင်လဲစားချင်တယ်ဟုပြောပါ။မပြောပါက နောက်နောင် ချက်ကျွေးတော့မည်မဟုတ်ပါ။
    အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရတတ်တယ်တဲ့.
    “သတိရလိုက်တာ ချစ်သူရယ် ဒီမှာ ငါမကုန်တော့ဘူးဟ..”””””. ချက်ကျွေးပါနော် အလည်လာရမယ့်သူ တောင် စိတ်ပျက်သွားတယ်နော်။.

  • မီးမီး သော်

    August 23, 2011 at 10:59 pm

    အော် ဒါနဲ. ့လေ ချမ်းချမ်းရေ မွန်ထမင်းချက်တော့ ဘာအတွက်ဖယောင်းထည့်ရတာလဲ ရှင်းပြပေးပါလားနော်။သိချင်လို ့ပါ။စပ်စုတယ်တော့မထင်ပါနဲ ့ဦး

  • manawphyulay

    August 24, 2011 at 5:21 pm

    ချမ်းချမ်းရေးလို့ မော်လမြိုင်ဘုရားဖူးသွားတုန်းက မော်လမြိုင်ရောက်တော့ ဆရာဝန်အသင်းကနေ ကြိုဆိုနေရာချပြီး ကျွေးတဲ့ မုန့်ဟင်းခါးကို ပြန်လည် သတိရနေမိတယ်။ ငှက်ပျောအူတွေ ပုဂံထဲအမောက်ထည့်ပေးပြီး ကောက်ညှင်းပေါင်းပါ ထည့်စားခဲ့ရပါတယ်။ သတိရလိုက်တာ ကျိုက္ခမီ၊ စက်စဲရယ်….

Leave a Reply