***အလှကြိုက်တဲ့ ညီမငယ်လေးများ သတိပြုဖို ့***

ဒီတစ်ခါတော့ ညီမလေးတို ့အတွက် အလှအပဆိုင်ရာ သတိပြုစရာလေးတွေကို ချမ်းချမ်း သိသလောက်ပြန်လည် မျှဝေပေးမယ်နော်။
မိန်းကလေးတော်တော်များများ ဟာ အရွယ်ရောက်လာရင်တော့ အနည်းနဲ ့အများ အလှပြင်တတ်ကြတာချည်းပါပဲ။ တစ်ချို ့ကတော့ ကာလာစုံတဲ့ မျက်နှာကိုကြိုက်သလို တစ်ချို ့ကျတော့ သဘာအတိုင်းနေတာကိုကြိုက်ကြပါတယ်။ဘာပဲဖြစ်ဖြစ် Make Up , Shampoo ဒါမှမဟုတ် Skincare ဝယ်တိုင်း သတိပြုရမှာက…

(၁) ကိုယ့်မျက်နှာအသားအရေနဲ ့လိုက်မလိုက် တည့်မတည့် အရင် စမ်း
သုံးပါ.တစ်ချို ့ဆိုင်တွေမှာ Sample အသေးလေးတွေရှိတယ်။အရင်ဝယ်သုံးကြည့်ပါ။ကိုယ်နဲ ့အဆင်ပြေတယ် ဆိုမှ ဘူးကြီးဝယ်သုံးပါ။

(၂) Branded ပစ္စည်းတွေကိုပဲသုံးပါ။ Shiseido ,SKII တို ့လို ဈေးအရမ်းကြီးတာ မသုံးနိုင်ရင်တောင် တရားဝင် မှတ်ပုံတင်ထားတဲ့ တံဆိပ် သို ့တရားဝင်ဖြန် ့ဖြူးထားတဲ့ ပစ္စည်းကိုပဲသုံးပါ။အခုခေတ်မှာ ပစ္စည်းအတုတွေအရမ်းများပါတယ်။အသစ်ဝင်လာတိုင်း ကောင်းတယ်ပြောတိုင်း အရမ်းမဝယ်ပါနဲ ့။

(၃) မိတ်ကပ်၊ခေါင်းလျှော်ရည် တစ်ခုခုဝယ်တိုင်း Manufacture Date (MFD) နဲ ့Expire Date (EXP) ကိုသေချာကြည့်ပါ။တစ်ခါတစ်လေ Best Before By 08052012 လို ့ရေးထားတတ်ပါတယ်။
တစ်ချို ့ ပစ္စည်းတွေမှာတော့ MFD နဲ ့ EXP တစ်ခါတည်းရေးထားရင်တော့ မြင်တာနဲ ့သိနိုုင်ပေ
မယ့် တစ်ချို ့ပစ္စည်းတွေမှာတော့ MFD နဲ ့EXP စာလုံးမပါဘဲ 251109 လို ့ပဲ စာလုံးသေးသေးလေးရေးထားရင်တော့ အဲ့ဒီပစ္စည်းဟာ
(Day.Month.Years) 25ရက်နေ ့11လပိုင်း 2009 ခုနှစ် မှာထုတ်လုပ်ထားပါတယ်။ တစ်ခါတစ်လေ 011611 လို ့ရေးထားရင်လဲ(Day.Month.Years) 2011ခုနှစ် 4လပိုင်း 5ရက်နေ ့မှာ ထုတ်လုပ်ထားတယ်ဆိုတာသိရပါ့မယ်။ တစ်ခါတစ်လေ 102011 ဆိုရင်လည်း (Month.Day.Years) 10လပိုင်း 20ရက်နေ ့2011 ခုနှစ် လို ့သိထားရပါ့မယ်။ ဒီအမှတ်အသားတွေကို တစ်ခါတစ်လေ ဘူးခွံမှာ တွေ ့ရပေမယ့်တစ်ခါတစ်လေ ဘူးထဲက ပစ္စည်းမှာ ရှိနေတတ်ပါတယ်။သေချာ ကြည့်ပြီးမှဝယ်ပါ။
သဏ္ဍန်လုပ် သရူပ်တူပေါ့နော်…ပုံမလှပေမယ့် မျက်စိထဲမြင်သာအောင် ပုံမှာ ပြူးပြီးကြည့်ပါ။

(၄) မျက်နှာသစ်ဆပ်ပြာ ၊ဂျေးချွတ်ရေ၊ နို ့ရည်ကြည် ၊ခရင်မ် တွေဝယ်လို ့ရှိရင် သူ ့ရဲ ့သက်တမ်းဟာ အနည်းဆုံး၂နှစ်ကျော်လောက်အထားခံပါတယ်။ ဆိုင်ရှင်ကိုတော့သွားမမေးနဲ ့နော် ဆိုင်ရှင်တွေက သက်တမ်းကုန်လဲ သုံးလို ့ရတယ်လို ့ပြောမှာဘဲ။မိတ်ကပ်၊နှုတ်ခမ်းနီ၊ပေါင်ဒါ ကတော့ ၄ နှစ်လောက်အထားခံပါတယ်။
ဒါ့ကြောင့် ပစ္စည်းဝယ်တိုင်း ရက်စွဲသေချာကြည့်ပါ။ပစ္စည်းသက်တမ်းကုန်ဆုံးမယ့်ရက်နဲ ့ကိုယ်သုံးမယ့်အချိန်သိပ်မကွာပါစေနဲ ့။အလှပြင်ပစ္စည်းတစ်ခု ကို ၆ လ လောက်ပဲသုံးပါ။ အကြာကြီးမထားပါနဲ ့။ ကိုယ့်အသားအရေနဲ ့သင့်တော်မည့်ပစ္စည်းတွေပဲဝယ်ပါ။ မျက်နှာအသားအရေ လေးမျိုးရှိပါတယ်.
(က) သာမန်အသားအရေ( Normal Skin)
(ခ) အဆီပြန်တဲ့အသားအရေ( Oily Skin)
(ဂ) ခြောက်သွေ ့တဲ့ အသားအရေ( Dry Skin)
(ဃ) ဆတ်ဆတ်ထိမခံတဲ့ အသားအရေ (Sensitive Skin)

(က) သာမန်အသားအရေ (Normal Skin)
ကိုယ့်မျက်နှာဟာ သာမန်အသားအရေ Normal Skin ဆိုရင်တော့ ဘာပဲသုံးသုံး ပြဿနာ သိပ်မရှိပါဘူး။ သုံးပုံသုံးနည်း မှန်ကန်ဖို ့ပဲလိုပါတယ်။ မျက်နှာသစ်ဆပ်ပြာဝယ်သုံးမယ်ပါစို ့။ Cleaning Foam ,Cleaning Gel,Cleaning Cream ,Cleaning Milk , Cleaning Lotion အမျိုးအစား တွေရှိပါတယ်။
Cleaning Foam ကတော့ လက်သန်းစာလောက်ကို လက်ထဲထည့် ရေထည့်ပြီးအမြှုပ်ထအောင်ပွတ်ပါ။ပြီးရင် T-Zone နဖူးပြင်၊နှာတံနဲ ့မေးစေ့ပေါ်အရင်ထင်ပါ။ဘာဖြစ်လို ့လဲဆိုတော့ ပါးပြင်ထက် T-Zone က အဆီပိုများလို ့T-Zone ကိုအရင် နှံ ့အောင်ပွတ်ပါ။ ပြီးမှပါးနှစ်ဖက်ပေါ်တင်ပြီးမျက်နှာအနှံ ့လက်ခယ်၊လက်သူကြွယ်၊လက်သန်းတို ့နဲ ့ပွတ်ပါ။မျက်နှာသစ်တိုင်း ဒါမှမဟုတ် မိတ်ကပ်လိမ်းတိုင်း လက်ညှိးကို လုံးဝမသုံးပါဘူး။ဘာဖြစ်လို ့လဲဆိုတော့ မျက်နှာပြင်က အသားအရေဟာ ခန္ဓာကိုယ်ထက် ပိုနူးညံ့လို ့လက်ညှိးက ဖိအား Pressure ပိုများတဲ့အတွက် အသားအရေ ကိုထိခိုက်စေပါတယ်။Cleaning Gel နဲ ့ Cleaning Cream သုံးနည်း ကတော့ မျက်နှာပေါ်တခါတည်းတင်လို ့ရပါတယ် T-Zone ကိုအရင်တင်ဖို ့တော့မမေ့ပါနဲ ့။ ပြီးရင် Tissue နဲ ့သုတ်ပြီးရေဆေးပါ။ Cleaning Milk နဲ ့Cleaning Lotion သုံးနည်းကတော့ ကတော့ Facial Cotton ဂွမ်းထဲထည့်ပြီး နဖူး၊နှာတံ နဲ ့မေးစေ့ ကိုအရင်ပွတ်။ပြီးရင် ပါးနှစ်ဖက်ပွတ်ပြီး ရေဆေးပါ။

(ခ) အဆီပြန်တဲ့အသားအရေ (Oily Skin)
ကိုယ့်မျက်နှာဟာ အဆီပြန်တဲ ့အသားအရေ( Oily Skin )ဝက်ခြံ ထွက်တဲ့အသားအရေဆိုရင်တော့ မျက်နှာသစ်ဆပ်ပြာ၊ နို ့ရည်၊ခရင်မ် တွေဝယ်တိုင်း For Oily Skin ဒါမှမဟုတ် Oil Control ပါတာတွေ ဝယ်ပါ။ ဝက်ခြံထွက်တဲ့သူတွေဟာ Whitning ပါတဲ့ မျက်နှာဖြူစေတဲ့ အမျိုးအစားတွေနဲ ့သိပ်မတည့်ပါဘူး။ တစ်ချို ့သုံးမိလို ့ဝက်ခြံပိုများလာတာဖြစ်တတ်ပါတယ်။
ယောကျာ်းလေး တွေဟာ
အရိုးအကြောနဲ ့ကြွက်သားတွေ ပိုမာလို ့မိန်းကလေးတွေထက်ပိုပြီး အသားအရေပိုကြမ်းပါတယ်။ဒါ့ကြောင့် ယောကျင်္ားလေးဆိုရင်တော့
For Men ပစ္စည်း တွေသီးသန် ့ဝယ်သုံးပါ။
အဆီပြန်နေရင်တော့ Cream အမျိုးအစားသုံးရတာအဆင်မပြေပါဘူး။Foam ပါတာတွေသုံးပါ။ ဝက်ခြံတွေများနေရင်တော့ မျက်နှာသန် ့ရှင်းအောင် ဂရုစိုက်ပါ။ မျက်နှာသစ်ပြီးတိုင်း သန် ့ရှင်းတဲ့ မျက်နှာသုတ်ပဝါ၊ဒါမှမဟုတ် တစ်ရှုးတို ့နဲ ့သုတ်ပါ။ မိတ်ကပ်၊ပေါင်ဒါ တွေမှာလည်း အဆီနည်းတဲ့ အမျိုးအစား အဆီထိန်းတဲ့ အမျိုးအစား တွေရှိတယ်။ ဝက်ခြံထွက်တဲ့ မျက်နှာတွေဟာ ရောဂါပိုးဝင်ရအလွယ်ကူဆုံးပါဘဲ။ဒါ့ကြောင့် မျက်နှာသုတ်ပဝါ တို ့ခေါင်းအုံးစွပ်တို ့ကို သုံးရက်တစ်ခါ
တစ်ပတ်တစ်ခါ လျှော်ပြီးလဲပေးပါ။ ဘာဖြစ်လို ့လဲဆိုတော့ တစ်နေ ့မှာ အိပ်ချိန် ရနာရီရှိတယ်ဆိုရင် ခေါင်းက ချွေးတွေ ဂျီးတွေနဲ ့ခေါင်းအုံးထိတွေ ့နေရတဲ့အချိန်ပိုများလို ့ခေါင်းအုံးမှာ ဘတ်တီးရီးယားတွေ တော်တော် သောင်းကျန်းနေလိမ့်မယ်။ ချွေးတွေ ဂျီးတွေ ပွနေတဲ့ ခေါင်းအုံးနဲ ့မျက်နှာကို ပြန်ထိတော့ မျက်နှာကိုပိုးတွေဝင်ရလွယ်ကူလို ့တစ်ခါတစ်လေဝက်ခြံထွက်ရင်မျက်နှာတွေရောင်ပြီးတအားနာတာခံစားရပါလိမ့်မယ်။ ပြီးရင် အပူ၊အစပ်၊အငံ တွေနဲ ့ အဆီတွေ လျှော့စားပါ။ ဝမ်းမချုပ်ပါစေနဲ ့။ မျက်နှာသုံးတဲ့ Sponge ရေမြှုပ် ။နှုတ်ခမ်းနီဆိုးတဲ့စုတ်တံ၊ အလှပြင်ပစ္စည်းတွေကို တစ်ပတ်တစ်ခါ
ရေနွေးနဲ ့စိမ်ပြီးလျှော်ပေးပါ။ နံက်အိပ်ရာက နိုးနိုးချင်း ရေသန် ့တစ်ဝကြီးသောက်တဲ့အကျင့်အမြဲလုပ်ပါ။
မျက်နှာအဆီဓါတ်တွေ အငံဓါတ်တွေ အပူတွေများရင်ဝက်ခြံဟာ ပါးနှစ်ဖက်ပေါ် ပေါက်ပါတယ်။ အိပ်ရေးပျက်တာများရင်တော့ T-Zone နဖူးနဲ ့နှာတံ မှာပေါက်ပါတယ်။ စိတ်ဖိစီးမှု Stress တွေများရင်တော့ မေးစေ့မှာပေါက်ပါတယ်။
မြန်မာ့သနပ်ခါး စစ်စစ် ကို ညဘက် လိမ်းပေးပါ။သနပ်ခါးဟာ အဆီတွေကိုစုပ်ယူတဲ့အစွမ်းရှိပါတယ်။
ဝက်ခြံပေါက်ပြီး မျက်နှာအဆီပြန်သူများဟာ တခြားအသားအရေပိုင်ရှင်တွေထက် အိုမင်းမှု အရွယ်ကျမှု နှေးပါတယ်။ အရွယ်တင်တယ်ဆိုပါတော့ ။ ပြီးတော့ မှဲ ့ခြောက်နဲ ့တင်းတိပ် ဖြစ်မှု ရာခိုင်နှုန်းနည်းပါတယ်.ဒါ့ကြောင့် အဆီပြန်ပြီးဝက်ခြံပေါက်လဲ အားငယ်နဲ ့။အားသာချက်တွေ ရှိတယ်။ ပြီးတော့ “ဝက်ခြံပေါက်ရင် စော်ကြည်တယ်တဲ့ ”။ မိန်းကလေးဆိုရင်တော့ ဘဲကြည်တယ်ပေါ့။
ဟုတ်မဟုတ် ကိုယ့်ဘဲ ကိုယ်ပြန်မေးပေါ့နော့။

(ဂ) ခြောက်သွေတဲ့အသားအရေ(Dry Skin)
ကိုယ်ဟာ ခြောက်သွေ ့တဲ့ အသားအရေပိုင်ရှင် ဆိုရင်တော့ အလှပြင်ပစ္စည်းဝယ်တိုင်း For Dry Skin လို ့ရေးထားတာဝယ်သုံးပါ။ Cream တို ့Milk တို ့ပါတာတွေ သုံးပါ။ မြန်မာသနပ်ခါး မလိမ်းပါနဲ ့။မြန်မာသနပ်ခါးဟာ အသားအရေကိုအေးစေပေမယ့် အဆီတွေကို စုပ်ယူလို ့အသားခြောက်စေပါတယ်။ သာမန်အသားအရေ (Normal Skin) နဲ ့မျက်နှာအသားအရေခြောက်သွေ ့တဲ့ (Dry Skin) တွေဟာ အရွယ်ကျတာပိုမြန်ပါတယ။်ပြီးတော့ တင်းတိပ်၊မှဲ ့ခြောက်ထွက်တာလဲ ပိုမြန်ပါတယ်။ဒါ့ကြောင့် နေပူထဲ ထီးမပါဘဲ သွားတာ ရှောင်ပါ။Suncover,Sun screen, UV Protector .SPF…23 +++ ပါတာတွေသုံးပါ။ ရေများများသောက်ပါ။ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေ သန် ့စင်ပြီးမှ အိပ်ပါ။မအိပ်ခင်
သဘာဝသစ်သီးသစ်ဥတွေနဲ ့မျက်မှာကိုလိမ်းပေးပါ။ ဥပမာ..အရည်ရွှမ်းပြီးအခွံစိမ်းတဲ့လိမ္မော်သီး၊ဒိန်ချဉ်၊ နွားနို ့၊သခွားသီး၊ တို ့ကို လိမ်းပြီး နာရီဝက်လောက်ထားပြီး ရေဆေးပါဆပ်ပြာနဲ ့မဆေးတော့ဘူးနော်၊ ဒီအတိုင်းသစ်ပြီး မျက်နှာအစိုအတိုင်းထားပါ။
သူ ့ဘာသာခြောက်သွားလိမ့်မယ်။ဒါမှမဟုတ် ညမအိပ်ခင် Night Cream .နဲ ့Night Lotion တစ်ခုခုလိမ်းပါ။ဘာမှလိမ်းစရာမရှိဘူးဆိုရင်တောင်
မျက်နှာကို သန် ့စင်အောင် ရေဆေးပြီး မျက်နှာမသုတ်ပဲ မျက်နှာအစိုဓါတ်ရအောင် ဒီအတိုင်းမျက်နှာ ရေစိုစိုနဲ ့ထားပါ။သူ ့ဘာသာ ခြောက်သွားလိမ့်မယ်။

(ဃ) ဆတ်ဆတ်ထိမခံတဲ့ အသားအရေ (Sensitive Skin)
ကိုယ့်မျက်နှာဟာ ဘာပဲလိမ်းလိမ်း မတည့်ဘူးဆိုရင်တော့ Baby Care တွေ သုံးကြည့်ပါ။မျက်နှာသစ်ဆပ်ပြာဆိုရင်တော့ Baby Soap,
ခရင်မ် ဆိုရင်လဲ Baby Milk , Baby Lotion တွေသုံးပါ။နေပူထဲထီးမပါဘဲသွားလာခြင်းရှောင်ပါ။ အရည်ရွှမ်းပြီးအခွံစိမ်းတဲ့လိမ္မော်သီး၊ဒိန်ချဉ်၊
နွားနို ့၊ဒိန်ချဉ်၊သခွားသီး၊ တို ့ကို ညဘက်စမ်းလိမ်းကြည့်ပါ။နာရီဝက်လောက်ထားပြီး ရေဆေးပါ။ မျက်နှာကို သန် ့စင်အောင်ထားပါ။
တစ်ချို ့အလှကုန်ပစ္စည်းတွေမှာ Sensitive Skin အတွက် သီးသန် ့ထုတ်ထားတာရှိပါတယ်။
ဝယ်သုံးကြည့်ပါ။ ဒါမှမဟုတ်လဲ အရေပြားဆရာဝန်နဲ ့ပြကြည့်ပါ။

မိတ်ကပ်၊ပေါင်ဒါ ၊နှုတ်ခမ်းနီ။အိုင်းရှဲဒိုး ပစ္စည်းတွေ ဝယ်တာထက်ကို အသားအရေထိန်းသိမ်းပေးတဲ့ Skin Care ဖြစ်တဲ့ဆပ်ပြာ၊နို ့ရည်၊ခရင်မ်၊ တွေဝယ်သုံးတဲ့အကျင့်လုပ်ပါ။မျက်နှာအသားအရေ ကိုအမှန်တကယ် အထောက်အကူပြုတာက Skin Care တွေပါပဲ။

နောက်တစ်ခုက……
လက်သည်းအရှည်ထားတဲ့ညီမလေးတွေ လက်သည်းဆိုးဆေးအလှဆိုးတဲ့ညီမလေးတွေ လက်သည်းဆိုးဆေးဝယ်ရင် သတိထားပါ။တစ်ချို ့လက်သည်းဆိုးဆေး အပေါစားတွေထဲမှာ အဆိပ်သင့်တဲ့ ပစ္စည်းတွေ ထည့်ထားပါတယ်။အထူးသဖြင့် တရုတ်ကလာတဲ့ပစ္စည်းတွေ တရားဝင်မဟုတ်တဲ့ပစ္စည်းတွေ ထဲမှာအများဆုံးပါဘဲ။
တရားဝင်ထုတ်ထားတဲ့ပစ္စည်းဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲနဲ ့ကုန်ဆုံးမယ့် ရက်စွဲ ပါတယ်။ တစ်ချို ့ကျတော့ ထုတ်လုပ်တဲ့ရက်စွဲသက်သက်
ထည့်ထားရင်တော့ ကုန်ဆုံးမယ့်ရက်ဟာ ပျမ်းမျှ ၃ နှစ်လောက်တော့ကြာလိမ့်မယ်။ ဒိတ်လွန်နေတဲ့ပစ္စည်းသုံးရင်လဲ ကျန်းမာရေးအတွက် ထိခိုက်ပါတယ်။ လက်သည်းဆိုးဆေးအတုသုံးမိရင်တော့ အကယ်၍ ပါးစပ်ထဲဝင်မိရင်
ဦးနှောက်အာရုံကျော နဲ ့အသက်အန္တရာယ်ကိုထိခိုက်စေပါတယ်။

လက်သည်းဆိုးဆေးအမြဲသုံးရင်လဲ လက်သည်းကို ပျက်စီးစေပါတယ်။လက်သည်းအဝါရောင်သမ်းတာ၊လက်သည်းခွံ
ကွာထွက်တာ ၊လက်သည်းကျိုးတာ ဖြစ်တတ်တာမို ့အရောင်မတင်ခင်မှာ Base and Top Coat အကြည်ရောင်အရင်ဆိုးပါ။ပြီးမှ ကိုယ်ကြိုက်တဲ့အရောင်တင်ပါ။ ဒါပေမယ့်သဘာအတိုင်းထားတာ ပိုကောင်းတယ်လို ့ထင်ပါတယ်။ ကိုယ်က အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ ့အမြဲသ မနေနိုင်တော့ တစ်ခါတစ်လေလက်သည်းဆိုးဆေးတစ်ဝက်တစ်ပျက် နဲ ့ဖြစ်နေရင်လဲ ကြည့်ရတာတော်တော်ဆိုးပါတယ်။
တစ်ချို ့လက်သည်း အတုတွေကို အလှဆင်ပြီးတပ်ကြပါတယ်။ အဲ့ဒါက အဆိုးဆုံးပါဘဲ။ လက်သည်းအတုခိုင်အောင် Super Glue လိုမျိုး ကော်နဲ ့အသေကပ်ထားတော့ တစ်ခါတစ်လေ တစ်ခုခုနဲ ့တိုက်မိလို ့လက်သည်းကျိုးသွား ရင် ဖျက်လို ့မရ ခွာလို ့မရနဲ ့တော်တော် အရုပ်ဆိုးပါတယ်။ဒါ့ကြောင့် လက်ကိုသန် ့သန် ့လေးနဲ ့ပြောင်ပြောင်လေးထားတာကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
အရောင်မပါတဲ့ Base and Top Coat ဆိုးရင်လဲ လက်သည်းပြောင်ပြောင်လေးဖြစ်ပါတယ်။

လက်ဆိုတာ အမြဲတမ်းကိုင်တွယ်လှုပ်ရှားနေရတော့ အရမ်းအရှည်ထားလို ့အဆင်မပြေပါဘူး။ တုံးတိကြီး ဖြတ်ထားရင်လဲ ကြည့်လို ့မလှပါဘူး။ဒါ့ကြောင့် အရမ်းမရှည် မတိုပဲ လက်သည်းထိပ်က အသားလေးမပေါ်အောင် ခပ်တိုတိုလေးပဲထားပါ။ လက်ကိုအမြဲသန် ့နေအောင်ထားပါ။အပြင်က ပြန်လာတိုင်းလက်ဆေးတဲ့အကျင့် လုပ်ပါ။
အပြင်မှာက လူပေါင်းစုံ မို ့ရောဂါပိုးတွေပေါင်းစုံနေမှာပဲ။အထူးသဖြင့်ဘတ်စ်ကား စီးတဲ့အခါမှာပေါ့။
နောက်တစ်ချက်က လက်သည်းညှပ်တဲ့အခါ ပထမဦးဆုံး လက်သည်းထိပ်ကိုတစ်ခါပဲညှပ်ပါ။ညှပ်ပြီးရင် တံစဉ်းနဲ ့ပုံသွင်းပါ။ထိပ်နားက အဝိုင်းလေးလိုချင်ရင်တော့ ဘေးနှစ်ဘက်ကို အရင်တံစဉ်းနဲ ့တစ်ဖက်စီတိုက်ပြီးအချွန်လေးဖြစ်အောင်ညှိပေးပါ။လေးထောင့်ကျကျလေးလိုချင်ရင်တော့ ထိပ်နားကိုညှပ်ပြီး တံစဉ်းနဲ ့ထိပ်နေရာကနေ တည့်တည့် ညှိပါ။ပြီးမှ ဘေးနှစ်ဘက်ကို ညှိပါ။သတိထားရမှာက လက်သည်းကို ထိပ်နားကနည်းနည်းပဲညှပ်ပါတယ်။အကုန်လိုက်မညှပ်ပါဘူး။တံစဉ်းလေးနဲ ့ပဲ ကို်ယ်လိုတဲ့ပုံသွင်းယူပါတယ်။ လက်သည်း ခြေသည်းကိုခိုင်မာပြီး ဖြူစင်သန် ့ရှင်းအောင် သံပုရာသီးနဲ ့ ခဏခဏ ပွတ်ပေးပါ။

နောက်တစ်ခုက ချွေးနံ ့ပြင်းတဲ့သူ။ဂျိုင်းမည်းတဲ့သူ။တွေဟာ ဂျိုင်းကိုထုံးရေကြည်နဲ ့ခဏခဏလိမ်းပေးပါ။ ရေချိုးတိုင်း သံပုရာသီးနဲ ့ပွတ်ပေးပါ။ဝမ်းမချုပ်ပါစေနဲ ့။
ရေများများသောက်ပါ။Whitning Role On ဂျိုင်းလိမ်းတောင့်ကို ညဘက်ပါ လိမ်းပေးပါ။

နောက်ဆုံးကတော့ အလှအပရေးရာနဲ ့မဆိုင်ပေမယ့် ကြုံတုန်းမို ့မပြောမဖြစ်လို ့ပြောရမှာပါဘဲ။ပန်းခြံထဲမှာ၊ရုပ်ရှင်ရုံထဲမှာ ဘုရားပေါ်မှာ နေကြာစေ့အခွံတွေ ပလပ်စတစ်တွေစည်းကမ်းမဲ့ စွန် ့ပစ်ကြတာပါပဲ။ ရုပ်ကလေးနဲ ့အပြင်အဆင်ကတော့ မှုန်နေပါအောင်လှပါတယ်။ဒါပေမယ့် အမှိုက်ကိုတော့ ဖြစ်သလိုကြုံရာ စွန် ့ပစ်ရင်တော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာကြောင့် လူလှပေမယ့် အကျင့်က မလှလို ့
ရုပ်လေးနဲ ့အကျင့် တခြားစီ ဖြစ်နေလိမ့်မယ်နော်။ဒါ့ကြောင့် လူလဲလှ အကျင့်လဲလှအောင် ကိုယ့်အကျင့်ကို ကိုယ်တိုင်ပြုပြင်ရမှာပါဘဲ။ပြီးတော့….
နားနဲ ့မနာ ဖဝါးနဲ ့နာပေါ့နော်။ခရီးသွားတဲ့အခါ၊ ရုပ်ရှင်ရုံထဲက အများသုံးအိမ်သာထဲမှာ ရှောပ့်ပင်ထွက်တဲ့အခါ ၊ မသုံးမဖြစ်သုံးရတဲ့ အများသုံးအိမ်သာဝင်ရတဲ့ အခါတွေ ့မြင်နေရတဲ့ ပြဿနာပါဘဲ။ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေတောင် အညစ်အကြေးစွန် ့ပြီးရင် သေချာ သဲနဲ ့ပြန်ဖုံးပါတယ်။ အသိညဏ်ရှိတဲ့ အရှက်ရှိတဲ့အမျိုးသမီးတစ်ချို ့က ကိုယ့်ရဲ ့လစဉ်သုံးစွန် ့ပစ်ပစ္စည်းတွေကို ဒီအတိုင်း စည်းကမ်းမဲ့ စွန် ့ပစ်ကြတာပါပဲ။
“သိသာသိစေ မမြင်စေနဲ ့ ” စကားပုံလိုပေါ့ တခြားသူအမြင်မတင့်တဲ့ အရာတွေကို မမြင်အောင် ထိန်းသိမ်းရမှာပါဘဲ။ တော်တော်များများက ချွေးသုတ်ဖို ့တစ်ရှူးလေးတော့ အိတ်လေးထဲမှာ လူတိုင်းဆောင်တတ်ကြပါတယ်။တစ်ရှူးလေးနဲ ့ထုပ်ပြီး သေချာစွန် ့ပစ် ပါ။ မရှိရင်လဲ သေချာ စည်းကမ်းတကျစွန် ့ပစ်ပါ။ ကိုယ်တစ်ယောက်ထဲသုံးနေတာမဟုတ်ပါဘူး။ အများသုံးအိမ်သာမို ့နောက်သုံးမယ့်သူတွေကိုအားနာပါ။ လူကြားထဲနေရင်တော့ လူလိုအလိုက်သိတတ်ရမှာပဲ။ တိရိစာ္ဆန်လေးတွေတောင် အလိုက်သိတတ်ပါတယ်။ပြီးတော့ အိမ်သာသန် ့ရှင်းရေးလုပ်တဲ့ ဝန်ထမ်းတွေထဲမှာ ကိုယ့်အမေအရွယ် ၊အဒေါ်အရွယ် တွေ အများကြီးရှိပါတယ်။ သူတို ့ကို ကိုယ်ချင်းစာပြီး အားနာပါ။ ရွံစရာ ပစ္စည်းကို မြင်လဲမြင်နေရ ။သိမ်းလဲသိမ်းနေရတော့ သူတို ့လဲ စိတ်တော်တော်လေး ညစ်နေမှာပါဘဲ။ ကိုယ့်အိမ်မှာ နေရင်တောင် အမြင်မသင့်တော်လို ့ကိုယ့်အဖေတွေ အစ်ကိုတွေ မမြင်အောင်သေချာစွန် ့ပစ်ရမှာပါဘဲ။ သိသာသိစေ မမြင်စေနဲ ့နော်။

ရုပ်လှဖို ့ထက် စိတ်လှဖို ့အရေးကြီးသလို လူလှဖို ့ထက် ဘဝ လှဖို ့အရေးကြီးပါတယ်.။ဒါ့ကြောင့်စိတ်ထားလေးတွေ နဲ ့ဘဝလှဖို ့ကို လဲ ပြုပြင်ဖို ့လိုပါလိမ့်မယ်။ ဘဝလှဖို ့အတွက်ကတော့…

*** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ …
“သဒ္ဒါ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

*** ကောင်းတဲ့စိတ် တွေမွေး၍…
“သီလ” ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ ကိုယ့်ဘဝကိုအလှဆင်ပါ။

*** တရားနာ တရားစာများဖတ်၍ …
“သုတ” ဆိုတဲ့သူတော်ကောင်းတရား နဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

*** စွန် ့ကြဲပေးကမ်း လှူဒါန်း၍ …
“စာဂ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

*** ဘာဝနာများ ပွားများ၍ ..
“ပညာ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

*** မိမိကိုယ်ကို တန်ဖိုးထား၍ …
“ဟီရိ”..ဆိုတဲ့ သူတော်ကောင်း တရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ …
“ဩတ္တပ္ပ” ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။

အားလုံးကို လှစေချင်ဆန္ဒများစွာနဲ ့

Written…By….ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com

9 comments

  • မီးမီး သော်

    August 23, 2011 at 11:28 pm

    *** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ …
    “သဒ္ဒါ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** ကောင်းတဲ့စိတ် တွေမွေး၍…
    “သီလ” ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** တရားနာ တရားစာများဖတ်၍ …
    “သုတ” ဆိုတဲ့သူတော်ကောင်းတရား နဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** စွန် ့ကြဲပေးကမ်း လှူဒါန်း၍ …
    “စာဂ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** ဘာဝနာများ ပွားများ၍ ..
    “ပညာ”…ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** မိမိကိုယ်ကို တန်ဖိုးထား၍ …
    “ဟီရိ”..ဆိုတဲ့ သူတော်ကောင်း တရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    *** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ …
    “ဩတ္တပ္ပ” ဆိုတဲ့ သူတော်ကောင်းတရားနဲ ့ကိုယ့်ဘဝကိုအလှဆင်ပါ။
    အားလုံးကို လှစေချင်ဆန္ဒများစွာနဲ ့

    ထုလိုသိခွင့်ဝေမျှပေးတဲ ့ချမ်းချမ်းရေ ကျေးဇူးပါနော်။

  • မီးမီး သော်

    August 23, 2011 at 11:36 pm

    လစဉ်သုံး စွန် ့ပစ်ပစ္စည်းတွေကို အများသုံးအိမ်သာတွေမှာမျက်နှာလွဲခဲပစ် ထားပစ်ခဲ့တတ်ကြတာက တော့ အရေးတကြီးဖြစ်နေလို ့များလား အတမင်ဘဲ လုပ်သွားကြတာလားမသိပါဘူး။စိတ်တော့ ညစ်စရာကြီးပါ. အများသုံးအိမ်သာတွေမှာ ကတော့ အမြဲ လိုလို မတွေ ့ချင်အဆုံးပါဘဲ။ပီးတော့ အိမ်သာသန် ့ရှင်းရေးလုပ်တဲ့ ဝန်ထမ်းတွေထဲမှာ ကိုယ့်အမေအရွယ် ၊အဒေါ်အရွယ် တွေ အများကြီးရှိပါတယ်။ သူတို ့ကို ကိုယ်ချင်းစာပြီး အားနာပါ။ ရွံစရာ ပစ္စည်းကို မြင်လဲမြင်နေရ ။သိမ်းလဲသိမ်းနေရတော့ သူတို ့လဲ စိတ်တော်တော်လေး ညစ်နေမှာပါဘဲ

    • etone

      August 24, 2011 at 9:47 am

      မိန်းမတွေ အဲ့ဒီပြသနာ အစိုးဆုံးပဲ …ကိုယ့်ပစ္စည်းကိုယ့်လက်ကလွတ်ရင် ပြ ီးတာပဲဆိုပြီး လွယ်လွယ် ရှင်းထားလိုက်တယ်…နောက်လူကမြင်တော့ ..စိတ်အနှောက်ယှက်ဖြစ်တယ်… လူတိုင်းကတော့ သိပေမဲ့ … သိသာသိစေမမြင်စေနဲ့ဆိုတာ ရှိသေးတာပဲ … စာရေးသူခိုင်းနှိုင်းထားတဲ့ တိရိစ္ဆာန်လေးတွေတောင် အသိတရာရှိသေးတယ် …တချို့မိန်းမတွေ အလွန်ဆိုးတယ် … 🙁
      ကော်စမက်တစ်ကတော့ ဝယ်တော့မယ်ဆို … ဒိတ်သေချာကြည့်တယ်… ဈေးကြီးကြီးပေးဝယ်ရပြီး … ဒိတ်အောက်နေတာနဲ့တိုးမှာ အကြောက်ဆုံးပါပဲ …
      လက်သည်းနီကလည်း တခါတလေ ဆိုးဖြစ်ပေမဲ့ … အိမ်အလုပ်လုပ် အိုးခွက်တိုက်နေရတာနဲ့… ဒီမနက်ဆိုးလျှင် ညနေပျက်တယ် … ဘာအမျိုးစားပဲသုံးသုံး ဒီလိုဖြစ်နေတော့ … လက်ကိုလုပ်ရတာ အလုပ်ပိုတာနဲ့… လက်သည်းလေးတွေ မတိုမရှည်ကိုပဲ … ဘာမှမဆိုးပဲ ဒီအတိုင်း ကြေးမရှိအောင်ထားတယ် … ။
      ခြေသည်းလည်း ဒီအတိုင်းပဲ … အမြဲခလုပ်တိုက်နေတာနဲ့ ..သူများလို ခြေသည်းရှည်ကြီးတွေ ထားလို့မရတော့ … မတိုမရှည်လေးပဲ ထားပြီး နေ့တိုင်းကြေးမဝင်အောင်တိုက်ပေးတယ်… 😀
      စာရေးပေးတဲ့ ချမ်းချမ်းကို ကျေးဇူးတင်ပါတယ်နော် …ဗဟုသုတလည်းရပါတယ် .. ။

    • pan pan

      August 24, 2011 at 9:52 am

      အဲဒါအတွက်တော့ ပုံးလေးလုပ်ပေးထားသင့်ပါတယ်
      ပုံးမှာ အိတ်ကလေးတစ်လုံးလောက် ထည့်ပေးရင် သိမ်းရသူလည်း အဆင်ပြေပါတယ်
      အသုံးပြုသူတွေလည်း ပုံးမရှိရင် အဆင်ပြေသလို ဟိုနားဒီနားထောင့်မှာထားရတာပါပဲ
      သွားရင်းလာရင်းဆိုတော့လည်း မတတ်သာတော့လည်း…..(ဖုံးဖုံးဖိဖိစွန့်ပေ့ါလေ၊ ဗြဲလရမ်းတန်းကြီးကတော့ ရိုင်းတာပေ့ါ) 🙄
      အဲဒီတော့ စွန့်ပစ်ပစ္စည်းထည့်ဖို့ ပုံးလေးတစ်ခုလုပ်ပေးပြီး သုံးတဲ့လူတွေကလည်း စည်းကမ်းတကျ ပုံးထဲသာစွန့်သင့်ပါကြောင်း….။။။

      • moethidasoe

        August 24, 2011 at 11:21 am

        ဟိုတယ်တွေမှာတော့ ပုံးလေးကို ပလတ်စတစ်အိတ်လေးခံပြီး ချထားပေးတယ် ..
        အများသုံးအိမ်သာမှာ ပုံးချထားရင်လဲ အလစ်သုတ်ခံရမှာ စိုးလို့လား .. စရိတ် ချွေတာတာလား မသိ..
        ချထားပေးရင်လဲ .. ဗုံးထည့်သွားရင် ပြဿနာလေ .. ဒါကြောင့် အမှိုက်ပစ်စရာ မထားတာ ထင်တယ် ..

        • pan pan

          August 24, 2011 at 11:38 am

          အိမ်သာထဲ ဗုံးထည့်ရင်တော့ ကျော်မကောင်း ကြားမကောင်းဖြစ်ကုန်တော့မှာပဲ
          အဲလိုပုံးထဲထည့်ရင်လည်း အိမ်သာခန်းထဲဝင်နေတဲ့ တစ်ယောက်ပဲထိမှာပေ့ါ
          မသကာ အပြင်ကလူတွေလည်း အနည်းအများထိလောက်မယ်
          အလစ်သုတ်ဖို့တော့ အဲလိုပုံးအလစ်သုတ်ရင် ဘယ်နေရာမှာမှသုံးမရ၊ ရောင်းစားလို့ပဲရမယ်
          အများသုံးအိမ်သာလည်း ဝင်ကြေးပေးဝင်ရတာများပါတယ်
          အဝမှာလည်း အစောင့်ရှိတော့ ပုံးကိုအလစ်သုတ်ဖို့တော့ မလွယ်လောက်ဘူး
          စကားမစပ်…..လေဆိပ်ကအိမ်သာတွေလည်း ညစ်ပတ်တယ်
          ပြည်ပထွက်ခွာဘက်ကတော့ စပယ်ရှယ်ပေမယ့် ပြည်တွင်းထွက်ခွာဘက်က ဆိုးလိုက်တာ

  • darlay

    August 24, 2011 at 10:55 am

    တကယ့်ကိုတန်ဖိုးရှိတဲ့postလေးပါဘဲ…..ခုလိုဝေမျှပေးတာကျေးဇူးပါနော် ….

  • ဆူး

    August 26, 2011 at 11:53 pm

    ပိုစ်ကို ဖတ်ရင်းနဲ့ သတိထားမိတာကတော့ သိစေချင်တာတွေကို စေတနာ ရှေ့ထားရေးပေးထားတယ်လို့ မြင်မိတယ်။
    ရွာသူလေး ချမ်းချမ်း လည်း လှလှ ပပ နဲ့ အမြဲ တင့်တယ်တဲ့ အမျိုးသမီး တယောက် ဖြစ်ပါစေ။

Leave a Reply