ကျောက်စိမ်းအကြောင်း နဲနဲလေး ၂

မောင် ပေAugust 23, 20111min19313

ခုမ့်

ဒီနေ ့ကျွန်တော် သိခဲ့ရတဲ့ ခုမ့် အကြောင်း ကို ပြောပြချင်ပါတယ် ။

အပေါ်က ပုံလေး က ကျောက်စိမ်းတုံး ပုံပေါ့ ၊ သူ ့ကို ဖြတ်ထားတဲ့ သဘော ပါ ။  ပုံ မှာ ပါသလို ပါပဲ ..။

အပေါ် ဆုံး က အခွံ ရှိပါတယ်

အခွံရဲ  ့အောက်မှာ ခုမ့် ရှိပါတယ် ။

ခုမ့် ရဲ  ့အောက်မှာ အသား ရှိပါတယ် ။ အရည် ဆိုတာ အသားထဲ မှာ ရှိတဲ့ ဟာပါ ။ အရောင်ပေါ့ ။

ခုမ့် ဆိုတာ အခွံ နဲ  ့အနှစ် ကြား မှာ ရှိတဲ့ အလွှာလေးပေါ့ ။

ကြက်ဥပြုတ် တစ်လုံး ကို အလယ် က ထက်ခြမ်းခွဲ သလို မြင်ကြည့်လိုက်ပါ ။

ကြက်ဥ ခွံ က အခွံ ပေါ့ ။ ( မနေ ့က ကျွန်တော် တင်ခဲ့တဲ့ ယမ်း ဆိုတာအခွံ မှာ ရှာရတာပါ ။)

ကြက်ဥခွံ အောက် က ဖြူဖြူလေးတွေ က ခုမ့် လို ့မှတ်ပါ

ကြက်ဥ အနှစ် က တော့ အသားပေါ့ ။ ဒီလောက် ဆို ကျောက်စိမ်းတုံး တစ်တုံး ပုံ ကို မြင်မိကြမှာပါနော် ။

“ ခုမ့် ” ရဲ  ့အရောင် ကို ကြည့်ပြီး ကျောက်စိမ်း အရည် ကို ခန် ့မှန်း နိုင်ပါတယ် ။

လက်လက် လက်လက် လေးတွေ က ယမ်းတွေ ပါ
ယမ်း

ဒီကျောက်ပုံ မှာ အဖြူရောင် အစက်ကလေး တွေ ၊ အချောင်းပုံလေး တွေ တွေ  ့နိုင်ပါတယ် ။

အဲဒါ က ယမ်းပါ ။

သေးသေးလေးတွေ က ယမ်းလုံး ၊ အချောင်း လေးတွေ က ယမ်းချောင်း ၊ ပုံရဲ  ့ဘယ်ဘက်ထောင့်မှာ ၊ အထက်အောက် ပြေးနေတဲ့ အဖြူ စင်းကြောင်းကြီး ကို တွေ ့နိုင်ပါတယ် ။

အဲဒါ က ရှောင်ရမယ့် ၊ ဈေးနှိမ်ရမယ့် သင်္ကေတ “ ခွေးရိုးထိုး ” ပါ ။

ခုမ့် အကြောင်း ကို ဆက်ပြောပါမယ်

“ ခုမ့် ” အရောင် ကို ကြည့်ပြီး ကျောက်စိမ်း အရည် ကို ခန် ့မှန်း နိုင်ပါတယ် ။

များသောအားဖြင့် “ ခုမ့် ” ပါသော ကျောက်များသည် “ အရည်ကျောက် ” ဖြစ်ပြီး  ၊ “ ခုမ့် ” မပါတဲ့ ကျောက်တွေ ဟာ “ အသားကျောက် ”  ဖြစ်တတ်ပါတယ် ။

“ ခုမ့် ” မပါတဲ့ ကျောက်ဟာ  မျိုးနုတတ်သည် ။ ဒါပေမယ့် ကျောက်တိုင်းတော့ မဟုတ်ပါဘူး ။

ဒီ “ ခုမ့် ” ကို နားလည် မယ် ဆိုရင် ကျောက်ရဲ  ့အရည် ကို အနီးစပ်ဆုံး ခန် ့မှန်းနိုင်ပါတယ် ။

ခုမ့် အရောင်တွေ က တော့

ခုမ့်ဖြူ ( အဖြူရောင် ) = ပဲရည်သန် ့သန် ့ဖြစ်တတ်သည် ။ အမျိုးကောင်း အရည်ကောင်း ရတတ်ပါတယ် ။

ခုမ့်ဝါ ( အဝါရောင် ) = အမျိုးကောင်းတဲ့ ခုမ့် ပါပဲ ။ အရည်ကောင်း ရတတ်ပါတယ် ။ ပဲဆွေးလု အရည်မျိုးကို ပေးတတ်ပါတယ် ။

ပျားရည်ခုမ့် (သို ့) အနီ ရောင် = အမျိုးကောင်းတယ် ။ ခုမ့် ဝါ လို ပဲ အရည်ကောင်း ရတတ်တယ် ။

ခုမ့်ညို = ခုမ့်ဟာ အညိုရောင် ဆိုရင် အရည် ပြာတတ်တယ် ။ ( ပြာတယ် ဆိုတာ ကျောက်စကားပါ ။ အပြာရောင် ကို ဆိုလိုတာ မဟုတ်ပါ ။ အစိမ်းပုပ် ရောင် ကို ပြောချင်တာ ပါ ) ။ လန် ့ရည် ဝင်တယ် လို ့လဲ ပြောကြပါတယ် ။

ခုမ့်မည်း ( အနက်ဘက်သမ်း တယ် ) = ခုမ့် မည်း ရင် အရည် ကျွမ်းတတ်တယ် ။ ဒါပေမယ့် အသား က ကောင်းမယ် ဆိုရင် ၊ မီးနဲ ့သေချာ ထိုးကြည့်လို ့စိမ်းပြ ရင် ၊ Black jade ပါ ။

( Black Jade ဆိုတာ ၊ အလင်းရောင် ကောင်းကောင်းအောက်မှာ ထောင်ကြည့်ရင် အစိမ်းရောင် ပါ ။ ဒီအတိုင်း ချထားပြီး ကြည့်ရင် အမဲရောင်  )

“ ခုမ့်ပါး ”  =  ခုမ့် ဟာ ပါးတယ် ။ ခုမ့်ပါး ရင် အရည်ကောင်းတတ်တယ် ။ အရည်ကျောက် တွေ မှာ ကြည့်ရင် ခုမ့် ဟာ ပါးပါးလေး ။“ ခွံဘိ ”  = မည်သည့် ခုမ့် မဆို ခုမ့်က ထူနေရင် “ ခွံဘိ ” လို ့ခေါ်ပါတယ် ။ ခုမ့်တက် တယ် လို ့လည်း ပြောကြပါတယ် ။ခုမ့် အဝါ ပါ ။ ဘေးပတ်လည် မှာ အဝါရောင် တွေ

ဒီပုံလေးထဲမှာ တော့ “ ခုမ့်ဝါ ” ကို မြင်တွေ  ့နိုင်ပါတယ် ။

ဒီလောက် ဆိုရင် “ ခုမ့် ” အကြောင်း ကို သိကြလောက်ပါပြီ နော် ။

ကျွန်တော် ရေးတာတွေ က တော့ စာတွေ ့တွေ ပေါ့ နော်

တစ်ကယ် ၁၀ဝ % တတ်သိနားလည် ဖို ့ကတော့ ၊ ဒီစာ နဲ ့တင် မလုံလောက်ပါဘူး ။

ကိုယ်တိုင် လက်တွေ ့ ကျောက်ဝိုင်း များ မှာ သွားပြီး ၊ စာနဲ ့ကျောက်နဲ ့တွဲလေ့လာ မှ တတ်ကျွမ်း လာမှာပါ ။

ကျွန်တော် ရေးတင်တာကတော့ ကျွန်တော် သိသလောက်လေးတွေ ကို ပြန်ဝေမျှ ပေးတဲ့ သဘောပါ ။

စာဖတ်သူ များ နဲ  ့ဂေဇက်ဝင် များထဲ မှ တတ်ကျွမ်းနားလည် သူ များ အနေ နဲ ့လည်း ဝင်ဆွေးနွေးပေးကြဦးလို ့ ဖိတ်ခေါ်ပါတယ် ။

ကျွန်တော် က တော့ အခုမှ စလေ့လာ နေတဲ့ သူ ပါ ။

အာရုံ စူးစိုက်ပြီး တစ်ကယ်ကြိုးစားလေ့လာ ရင် ၊ ၆ လ တစ်နှစ် နဲ ့ တတ်ကျွမ်း လာနိုင်တဲ့ ပညာရပ်ပါ ။ ( စာတွေ   ့၊ လက်တွေ  ့)

အခု ဆိုရင် ကျွန်တော့် စာဖတ်ကြသူ တွေ ဟာ အနည်းဆုံးတော့ ယမ်းအကြောင်း နဲ ့ခုမ့် အကြောင်း ကို သိရှိပြီးလောက်ပါပြီ ။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျောက်စိမ်း အကြောင်း ပြောလာရင် နဲနဲပါးပါး ဝင်ဆွေးနွေးလို ့ရမှာပါနော် ။

နောက်နေ ့တွေ မှ ……ဆက်လက်ပြီး တင်ပေးပါဦးမယ် ။

အားလုံး ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

13 comments

  • မီးမီး သော်

    August 23, 2011 at 11:48 pm

    ကျေးဇူးပါ။ဒါပေမယ့်. ဒီနေ ့ထိ ကောင်ကောင်း မမှတ်မိပါဘူး။ပြန်ဖတ်ရပါမယ်။မနေ ့ကတော့ ဖတ်တာမှတ်မိတာက အိမ်တွေမှာ ခင်းလာကြတာတို ့နောက် ကားကူရှင်မှာ သုံးစွဲလာတာတို ့အဲလောက်ဘဲ မှတ်မိပါတယ်ရှင်။ဉာဏ်က လဲ ခပ်ထိုင်းထိုင်းပါ

  • တညင်သား

    August 24, 2011 at 12:38 am

    စာတွေ့အနေနဲ့ ရှင်းလင်းပါတယ်ဗျား.. ဒီအတိုင်း ဆက်ရေးနိင်ပါတယ် .. ဘာမှ မသိတော့ မဆွေးနွေးတက်ဘူးနော်…………ကျေးဇူးပဲ…..

  • ပေါက်ဖော်

    August 24, 2011 at 9:37 am

    ဒါလဲ..ပညာ ဒါနပဲ ကိုပေရဲ့….
    ဆက်အားပေးနေမယ်…..
    လောလောဆယ်တော့….ဗိုလ်ချုပ်အမှတ်တရတို ့..ကျောက်စိမ်းအကြောင်းတို ့က..
    ကော်ပီကူးပြီး သိမ်းထားရဦးမယ်..ဗျ..

    ဒါနဲ ့.စကားမစပ်..
    ဟို..
    အုန်းပင်အောက် ရောက်နေတဲ့.. ကောင်လေးကော..
    သူ ့ဘောင်းဘီပြန်တွေ ့ပြီလားဗျ..
    😛

    • ဆူး

      August 24, 2011 at 11:17 pm

      ဒီကိစ္စ ဒီလို မရဘူး.. ရဲစခန်းကို အမှု တိုင်ထားတယ်။ စခန်းမှူးက သူလည်း မူးအောင် သောက်ပြီး အုန်းပင် အောက်မှာ သွားထိုင်စောင့်ဖမ်းတာ အခုထိ ခြေရာ လက်ရာ မတွေ့သေးလို့ စောင့်နေတယ် ကြားတာပဲ။

  • good

    August 24, 2011 at 9:53 am

    copy ပြီး word နဲ့ save ထားတယ်။ အားလုံး ပြီးမှ နောက်တကြိမ် အစအဆုံး ပြန်ဖတ်နိုင် အောင်ပါ။
    Thanks again.

  • jasmine7

    August 24, 2011 at 4:05 pm

    ဒီကျောက်စိမ်းအကြောင်း အချို့အချက်အလက်တွေဟာ ကွဲလွှဲနေပါတယ်၊ ခုမ့် ဆိုတာ တရုတ်အခေါ် ဟုန် = Hong (အနီရောင်) က လာတာပါ၊ ကျောက်စိမ်းသားရဲ့ အပေါ်ယံအလွှာမှာ အနီရောင်စွဲနေလို့ ခုမ့် (ဟုန်) လို့ခေါ်တာပါ။ အနီ၊ အဝါ ၊ အညို ရောင်တို့ ပါနေမှ ခုမ့်လို့ခေါ်ကြတာပါ (ခုမ့်နီ ၊ ခုမ့်ဝါ ၊ ခုမ့်ညို ပေါ့)။ အဖြူရောင်၊ မဲစိမ်း (Black Jade)၊ ခရမ်းရောင်၊ အစိမ်းရောင် စတဲ့ အခြားအရောင်တွေပါတဲ့ ကျောက်တွေကို ခုမ့်လို့ခေါ်လို့မရပါဘူး၊

    ကျောက်စိမ်း အရည်အချင်းကို အဓိကထားကြည့်တဲ့ အချက် ၃ ချက်ရှိပါတယ် ( ကျောက်သား ၊ အရောင် ၊ အလင်းဖောက်အား )၊ ဒီဆောင်းပါးမှာ ပါတဲ့ အရည်ကျောက် ဆိုတာ အရောင် (color) ကို ပြောတယ်လို့ထင်ပါတယ်။ (“ ခုမ့် ” ရဲ ့အရောင် ကို ကြည့်ပြီး ကျောက်စိမ်း အရည် ကို ခန် ့မှန်း နိုင်ပါတယ်) လို့ အထက်မှာဆိုထားပါတယ် ။ အရောင်နဲ့ အရည် ဟာ အတူတူပါ။ အခွံကို ဖောက်ထားပြီးသား ကျောက်တတုံးရဲ့ အရည် (အရောင်)ကို ခန့်မှန်းနေစရာ မလိုတော့ပါဘူး။

    မဖြတ် မတောက် မဖောက်ရသေးတဲ့ ကျောက်စိမ်းအရိုင်းတုံးကိုမှ ထွက်တဲ့မှော် ၊ အခွံမှာပါတဲ့ အပွေးမှန်း ၊ အရည်မှန်း ၊ အသားမှန်း၊ အခွံရဲ့အရောင်၊ ယမ်းချောင်း သေး ၊ ရှည် ၊ အနု ၊ အရင့် ပေါ်မူတည်ပြီး ကျောက်သား ကောင်းမကောင်း ၊ ကျောက်သား နု ရင့် ၊ အရည် (အရောင်) ပါမပါ ၊ ကောင်းမကောင်း ခန့်မှန်းဆုံးဖြတ်ကြတာပါ၊

    Black Jade ဆိုတာက အစိမ်းရောင်ကနေ ကျွမ်းပြီး အမဲရောင်ဖြစ်သွားတာပါ၊ ဒါကြောင့် မျက်စိနဲ့ကြည့်ရင် အမဲရောင် ဓါတ်မီးနဲ့ကြည့်ရင် အစိမ်းရောင်အဖြစ်မြင်နေရတာပါ၊

    • ပေါက်ဖော်

      August 24, 2011 at 4:41 pm

      hehe
      အတော်ပဲ..
      မောင်ပေ အရှေ ့က တလွဲတွေ ရေးသွားရင် အနောက်က ပြန်ပြင်ပေးမဲ့လူပေါ်လာဘီ

  • zaymdy

    August 24, 2011 at 4:58 pm

    မျှဝေပေးတည်းလူရော ဝေဖန် အကြံပေး အမှား ပြင်ပေးတည်း လူရော ကျေးဇူးတင်တယ်ဗျို..
    ဆက်လက်ပြီးလည်း ရေးပါဦး တော်ကြာ လှမ်းမှာ ကျောက်စိမ်း တွေ.ရဲသားနဲ. ကျော်ခွသွားမိမှာဆို.လို.. 😛

  • windtalker

    August 24, 2011 at 8:18 pm

    မင်္ဂလာပါ ဂျက်စမင်း ရေး
    ပထမ ပို ့စ်လေး ကို ဖတ်ကြည့်ပါဦး လို ့
    ဂျက်စမင်း ကို ပြောချင်ပါတယ် နော်
    http://myanmargazette.net/63283/creative-writing က လင့်ခ်ပါ
    ခုမ့် က တရုတ် စကား ဟုန် ့ကို မွေးစားထားတာပါ
    ဟုန် ့ဆိုတာ အမှေးပါး လို ့ဗမာလို အဓိပ္ပါယ် ရှိတယ် လို ့သိရပါတယ်
    ကျွန်တော် အခု ရေးနေတာ က
    တက်ခဲ့တဲ့ ကျောက်စိမ်းပညာသင်တန်း က သင်ခဲ့ရတာတွေ ကို
    ပြန်ပြီး ဝေငှပေးနေတာပါ
    သင်တန်းကြေး ၈သောင်းကျပ် ပေးရပါတယ်
    ကျောက်စိမ်းအကြောင်းပြောကြမယ် ဆိုရင်တော့
    ကွဲလွဲ တာတွေ တော့ အများကြီး ရှိနိုင်ပါတယ်

  • မောင်ပေ
    ပဝမ့်-(ပွေ့ဘန်)ဘိုးကုန်အောင်သင်
    ပုယောက်စော့ ပေါက်ကရ
    နောက်ကနေပြင်ပေးမယ့်
    ဆရာသခင်တွေရှိတယ်။

  • windtalker

    August 24, 2011 at 10:06 pm

    ကောက်ပို ရေ ၊ သောက်ငိုချင်ပ
    ဆရာသခင် အစစ်ဆိုရင်တော့
    ဝမ်းမြောက်ဝမ်းသာ အစစ် ဖြစ်ရမှာ အမှန်
    နို ့….
    ရှေ ့မကြည့် ၊ နောက်မကြည့်
    ဘုမသိ ဘမသိ
    ရမ်းသမ်း ဝင်ခနဲ ့တာမျိုး တော့
    လွန်ညစ် မှိုင်းညို
    မေပေါင်ငို ။

  • windtalker

    August 24, 2011 at 10:24 pm

    မင်္ဂလာပါ jasmine7
    ခုမ့်မည်း ( အနက်ဘက်သမ်း တယ် ) = ခုမ့် မည်း ရင် အရည် ကျွမ်းတတ်တယ် ။ ဒါပေမယ့် အသား က ကောင်းမယ် ဆိုရင် ၊ မီးနဲ ့သေချာ ထိုးကြည့်လို ့စိမ်းပြ ရင် ၊ Black jade ပါ ။

    ( Black Jade ဆိုတာ ၊ အလင်းရောင် ကောင်းကောင်းအောက်မှာ ထောင်ကြည့်ရင် အစိမ်းရောင် ပါ ။ ဒီအတိုင်း ချထားပြီး ကြည့်ရင် အမဲရောင် )
    BJ ဟာ သူ ့တန်ဘိုး နဲ ့သူ ဈေးကွက် တစ်ခု ရှိပါတယ် ။
    ခုမ့် ကို ကြည့်လို ့မည်းနေရင် ၊ မီးနဲ ့ထိုးကြည့်လို ့စိမ်းရောင် တွေ ့ရင် ၊ဘလက်ဂျိတ်ပါလို ့ရေးထားပါတယ်
    ယမ်း အကြောင်း ကို တော့
    ပထမ ပို ့စ် မှာ ရေးခဲ့ပြီး ပါပြီ
    ပို ့စ်ခေါင်းစဉ် မှာ ကို က ` ကျောက်စိမ်းအကြောင်းနဲနဲလေး ၂ ´ ဆိုပြီး တပ်ထားတာ က
    ရှေ ့မှာ တစ်ခု ရေးပြီးသား မို ့ပါ လို ့ဆိုလိုချင်တာပါ ။
    ကျွန်တော် အဓိက ကျောက်စိမ်းပညာ သင်တန်း တက်ရခြင်း ရည်ရွယ်ချက် ဟာ
    jasmine7 ပြောသွားသလို
    ` ကျောက်စိမ်း အရည်အချင်းကို အဓိကထားကြည့်တဲ့ အချက် ၃ ချက်ရှိပါတယ် ( ကျောက်သား ၊ အရောင် ၊ အလင်းဖောက်အား )၊ ´ ခြုံငုံပြီး ပြောသလို မျိုး မဟုတ်ပါ ။
    တစ်ခု ချင်း စီ ၊ တစ်ချက် ချင်းစီ ကို အသေးစိတ် သိချင်လို ့တက်နေတာပါ ။
    ပြီး…..ကိုယ်သိခဲ့ ၊ သင်ခဲ့ ၊ တတ်ခဲ့ ရ သလောက် ကို ပြန်ပြီး ဝေငှပေးနေတာ ပါ ဆိုတာ ကို နားလည်စေချင်ပါတယ်နော် ။
    ကျောက်စိမ်းအကြောင်း ကို အသေးစိတ် သိပြီး သူ တွေ အတွက် ၊ ကျွန်တော့် ပို ့စ် ဟာ မိချောင်းမင်း ရေခင်း ပြသလို ဖြစ်မှာပါလို ့လဲ ပထမ ပို ့စ် မှာ ဝင်ခံ ထားပါတယ် ။
    ကျေးဇူးတင်ပါတယ်နော်

  • ရွှေအိမ်စည်

    August 24, 2011 at 11:58 pm

    ဉာဏ် ကမရဘူး….စာလိုကျက်မှရမယ်ထင်တယ်…

    ပညာရတာပေါ့………

    ကြိုက်နှစ်သက်တဲ ့အရာထဲ မှာကျောက်စိမ်းလည်းပါတယ်…

    ဦးရန်ကနားက..ဘယာကြော်ရောင်းပြီးတာနဲ ့…

    အချည်မဟုတ်ဘူး..ဆိုတာပြတာ…သိတယ်

Leave a Reply