စာလေးတစ်ပုဒ်
စာလေးတစ်ပုဒ်ခင်ဗျားတို့ဖတ်ရဘို့ ကျုပ်တို့စာရေးတဲ့သူတွေမှာ
ဘယ်လောက် ခေါင်းခြောက်တယ် ထင်သလဲ စာရေးတယ်ဆိုတာ ဟောတစ်ပုဒ်ဟောတစ်ပုဒ်
စက်နဲ့လှည့်ထုတ်သလို ရတာမဟုတ်ဘူးဗျ  ကုန်ကြမ်းဆိုတာကရော စာရေးဘို့ကုန်ကြမ်းအကြောင်းအရာ
တစ်ခုဖြစ်လာဘို့  အဲဒီအကြောင်းအရာပေါ်မှာ ရေးသားသူရဲ့ အမြင်နဲ့လဲဆိုင်သေးတယ်လေ  စာရေးမယ့်သူက
အကြောင်းတိုက်ဆိုင်လာတဲ့ ကုန်ကြမ်းကို  ဘယ်လိုမှမခံစားရဘူးဆိုရင်လဲ စာတစ်ပုဒ် ဖြစ်လာမှာမဟုတ်ဘူးလေ
ပြောရမယ်ဆိုရင်တော့ ရင်ဘတ်နဲ့ ရင်းပြီးရေးရတာ ပေါ့ ။ ဒါမှလဲ ဖတ်တဲ့သူ ဟတ်ထိ မှာပေါ့ ။ စာဖတ်သူရဲ့
ရင်ထဲမှာ နဲနဲလောက် ကျန်ခဲ့တယ်ဆိုရင်တောင် ရေးရသူ ဆံပင်ကျွတ်ရကြိုး နပ်တယ်ပြောရမှာပေါ့ဗျာ ။
ရေးတဲ့သူနဲ့ ဖတ်တဲ့သူကလဲ ရေးသားတဲ့စာတိုင်းမှာအံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်မှာလေ ။ တယောက်နဲ့ တယောက်
ဝါသနာချင်းက တူကြတာမှ မဟုတ်တာဘဲ ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပိုပြီးတော့ စိတ်ဝင်
တစား ဖတ်တတ် မှတ်တတ်ကြတာပဲ မဟုတ်လား ။ ဒါကြောင့်ပဲ မိမိကြိုက်တဲ့ စာရေးဆရာ ဆို(ဘာရေးရေး) နဲနဲ
အမြည်းလေး ဖတ်ကြည့်လိုက်ရမှ ကျေနပ်တတ်ကျတာမဟုတ်လား ။
တချို့ကလဲ ရီစရာဟာသလေးပါမှ
တချို့ကလဲ ဗဟုသုတ လေးမှ
တချို့ကျတော့လဲ IT လေးမှ
တချို့ကျတော့ တက်ကျမ်းမှ
တချို့ကျတော့ထူးဆန်း တာလေးတွေမှ
တချို့ကျတော့ ခံစားချက်လေးပါမှ
တစ်ချိုကျ အနုအရွလေးတွေ
တစ်ချို့ကျသည်းထိပ်ရင်ဖို
တချို့ကျတော့လဲ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး ကိစ္စက ဘယ်လိုဆိုတာမျိုးတွေပေါ့
(ဒါကတော့ အမျိုးသမီး တွေက ပိုစိတ်ဝင်စားတာထင်ပ)
အခု ခေတ်ဆို ပိုဆိုးသေးတယ် ဟိုးအရင်ကဆို စာအုပ်အဟောင်းဆိုင်မှာ ဖတ်ချင်တဲ့ စာမျိုးခက်ခက်ခဲခဲ ရှာရတာ။
ဒါ့ကြောင့် စာရေးဆရာကြီးတွေက စာအုပ် အဟောင်းဆိုင်တန်းလေးတွေကိုတောင် လမ်းဘေးတက္ကသိုလ် လို့
တင်စားခေါ်ဝေါ် ခဲ့ကျတာပေါ့ ။ စာပေကသာ လူတွေရဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တာလေ။
မှန်ကန်တဲ့ အတွေးအခေါ်ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာရှိပြီးသားဉာဏ်နဲ့တင် မလုံလောက်ဘူးဗျ ။ ဖတ်ထားတဲ့
စာတွေနဲ့ ယှဉ်ရသေးတယ် ။  ဒါမှ မှန်ကန်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာတာ ။ အခုတော့ လမ်းဘေးတက္ကသိုလ်
နေရာမှာ ၅၀ဝ ကျော်တန်တဲ့ သတင်းထူး သတင်းဦး ဂျာနယ် တွေကနေရာယူလာကျပြီလေ ။ အခုခေတ်မှာတော့
လိုချင်တာကိုအင်တာနက်မှာ ရှာဖတ်လို့ ရတာမျိုးတွေ ရှိလာပြီလေ ။ ဒါကလဲ တိုးတက်လာတာနဲ့ အမျှ
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီစာဖတ်ပရိတ်သတ်နဲ့ စာရေးဝါသနာပါသူတွေ အတွက်တော့ အဆင်
ပြေတာပေါ့ ။ ဒါပေမယ့် အခုခေတ်လူငယ်တွေ တော်တော်များများ ဒီလို အတွေးအခေါ်တွေ အခွင့်အလမ်းတွေကို
နားမလည်သေးတာတော်တော် များတယ် ။
သူများနိုင်ငံမှာ ဘာတွေ ရှာဖွေတွေ့ရှိသွားပြီပဲ လို့ စိတ်ဝင်စားတဲ့ လူငယ်က တော်တော်လေးနဲသားဗျ ။
အင်တာနက် သုံးရင်တောင် G-talk နဲ့ VZO ပြောဖို့လောက်တွေးတတ်ကျတာပဲဗျ ။
၁၉၇ဝ ကျော်မှ တော်တော်များများ စာရေးတတ်လာတဲ့ တရုတ်နိုင်ငံတောင် အခုဆို ခုနနှစ်သားတောင် ဟယ်ရီပေါ်တာကို
အင်္ဂလိပ် လို ဖတ်တတ် နေကျပြီလေ ။( မြန်မာပြည်ရဲ့ ပညာရေးအရင်းအမြစ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်)
အခုခေတ်လူငယ်တွေ စာဖတ်အား အရမ်းနည်း ကြတယ် ။ ဒါကလဲ စာအုပ်ကို ခက်ခက်ခဲခဲ ရှာမဖတ်ရတာရယ် စာကောင်း
ပေမွန်တွေရဲ့ တန်ဖိုးကို သေချာမသိကျလို့ ဒီလိုဖြစ်ရတာထင်တယ် ။ စာတစ်ကြောင်းလေးနဲ့ လူတယောက်ရဲ့ ဘဝ
တခုလုံး ပြောင်းလဲ သွားနိုင်တယ် ဆိုတာ လေးတခုပြောပြချင်တယ် ။ စာရေးဆရာ နွမ်ဂျာသိုင်း က ဟောပြောပွဲ တခုမှာ
သူ့ဘဝအကြောင်း စာတကြောင်းကြောင့် ပြောင်းလဲ ခဲ့ရပုံကို ဟောပြောဖူးတယ် ။
ကျောင်းသားဘဝ ကနေ ပြီးထောင်ကျခဲ့ရတာ (နိုင်ငံရေး ထင်တာပဲ)
သူ ထောင်ကထွက်လာစ ကပေါ့ ။ ဘဝရဲ့ လမ်းကို ဘယ်ကပြန်စလျှောက်ရမှန်း မသိတဲ့အချိန် ။ လမ်းမှာဗိုက်ဆာလို့
အကြော်ဝယ်စားတာ အဲဒီအကြော်ထုပ်ထားတဲ့ စက္ကူက စာလေးတကြောင်းကြောင့် အခုလို နိုင်ငံသိ စာရေးဆရာ
တယောက်ဖြစ်လာရတာပါတဲ့ ။ အဲဒီစာကြောင်းလေးကိုတော့ ကျနော် မမှတ်မိတော့ဘူးဗျ ။ …:P
ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့ စာတကြောင်းဖြစ်ဖြစ် စာဖတ်သူအတွက်( တဘဝလုံးအပြောင်းအလဲ မဟုတ်တောင်)
ဟတ်ထိ စရာလေး တခုခုများ ကျန်ခဲ့တယ် ဆိုရင်ဖြင့် ရေးတဲ့သူဖတ်တဲ့သူ အတော် အကျိုးရှိတာကလား
ကျွန်တော် ကတော့ ပညာရေးမှာအထူးချွန်ကြီးမဟုတ်ခဲ့တာတောင် စာကောင်းပေမွန်တွေရဲ့အကျိုးကျေးဇူးကြောင့်
ဘဝတက်လမ်း တွေကို မှန်မှန်ကန်ကန်ရှာဖွေတွေ့ရှိနိုင်ခဲ့တာပါပဲ  ။ ငယ်စဉ်အခါက  ဖတ်စရာအင်မတန်ရှားပါတဲ့
အချိန်မျိုးမှာတောင် ခေါက်ဆွဲကျော်ထုပ်တဲ့ သတင်းစာစက္ကူ စုတ်က စာမကျန်ဖတ်ခဲတာ  ကြိုက်တာလေးတွေ့ရင်းကတ်ကျေးနဲ့ ညှပ်
သိမ်းထားခဲ့ရတာပဲ  အဲဒီတုံးကဂျာနယ်မသိ မဂ္ဂဇင်းလောက်သာရှိခဲ့တာလေ  ယခုအချိန်ထိလဲ တွေ့ကရာ ဂျာနယ်အစုတ်မကျန်
တွေ့တဲ့နေရာ မှာ အချိန်ရသလောက် လှန်လှော ဖတ်နေတုန်းပါ။
နောက်ဆုံးတစ်ခုကတော့ ဖတ်ပါ မှတ်ပါ လေ့လာပါ အဲဒီဗဟုသုတတွေကို ဘဝသင်ခန်းစာများနဲ့ တိုက်ဆိုင် အသုံးချ
နိုင်ကြပါစေလို့ဆန္ဒပြုရင်း……။။။။။
မန်းဂေးဇက်မှ  “tetoo”..အား ဤစာပုဒ်ပါအချက်များဖြင့်ကျေးဇူးတင်အပ်ပါတယ်။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးၾကီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com