အလှူတခု ဖြစ်မြောက်သွားပါပြီ။

ဆူးAugust 23, 20111min29646

အားလုံးကို အသိပေး ကြေညာတဲ့ သဘောနဲ့ ပိုစ်တင်လိုက်တာ ဖြစ်ပါတယ်။

ယခုလည်း ၁သိန်းပြည့်ဖို့ ရာဂဏန်း လိုနေပါသေးတယ်။

တနေ့က သဂျီးဆီကနေ အီးမေး လာပါတယ် ၁သိန်း ကို အားတဲ့ ရက် လွဲပေးမယ် ဆိုပြီး အကြောင်းကြားစာ လာခဲ့သလို လွဲပေးခဲ့ပါတယ်။

ဆူး လက်ထဲ ရရှိတဲ့ ၁သိန်း တိတိ ကို.. ကျေးဇူးကြီးမားလှတဲ့ မွေးမိခင်ကြီးကို ကိုယ်ပိုင် လုပ်အားခ သဘောမျိုး ဖြစ်တဲ့ ပိုက်ဆံနဲ့ ကန်တော့ခဲ့ပါတယ်။

၁သိန်း အတွက် ၁နှစ်ကျော် မက အချိန်ပေးပြီးတော့ ပိုစ်ပေါင်း ၃၄ဝ ရေးခဲ့ပြီး ကွန်မန်း အခုရေပေါင်း ၅၀၀ဝ ကျော် ရေးသားခဲ့ရပါတယ်။

စပြီး ဝင်ရေးတုန်းကတော့ အပျော်သဘောနဲ့ ရေးသားခဲ့ပေမဲ့ တက်လာတဲ့ ပွိုင့်တွေကို ကြည့်ပြီး သဘောကျ ပီတိ ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။

နောက်တော့ တော့တန်း ထဲမှာ နံပါတ် ၁ ဖြစ်လာတော့ ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ဖြစ်မိတာ အမှန်ပါပဲ။

ပုံမှန် ပိုစ်လေးတွေ ရေးသားပြီး ကွန်မန်းလေးတွေ ပေးနေမယ် ဆိုရင် ၁သိန်း ဆိုတဲ့ ပမာဏ ကို ရောက်သွားကြမှာပါ။

၁သိန်း ဆိုတဲ့ ပမာဏ မများပေမဲ့ တက်နေတဲ့ အမှတ်တွေကို ကြည့်ပြီး လုပ်နိုင်စွမ်းရည် ဒီလောက် ရှိပါလားဆိုတဲ့ အတွေးနဲ့တော့ ပီတိ ဖြစ်စရာ ကောင်းလှပါတယ်။

ပိုက်ဆံ ၁သိန်း လက်ခံရရှိတဲ့ အတွက် ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုယ်ပိုင် ပိုက်ဆံ စစ်စစ် နဲ့ မိခင်ကြီးကိုလည်း ကန်တော့ခဲ့ပါတယ်။

ရည်ရွယ်ချက်တော့ အလှူတခု ဖြစ်ချင်လို့ပါပဲ..

အမေ ကတော့ ထို ပိုက်ဆံ ၁သိန်း လိုအပ်နေလို့ မဟုတ်ပါဘူး။ သူအတွက် သိတတ်မှု ဆိုတဲ့ အရာလေး လိုအပ်နေတာကို ဖြည့်ဆည်းပေးတဲ့ သဘောပါပဲ။

လက်ခံရရှိတဲ့ ၁သိန်းကို အမေ ကို ကန်တော့ပြီး ယနေ့ ဇီဝိတ ဒါန ဆေးရုံ နဝကမ္မ အလှူငွေ အဖြစ် လှူဒါန်း ခဲ့ပါတယ်။ ရဟန်း ဖြစ်စေ သီလရှင် ဖြစ်စေ လူဖြစ်စေ ကျန်းမာရေး စောင့်ရှောက်မှု ပြုနိုင်အောင် လိုရာသုံးနိုင်ဖို့ ရည်ရွယ်ပြီး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံကိုတော့ မိခင်ကြီးနဲ့ အတူ သွားပြီးတော့ အမေ့ နာမည်နဲ့ လှူပေးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လုပ်ခဲ့တာကို ကျေနပ်အားရရှိလှ သလို အများကိုလည်း သိစေချင်တဲ့ ဆန္ဒနဲ့ ကြေညာချက် ထုတ်ပြီး ပိုစ် အဖြစ်တင်လိုက်တာ ဖြစ်ပါတယ်။

၁သိန်း ကို အလှူလုပ်ချင်တာကော မိဘ ကျေးဇူးသိတတ်တာကော တချက်ခုပ် ၂ချက်ပြတ် လုပ်ချင်တဲ့ ရည်ရွယ်ချက် အထမြောက်ခဲ့ပါပြီ။

 

အားလုံးပဲ ကျန်းမာ ရွင်လန်းကြပါစေ။

ကောင်းသော လိုရာ ဆန္ဒပြည့်စုံနိုင်ကြပါစေ။

ကျွန်ုပ် ရဲ့ မိခင်ကြီးကို အမှူးထားပြီး လှူဒါန်းတဲ့ ကုသိုလ် ကောင်းမှုတွေကိုလည်း ရွာသားများ သိပါစေ ဝမ်းမြောက် ဝမ်းသာ ဖြစ်နိုင်ပါစေ ထပ်တူထပ်မျှ အကျိုးရကြပါစေလို့ ရည်မှန်းထားပါတယ်။

 

 

46 comments

  • windtalker

    August 24, 2011 at 12:22 am

    သာဓု သာဓု သာဓု
    ဝမ်းမြောက်ဝမ်းသာစွာနဲ ့
    ခေါ်ဆိုပါတယ်
    သူကြီး ဆီ က ၁သိန်း ဆိုတာ ဆူးရဲ ့စာမူခ ပါ
    ကိုယ့်ရဲ ့ဝင်ငွေ နဲ ့ မာတာ မိခင် ကို ဦးဦးဖျားဖျား ကန်တော့ တယ် ဆိုတော့
    ရှေ ့ရှောက် ဆူးတစ်ယောက်
    ဘေးမသီ ရန်မခ
    ကျန်းမာ ချမ်းသာပြီး
    စီးပွားလာဘ်လာဘ တွေ ပေါများဦးမှာ
    အသေအချာပါပဲ
    ဖောကြီး (FR) ရဲ ့စကားကို ငှားသုံးပါမယ်
    Bravo ဆူး

  • padonmar

    August 24, 2011 at 12:32 am

    သာဓု သာဓု သာဓု
    မုဒိတာပွါးမိပါတယ်။
    ဆူးနောက်က တန်းစီနေတဲ့သူတွေလည်း အမြန်ရပါစေ။
    ဦးကြောင်ကြီးက ရှေ့ကပြေးထားလို့ ကြုံးဝါးဘူးတယ်နော၊

  • shwe ni

    August 24, 2011 at 12:47 am

    ကြည်နူးစရာကောင်းလှပါတယ်
    သာဓု သာဓု သာဓု .
    သဂျီးလဲ ဒီထက်မက အလျုရှင်တွေရရှိနိုင်ပါစေ
    Foreign Resident လဲထပ်လှုုနိုင်ပါစေ

  • kai

    August 24, 2011 at 1:32 am

    သာဓုပါကွယ်…။
    ၅နှစ်သက်တန်းရှိနေတဲ့.. အမေရိက အခြေစိုက် ပုံနှိပ်မီဒီယာ.. မန္တလေးဂေဇက်က..အယ်ဒီတာချုပ်ကိုယ်တိုင်.. တိုက်ရိုက်ချီးမြှင့်ပေးတဲ့.. ဆုကြေးငွေပါ..။

    လူသိန်းချီဖတ်နေတဲ့..ဝက်ဘ်ဆိုက်မှာ… တနှစ်ကျော်..တစိုက်မတ်မတ်.. ရေးသားဆွေးနွေးခဲ့တဲ့အတွက်.. “ဆူး” ကလောင်အမည်ဟာလည်း.. သမိုင်းမှာကျန်ရစ်ခဲ့ပါတယ်..။
    ငွေကျပ်၁သိန်းမကထိုက်တန်တဲ့.. ကလောင်အမည်ကလေးတခုပါ…။ ကိုယ့်Identity လေးပေါ့..။

    ကိုယ့်သမိုင်းတန်ဖိုးပိုတက်လာအောင် (ထက်ထက်မြက်မြက်နဲ့.)..ဆက်လက်ကြိုးစားပါလို့နော..။

    • nozomi

      August 24, 2011 at 9:57 am

      သူကြီး – MG စထောင်ကတဲက တစ်သိန်းရတာ ဘယ်နှစ်ယောက်ရှိပြီလဲ သိလို့ရမလားခင်ဗျာ

      • ကြောင်ကြီး

        August 24, 2011 at 10:21 am

        အခုအချိန်ထိ စုစုပေါင်း ငါးယောက်ရှိပါပြီ။ ပထမဦးဆုံးက ဦးခိုင်၊ ဒုတိယက သူ့မိန်းမဒေါ်ကြိုင်၊ တတိယက သမီးမနိုင်၊ စတုတ္ထက သားမောင်ပိုင်၊ နောက်ဆုံးပဉ္စမချိတ်သူကတော့ ဖွားဆူး (တရုတ်အမည် ဦးတည်ဆန်) ဖြစ်ပါတယ်ခင်ဗျား….။

  • Foreign Resident

    August 24, 2011 at 1:46 am

    သာဓု သာဓု သာဓု

    shwe ni says:
    သဂျီးလဲ ဒီထက်မက အလျုရှင်တွေရရှိနိုင်ပါစေ
    “Foreign Resident” လဲထပ်လှုုနိုင်ပါစေ Ooppppp… 😛

    OK… OK… I will donate again, but, not now, very soon. 😛

  • Neos

    August 24, 2011 at 6:04 am

    သာဓု သာဓု သာဓု ဗျာ
    ဝမ်းမြောက်ဝမ်းသာ ကြည်နူးစွာဖြင့် ခေါ်ဆိုပါတယ်
    အထူးသဖြင့် မိဘကို ကျေးဇူးသိတတ်မှူ့ကို ပိုပြီး လေးစားမိပါတယ်။

  • MaMa

    August 24, 2011 at 6:04 am

    ဆူး ရေ- အားလုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်။
    ကုသိုလ်တွေ အထပ်ထပ်ရအောင်လို့ ဉာဏ်ယှဉ်ပြီး လှူတဲ့ပုဂ္ဂိုလ် အဆင့်ဆင့်ရော (သဂျီး၊ FR၊ ဆူးရဲ့မေမေ၊ဆူး)၊ ထပ်ဆင့်၍ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သူအပေါင်းရော ကောင်းကျိုးလိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် နော်။
    FR လိုတောင် မလှူနိုင်သေးတဲ့လူ (ကိုယ်ပါပါတယ်။) အများကြီးပါ။
    ရွှေနီက FR ကို မှတ်တမ်းတင်ပေးတဲ့သဘောနဲ့ ရေးလိုက်တာ ဖြစ်မှာပါ။
    (သိပ်ကြောက်မသွားပါနဲ့ဦး။)
    😀 😀 😀 😀 😀

    • shwe ni

      August 24, 2011 at 10:05 am

      ဟုတ်ပါတယ်မမ။ ရွှေနီကလောလောဆယ်၁၀၉-၁၁ဝ ဖြစ်နေတာ ။မလှုုနိုင်သေးလို့ အလှုရှင်အမည်ကိုမှတ်တမ်းထက်တင်လိုက်တာ ။
      စာရေးဆရာ မောင်မိုးညိုတောင် ကျန်သွားတယ် ညကနာမည်ကို စဉ်းစားလို့မရလို့ ။ဒါပေမဲ့ အခုထပ်လှုမယ်ဆိုလို့ ပိုဝမ်းသာသွားတယ် သာဓုပါရှင်

  • kyawmonkhant

    August 24, 2011 at 7:33 am

    ပို့စ် ၃၄ဝကျော် ကွန်မန့် ၅၀၀ဝ ကျော်ဆိုတော့ နဲတဲ့ အားထုတ်မှုမဟုတ်ဘူး။
    စိတ်ရှည်ရမယ်။ သည်းခံရမယ်။
    ဇွဲသန်ရမယ်။
    သူဂျီးပေးတဲ့ တစ်သိန်းရဖို့ဆိုတာ တော်တော်မလွယ်တာဘဲနော်။
    တန်းဖိုးလဲ ရှိပါတယ်။
    တန်းဖိုးရှိစွာရထားတဲ့ အရာကို တန်းဖိုးရှိအောင် အသုံးပြုလိုက်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်သွားတာပေါ့။
    ဘာလို့လဲဆိုတော့ ကိုယ်လုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှလဲ ဝေလိုက်တယ်။ အမျှဝေလိုက်တော့ သာဓုခေါ်တဲ့သူတိုင်း (တကယ် စိတ်ပါလက်ပါ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ခေါ်တဲ့သူတိုင်း) ထပ်တူထပ်မှ ရပါတယ်။
    ဥပမာအနေနဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ဗီစီဒီ ဒီဗီဒီတွေကို ကော်ပီကူးလိုက်သလိုဘဲ မူရင်းလဲ လျှော့မသွားဘူး။ ကူးတဲ့သူလဲရသွားတယ်။ ဗုဒ္ဓဘာသာရဲ့ အမျှဝေခြင်း သာဓုခေါ်ခြင်းကို အဲလိုသဘောက်ပေါက်ပါတယ်။
    သာဓု သာဓု သာဓု ပါဗျာ။

  • kyawmonkhant

    August 24, 2011 at 7:34 am

    ပို့စ် ၃၄ဝကျော် ကွန်မန့် ၅၀၀ဝ ကျော်ဆိုတော့ နဲတဲ့ အားထုတ်မှုမဟုတ်ဘူး။
    စိတ်ရှည်ရမယ်။ သည်းခံရမယ်။
    ဇွဲသန်ရမယ်။
    သူဂျီးပေးတဲ့ တစ်သိန်းရဖို့ဆိုတာ တော်တော်မလွယ်တာဘဲနော်။
    တန်းဖိုးလဲ ရှိပါတယ်။
    တန်းဖိုးရှိစွာရထားတဲ့ အရာကို တန်းဖိုးရှိအောင် အသုံးပြုလိုက်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်သွားတာပေါ့။
    ဘာလို့လဲဆိုတော့ ကိုယ်လုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှလဲ ဝေလိုက်တယ်။ အမျှဝေလိုက်တော့ သာဓုခေါ်တဲ့သူတိုင်း (တကယ် စိတ်ပါလက်ပါ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ခေါ်တဲ့သူတိုင်း) ထပ်တူထပ်မျှ ရပါတယ်။
    ဥပမာအနေနဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေ ဗီစီဒီ ဒီဗီဒီတွေကို ကော်ပီကူးလိုက်သလိုဘဲ မူရင်းလဲ လျှော့မသွားဘူး။ ကူးတဲ့သူလဲရသွားတယ်။ ဗုဒ္ဓဘာသာရဲ့ အမျှဝေခြင်း သာဓုခေါ်ခြင်းကို အဲလိုသဘောက်ပေါက်ပါတယ်။
    သာဓု သာဓု သာဓု ပါဗျာ။

  • weiwei

    August 24, 2011 at 8:21 am

    တစ်သိန်းရရင် မုန့်ဝယ်ကျွေးရမယ်လို့ပြောထားလို့ ပိုက်ဆံကုန်ပြီဆိုပြီး ကြေညာတာပေါ့လေ … 😛

    အလှူဒါနအတွက် ဝမ်းသာအားရ သာဓုခေါ်ပါတယ် ..
    သာဓု .. သာဓု .. သာဓု

  • ပေါက်ဖော်

    August 24, 2011 at 8:50 am

    ဪ..
    လှူလိုက်ပြီဆိုတော့ သာဓုအနုမောဒနာ ခေါ်ဆိုပေးယုံသာ ရှိပေသည်.ပေါ့
    သာဓု..ဓု.ဓု..
    ခုလိုလှူဒါန်းရသော အကျိုးအားကြောင့်…
    သူကြီးနှင့်တကွ..ဖောကြီးတို ့…အလှူရှင် ကလေးမတို ့…ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေသား..

    အဘတို ့တော့ တစ်သိန်းပြည့်အောင် ဆယ်နှစ်လောက် အားထုတ်ရပေဦးမယ်မို ့..
    ……………………………………………အိပ်ဦးမယ်………………………………………………………….

  • ကြောင်ကြီး

    August 24, 2011 at 9:04 am

    အန်တီဆူးနဲ့ပေါင်းပြီး အလှူများလုပ်ရမလားလို့ သူ့ချည်းကိုယ်လွတ်ရုန်း ထွက်သွားပါရောလား…။ လူတွေလူတွေ ကြောင်လောက်တောင် မိတ်ဆွေအပေါင်းအဖော်ကို သတိမရကြ….

  • ရွှေဘိုသား

    August 24, 2011 at 9:19 am

    သာဓုပါ မမဆူးရယ် အားလည်းကျမိပါတယ်
    ကိုယ်တိုင်းလည်း ဗဟုသုတနည်းတော. သိပ်လည်းမရေးတတ်ဘူးဖြစ်နေတယ် အတွေ.ကြုံလည်း နုသေးလို.
    ဘာပဲပြောပြော သာဓုခေါ်ပါတယ်ဗျာ

    မမဆူးကို ဝင်မန်းရင် ကိုယ်.ပွိုင်.လေးကြည်.မိပါတယ် Points: 13430 Kyats တဲ.
    အများကြီးကျိုးစားဖို. လိုနေတယ်ဆိုတာ သိလိုက်ပါပြီ
    အမှန်တိုင်း ဝန်ခံရရင် ပိုက်ဆံတစ်သိန်းပြည်.ဖို.ဆိုပြီး အားထုတ်မရေးဖူးဘူး
    အခုလို အလှူလုပ်တဲ.မမဆူးက ပို.စ်တင်ပေးတော.လည်း တစ်သိန်းပြည်.အောင် အမြန်ရေးပြီး
    အလှူဖြစ်ဖြစ် အကျိုးရှိမဲ.ဟာလေး တစ်ခုလောက် လုပ်ချင်တဲ.အသိကလေး ကိန်းအောင်းလာတာတော.
    သေချာပါတယ် သူကြီးကိုလည်း ကျေးဇူးတင်ပါတယ် ကံဆိုးချင်တော. အနော်တို.ကျတော. စာမူခတွေ
    မန်းခတွေက လျှော.ကျကုန်ပြီ သူကြီးလည်း စီးပွားရေးပျက်ကပ် ဆိုဒ်နေလို.လားမသိပါဘူး စတာနော် သူကြီး

  • နွယ်ပင်

    August 24, 2011 at 9:30 am

    ဆူးရေ တစ်သိန်းရရင် မုန့်ဝယ်ကျွေးခိုင်းမလားလို့ စဉ်းစားနေတာ
    အခုတော့ အမေ့အတွက် အလှူလုပ်ပေးလိုက်တယ်ဆိုလို့ ဝယ်မကျွေးခိုင်းတော့ပါဘူး
    သာဓု…သာဓု …. သာဓု ….

  • pan pan

    August 24, 2011 at 9:58 am

    ဘွားဆူးအတွက် သာဓုခေါ်ပါတယ်
    ဘွားဆူးအလှူမှာ ဘွားဆူးတင်မက ဘွားဆူးအမေရော သဂျီးရော ကုသိုလ်ရသွားပါရဲ့
    ပြီးတော့ သဂျီးဆီ အလှူငွေထည့်ပေးသူတွေရောပေ့ါ
    ဘွားဆူးက ကိုယ်စားလှူပေးလိုက်သလိုပါပဲ

  • nozomi

    August 24, 2011 at 10:02 am

    ဆူးမမ ဝမ်းသာပါတယ် ကိုယ့်လုပ်အားနဲ့ ရတဲ့ ပိုက်ဆံကို အမေကိုလှူတာ မှန်ကန်မွန်မြတ်ပါတယ်
    အမေပေးတဲ့ ပိုက်ဆံနဲ့ သူငယ်ချင်းတွေကို ပြန်ကျွေးတာလဲ မှန်ကန်မွန်မြတ်ပါတယ် 🙂

    တနှစ်နီးနီးရေးတာ တစ်သောင်းမပြည့်သေးဘူး ဆိုတော့ နောင် ၁ဝ နှစ်လောက်ဆို ကျွန်တော်လဲ အမေ့လှူနိုင်မယ် ထင်ပါတယ် ( အမေ နောင် ၁ဝနှစ် ကျန်းကျန်းမာမာ နေဦးနော်)

  • good

    August 24, 2011 at 10:08 am

    မွန်မြတ်တဲ့ အလှူ ဒါနအတွက် ရော ပို့ တသိန်းပြည့် အတွက် ပါ congratulations ပါ ဆူး…..။

  • etone

    August 24, 2011 at 10:13 am

    ဖတ်ပြီး ကြည်နူးဝမ်းသာဖြစ်မိပါတယ် အစ်မရေ … သိပ်ကောင်းတဲ့ အကြံနဲ့ကျေးဇူးဆပ်ခြင်းမျိုးပါပဲ … ။
    သာဓုသုံးကြိမ်ခေါ်ပြီး ကုသိုလ်ပွားလိုက်ရပါတယ် ။ 🙂

  • manawphyulay

    August 24, 2011 at 10:15 am

    တစ်သိန်းဆိုတဲ့ပမာဏက ဘာမှသိပ်မရှိပေမယ့် ကိုု်ယ့်ရဲ့လုပ်အားခ၊ ချွေးနည်းစာ၊ နောက် အချိန်တွေ ငွေတွေ ပေးခဲ့ရပေမယ့် ကိုယ်ရေးသားတာတွေ လာရောက် ကော့မန့်ပေးတာတွေဟာ အလွန်တရာမှ ပီတိဖြစ်မိပါတယ်။ ဒါကတော့ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ ကိုယ့်ရဲ့စိတ်ထဲရှိတာ ချရေးလိုက်တဲ့အခါ စိတ်တူတာတွေ၊ ငြင်းခုန်တာတွေ၊ အပြုသဘောဝေဖန်တာတွေ၊ နောက် အပေါင်းအသင်း မိတ်ဆွေတိုးတာတွေကတော့ ကိုယ့်အတွက် အမြတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆူးရေ.. ဆူးရဲ့ကောင်းမှုအတွက် သာဓုခေါ်လိုက်ပါတယ်နော်…….

    ဒါကြောင့် သင့်ရဲ့ကော့မန့်တစ်လုံးဟာ ကျွန်ုပ်အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။

  • တညင်သား

    August 24, 2011 at 10:47 am

    ရွာသား၊ရွာသူအပေါင်းတို့ ဒီအဒေါ်ကြီးက သူ့အိမ်မှာ တောက်တိုမယ်ရ အလုပ်လေး ဝိုင်းကူလုပ်ပြီး ထိုင်စားလာတဲ့အချိန်ကြာပါပြီ.. အခုမှ ချွေးနဲစာ( ချွေးနဲနဲပဲထွက်ခြင်း)နဲ့ မိခင်ကြီးကို ကန်တော့ တယ်ဆိုတော့ သာဓု .သာဓု .သာဓု ခေါ်ပါတယ်..
    သူကြီးဆိုသော ဦးကြီးခိုင် ခင်ဗျား ကျွန်တော်ကိုလဲ ပွိုင့်လေး ၉၀၀၀ဝ ကျော်လောက်လိုတာ ငွေကြိုထုတ်ပေးလို့ ရမလားခင်ဗျ…သိပါရစေ …. 😛 😛

  • Moe Z

    August 24, 2011 at 11:07 am

    အဲဒီကိစ္စမျိုးကို သူကြီးကတော်ဆီအရင်ဝင်ရတယ် တညင်သားရဲ့..
    မြန်မာပြည်မှာနေရင် ဒီလောက်တော့သိရမှာပေါ့..

  • zoe

    August 24, 2011 at 12:28 pm

    ဆူးရေ စာ ရေးလို့ ရတဲ့ တစ်သိန်း အတွက် CONGRATULATIONS ။ တစ်သိန်းကို အမေ အတွက် အလှူ လုပ်ပေး တဲ့အတွက် သာဓု သုံးကြိမ် ခေါ်ပါတယ် ။ဆူးအတွက်ဝမ်းသာပါတယ် ။ ခြောက်လ ကို ပွိုင် နှစ်ရာ ကျော်ဆို တော့ တစ်သိန်း ရောက် ဖို့က အင်း….. ။ တနေ့တလံ ပုဂံဘယ်မရွေ့ ပေါ့ ။ 😛 စိတ်မပျက်ပါဘူး ရသလောက်ပေါ့ ။ 😀

  • weiwei

    August 24, 2011 at 12:55 pm

    ကွန်မန့် ၁၅၀ဝ ကျော်နဲ့ ပို့စ် ၁၇ဝ ကျော်ရေးထားတာ ပွိုင့် ၃၆၀၀ဝ ပဲရထားသေးတယ် … အချိန် ၉ လ ကုန်ခဲ့တယ် … တစ်သိန်းပြည့်ဖို့ဆိုရင် နောက် ၂ နှစ်လောက် စောင့်ရအုန်းမယ် … 🙁

  • မီးမီး သော်

    August 24, 2011 at 1:05 pm

    ဆူး ရေ မင်္ဂလာရှိလိုက်တာ။ထပ်တူ ထပ်မျှဝမ်းသာရပါတယ်။ခုလို မျိုး ကိုယ့်ချွေးနည်းစာလေး နဲ ့ပြ ုရတဲ့ ကုသိုလ်က ပိုမွန်မြတ်တာပေါ့။ ဆူးကို အားကျလိုက်တာနော်။ ပို ့စ်ပေါင်း ၃၄ဝ ဆိုတာ နည်းတာမှမဟုတ်တာနော့။ကျွန်မတို ့လဲကြိ ုးစားပြီး ရေးသွားဖို ့ကတိပြ ုပါတယ်

  • piti

    August 24, 2011 at 1:08 pm

    ကောင်းလေစွ… ကောင်းလေစွ… ကောင်းလေစွ…
    ဆူးရဲ့ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်ဗျာ…
    ပိုက်ဆံ ၁ သိန်းရတာကို မုဒိသာ ပွားပါတယ်…
    ဟုတ်တော့ ဟုတ်တယ်ဗျ
    ကိုယ့်ရဲ့ အချိန်တွေကိုပေးပြီး ခံစားရေးဖွဲ့ခဲ့ရတာဆိုတော့ ကျနော်ဆူးရဲ့ ဇွဲကိုချီးကျူးသလို ရေးနိုင်တဲ့ နှလုံးသားအတွက်လည်း ဂုဏ်ပြုပါတယ်…
    ရှေ့လျောက် ဝမ်းမြောက်စရာကောင်းတဲ့ ဒီလိုမျိုးအလှူလေးတွေ ဆက်ကာဆက်ကာ ပြုနိုင်ပါစေဗျာ………..

  • စုံ စုံ

    August 24, 2011 at 1:17 pm

    ဆူးရတဲ့ပွိုင့်၉သောင်းကျော်လောက်ထဲကစောင့်ကြည့်နေတာ
    ဘယ်တော့၁သိန်းပြည့်မလဲဆိုပြီး
    စိတ်ထဲမှာလဲထင်နေတယ်
    ဆူးတော့၁သိန်းပြည့်ရင်အလှုလုပ်မှာဘဲလို့
    အခုကိုယ်ထင်တဲ့အတိုင်းအလှုလုပ်တာတွေ့လို့
    တကယ်ကိုဝမ်းသာပါတယ်
    သာဓုလဲခေါ်ပါတယ်
    သာဓု သာဓု သာဓု

  • ဆူး

    August 24, 2011 at 1:44 pm

    ညအိပ်ခါနီး ၁၂နာရီကျော်မှ ပိုစ်ကို တင်လိုက်တာပါ။
    ညတညတာ နဲ့ မနက် တပိုင်း ကျော်ဖြတ်ပြီးတဲ့ အခါမှာ ကွန်မန်း ၃၂ ခု ရနေတာ တွေ့လိုက်ပါတယ်။
    အားလုံး ဝမ်းမြောက် ဝမ်းသာ ဂုဏ်ပြု ရေးသားခဲ့တာကို ဖတ်ရတဲ့ အခါ.. စိတ်ထဲ အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ အမှန်တော့ ၁နှစ်ကျော် အချိန်ပေးပြီး ရေးသားခဲ့သလို ရန်ပွဲတွေ အတိုက်အခံတွေ အများကြီး ဖြစ်လာခဲ့တာ တွေ့ကြုံခဲ့တာတွေ ကို စိတ်ကုန်လာလို့ ၁သိန်းပြည့်ရင် စာရေးတာ နားတော့မယ်လို့ တွေးထားခဲ့ပါတယ်။ ရွာထဲမှာ တိတ်တဆိတ် ထွက်ခွာသွားချင်လို့ ကွန်မန်းတွေ ပိုစ်တွေ တင်တာ တမင်ကျဲအောင် လက်အရှိန်ကို လျော့ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ၁သိန်းပြည့်ဖို့ တော်တော် ကြာသွားခဲ့တာပါ။ အာရုံနှစ်ပြီး သိပ်မရေးဖြစ်တော့ဘူး။ အခုလို အားပေးတဲ့ ကွန်မန်းတွေကို ဖတ်တော့ ဆူး တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ကွန်မန်းတွေ ရလို့ ဝမ်းသာခဲ့ပါတယ်။ ပစ်ထားတော့မယ် ဆိုတဲ့ အတွေးနဲ့ ၁သိန်း မပြည့်သေးလို့ မျှဉ်းဖြတ်တော့မယ် စိတ်ကူးထားမိတဲ့ အတွေးအတွက် စိတ်မကောင်းဖြစ်မိတဲ့ အတွေးဖြစ်မိတာပါ။ စာမူခေါ်တဲ့ ပိုစ်ကို ဖတ်မိတဲ့ အခါတုန်းကလည်း ထွက်သွားတော့မယ် ဆိုတဲ့ စိတ်ကူးက တွေဝေ ခဲ့ပေမဲ့ အခုကတာ့ ပိုခိုင်မာ သွားတယ်။
    အခါအားလျှော်စွာ ရေးမယ် အပြီးတော့ အဆက်မဖြတ်တော့ဘူး။

    ကွန်မန်းပေးတဲ့ သူ အားလုံး ကို ကျေးဇူးတင်ပါတယ်။

    • researcher

      August 24, 2011 at 3:02 pm

      တသိန်းပြည့်ခါနီးမှ ရေးအားတွေကျသွားတော့ ဆူးတယောက်တော့ MG ကို တင်းနေပြီထင်တယ်လို့ ကျွန်တော်က တွေးနေမိတာ…။ point တွေကို လျှော့ပြီးရင်း လျှော့နေတဲ့ အတွက် တင်းမယ်ဆိုတင်းလောက်တယ်လေ…။ တသိန်းက ပြည့်တော့မယ် Point က တက်မလာ…..ဟုတ်တယ်ဟုတ်…။

      • ဆူး

        August 24, 2011 at 8:02 pm

        အမရေ အဲလောက်တော့ မရိုးဆင်းပါဘူး။

  • R Ga

    August 24, 2011 at 2:06 pm

    ကျွန်တော်လည်း ဆူးလို မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ….။ သာဓုဗျာ..။
    မွန်မြတ်တဲ့ငွေနဲ့ လှူတန်းခြင်းဖြစ်တဲ့အတွက် ပိုဂုဏ်ယူမိပါတယ်။

  • hmee

    August 24, 2011 at 2:40 pm

    ဆူးရေ လုံးဝ အဆက်အသွယ်မဖြတ်ဘူးလို့ သိရလို့ ဝမ်းမြောက်မှု နှစ်ထပ်ကွမ်းပါနော်။

  • zawmaung

    August 24, 2011 at 2:50 pm

    “အမှန်တော့ ၁နှစ်ကျော် အချိန်ပေးပြီး ရေးသားခဲ့သလို ရန်ပွဲတွေ အတိုက်အခံတွေ အများကြီး ဖြစ်လာခဲ့တာ တွေ့ကြုံခဲ့တာတွေ”
    Never give up because of this.

  • Zwe hsu

    August 24, 2011 at 4:39 pm

    Congratulations ….Sis…..:23::

  • thit min

    August 24, 2011 at 4:57 pm

    မဆူးရေ..ဝမ်းမြောက်ဂုဏ်ယူ ပါတယ်ဗျာနော်။

  • ဆမူးမူးရေ…………………
    ရွာထဲမှာ တို့တစ်တွေဖြတ်သန်း
    တစ်နှစ်ဆိုတဲ့ ကာလ ကျော်လွန်လာကြပေါ့။
    တက်လာသမျှပိုစ်တွေ့ဖတ်
    ကော်မင်းတွေအပြန်အလှန်ရေး။
    အမြင်မတူကြတာလေးတွေလဲရှိခဲ့ပါရဲ့။

    မြင်သမျှတွေး
    တွေးမိသမျှရေး
    တွေ့သမျှရိုက်
    ခပ်မိုက်မိုက်ပုံတွေတင်
    ဘယ်လိုဘဲဖြစ်ဖြစ် လူစိတ်ပင်ပန်းခဲ့တာလဲအမှန်။
    ကောင်းတလှဲ့ မကောင်းတလှဲ့ကော်နက်ရှင်
    စိတ်ပျက်တခါ အားတင်းတလှဲ့
    စိတ်ကုန်တစ်ခါ စိတ်ပါတလှဲ့
    သူကြီးပေးတယ်ဆိုတဲ့ပွိုင့်အတွက်
    တပ်မက်ခြင်း မတပ်မက်ခြင်း
    ဖြေရှင်းရတာလဲအခါခါ။
    အချိန်ကာလတစ်ခုကြာ
    ယခုအခါမတော့
    မှတ်တိုင်တစ်ခု
    စိုက်ထူပြီးခဲ့ပေ့ါ……………….
    နောက်ထပ်……..နောက်ထပ်………………….နောက်ထပ်……………….

  • fatty

    August 24, 2011 at 8:51 pm

    ွှtop ten ရဲ့ ထိပ်ဆုံးမှာ winne ဆိုတဲ့နာမည်လေးခါတိုင်းလိုမတွေ့ရတော့ … တမျိုးတော့ခံစားရသား .။
    ဘာဘဲပြောပြော ဖြတ်ကျော်ခဲ့ရမှုတွေမှာ သတိရစရာတွေဖြစ်နေမှာပါ။
    ချီးကျူးဂုဏ်ပြုလိုက်ပါတယ်ခင်ဗျား …………….။

    • ဆူး

      August 24, 2011 at 9:04 pm

      ဘယ်နေရာ မဆို အချိန်တန်ရင် ဖယ်ပေးရစမြဲမို့ အချိန်စိရင်တော့ ဆင်းရမှာပါပဲ။

  • koyinmaung

    August 24, 2011 at 9:50 pm

    အလွန်ဘဲကြည်နူးစရာသတင်းလေးပါဘဲ
    သာဓု..သာဓု…သာဓု…ခေါ်လိုက်ပါတယ်၊
    တသိန်း ရဘို့အချိန်ဘယ်လောက်ငွေဘယ်လောက်
    ရင်းခဲ့ရတယ်ဆိုတာ ဆူး ဘဲသိမှာပါ၊
    ဂုဏ်ယူပါတယ်..
    ဆက်လက်ရေးပါအားပေးနေပါတယ်……

  • စုန်းထီး

    August 24, 2011 at 10:30 pm

    သာဓု သာဓု သာဓု
    ရွာပြင်ကနေ ရွာထဲကို ထွက်လိုက်ဝင်လိုက် နေရင်း သာဓုခေါ်ဆိုသွားပါတယ်
    အမျှများများပေးဝေကြပါ ဒါမှ ကျွတ်မှာလွတ်မှာ အဲ မဟုတ်ပါဘူး ရောကုန်ပီ … D

  • pooch

    August 25, 2011 at 12:45 am

    ဆူးရေ ဝမ်းသာပါတယ် စိတ်ဓာတ်ကို လည်း လေးစားပါတယ် ဆူးရဲ့ စာလေးတွေကို လည်း ဆက် ပြီးစောင့်မျှော်နေပါတယ် (သူကြီးကလည်း ကတိတည်သားပဲ 🙂 )

    ဆူးတယောက် ဆက်လက်ပြီး စာတွေ အများကြီးရေးနိုင်ပါစေ မိဘကျေးဇူးကိုလည်း ဒီထက်မက ဆက်နိုင်ပါစေ ကွယ်…….

Leave a Reply