စစ်တပ်ကို အရင်​ပြောင်း​ပါ – အီဂျစ်သင်ခန်း​စာ

ေရႊဘိုသားAugust 24, 20111min1256

အီဂျစ်နဲ့​ တူနီး​ရှား​က လူထုဆန္ဒပြပွဲ​တွေမှာ စစ်တပ်က ကြား​နေခဲ့​လို့​ အမှတ်​ပေး​ခဲ့​ကြ ​ပေမယ့်​၊​ အီဂျစ်မှာ မူဘာရတ်ပြုတ်ကျသွား​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၁ ရက်​နေ့​က စလို့​၊​ ​နေ့​စဉ် လှုပ် ရှား​တက်ကြွသူ ၇ဝ နီး​ပါး​ ​ထောင်ဒဏ်ချခံ​နေရတယ်ဆိုရင် ယုံနိုင်စရာ​တောင် မရှိပါ ဘူး​။

“အီဂျစ်ပြည်သူ ​တွေနဲ့​ စစ်တပ်နဲ့​ ဆက်ဆံ​ရေး​က​တော့​ ကိုယ့်​ကို လိမ်​နေညာ​နေမှန်း​ သိ​ပေမယ့်​ သား​တွေ၊​ သမီး​တွေရဲ့​ မျက်နှာကို ငဲ့​ပြီး​ ဘာမှ မ​ပြောရဲတဲ့​ ဇနီး​သည်လို​ပေါ့​” လို့​ အီဂျစ်လူမျိုး​ နာမည်​ကျော် လူရွှင်​တော် အဒမ် အက်ဘ်ဒဲလ် ဆာလမ် (Adham Abdel Salam) က ဥပမာ​ပေး​ပါတယ်။

ရင်နာစရာ​ တွေကို ဟာသလုပ်ပစ်တတ်တာ အီဂျစ်လူမျိုး​တွေရဲ့​ ဓ​လေ့​လို့​ ဆိုပါတယ်။

ဥပမာ လွန်ခဲ့​တဲ့​ သုံး​လေး​နှစ်ကတည်း​က မူဘာရတ်အုပ်ချုပ်​ရေး​ကို စိတ်ကုန်​နေတဲ့​ လူငယ်​တွေက အချင်း​ချင်း​ကြား​မှာ ဒီလိုသတင်း​စကား​တွေကို မျှ​ဝေခဲ့​ကြပါတယ်။

“သွား​ပါ​တော့ ​ဗျာ။ ကျ​နော်တို့​ စာကြည့်​ရဦး​မယ်”

“မူဘာရတ်သွား​ ကို သွား​နုတ်​ပေး​ဖို့​ သွား​ဆရာဝန် ​ရောက်​နေပါပြီခင်ဗျာ” ဆိုတာမျိုး​။

နောက်သ​ ရော်ချက်တခုက​တော့​ ပုံပြင်ဆန်ပါတယ်။

“မူဘာရတ်နဲ့​ သူ့​အရင် အီဂျစ်အာဏာရှင်​တွေဖြစ်တဲ့​ ဆဒတ်၊​ နာဆာတို့​ တမလွန် ဘုံမှာ သွား​ဆုံကြသတဲ့​။ အဲဒီမှာ ​နောက်မှ​ရောက်တဲ့​ မူဘာရတ်က အရင်​ရောက်နှင့်​သူ ​တွေကို အခုလို​မေး​သတဲ့​။

မူဘာရတ်။ ။ “ကိုယ့်​ဆရာ​တွေ ဒီကို ဘယ်လို​ရောက်လာကြတာလဲ။”

ဆာဒတ်။ ။ “ကျုပ်က​တော့​ အဆိပ်မိပြီး​ ​ရောက်လာတာပဲ။”

နာဆာ။ ။ “ကျုပ်က​တော့​ ​သေနတ်နဲ့​ လုပ်ကြံခံလိုက်ရတယ်။ ​မောင်ရင်ကျ​တော့​ ​ရော။”

မူဘာရတ်။ ။ “ကျ​နော်လား​၊​ ​ဖေ့​စ်ဘွတ်​ကောင်း​မှုနဲ့​ ဒီ​ရောက်လာတာပါ။”

ဒါ​ပေမယ့်​ အီဂျစ်​တွေရဲ့​ ဒီဟာသက အရယ်တဝက်မှာပဲ ရပ်သွား​ပါတယ်။ အ​ကြောင်း​က​တော့​ မူဘာရတ်အလွန် စစ်တပ်ရဲ့​ ကြား​ဖြတ်အစိုး​ရကာလမှာ အနည်း​ဆုံး​ ဆန္ဒပြသူ ၁၂,၀၀ဝ ခုံရုံး​တင်ခံရပါတယ်၊​ အား​လုံး​နီး​ပါး​ ၆ လက​နေ နှစ်ချီပြီး​ ​ထောင်ဒဏ်ချမှတ်ခံရတာချည်း​ပါပဲ။ ရာနဲ့​ချီတဲ့​ သတင်း​ထောက်​တွေရဲ့​ ဘ​လော့​ဂ်စာမျက်နှာ​တွေ အပိတ်ခံခဲ့​ရပါတယ်။ ​နောက်ဆုံး​ ဟိုး​လေး​တ​ကျော် ကိစ္စက​တော့​ အသက် ၂၆ နှစ်အရွယ် နာမည်​ကျော် ဘ​လော့​ဂါ ​ကောင်မ​လေး​ အက်စ်မား​ မား​ဖုဇ် (Asmaa Mahfouz ) ရဲ့​ အမှုပါ။

သူဟာ ၂၀၀၈ ခုနှစ် ဧပြီ ၆ ရက် လူငယ်လှုပ်ရှား​မှု ​ခေါင်း​ဆောင်​တွေထဲက တ​ယောက်ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီတုန်း​ကလည်း​ ကင်မရာကို တည့်​တည့်​ကြည့်​ပြီး​ ရိုက်ထား​တဲ့​ မူဘာရတ်ကို စိန်​ခေါ်တဲ့​ ဗွီဒီယိုကလစ် နှစ်ခုကို အွန်လိုင်း​ပေါ်တင်ခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​ ဇူလိုင်တုန်း​က​တော့​ သူက သူ့​ရဲ့​တွစ်တာနဲ့​ ​ဖေ့​စ်ဘုတ်မှာ အခုလို ​ရေး​လိုက်ပါတယ်။

“တရား​ရုံး​ တွေက ကျမတို့​ရဲ့​ အခွင့်​အ​ရေး​ကို မ​ပေး​ဘူး​ဆိုရင်၊​ ​နောင်မှာ လက်နက်ကိုင် ဆန့်​ကျင်တဲ့​အုပ်စု​တွေ၊​ လုပ်ကြံမှု​တွေ ​ပေါ်လာရင် အဆိုး​မဆိုကြပါနဲ့​” လို့​ ​ရေး​လိုက်ပါတယ်။ ဒီအ​ရေး​အသား​ကြောင့်​ စစ်တပ်ကို ​စော်ကား​မှု၊​ လက်နက်ကိုင်အုံကြွမှုဖြစ်​အောင် လှုံ့​ဆော်မှုတို့​နဲ့​ တရား​စွဲခံရပါတယ်။

ပြည်တွင်း​ ပြည်ပက ကျယ်ကျယ်ပြန့်​ပြန့်​ ​ဝေဖန်တာရယ်၊​ ​နောက်ထပ် မ​ကျေနပ်ချက်​တွေကို ဆွ​ပေး​သလို ဖြစ်မှာစိုး​တာရယ်​ကြောင့်​ ဩဂုတ် ၁၈ ရက်မှာ​တော့​ တရား​ရုံး​က သူ့​ကို အာမခံနဲ့​ ပြန်လွှတ်​ပေး​လိုက်ပါတယ်။

နယူး​ယောက် အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​အဖွဲ့​က ဒီအမှုဟာ စစ်တပ်က သူ့​ကို အတိုက်အခံလုပ်သူ​တွေ၊​ အရပ်သား​အစိုး​ရဆီကို အာဏာလွှဲ​ပေး​ဖို့​ ကြန့်​ကြာ​နေတာနဲ့​ ပတ်သက်လို့​ ​ဝေဖန်သူ​တွေကို အရှိန်မြှင့်​နှိမ်နင်း​တဲ့​ လုပ်ရပ်လို့​ ​ဝေဖန်ခဲ့​ပါတယ်။

စစ်တပ်က ဒီနှစ်မကုန်ခင်မှာ ​ရွေး​ကောက်ပွဲလုပ်ပြီး​၊​ အရပ်သား​အစိုး​ရဆီကို အာဏာလွှဲ​ပေး​မယ်လို့​ ကတိ​ပေး​ထား​ပေမယ့်​ မူဘာရတ်အလွန် အီဂျစ်နိုင်ငံရဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​မှာ စစ်တပ်ဟာ အဓိက အဟန့်​အတား​တခု ဖြစ်​နေဦး​မယ်လို့​ ​လေ့​လာသူ​တွေကဆိုကြပါတယ်။

အ​ကြောင်း​ ရင်း​တခုက​တော့​ အီဂျစ်ရဲ့​ စီး​ပွား​ရေး​လောကမှာ အနည်း​ဆုံး​ ၅ ရာခိုင်နှုန်း​က​နေ ၃ဝ – ၄ဝ ရာခိုင်နှုန်း​အထိ စစ်တပ်က လက်ဝါး​ကြီး​အုပ်ထား​တာ ​ကြောင့်​ပါ။ ​လေဆိပ်က​နေ ကိုင်ရိုမြို့​ထဲကို ကား​မောင်း​သွား​ရင် တလမ်း​လုံး​က မြင်မြင်သမျှ မှန်အပြည့်​ကာထား​တဲ့​ အ​ဆောက်အဦ​တွေ၊​ ပန်း​ပင်အုံ့​အုံ့​၊​ ခြံဝင်း​ကျယ်ကျယ်အိမ်​တွေ အား​လုံး​ကို စစ်တပ်အရာရှိ​တွေ ပိုင်ကြပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီ​တွေက ​ရောင်း​ချတာ​တွေက​တော့​ မီး​သတ်ဘူး​၊​ ​ဆေး​ခန်း​သုံး​ကိရိယာ၊​ လက်​တော့​ပ်ကွန်ပျူတာ၊​ တယ်လီ​ဗေး​ရှင်း​၊​ အဝတ်​လျှော်စက်၊​ ​ရေခဲ​သေတ္တာ၊​ ဟင်း​ချက်အိုး​ခွက်၊​ ​ရေသန့်​ဘူး​၊​ ဂက်စ်အိုး​၊​ သံလွင်ဆီအထိ အကုန် သူတို့​ချည်း​ပါပဲ။

တကယ်​တော့​ အီဂျစ်မှာ ဒီမိုက​ရေစီစနစ်နဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​ကို အပြည့်​အဝ အ​ကောင်အထည်​ဖော်မှ နိုင်ငံစီး​ပွား​ရေး​ ၅ ရာခိုင်နှုန်း​ တက်လာပြီး​၊​ အလုပ်လက်မဲ့​နှုန်း​ကို ကာမိမှာဖြစ်ပါတယ်။ ဒုံရင်း​အတိုင်း​သွား​ရင်​တော့​ ၂၀၁၁-၂၀၃ဝ ကာလမှာ အလုပ်လက်မဲ့​နှုန်း​ ၃ ဆ တိုး​လာဖွယ်ရှိ​နေပါတယ်။

လက်​တွေ့​မှာ​ တော့​ ​လော​လောဆယ်မငြိမ်သက်မှု​တွေ​ကြောင့်​ ကမ႓ာလှည့်​ ခရီး​သွား​တွေ အီဂျစ်ကို ​ခြေဦး​ပြန်လှည့်​ဖို့​ မရှိ​သေး​သလို၊​ လာမယ့်​နှစ်မှာ နိုင်ငံစီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ၁ ရာခိုင်နှုန်း​တောင် ကျသွား​နိုင်​သေး​တယ်လို့​ IMF နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ က ခန့်​မှန်း​ထား​ပါတယ်။ တဘက်မှာ နိုင်ငံဘဏ္ဍာ​ငွေထဲက စစ်တပ်အတွက် အသုံး​စရိတ်ကို ​ဒေါ်လာဘီလီယံချီ (​ဒေါ်လာသန်း​ထောင်ချီ) (အတိအကျဘယ်သူမှ မသိ)၊​ အသုံး​ပြု​နေရသလို၊​ စစ်တပ်ပိုင်ကုမ္ပဏီ​တွေက အခွန်မ​ဆောင်ကြပါဘူး​။ အလုပ်အကိုင်မရှိတဲ့​ အရပ်သား​တွေကိုလည်း​ စစ်တပ်ကုမ္ပဏီက အလုပ်မခန့်​ပါဘူး​။ ဒါ​ကြောင့်​ စစ်တပ်ကုမ္ပဏီ​တွေဟာ အလုပ်အကိုင်ဖန်တီး​ပေး​ဖို့​ အဓိက ​မောင်း​နှင်အား​ဖြစ်တဲ့​ ပုဂ္ဂလိကကဏ္ဍ ဖွံ့​ဖြိုး​ဖို့​လမ်း​မှာ အဟန့်​အတား​ဖြစ်​နေပါ​တော့​တယ်။ တဘက်မှာလည်း​ စစ်တပ်က စီး​ပွား​ရေး​ကဏ္ဍမှာ ခြယ်လှယ်ခဲ့​တာကြာခဲ့​ပြီဖြစ်တဲ့​ အတိုင်း​ သူတို့​ရဲ့​ စီး​ပွား​ရေး​လက်​ဝေခံ​တွေ၊​ လက်ရှိ ဒီမိုက​ရေစီမဟုတ်တဲ့​စနစ်မှာ အဆင်​ပြေ​နေတဲ့​ စီး​ပွား​ရေး​သမား​ထောင်ဂဏန်း​ ကလည်း​ရှိ​နေပါတယ်။ ဒီလူအုပ်ကြီး​ကလည်း​ ​ခြေကုပ်ရထား​ပြီး​သား​ ဒီစနစ်ကို ပိုပြီး​ခိုင်မြဲ​အောင်၊​ သူတို့​လုပ်ပိုင်ခွင့်​တွေ ပိုပိုကျယ်လာ​အောင် စစ်တပ်အား​ကိုး​နဲ့​ ချဲ့​ယူကြပါဦး​မယ်။

ဒါ​ကြောင့်​ မူဘာရတ်ဖြုတ်ချ​ရေး​ဆန္ဒပြပွဲက ၁၈ ရက်ပဲ ကြာခဲ့​ပေမယ့်​ မူဘာရတ်အလွန် ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​ ဘယ်​လောက်ကြာမလဲ၊​ ဘယ်​လောက်ခက်ခဲမလဲဆိုတာကိုလည်း​ ဘယ်သူမှ မခန့်​မှန်း​နိုင်ပါဘူး​။ ဒါ​ပေမယ့်​ စစ်တပ်ပြုပြင်​ပြောင်း​လဲ​ရေး​ဆိုတာ မဖြစ်နိုင်တဲ့​ကိစ္စမဟုတ်ပါဘူး​။ အီဂျစ်ရဲ့​ရှေ့​မှာ ​အောင်မြင်ခဲ့​တဲ့​ စပိန်၊​ အင်ဒိုနီး​ရှား​၊​ ဂါနာ၊​ ​တောင်အာဖရိကတို့​ဆီက​နေ နမူနာယူရုံပါပဲ။

သေချာတာတခုက​ တော့​ စစ်တပ်ကို အရင်မ​ပြောင်း​လဲဘဲ ဒီမိုက​ရေစီအသွင် ကူး​ပြောင်း​ရေး​ဆိုတာ မဖြစ်နိုင်ဘူး​ဆိုတဲ့​ အချက်ပါပဲ။ ဝ မရှိဘဲ ဝိ လုပ်လို့​မရတဲ့​ သ​ဘောဖြစ်ပါတယ်။ ဒီလို အကျပ်အတည်း​ အ​ခြေအ​နေမှာ အီဂျစ်လူမျိုး​တွေရဲ့​ ဗီဇအတိုင်း​ပဲ ​နောက်ထပ် ​ရှေး​ရိုး​စကား​ပုံတခု ​ပေါ်ထွက်လာပြန်ပါတယ်။

“​မြွေကို မဲလွန်း​ပြီး​၊​ ကင်း​မြီး​ကောက် လွတ်သွား​တာမျိုး​ မဖြစ်​စေနဲ့​ …။”

အီဂျစ်စကား​ ပုံအရ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ဆိုတာ ​မြွေနဲ့​ ကင်း​မြီး​ကောက် (အဆိပ်ရှိတဲ့​ အ​ကောင်နှစ်​ကောင်) ကို တပြိုင်တည်း​ ရင်ဆိုင်ရလို့​ အန္တရာယ်များ​လွန်း​လှ ပါတယ်။

Ref: The Economist & Foreign Policy

 

 

 

ကျနော် ဒေါက်တာလွဏ်းဆွေ ဆိုဒ်ကနေဖတ်မိလို. ကျနော်တို.နဲ.လည်း ထပ်တူကျနေလို. ဖတ်လိုက်တာ

ကြိုက်လို.တင်ပေးလို်က်တာပါ ဖတ်ပြီးသား ရွာသားတွေကိုတော. အချိန်အောင်လုပ်မိလို. တောင်းပန်ပါတယ်

စာမူတင်ထားထဲ.မူရင်းတင်ထားတဲ.သူကတော. ကို နေသွင်  

 

ဖြစ်ပါတယ်ဗျာ

6 comments

  • ကြောင်ကြီး

    August 24, 2011 at 10:30 am

    မြန်မာပြည် ဒီမိုကရေစီရတော့မယ်ဆိုပြီး စီးပွားဝင်ရှာကြဖို့ လှုံ့ဆော်သူများ ဖတ်သင့်တဲ့စာပါ။ (သဂျီး ရှေ့ဆုံးကပါတယ်..)

  • Thanlwinoo

    August 24, 2011 at 12:21 pm

    မတရားတဲ့နည်းနဲ့ အာဏာယူထားတဲ့သူ၊ အခွင့်အရေးရနေတဲ့လူက လွယ်လွယ်နဲ့တော့ လက်မလွှတ်ချင်ပါ..။
    လွတ်လပ်ရေးမရခင် ကျောင်းသားခေါင်းဆောင်ဘဝက ကို်အောင်ဆန်း British Labour Party မှ Stafford Cripps ကို ပြောသလို `သူများယူထားတဲ့ ကိုယ့်ဘောပင်ကို အသာတကြည်တောင်းတယ်..၊ ပြောလို့မှ မရယင် အတင်းဆွဲလုယူပါတယ်…´ ယူထားတဲ့သူလည်းအိတ်ပြဲ၊ တောင်းတဲ့သူလည်းလက်နာတတ်ပါတယ်..။
    ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ အာဏာတွေကို မလိမ့်တပတ်ယူထားရင် အသာတကြည်ပြန်ပေးဖို့ ကောင်းပါတယ်…။
    ဒါမှမဟုတ် အတင်းယူရရင် အများပြည်သူတွေလည်း ထိခိုက်၊ အာဏာရှင်နဲ့ သူ့အသိုင်းအဝိုင်းတွေလည်း ဇာတ်သိမ်းမကောင်းတတ်ပါကြောင်း..။ သင်ခန်းစာယူကြပါ..။

  • Shwe Ei

    August 24, 2011 at 2:47 pm

    ”မင်း(ဘုရင်)ချိန်ခွင်ကိုင်ရင် တိုင်းပြည်ပျက်တယ်” ဆိုတဲ့စကားရှိတယ်မှုတ်လား။ ဒီမှာကတော့ ချိန်ခွင်ရော၊ အာဏာပါ ၂မျိုးလုံးကိုင်ထားတာဆိုတော့ရင် ဘယ်လိုပြောရမှန်းတောင်သိတော့ပါဘူး။

  • ရွှေအိမ်စည်

    August 24, 2011 at 4:14 pm

    “​မြွေကို မဲလွန်း​ပြီး​၊​ ကင်း​မြီး​ကောက် လွတ်သွား​တာမျိုး​ မဖြစ်​စေနဲ့​ …။”

    အီဂျစ်စကား​ ပုံအရ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ဆိုတာ ​မြွေနဲ့​ ကင်း​မြီး​ကောက် (အဆိပ်ရှိတဲ့​ အ​ကောင်နှစ်​ကောင်) ကို တပြိုင်တည်း​ ရင်ဆိုင်ရလို့​ အန္တရာယ်များ​လွန်း​လှ ပါတယ်။

    ကြိုက်တယ်…အသုံးနှုံန်းလေး…..
    ကျေးဇူးပါ…ဒီစာတွေ ငါမဖတ်ရသေးဘူး….

  • maungmoenyo

    August 25, 2011 at 10:02 am

    စစ်တပ်နဲ့ပါတ်သက်ပြီး မြန်မာနိုင်ငံအတွက် လက်တွေ့ကျကျ လုပ်သင့်တဲ့ ကိစ္စ – demilitarization…

  • မီးမီး သော်

    August 25, 2011 at 12:19 pm

    မနေ ့ကတော့ တိုင်းပြည်ကို နှစ်လေးဆယ်ကျော် အုပ်ချုပ်လာတဲ ့အာဏာရှင် ဂဒါဖီတော့ ခွေးပြေး ဝက်ပြေး ပြေးလေပီ။အမှားပေါင်းမြောက်မြားစွာကို သိသိကြီး ကျုူးလွန် ခဲ့တဲ့စစ်တပ်ကတော့ ခုထိကို မျက်နှာပြောင်နေတုန်းပါလား။

Leave a Reply