တခါတလေဆေးခန်းသွားတဲ့ အခါမှာ ဆရာဝန်က ဒါမှမပာုတ် သူနာပြု က ဒီလို ပြောလေ့ ရှိပါတယ် ။
ဒီဆေးက BD လေ။ ဒိမှာ tds လို့ေ၇းပေးလိုက်မယ်။ဒါက  od တစ်နေ့ တစ်လုံးသောက် စသဖြင့်ပြောလေ့ရှိပါတယ်။
လူနာတွေမှာလည်းဖြစ်တတ်တာက သူတို့ နဲ့ ပြောနေတုန်း သာ မှတ်မိတာ အိမ်ပြန်ေ၇ာက်လို့ ဆေးသောက်တော့မယ်ဆို ရင်
သေချာမမှတ်မိတော့တာက အမြဲလို ဖြစ်လေ့ရှိပါတယ်။ ဆရာဝန်ကိုမေးမြန်းထားတဲ့  ဆေးအညွှန်းအသုံးအနှုန်းလေးတွေကို
အသုံးဝင်လိုဝင်ငြား ဝေမျှပါရစေ။

ac – before meals – အစားမစားမီဆေး သောက်ရန်

ad lib- သောက်နိုင်သလောက်သောက်၇န် ( ရေ ..စသည်)

AM – နံနက်ပိုင်းသောက်ရန်
bd – တစ်နေ့ နှစ်ကြိမ်
c – နှင့်အတူသောက်ရန်
cap – capsule ဆေးတောင့်ကိုညွှန်းပါတယ်
ext – ကိုယ်ခန္ဒာအပြင်ဘက်သုံးသက်သက်သာ ( လူးဆေးလိုပာာမျိုးတွေပေါ့)
gtt- အစက်ချဆေး
od – တစ်နေ့ တစ်လုံး
OM – မနက်တိုင်း (CM လို့ လည်းသုံးတတ်တယ်တဲ့ )
on – ညတိုင်း
pc – အစာစားပြီးမှသောက်ရန်
PM – ညနေသောက်ရန်
PO – သောက်ဆေး
Prn – လိုအပ်သလိုသောက်ရန်
qds (qid) – တစ်နေ့ လေးကြိမ်သောက်ရန်
s – မည်သည့်အရာမှမပါဘဲ
tds – တစ်နေ့ သုံးကြိမ်(tid)
top – အေ၇ပြားလိမ်းရန်
ud – ညွှန်းတဲ့ အတိုင်း

မှတ်ချက်  Voice journal မှာလည်းပါပါတယ်

About Shwemannmay

Shwe mann may has written 58 post in this Website..

သာမန်သူလိုကိုယ်လို မိန်းမတစ်ယောက်ပါပဲ