“ဖွင့်ချလိုက်တယ် ၊ ပျောက်ဆုံးခြင်း ထွက်ကျလာတယ်”

သူရႆဝါAugust 24, 20112min16914

“ဖွင့်ချလိုက်တယ် ၊ ပျောက်ဆုံးခြင်း ထွက်ကျလာတယ်”

 

(၁)

အလင်းရောင်အပြည့်နဲ့ အခန်းကျယ်ကြီးထဲမှာ

ကျွန်တော်ဟာ တစ်ကိုယ်ရည်တစ်ကာယ မှောင်မိုက်နေခဲ့တာ ကြာပြီ ။

 

 

(၂)

မျှော်လင့်ခြင်းဟာ အိုအေစစ်တစ်ခု ဖြစ်မယ်ဆိုရင်

ကျွန်တော် … ကိုယ်တိုင်က သဲကန္တာရပဲ ၊

မျှော်လင့်ခြင်းက ကျွန်တော့်ကိုယ်ပေါ် ရှိနေခဲ့တယ်

ရှာလို့မတွေ့ဘူး ။

နည်းပညာအပိုင်းအစ ၊ နောက်ဆုံးရသတင်းများ ၊

ကျွန်တော်တို့ ကမ္ဘာပြုလမ်းကြောင်းကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်ထဲကနေ

စတင် တည်ထောင်ကြမလား ၊ ကျွန်တော့် ဒေတာတွေထဲမှာ

အမြတ်တနိုးသိမ်းထားတဲ့ အသံဖိုင်တစ်ချို့ရှိနေတယ် ၊

ရှုပ်ထွေးလို့ ၊ ကိုယ့်မျက်လုံးတွေကို ကိုယ်တိုင် ပြန်ရှာမရသလို ဖြစ်နေလို့ ၊

ရေးချလိုက်တဲ့အခါ ..

ကိုယ်သိထားသမျှ ရေးချလိုက်တဲ့အခါ

ကျွန်တော်ဟာ အရှိအတိုင်း ပျောက်ဆုံးနေတာကို မြင်လိုက်ရ ၊ အလန့်တကြား ။

ကြုံခဲ့ဖူးသမျှတွေထဲမှာ ဒီတစ်ခါ အခက်ခဲဆုံးပါပဲ

ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ရမယ်ဆိုတော့

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို စွန့်လွှတ်ရတယ်

အခု … ဧဝရက်တောင်ခြေမှာ လက်ချည်းဗလာနဲ့ ရောက်ရှိနေတာ

အခု အိပ်မက်ဆိုးက ကျွန်တော်လန့်နိုးလာ ။

အခု အိပ်မက်ဆိုးထဲ စိတ်လိုလက်ရပြန်ဝင်ဖို့ ကျွန်တော်ကြိုးစားနေရတာ ။

ကျွန်တော်ဟာ လိပ်ပြာငယ်သူတစ်ယောက်ဖြစ်လာခဲ့ပြီ

ကျွန်တော့် အရေပြားပါးပါးလေးကို ဓါးနဲ့မမွှန်းပါနဲ့ ၊ ကျွန်တော့်ကို နစ်မွန်းစေမယ့်စိတ်မျိုး မရှိကြပါစေနဲ့။

တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ဖို့ တစ်လောကလုံးပဲ ကျွန်တော့်ကို ကူညီကြရမှာ

သူလိုငါလို စက်ရုပ်တစ်ရုပ်ပါပဲ ၊ နည်းနည်းလေး နှလုံးခုန်နှုန်းမြန်နေသေးတာကလွဲရင်

ကျွန်တော်လည်း ခင်ဗျားတို့လို စက်ရုပ်တစ်ရုပ်ပါပဲ ။

ပြင်ပကမ္ဘာပေါ်ကနေ အင်တာနက်စာမျက်နှာတွေပေါ်က ကျွန်တော့်ဒုတိယဘဝဆီကို

ခုန်ကူးလိုက်တယ် ၊ ကျွန်တော်ဟာ အိုင်ပေါ့ဒ်တစ်ခု ဖြစ်နေ ၊ ကျွန်တော်ဟာ

ဆော့ဖ်ဝဲတစ်ခုဖြစ်နေ ၊ ကျွန်တော်ဟာ ကွန်ပျူတာလည်ပတ်မှုကို ထိန်းချုပ်ပေးတဲ့ ဖိုင်တစ်ဖိုင်ဖြစ်နေ ၊

ကျွန်တော်ဟာ ရိုးသားမှုကို လိုက်လံရှာဖွေချင်နေတဲ့ Search Engine တစ်ခုဖြစ်နေ ၊

လူသားဖြစ်တည်မှုဘဝ ၊ သိစိတ်အလျှင် ၊ ကဗျာကိုယ်အတွင်းသား ၊ သိမှုအခြေပြု ၊

စာပေသဘောတရားဆိုင်ရာသီအိုရီ နဲ့ ကျွန်တော့် ပြုမူဆောင်ရွက်ပုံ ၊

ကျွန်တော်ဟာ မိတ္တူစက်တစ်လုံးထဲက ထွက်ကျလာတဲ့ စာရွက်တစ်ရွက် ဖြစ်နေတယ် ။

စိတ်ပျက်လက်ပျက် … အနုပညာထဲကနေ ရိုးသားမှုကို ဖယ်ထုတ်လိုက်တဲ့အခါ

ကျွန်တော်ဟာ ကမ္ဘာဦးကျောက်စိုင်ကျောက်ခဲတစ်ခုအဖြစ်ကို ပြန်လည်ရောက်ရှိသွားတယ် ၊

စက်ရုပ်တစ်ရုပ် … အဖြစ်ထက်ပိုပြောရရင်

ကျွန်တော်ဟာ ရိုးသားမှုပရိုဂရမ် ချို့ယွင်းနေတဲ့ စက်ရုပ်တစ်ရုပ်ပါ ၊

တစ်စုံတစ်ယောက်အနေနဲ့ ကျွန်တော့်ကို ကယ်တင်ပါ

ကျွန်တော့်ကို ကယ်တင်နိုင်မယ့် နတ်ဘုရားအားလုံး ကျွန်တော့်ကို ကယ်တင်ပါ ၊

ဒီတစ်ခါ အခက်ခဲဆုံးပဲဆိုတာ သေချာသထက်သေချာ ၊

ကျွန်တော့် မျက်လုံးသူငယ်အိမ်ဟာ ဝေဝါးလာ … ။

 

 

(၃)

အခန်းကျယ်ကြီးတစ်ခု အထဲမှာ

အလင်းရောင်အပြည့်အဝ ထိုးကျနေတဲ့ အထဲမှာ

ကျွန်တော်ဟာ လူသားတစ်ယောက်အဖြစ်ရှိနေတယ် ၊

ကျွန်တော့်ဟာ ကဗျာဆရာတစ်ယောက်အဖြစ်နဲ့ရှိနေတယ် ၊

ဖန်ခွက်ထဲ ထည့်ထားတဲ့ လက်ကျန်ယုံကြည်မှု အနည်းငယ်ကို ကျွန်တော် မော့သောက်လိုက်တယ် ၊

နတ်ဒေဝတာအပေါင်း ကယ်တင်ပါမယ့်အကြောင်းကို ကျွန်တော် ငြင်ငြင်သာသာ ဆုတောင်းတယ် ၊

ဘဝမှာ အကျယ်လောင်ဆုံး သက်ပြင်းတစ်ခုကို ကျွန်တော် အတိုးတိတ်ဆုံး မှုတ်ထုတ်လိုက်တယ် ၊

နောက်ဆုံးအနေနဲ့ မျှော်လင့်ခြင်း သေတ္တာကို ဖွင့်ချလိုက်တဲ့အခါ

ပျောက်ဆုံးခြင်းထွက်ကျလာပြီး အသက်ရှင်လျက် ကျွန်တော်ဟာ အသက်ရှူရပ်သွားခဲ့တယ် ။

ရိုးသားမှုဟာ အခိုးအငွေ့အဖြစ်ပျောက်ဆုံးသွားပြီးနောက်

ကဗျာဟာ အခိုးအငွေ့အဖြစ် ပျောက်ဆုံးသွားပြီးတဲ့နောက် .. ။ ။

 

 

သူရဿဝါ

ဩဂတ်စ် ၂၄ ရက် ၊ ၂၀၁၁ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.twitter.com/Thurathawah

www.facebook.com/LiteraryArtBlog

www.moba4all.org

14 comments

  • Shwe Ei

    August 24, 2011 at 1:58 pm

    မိုက်တယ်ဗျာ။

  • R Ga

    August 24, 2011 at 2:26 pm

    မျှော်လင့်ခြင်းဟာ အိုအေစစ်တစ်ခု ဖြစ်မယ်ဆိုရင်

    ကျွန်တော် … ကိုယ်တိုင်က သဲကန္တာရပဲ ၊

    မျှော်လင့်ခြင်းက ကျွန်တော့်ကိုယ်ပေါ် ရှိနေခဲ့တယ်

    ရှာလို့မတွေ့ဘူး ။
    သူလိုငါလို စက်ရုပ်တစ်ရုပ်ပါပဲ ၊
    နည်းနည်းလေး နှလုံးခုန်နှုန်းမြန်နေသေးတာကလွဲရင်

    ကျွန်တော်လည်း ခင်ဗျားတို့လို စက်ရုပ်တစ်ရုပ်ပါပဲ ။

    တစ်ပုဒ်လုံးကောင်းပါတယ်။ ဒါပေမဲ့ ဒီအပိုဒ်လေးတွေကတော့ လုံးဝခိုက်တဲ့ အပိုဒ်လေးတွေပါ။

  • pan pan

    August 24, 2011 at 3:43 pm

    အရမ်းမိုက်တယ်

    “ရိုးသားမှုကို လိုက်လံရှာဖွေချင်နေတဲ့ Search Engine တစ်ခုဖြစ်နေ”
    မဆီမဆိုင် ကော်နက်ရှင်မကောင်းတာတွေးမိပြီး ရှာလို့မှ တွေ့ပါ့မလားလို့ 🙄

  • မီးမီး သော်

    August 24, 2011 at 5:35 pm

    ဟာ ကိုသူရဿဝါ ရဲ ့ခံစားချက်လေးတွေက ကီးဘုတ်ပေါ်ကနေခုန်ပျံထွက်လာလိုက်တာနော်။ဝင် ဖတ်သွားပါတယ်ရှင်။

  • မီးမီး သော်

    August 24, 2011 at 5:38 pm

    နောက်ဆုံးအနေနဲ့ မျှော်လင့်ခြင်း သေတ္တာကို ဖွင့်ချလိုက်တဲ့အခါ
    ပျောက်ဆုံးခြင်းထွက်ကျလာပြီး အသက်ရှင်လျက် ကျွန်တော်ဟာ အသက်ရှူရပ်သွားခဲ့တယ် ။
    ရိုးသားမှုဟာ အခိုးအငွေ့အဖြစ်ပျောက်ဆုံးသွားပြီးနောက်
    ကဗျာဟာ အခိုးအငွေ့အဖြစ် ပျောက်ဆုံးသွားပြီးတဲ့နောက် .. ။ ။
    ရိုးသားမှုလေးတော့ မပျောက်ဆုံးစေချင်ပါဘူး။ကဗျာလေးတွေက လဲမရှိလို ့ဖြစ်သေးပါဘူး။နှစ်ခုလုံးရှိမှဖြစ်မှာပါ။

  • pyinlepyaw

    August 24, 2011 at 6:10 pm

    ခံစားကြည့်မိတယ်၊ နားမလည်ဘူး၊ အလွတ်ကျက်မှ ဖြစ်မယ်၊ ဒါမှမဟုတ် အပေါ်ကသူလို ကူးချရတော့မယ်၊ 😛

  • မီးမီး သော်

    August 24, 2011 at 6:35 pm

    အသိအတတ်လုပ်ပြောခြင်းဟာ တစ်ဖက်လူရဲ့ အထင်အမြင်သေးခြင်းကို ခံရမှာပါ။
    ဒါကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးဆုံးကတော့ စိတ်ကို စိတ်နဲ့ပေါင်းခြင်းပါပဲ။ တစ်ဖက်လူက
    အထင်ကြီးအောင် လုပ်ယူစရာမလိုသလို အထင်သေးအောင်လည်း မလုပ်သင့်ပါဘူး။ မိမိရဲ့ပင်ကိုစိတ်ထားအတိုင်းသာ
    လူတိုင်းလူတိုင်း လုပ်ဆောင်နေကြမယ်ဆိုရင် တစ်ဖက်လူဆီက ယုံကြည်လေးစား အထင်ကြီးမှုတွေဟာ
    လုပ်ယူစရာမလိုပဲ အလိုအလျောက် တဖြည်းဖြည်းနဲ့ ကိုယ်ဆီကို ရောက်ရှိလာမယ်လို့ ကျွန်မ ယုံကြည်ရင်းနဲ့

  • redbull

    August 24, 2011 at 7:35 pm

    တိုက်ခိုက်တာမဟုတ်နော်… တစ်ဖက်လူဆီက ယုံကြည့်မှုကိုလဲမလိုချင်ဘူး … အထင်ကြီးစေလိုမှုလဲ မနှစ်မြို့ပါဘူး…
    ပီးတော့ ကိုယ့်ကိုကိုယ်လဲ အထင်မကြီးဘူး… တစ်ခြားကိုလဲ အထင်မသေး အမြင်သေး စိတ် မထားဖြစ်အောင်လဲ လေ့ကျင့်နေပါတယ်

  • forever

    August 24, 2011 at 8:53 pm

    ခင်ဗျားကတော. ဗိုင်းရပ်စ်ကိုက်နေပြီ….

  • windtalker

    August 24, 2011 at 9:41 pm

    ` မျှော်လင့်ခြင်းဟာ အိုအေစစ်တစ်ခု ဖြစ်မယ်ဆိုရင်

    ကျွန်တော် … ကိုယ်တိုင်က သဲကန္တာရပဲ ၊

    မျှော်လင့်ခြင်းက ကျွန်တော့်ကိုယ်ပေါ် ရှိနေခဲ့တယ်

    ရှာလို့မတွေ့ဘူး ။ ´
    ဒါလေး ကို အရမ်းကြိုက်တယ် ဗျာ

  • ဖွင့်ချလိုက်တယ် ကျလာတာတွေက နာကျင်ခြင်းတွေပေါ့၊
    ပျောက်ဆုံးသွားခဲ့တယ် နူးညံ့စွာခံစားတတ်တဲ့နှလုံးသားအစုံ
    ထွက်ကျလာတယ် မာထုံထုံဖြစ်နေတဲ့ခံစားခြင်းတွေနဲ့မျက်နှာ
    မှန်ထဲမှာကြည့်မိတယ်
    အဲဒါ ငါလေ ငါလေ ငါလေ ငါလေ ငါလေငါလေ…………………………………….
    ………………………………….ငါ

  • ကြောင်ကြီး

    August 25, 2011 at 7:29 am

    သိပ်တော့နားမလည်ဘူးဗျာ..ဒါပေမဲ့ ဘာမှဝင်မပြောရင် အောင်ဘုလိုကောင်မျိုးလို့ အထင်ခံရမှာစိုးလို့ မန်းလိုက်တယ်..။

  • MaMa

    August 25, 2011 at 7:35 am

    အရမ်းမြင့်လွန်းနေတယ်။ လိုက်မမှီဘူး။

Leave a Reply