ဆေးအညွှန်းတွေကို ဘယ်လို သောက်ရမလဲ

ShwemannmayMay 12, 20101min653

တခါတလေဆေးခန်းသွားတဲ ့အခါမှာ ဆရာဝန်က ဒါမှမပာုတ် သူနာပြု က ဒီလို ပြောလေ့ ရှိပါတယ် ။
ဒီဆေးက BD လေ။ ဒိမှာ tds လို ့ရေးပေးလိုက်မယ်။ဒါက  od တစ်နေ ့တစ်လုံးသောက် စသဖြင့်ပြောလေ့ရှိပါတယ်။
လူနာတွေမှာလည်းဖြစ်တတ်တာက သူတို ့နဲ ့ပြောနေတုန်း သာ မှတ်မိတာ အိမ်ပြန်ရောက်လို ့ဆေးသောက်တော့မယ်ဆို ရင်
သေချာမမှတ်မိတော့တာက အမြဲလို ဖြစ်လေ့ရှိပါတယ်။ ဆရာဝန်ကိုမေးမြန်းထားတဲ ့ ဆေးအညွှန်းအသုံးအနှုန်းလေးတွေကို
အသုံးဝင်လိုဝင်ငြား ဝေမျှပါရစေ။

ac – before meals – အစားမစားမီဆေး သောက်ရန်

ad lib- သောက်နိုင်သလောက်သောက်ရန် ( ရေ ..စသည်)

AM – နံနက်ပိုင်းသောက်ရန်
bd – တစ်နေ ့နှစ်ကြိမ်
c – နှင့်အတူသောက်ရန်
cap – capsule ဆေးတောင့်ကိုညွှန်းပါတယ်
ext – ကိုယ်ခန္ဒာအပြင်ဘက်သုံးသက်သက်သာ ( လူးဆေးလိုပာာမျိုု းတွေပေါ့)
gtt- အစက်ချဆေး
od – တစ်နေ ့တစ်လုံး
OM – မနက်တိုင်း (CM လို ့လည်းသုံးတတ်တယ်တဲ ့)
on – ညတိုင်း
pc – အစာစားပြီးမှသောက်ရန်
PM – ညနေသောက်ရန်
PO – သောက်ဆေး
Prn – လိုအပ်သလိုသောက်ရန်
qds (qid) – တစ်နေ ့လေးကြိမ်သောက်ရန်
s – မည်သည့်အရာမှမပါဘဲ
tds – တစ်နေ ့သုံးကြိမ်(tid)
top – အရေပြားလိမ်းရန်
ud – ညွှန်းတဲ ့အတိုင်း

မှတ်ချက်  Voice journal မှာလည်းပါပါတယ်

3 comments

  • susunosuki

    May 12, 2010 at 6:05 am

    ကျေးဇူးပါ
    ကျွန်တော်တို့ ဆရာဝန်ဆေးစာဆို မျက်စိလည်နေတုန်းပဲ

  • draungkyawkyawoo

    May 13, 2010 at 1:54 am

    ဆရာဝန်နဲ့တွေ့တုန်းကတော့ သေချာမမေးပဲနဲ့ နောက်ကွယ်ရောက်မှ မမှတ်မိဘူးဘာဘူးတဲ့ ။ 😀

  • banban

    May 13, 2010 at 3:16 am

    ဒေါက်တာကြီးမသိဘူးနော်…ဒီကဆရာဝန်တော်တော်များများ သေချာရှင်းပြချိန်မရှိတော့ဘူးဆိုတာကို 😀

Leave a Reply