ဥုန်း စားမယ့် မြို့တွေ

moethidasoeAugust 24, 20111min41632

အရောင်ပါသော မြို့ (၁၄) ခု

သစ်ပင် မြို့များ (၃၁)

ရွှေပါတဲ့မြို့များ (၉)

အဖြေကို မနက်ဖန် ညနေ ၄ နာရီမှာ ပြန်တင်ပါမယ်

32 comments

  • မီးမီး သော်

    August 24, 2011 at 1:09 pm

    ၁။ရွှေကျင်
    ၂။ရွှေကူ
    ၃။ရွှေတောင်. အင်း သုံးခုဘဲသိသေးတယ်။ဆက်ဖြေမယ်နော်

  • မီးမီး သော်

    August 24, 2011 at 1:11 pm

    အရောင်ပါတဲ ့မြိ ု့ဆိုရင်တော့ ၁။အိမ်မဲ
    ၂။ရေနီ. ???? သိတော့ဝူးး

  • moethidasoe

    August 24, 2011 at 1:36 pm

    အရောင် ဆိုတဲ့ အထဲမှာ ရွှေရောင် ငွေရောင် ဆိုတာ မထည့်ထားဘူး အခြား အရောင်ပဲ ထည့်ထားတယ်

  • manawphyulay

    August 24, 2011 at 1:41 pm

    ပိုစ့်က စာသား များများလေး တင်ပေစေချင်ပါတယ်။ ကော့မန့်ထက်တောင် နည်းနေတယ်….

    • susunosuki

      August 27, 2011 at 1:59 pm

      တိုခြင်း ရှည်ခြင်းသည် အရေးအသားရဲ့ အရသာနှင့်မဆိုင်။ အက်မင်ရဲ့ စည်းကမ်းနဲ့ပဲဆိုင်တယ်။
      ဥပမာ-အိုဟင်နရီ ရဲ့ ဝတ္ထုတိုများဟာ သာမန်စံထက်ပိုတိုနေပေမယ့် ကမာ္ဘကျော်ခဲ့တာပဲမို့လား။

      ဒါပေမယ့်”ဥုန်း စားမယ့် မြို့တွေ” ခေါင်းစဉ်နဲ့ အကြောင်းအရာက ဖိုရမ်နဲ့ ပိုမိုသင့်တော်တယ်လို့်ထင်ပါတယ်။

  • မီးမီး သော်

    August 24, 2011 at 1:45 pm

    မမနောပြောတာလဲဟုတ်တာဘဲနော်။ဒါပေမယ့် သူကအဖြေလဲ မဟုတ်ပါလား။ဟူးးးးးး စိတ်အိုက်တယ်. မြေပုံစာအုပ်တော့ ပြဲတော့မယ် ဟိ ဟိ

    • shwe ni

      August 24, 2011 at 1:57 pm

      Shwe Pyi Thar , Shwe Gyin

      Ka Ni ( for towns the name with colour)

  • Shwe Ei

    August 24, 2011 at 1:54 pm

    ထန်းတပင်၊ ကုတ်ကိုခွ၊ ကြံခင်း၊ ညောင်ရွှေ၊ (ဒါဘဲသိသေးတယ်)

  • etone

    August 24, 2011 at 1:58 pm

    ဒေါက်တာရေ … စားချင်တာစားပါ .. ကျွန်မ MMA ကိုလာလည်လျှင် ကျွေးပါ့မယ် … ဦးဏှောက်တော့ မစားပါနဲ့ ဟိဟိ 😀 အခုတော့ သိတာလေး လက်တန်းရေးချလိုက်မယ် … နေပြင်းလို့ .. ခေါင်းသိပ်မစားချင်သေးလို့ … 😛

    1.ခရမ်း ၊
    2. ထန်းတပင် ၊ ထန်းခြောက်ပင် ၊ သရက်၊ညောင်ရွှေ
    3.ညောင်ရွှေ ၊ …

    • moethidasoe

      August 24, 2011 at 2:16 pm

      ရှုး တိုးတိုး ..
      ထန်းခြောက်ပင် ဆိုတာ မသိပါ
      ကုက္ကိုခွ ဆိုတာ မသိပါ

      မေးခွန်းတွေက အားနေရင် စိတ်ထဲမှာ စဉ်းစားသလို စာအုပ်မှာလဲ ချရေးထားတာ
      အခုတော့ ကွန်ပျူတာပေါ် တင်ထားလိုက်လို့
      နောက်ပြီး အားတဲ့အခါ သမီးတွေကို မေးခွန်းထုတ်တဲ့ လေ့ကျင့်ခန်းလေး လုပ်တတ်လို့ပါ
      post တင်တာ တိုသွားတဲ့အတွက် နောင် တင်တဲ့အခါမှာ ဆွဲဆန့်လိုက်ပါ့မယ် မနောရယ်
      ရွှေနီရဲ့ ရမည်းသင်း မှန်ပါတယ် ရွှေကျင်၊ ကန္နီ၊ ရွှေပြည်သာ မှန်ပါတယ်
      တကယ် ဥုန်းစားတယ် ဆိုရင် နောက်ထပ်တော့ မတင်တော့ပါဘူးကွယ်
      (စိတ်ဆိုးတာ စိတ်ကောက်တာ မဟုတ် .. စဉ်းစားရတဲ့လူတွေဖက်က ကိုယ်ချင်းစာတာပါ)

      • shwe ni

        August 24, 2011 at 2:47 pm

        တင်ပါဒေါက်တာရဲ့ မြို့တွေအများကြိးမတင်ပဲ နဲနဲလေးစီတင်ပေးပါလား
        (shopping mall တွေမှာ price ကို ၁၀ဝ လို့မရေးပဲ ၉၉.၉၉ လိုပေါ့ ကိုယ့်စိတ်ကို လှည့်စားတာ ) 😛
        များနေရင် စဉ်းစားနေတုန်းမပြည့်ရင် အားမလိုအားမရနဲ့မို့ပါ ။

      • etone

        August 25, 2011 at 3:23 pm

        နောက်တာပါ ဒေါက်တာရဲ့ … … ဆက်တင်ပါ … တစ်ခါတစ်လေ .. ပျော်စရာကောင်းပါတယ် … ။
        ဟီးဟီး 😛 ရတဲ့လူဖြေမှာတော့ … မရတဲ့လူရမ်းရွှီးမှာပေါ့ .. မသိတဲ့လူတော့… သူများရေးတာ စောင့်ဖတ်မှာပေါ့ လေ ဟိဟိ 🙄

  • shwe ni

    August 24, 2011 at 2:03 pm

    မမဆရာဝန်နော် ဆေးပါကုပေးရတော့ မှာပဲ :)))

    • etone

      August 25, 2011 at 3:24 pm

      အန်တီရွှေနီရေ .. မမဆရာဝန်မဟုတ်ပါဘူး … ဟိဟိ …. နည်းနည်းလေး လွဲနေတယ် သိလား 😀

  • pan pan

    August 24, 2011 at 3:19 pm

    ၁။ ရေနီ
    ခရမ်း
    ၂။ ပင်လောင်း
    ပင်လုံ
    ညောင်လေးပင်
    မအူပင်
    ညောင်ခါးရှည်
    ညောင်ဦး
    ၃။ ရွှေတောင်
    ငွေတောင်
    ရွှေညောင်
    ညောင်ရွှေ
    ရွှေကူ

    • pan pan

      August 24, 2011 at 3:39 pm

      ၁၊ ကျောက်ဖြူ
      အိမ်မဲ
      ကျောက်မဲ

      ၂။ ပျဉ်းမပင်
      ယင်းမာပင်
      ညောင်တုန်း
      ညောင်ရွှေ
      ရွှေညောင်

      ၃။ ရွှေပြည်သာ

  • မီးမီး သော်

    August 24, 2011 at 5:50 pm

    အားလုံးရဲ ့အဖြေကို ပေါင်းတင်ပြီး ဒေါက်တာဆီက အမှတ်ယူရမလို ဖြစ်နေပါပီ။ဦးနှောက်ပျက်ရင်တော့ ဆေးဖိုးပေးရမယ်နော် မမ။

  • piti

    August 24, 2011 at 8:30 pm

    အရောင်ပါတဲ့မြို့
    ၁။ ရေနီ
    ၂။ ကျောက်ဖြူ
    ၃။ ကျောက်မဲ
    ၄။ ကူမဲ
    ၅။ အိမ်မဲ
    ၆။ ခရမ်း (အဲဒါလည်း အရောင်နော်)
    ၇။ သိမ်ဖြူဇရပ်
    ၈။

    ရွှေပါတဲ့မြို့
    ၁။ ညောင်ရွှေ
    ၂။ ရွှေညောင်
    ၃။ ရွှေပြည်သာ
    ၄။ ရွှေတောင်
    ၅။ ရွှေကူ
    ၆။ ရွှေကျင်
    ၇။

    သစ်ပင်ပါတဲ့မြို့
    ၁။ ညောင်ရွှေ
    ၂။ ရွှေညောင်
    ၃။ ညောင်လေးပင်
    ၄။ ထန်းတပင်
    ၅။ ညောင်ဦး
    ၆။ ပျဉ်းမနား
    ၇။ မအူပင်
    ၈။ သရက်
    ၉။ ကြံခင်း
    ၁၀။

    သတိယတာလေးတွေ လျှောက်တွေးကြည့်တာ
    ခေါင်းစားသွားပီ
    နောက်မှ လာဖတ်တော့မယ် အဖြေကို

  • ဆူး

    August 24, 2011 at 8:31 pm

    မအူပင်
    လက်ပံတန်း
    ထန်းတပင်
    ညောင်တုန်း
    ညောင်လေးပင်

  • တညင်သား

    August 25, 2011 at 8:13 am

    အရောင်ပါတာ = မရမ်းကုန်း
    သစ်ပင်ပါတာ = ဝါးခယ်မ
    ရွှေပါတာ = ရွှေဘို (ကျန်တာတွေ မြေပုံမှာရှာရအုံးမယ် ဆြာမ .. 😛 )

  • moethidasoe

    August 25, 2011 at 11:28 am

    အတော်များများ မှန်ကြပါတယ် .. တချို့ဆို ဒို့ မမှတ်ထားတာတွေတောင် ပါသေးတယ် .. အဖြေချုပ်မှာ ဖြည့်စွက်ရေးပေးလိုက်မယ် .. ညနေ ၄ နာရီနော် .. တာ့တာ

  • ဆူး

    August 25, 2011 at 1:02 pm

    ဖတ်ရင်းနဲ့ တွေး..
    တွေးရင်း နဲ့ ရေး..
    သူများရေးတာ ဖတ်..
    ပြီးတော့ ဦးနှောက်ပျက်.. ဟိဟိ..
    ဆရာ.. ဆရာ.. ဟိုဟာ ဟိုဟာ.. (ကြော်ညာထဲကလို)
    ဆေးခန်း လိပ်စာပါ ကြိုပြောထား.. ဘိုကင်ယူပြီး ဦးနှောက် ဖြုတ်ဆေး ချင်လို့.. ဦးနှောက်က သူများတွေလောက် မထွက်ဘူး ဖြစ်နေလို့..

  • မီးမီး သော်

    August 25, 2011 at 2:02 pm

    ညနေ လေးနာရီမှ အဖြေပေးမှာပေါ့ ။သူများတွေဖြေထားတော့ ကိုယ့်လောက်ညံ့တဲ့သူ တယောက်မှမပါ ပါလားနော်

  • pooch

    August 25, 2011 at 2:09 pm

    တို့တော့ ဘာမှ အဖြေမရတဲ့အပြင် ဆံပင်တွေတောင် ဖြူသွားတယ် ဟီး…….ညံ့ချက် က ကမ်းကိုကုန်ရောပဲ

  • moethidasoe

    August 25, 2011 at 2:14 pm

    စောစောတင်လိုက်ရတာ တောင်းပန်ပါတယ် .. ၄ နာရီမှာ အထူးအစည်းအဝေး ဆိုပြီး အရေးပေါ် ခေါ်လို့

    ကိုး ပါတဲ့ မြို့
    ကိုကိုးကျွန်း၊ တနိုင်း (နိုင်း ဆိုတော့ ၉ ပေါ့)

    ဆယ် ပါတဲ့ မြို့ (အသံထွက် တူ)
    သုံးဆယ်၊ တန့်ဆည် (တဇယ်)၊ ကျောက်ဆည်၊ မူဆယ်

    အရောင်ပါသော မြို့
    ရေဖြူ၊ ရေနီ၊ ဓနုဖြူ၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ ကျောက်ဖြူ၊ ကျောက်မဲ၊ ရမည်းသင်း၊ အိမ်မဲ၊ ခရမ်း၊ ဝါဇီ၊ ကန္နီ၊ (ထပ်ဖြည့်တာ = ပီတိ သံဖြူဇရပ်၊ ကူမဲ၊ တညင်သား မရမ်းကုန်း) ပေါင်း = ၁၅

    သစ်ပင် မြို့များ (၃၁)
    ခရမ်း၊ သရက်၊ သရက်ချောင်း၊ ကွမ်းလုံ၊ ကွမ်းခြံကုန်း၊ ကျွန်းကုန်း၊ မရမ်းကုန်း၊ ဇီးကုန်း၊ ထန်းတပင်၊ ညောင်တုန်း၊ ညောင်ခြေထောက်၊ ညောင်ဦး၊ ညောင်လေးပင်၊ ညောင်ရွှေ၊ ရွှေညောင်၊ ကြံခင်း၊ လက်ပံတန်း၊ ကြာအင်းဆိတ်ကြီး၊ ဝါးခယ်မ၊ ကြို့ပင်ကောက်၊ ဘူးသီးတောင်၊ ပင်လယ်ဘူး၊ ယင်းမာပင်၊ မအူပင်၊ သနပ်ပင်၊ ပဲခူး၊ ဒီပဲယင်း၊ ကိုကိုးကျွန်း၊ ပျဉ်းမနား၊ ဥသျှစ်ပင်၊ ကန့်ဘလူ၊

    ကျန်သေးတာ ရှိရင်လဲ ထပ်ဖြည့်ပေးပါ မှတ်ထားပါ့မယ် (ကြိုတင် ကျေးဇူးတင်ပါတယ်)

    နောက် တစ်ကြိမ်စာပဲ ကျန်တော့တယ် .. နောက် မနက်ဖန် မေးခွန်းတင်မယ်နော် .. ဒီတခါ မေးခွန်းကို ရှည်အောင် ရေးပေးပါ့မယ်

    • etone

      August 25, 2011 at 3:26 pm

      အာ.. မရမ်းကုန်းမြို့လည်း မရှိပဲနဲ့ .. တညင်သားတော့ နောက်တီးနောက်တောက်နဲ့ …
      မရှိဘူးနော် .. ဟုတ်တယ်နော်… တကယ်မရှိဘူးနော် 😀 😀 😀 😀

  • moethidasoe

    August 27, 2011 at 1:37 pm

    အိတုန်ရယ် .. မရမ်းကုန်းမြို့(နယ်) ဆိုတာကို ဆိုလိုမှန်း သိသိချည်းနဲ့ မေးခွန်းမှာ ဖြည့်စွက်မထားလို့
    အပင်မှာလဲ မရမ်းကုန်းကို ထည့်ထားပါတယ် ..
    မေးခွန်းကို ရှင်းအောင် မရေးခဲ့တာ ဒို့ တာဝန်ပါ .. ခွေးလွှတ်နော်

  • moethidasoe

    August 27, 2011 at 1:39 pm

    အချိန် နည်းနေလို့ တနင်္လာနေ့မှ တင်တော့မယ်နော်

  • မီးမီး သော်

    August 27, 2011 at 3:11 pm

    အမလေးနော် ဒေါက်တာမေးခွန်းတွေက. နည်းနည်းနောနောမှမဟုတ်တာရူးသွားနိုင်တယ်နော်။

  • cobra

    August 27, 2011 at 3:31 pm

    အားးးးးး
    နောက်ကျတဲ့ ကော်နက်ရှင်ကြောင့် အဖြေတွေကသူများ
    ဦးသွားတယ်။
    စိတ်ပိန်တယ်…။

Leave a Reply