အပူချိန်ပြင်းထန်သည့်အခါ လူအများစု အပူဒဏ်သက်သာစေရန်အတွက် စကတ်အတို၊ ဘောင်းဘီအတိုများ အင်္ကျီလက်ပြတ်များ ၀တ်ဆင်ကြရာတွင် ခရမ်းလွန်ရောင်ခြည်များ ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး အရေပြားကင်ဆာပင်ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဆေးပညာဆရာဝန်ကြီး ဒေါက်တာချစ်စိုးက ပြောသည်။ နှစ်တစ်နှစ်၊ နှစ်နှစ်အတွင်း ချက်ချင်းဖြစ်ပေါ်သော ရောဂါမဟုတ်သော်လည်း ခရမ်းလွန်ရောင်ခြည်များ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိလာခြင်းကြောင့် တဖြည်းဖြည်း ဖြစ်ပွားနိုင်ခြင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ တစ်ရှူးများ ခရမ်းလွန်ရောင်ခြည်ကြောင့် မျိုးဗီဇပြောင်းလဲသွားခြင်းဖြစ်ကြောင်းသိရသည်။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသည့်အခါ အပူဒဏ်သက်သာစေမည့် အ၀တ်အစားများ ၀တ်ဆင်ပါက ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ပေးနိုင်မည့် လိမ်းဆေးများလိမ်းခြင်း၊ ထီးဆောင်းခြင်း၊ နေပူထဲတွင် အလုပ်လုပ်သူများ ခန္ဓာကိုယ်အထဲ နေရောင်ခြည်တိုက်ရိုက်မ၀င်အောင် ကာကွယ်နိုင်မည့် အ၀တ်အစားများဝတ်ဆင်သင့်ပါသည်။

About kln

k ln has written 409 post in this Website..