ဂျာနယ်ကပြောတဲ့..ဗေဒင်..။။။

ဂျာနယ်ကပြောတဲ့..ဗေဒင်..။။။
အင်း…..ပြောရရင်းမကောင်းရှိတော့မယ် ဂျာနယ်လေးတစ်စောင်ဝယ်လာရင်
ကောင်းကောင်းကိုမဖတ်ရတာ ကိုဖတ်နေတုန်းဆို ရုံးကမမများက  လာသာမတောင်းရဲတာ
မုဆိုးချောင်း  ချောင်းနေကြတာလေ နည်းနည်းရင်းရင်းနှီးနှီး ပေါင်းသင်းပြောဆိုမိတဲ့ မမများကတော့
မယောင်းမလည်နဲ့… ဘာထူးလဲ အလယ်ရွက်လေးပေးပါအုံးလုပ်တတ်သေးတာလေ အလယ်ရွက်မှာမတွေ့ရင်
နောက်ဆုံးအရွက်လေး ပြီးရင်ပေးပါ လုပ်ချင်သေးတာ မမ တွေဆိုလို့ တစ်ကယ်မထင်နဲ့နော် သက်သက်ရွဲ့ပြောတာဗျ
ကျွန်တော့်စာရေး မ ဆပ်စလူးစိန်တွေပေါ့ …။။
ဘာမှမဟုတ်ဘူးဗျို့  ရည်းစားမရှိ ဘာမရှိ ဂျာနယ်က ဗေဒင် တွေကြည့်ပြီး   ဘာတွေလုပ်ကျတယ်ကို မသိတာ
ကျုပ် ဂျာနယ်ဝယ်လာလို့ များကတော့ ဗေဒင် ပါတဲ့အရွက် က အရင်ပျောက်တာပဲ ဘယ်လိုက်ရှာရမှန်ကိုမသိဘူး
နောက်ပြီးသူတို့ဘာတွေလုပ်ကျတယ်ဆိုတာလဲ မသိဘူးဗျ ပြီးရင်တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး
ပြောသေးတယ်“မှန်တယ် ဟဲ့ ဒီနေ့အဆူခံရတယ်”  ဆိုတာကပါသေးတယ်  ဘာမှန်းကိုမသိတာ  တစ်ခါတစ်ခါ
သူတို့ပြောတာတော့စိတ်ဝင်စားမိသားဗျ အင်းခက်တာက ဂျာနယ်တိုင်းနီးပါးကလဲ ဗေဒင်မပါရင်ခေတ်မမှီ
သလိုကိုဖြစ်နေတာ ဒါပေမယ့် မိန်ခလေးများကတော့ဖြင့်ဒီကိစ္စနည်းနည်း ကဲလွန်းတယ်ထင်တာပဲ ကျုပ်ဖြင့်
ယောင်လို့တောင်မဖတ်မိပေါင်ဗျာ…။။ဒါပေမယ့်တစ်နေ့  ဘောစိနဲ့ နည်းနည်းအချင်းများပြီး လူကလဲ မှုန်တုံတုံ
ဖြစ်နေတဲ့အချိန်..။။။ဒီစာရေးမတွေ ဂဏာမညိမ် သူတို့ တစ်ခုခုတော့ ထူးခြားနေပြီလေ
သူတို့အချင်းချင်း လက်တို့နေတာမြင်နေတော့ ..
“ဟဲ့ နင်တို့ဘာဖြစ်နေတာလဲ””
“ဘာမှမဟုတ်ပါဘူး” ခပ်သွက်သွက် တစ်ယောက်ကဖြေတာပေါ့လေ
“ ဘာမဟုတ်ရမှာလဲပြောစမ်း  လာ ဒီနားကို”  ဆိုတော့မှ သမီးတို့ ဖတ်ထားတဲ့ ဗေဒင်အတိုင်းဂျာကြီ းအခုဖြစ်နေတာ
ဆိုပဲ  ဟဲ့ ..ဘာဖြစ်လို့လဲဆိုတော့     အထက်လူကြီး ညိုညင် မှု ခံရမည်လို့ ဗေဒင်က ဂျာကြီးကိုဟောထားတယ်ဆိုပဲ
ဘယ်ကဗေဒင်လဲဆိုတော့  ဂျာကြီးဝယ်လာတဲ့ ဂျာနယ်ထဲကပါတဲ့.ဗေဒင်တဲ့…….ကောင်းရောဗျာ..။။။။
ကျုပ်ကလဲ ဗေဒင်ဆို မယုံတာမဟုတ်ဘူးဗျ လက်ကိုမခံတာ  ဘုရားရှင်တောင် ရှေးရှေး ဘဝပေါင်းများစွာ များစွာ
သိမြင်အောင် ဇာတိသရဉာဏ် အတွက် ကျင့်ကြံခဲ့ရတာပဲမှတ်လား…။။။
၁ ကြွင်းလို့ဒါဖြစ်ရမယ် ၂ ကြွင်းလို့ဒါဖြစ်ရမယ် ဟောတဲ့လူတွေအတွက်သိပ်လွယ်လွန်းနေမလားပဲ ကျောက်သင်ပုန်း
တစ်ချပ်ပေါ်က ဂဏန်းကွက်လေးတွေကိုကြည့်ပြီး  ဇာတိသရဉာဏ် ရနေတဲ့လူတစ်ယောက်လို့ သူများကံကြမ္မာလက်တန်း
ပြောတဲ့သူတွေ ကိုတော့  ကျုပ် ကသူရဲ့ ကျင်ကြံအားထုတ်မှုကိုစစ်တမ်းထုတ်သင့်တယ်ထင်တာပဲ အရင်ကရေးခဲ့တဲ့
ဗေဒင် ကျမ်းကြည့်ပြောတယ် ဆိုရင်တော့ ဆောရီးပါ ဆရာ တတ်ရောင်ကား တွေရယ်လို့သာ ပြောလိုက်ချင်တာပဲလေ..။။။
ဂျာနယ်ထဲက ဗေဒင်ကိုအငန်းမရ ဖတ်  ကိုယ့်ကံကြမ္မာကို ဆုံးဖြတ်နေကြတဲ့  လူတွေအတွက် ပဉာတ်သွားရာဓါတ်သက်
မပါစေဘို့ ကျွန်တော်ရဲ့ ..မခံချင်စိတ်လို့ဆိုရမလားပဲ  ကျွန်တော့်ရဲ့ တစ်ပါတ်စာကံကြမ္မာ  ဖြစ်ရမှာတွေကို ဂျာနယ်
၃စောင်ဘိုးအကုန်ခံပြီး တင်ပြချင်တာကတော့…။။။။
*******************************************************************************************
ဂျာနယ်(၁)
ကိုယ်နဲ့စိတ်ကောင်းစွာထိမ်းပါ။စကားကိုပေါ့တီးပေါ့ဆမပြောပါနဲ့။ဘာသာရေးပိုလုပ်ပါ။မိမိတစ်ချက်မှားလျှင်
ကားကနဲကျမည်ချစ်သူနှင့် စကားအခြေအတင်များမည်။ရန်သူတစ်ဦးအားခွင်လွှတ်ပြီးမိတ်ဆွေပြန်ဖွဲနိုင်မည်။
ခြေလေးချောင်းသားမစားပါက ပိုကောင်းသည်စိတ်သွားတိုင်ကိုယ်ပါ လိုရာဆန္ဒပြည်မြောက်မည်၊ အများမကြိုက်
သောကိစ္စမလုပ်ပါနှင့် ထီပေါက်ကိန်းရှိ၍ ထီများများထိုးပါ..။။။
ယတြာ-မွေးနေ့တွင် ထောပတ်ထမင်းကပ်လှူ ပါ..။။။
ကောင်းကျသေးရဲ့လားဗျာတို့……..
ကိုယ်နဲ့စိတ်ကောင်းစွာထိမ်းပါ…။။။မထိမ်းရင် အချုပ်လားထောင်လားပဲ လေ မှတ်သားသင့်လိုက်တာ
စကားကိုပေါ့တီးပေါ့ဆမပြောပါနဲ့….။။။ပြောရင်ကျွန်တော့ကို ငပေါလို့ထင်မှာပေါ့ သူပြောမှသိတာကျနေတာပဲ
ဘာသာရေးပိုလုပ်ပါ….။။။ဗုဒ္ဓဘာသာတိုင်း ပြောနေကျစကားကြီးဗျ
မိမိတစ်ချက်မှားလျှင်ကားကနဲကျမည်….။။။မှားလို့မှကားကနဲ့မကျရင် ကျုပ်ကဘာကောင်မို့လဲ
ချစ်သူနှင့် စကားအခြေအတင်များမည်…။။။ဖြစ်တတ်တဲ့သဘာဝလေဒါက
ရန်သူတစ်ဦးအားခွင်လွှတ်ပြီးမိတ်ဆွေပြန်ဖွဲ့နိုင်မည်….။။။ဒါမျိုးက ကြုံရနိုင်ပါတယ် မချစ်သော်လဲအောင့်ကာနမ်း
ပေါ့ဗျာ  ခြေလေးချောင်းသားမစားပါကပိုကောင်းသည်…။။။သူပြောမှပဲသိတော့တယ် သတ်သတ်လွတ်ဆိုပိုကောင်းပေါ့
စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်မြောက်မည်…။။။စိတ်သွားတိုင်းကိုယ်မပါလို့ကျုပ်က အကျိုးအကန်းမှမဟုတ်တာ
အများမကြိုက်သောကိစ္စမလုပ်ပါနှင့် ….။။။အောင်မလေးစိတ်ချ လူတိုင်မလုပ်ဘူး လုပ်ရင် ပြသနာတက်မှာလူတိုင်း
သိတယ်
ထီပေါက်ကိန်းရှိ၍ ထီများများထိုးပါ….။။။ထီအများကြီးထိုးမှတော့ တစ်စောင်တစ်လေ တွတ်လေးဘာလေးဝင်နိုင်
တာပဲဗျတော်တော် အထင်ကြီးလေးစားစရာကောင်းလိုက်တဲ့ ပညာရှင်ပဲဗျာ ကျွတ်ကျွတ်..တော်တော် အပင်ပန်းခံတွက်
ထားရရှာမှာပဲ..။။
***********************************************************************************************
ဂျာနယ်(၂)
လုပ်စရာအလုပ်များများပြားသဖြင့် အလုပ်မပြီးခင် ပြစ်တင်ခံရကိန်းရှိသည်၊ကြန်ကြာမှုများကြောင့်စိတ်ဖိစီးမှုများနေ
တတ်သည်၊  အခက်ခဲကြားမှ အလုပ်တွေဖြစ်အောင်လုပ်နိုင်သွားတတ်သည်၊ငွေရကိန်းရှိသည်။ရွှေ သန္တာ သံတို့ဖြင့်
ပြုလုပ်သောပစ္စည်းများမှအကျိုးပေးလိမ့်မည်၊တစ်ချိန်က ရရန်ခဲယင်းသောအရာများကျိုးစားမှုကြောင့်ရရှိမည်။
ယတြာ-ဘုရားဖူးခရီးသွားကို ခရီးစရိတ်လှူပါ..။။။
လုပ်စရာအလုပ်များများပြားသဖြင့် အလုပ်မပြီးခင် ပြစ်တင်ခံရကိန်းရှိသည်…..။။။အလုပ်လုပ်နေတဲ့ မည်သူမဆို
အပြစ်မကင်းနိုင်ပါ။ အနည်းဆုံး မြန်မြန်ပြီးအောင်လုပ်တို့ မပြီးသေးဘူလားတို့ အပြစ်တင်ခံရတတ်တာသဘာဝပဲလေ
ဟောတတ်လိုက်တာ လွန်ရောပဲ
၊ကြန်ကြာမှုများကြောင့်စိတ်ဖိစီးမှုများနေတတ်သည်…။။။ ဘာလုပ်လုပ် အချိန်ကြာနေရင် မြန်မြန်မပြီးရင်စိတ်ဆင်းရဲရ
တာပဲဗျ  ဒါကြီးကတော့လူတိုင်းသိနေတာပဲဟာကို။
အခက်ခဲကြားမှ အလုပ်တွေဖြစ်အောင်လုပ်နိုင်သွားတတ်သည်…။။ဘယ်သူမဆိုကိုယ်လုပ်တဲ့လုပ်ငန်းဘယ်လောက်
ခက်ခက် ပြီးအောင်တော့လုပ်တတ်ကြတာပဲလေ  ဒါလဲယေဘူယျ အမြင်ပဲဗျ။
ရွှေ သန္တာ သံတို့ဖြင့်ပြုလုပ်သောပစ္စည်းများမှအကျိုးပေးလိမ့်မည်..။။။ဘယ်လိုအကျိုးပေးမှာလဲဗျ ပေါင်စားရမှာလား
ရောင်းစားရမှာလားတစ်ခုခုတော့သေချာပြောလေဗျာ အုတ်ရောရော ကျောက်ရောရော  ရောတော့မချနဲ့လေ
တစ်ချိန်ကရရန်ခဲယဉ်းသောအရာများကျိုးစားမှုကြောင့်ရရှိမည်…။။။အော် ..ကျိုးစားမှုကြောင့်မရရင် ခိုးပြီးယူလို့ရမှာကျ
နေတာပဲဗျာ သေချာလေးလုပ်ကြပါဟ ဟိုလိုလို ဒီလိုလို  လိုရာဆွဲပြီးတွေးလို့ရတဲ့အရေးအသားတွေက နည်းနည်း
ပညာပါသလိုပဲဗျ..။။
****************************************************************************************************
ဂျာနယ်(၃)
စနစ်တကျ ရှေတိုးလုပ်ဆောင်ပါ ၊လုပ်ငန်းခွင်မှ အတူလုပ်ကိုင်သူများနှင် စကားအခြေအတင် ပြောရမည်၊ ယာဉ်ကား
သတိထားပါ၊ ပူးပေါင်းလုပ်ဆောင်မှုကြောင့်တိုးတက်မည်၊အတိုက်အခံများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမည်
ကျိုးစားလုပ်ဆောင်မှုကြောင့် အရာရာတိုးတက်အောင်မြင်မည်၊အသက်အရွယ်ကြီးသူဆွေမျိုးမိဘ ကျန်းမာရေးဂရုစိုက်ပါ..။။
ယတြာ-ဘုရားတွင်သစ္စာပန်းလှူပါ..။။
ပြောရရင်တော့ အင်း…..
စနစ်တကျ ရှေတိုးလုပ်ဆောင်ပါ ….ကျုပ်ကရှေ့တိုးမလုပ်လို့ နောက်ဆုတ်ပြီးဖင်ထိုင်နေရမှာလား အော် ..ဒုက္ခ..။။
လုပ်ငန်းခွင်မှ အတူလုပ်ကိုင်သူများနှင့် စကားအခြေအတင် ပြောရမည်….အင်းဒါကတော့ နေ့တိုင်နီး ပါး  အလုပ်ခွင်က
လူတိုင်း ဖြစ်နေတတ်တာကြီးပါဗျာ  ..ဗေဒင်ဟောတာမှမဟုတ်တာပဲ..။။
ယာဉ်ကားသတိထားပါ….ယာဉ်ကားသတိမထားလို့ကျုပ်က တည့်တည့် ဝင်တိုးရမှာ ကလေးတောင်သိတယ် ကားလမ်း
ကူရင် သတိထားရမယ် ဆိုတာကိုလေ ကားမောင်းနေတဲ့သူတွေလဲ သတိနဲ့မောင်းနေကြတာများတာပဲ လမ်းတွေချိုင့်
စောင့်မှာဆိုးလို့လေဗျာ..။။
ပူးပေါင်းလုပ်ဆောင်မှုကြောင့်တိုးတက်မည်….ပူးပေါင်းလုပ်တာမှမတိုးတက်ရင် အဲဒီလူတွေ ရိုက်သတ်လိုက်ဖို့
ဒါမှမဟုတ်အလုပ်ဖြုတ်လိုက်ဖို့ပဲရှိတာပဲဗျ ..။။
အတိုက်အခံများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမည်…..အတိုက်အခံပါဆိုမှ စိတ်အနှောက်အယှက်ဖြစ်အောင်
လုပ်နေမှာပေါ့ သူပြောမှပဲသိတာကျနေတာပဲ ဘယ်လိုကြီးလဲဗျ..။။
ကျိုးစားလုပ်ဆောင်မှုကြောင့် အရာရာတိုးတက်အောင်မြင်မည်…..မှန်လိုက်တာကျိုးစားလို့ကတော့ ဘုရားတောင်ဖြစ်နိုင်
သေးတာပဲဗျာ ရှေးလူကြီးတွေပြောကြတာလေ ဒါကတော့ဗျာ  လူတိုင်ကျိုးစားမှရမယ်ဆိုတာသိပြီးသားပဲလေ..။။
အသက်အရွယ်ကြီးသူဆွေမျိုးမိဘ ကျန်းမာရေးဂရုစိုက်ပါ….အသက်ကြီးတဲ့လူကျန်းမာရေးဂရုမစိုက်လို့
ကျုပ်ကပစ်ထားရမှာလားသူပြောမှပဲ ကျုပ်ကပစ်ထားသလိုလိုဖြစ်နေပြန်ပါပြီဗျာ..။။။
**********************************************************************************************
ဒီဂျာနယ် ဗေဒင် ၃စောင်ပါ အချက်တွေကို လေ့လာဆန်းစစ်လိုက်တော့ လားလား….ဘယ်ဟုတ်မလဲဗျ သူတို့က
ကျွန်တော်တို့ နေ့စဉ်လုပ်နေကျအကြောင်းအရာ တွေ ကြုံတွေ့ဆက်ဆံနေရတဲ့ ဟာတွေကို သူတို့က ပိုဂရုစိုက်ဘို့သတိပေး
နေသလိုပါပဲလားဗျအဲဒါတွေအားလုံးက ကျုပ်တို့ သိပြီးသား ဟာတွေချည်းပါပဲ ကျုပ်တို့သတိမမူမိလို့သာနေရမယ် သူတို့
ဟောထားတဲ့အထဲမှာကျုပ်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အချက်တွေကို ဖတ်လိုက်တဲ့အခါ ယေဘူယျ သဘောနဲ့ဆိုရင်
ဟုတ်သယောင်ယောင် ထင်ရအောင်ရေးထားကြတာပဲလေ ..။။ဘာပဲဖြစ်ဖြစ်ပေါ့လေ  ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ဂျာနယ်ကဗေဒင်လေးဖတ်လိုက် ဒီတစ်ပါတ်တော့ဘာဖြစ်မှာတဲ့ ဒီကိစ္စကမကောင်းဘူးတဲ့ စသဖြင့် မှန်လားမမှန်းလား
သေချာမသိသေးပဲ  တစ်ပါတ်စာတွေးပြီး စိတ်လေးနေကြတဲ့သူတွေအတွက် ဒီဆောင်းပါလေးနဲ့ အမြင်မှန်ရစေချင်းငှာ
တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား…။။
ဒါကြောင့် ဘာပဲဖြစ်ဖြစ်ကံ ကံ၏ အကျိုးကို ယုံကြည်ကြတယ်ဆိုရင်ဖြင် ကံဆိုတဲ့ မိမိတို့ရဲ့ ကာယကံ ဝစီကံ မနောကံ
ကံ၃ပါး၏ အလုပ်များ အပါတ်စဉ် ကောင်းမွန်ပွားများလုပ်ကိုင်နေကြမယ်ဆိုရင်ဖြင့် ကံတူအကျိုးပေးဆိုတဲ့အတိုင်း
ဖြစ်လာကြမှာဖြစ်တဲ့အတွက်  ပဉာတ်သွားရာဓါတ်သက်မပါစေကြဘို့…….
ဂျာနယ်တွေမှာရှိရှိနေတဲ့ တစ်ပါတ်စာ ဗေဒင်တွေကြည့်နေဘို့ လိုမယ်မဟုတ်တော့ကြောင်းပါ……ဗျာတို့။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

19 comments

  • hmee

    August 24, 2011 at 3:25 pm

    ဒါပေမဲ့တော့ ဒါပေမဲ့ပေါ့ ဗေဒင်မြင်တော့လည်း မဖတ်ပဲ မနေနိုင်ဘူး။

  • nozomi

    August 24, 2011 at 3:26 pm

    ကျွန်တော်လည်း ဗေဒင်နည်းနည်း နားလည်တယ်

    ဘီလူးကြီးအတွက် အာရုံပြုပြီး ကြည့်လိုက်တာ ဘီလူးကြီး ကံနည်းနည်းနိမ့်နေတယ်
    အဲဒီတော့ အရှေ့ရပ်ကိုမသွားပါနဲ့၊
    အနောက်ရပ်ကိုရှောင်ပါ၊
    တောင်အရပ်ကိုသတိထားပါ၊
    မြောက်အရပ်သွားရင်တော့ ဒုက္ခကိုရောက်ပြီ

    • ogre

      August 24, 2011 at 7:04 pm

      nozomi ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲဗျာ
      ဒီပုံဆိုအိမ်ပြန်လို့တောင်မဖြစ်တော့ဘူးပေါ့

  • Shwe Ei

    August 24, 2011 at 3:43 pm

    တခါတလေ ဗေဒင်ဖတ်ရတာလဲ ယုံတာမယုံတာအပထား စိတ်ထွက်ပေါက်တမျိုးရတယ် ဦးဘီလူးရဲ့။

  • စုံ စုံ

    August 24, 2011 at 3:45 pm

    ကျမလဲအရင်ကဗေဒင်ဆိုအရမ်းဝါသနာပါတာ
    ဂျာနယ်magazine တွေ့သမျှမချန်အကုန်ဖတ်တယ်
    နောက်ပြီးဘယ်ဗေဒင်ဆရာနာမည်ကြီးလဲရောက်ပြီးသားဘဲ
    ဒါကြောင့်သူငယ်ချင်းတွေတောင်စကြတယ် ဗေဒင်ဆရာကောင်းကောင်းသိချင်ရင်
    စုံစုံ့ကိုမေးဆိုပြီး
    ဒါပေမယ့်လည်းအခုနောက်ပိုင်းတော့ဘယ်ဂျာနယ်စာအုပ်မှာဘဲဗေဒင်ပါပါယောင်လို့တောင်
    မကြည့်မိတော့ဘူး
    ဗေဒင်မေးတဲ့အကြိမ်လဲသိသိသာသာကိုလျော့သွားခဲ့ပြီ
    ဥပမာ-အရင်ကတနှစ်ကိုခြောက်ကြိမ်လောက်မေးဖြစ်ခဲ့ရင်
    အခုဆိုရင်တကြိမ်လောက်ဘဲမေးတော့တယ်
    ဒါကလဲဝါသနာဗီဇနဲနဲကျန်နေသေးလို့
    အမှန်ကတော့ အမျိုးသားကဗေဒင်မေးတာလုံးဝမကြိုက်လို့သူကိုကြောက်
    တာနဲ့မမေးဖြစ်ရင်းကနေ အခုလိုဖြစ်သွားတာဘဲ အဟီး 🙂

  • နွယ်ပင်

    August 24, 2011 at 4:15 pm

    အစကတည်းက ဗေဒင်ဆိုမယုံလို့ မမေးဖြစ်ဘူး ဂျာနယ် မဂ္ဂဇင်းဆို ပိုလို့တောင်မဖတ်ဖြစ်သေးတယ်
    ဘာလို့လဲဆို အရင်က မဂ္ဂဇင်းမှာ လုပ်တုန်းကဆို ဗေဒင်က (7) လပိုင်းထုတ်စာအုပ်မှာ
    ပါမယ့်ဟာကို ဗေဒင်ဆရာဆီက ယူရင် (5) လပိုင်းလောက်ကတည်းကတောင်းရတာ
    နောက် ဗေဒင်ဆရာက သူကိုယ်တိုင်ဟောတာ မဟုတ်ဘဲ သူ့စာရေးမတွေက တစ်နှစ်စာ
    ဟောထားတဲ့အထဲက ကောင်းနိုးရာရာလေးတွေ ဆွဲပြီးရေးပေးနေတာကို သိနေလို့ ….

  • pan pan

    August 24, 2011 at 4:51 pm

    ကိုဘီလူး
    ဘီလူးနက္ခတ်နဲ့လူနဲ့မတည့်လို့ ကံနိမ့်တဲ့အချိန် လူတွေကိုရှောင်ပါ
    လူထူထူရှိရင် မသွားပါနဲ့
    အလုပ်ထဲမှာ လူများနေရင် အလုပ်မသွားပါနဲ့
    လူတောမတိုးပါနဲ့
    နဂါးခေါင်း တောင်ဘက်လှည့်ပြီး အမြီးက အရှေ့မှာပါ
    အဲဒါကြောင့် မြောက်အရပ်သွားခြင်း ရှောင်ပါ (နဂါးပါးစပ်ထဲရောက်နိုင်တယ်)
    အရှေ့အရပ်ရှောင်ပါ (အမြီးနဲ့ ရိုက်ခံထိနိုင်တယ်)
    နဂါးကိုယ်က မြောက်ဘက်ကနေ အနောက်ကိုဝိုက်သွားလို့
    မြောက်နဲ့ အနောက်ရှောင်ပါ (နဂါးပတ်ခံရမှာစိုးလို့ပါ)

    စိတ်ဆိုးနဲ့နော်…စဒါ…အဟီးးးးး :mrgreen:

    • ogre

      August 24, 2011 at 7:02 pm

      ့ပန်ပန်ရေ ငုတ်တုတ်ကလေးထိုင်နေမှနဲ့တူတယ်

      • redbull

        August 24, 2011 at 7:10 pm

        ဒီနေ့အဖို့ ဒီမှာပဲ သက်တောင့်သက်သာ အနားယူပါတဲ့… သူပြောတာနော်..။ 🙂

        • pannu

          August 24, 2011 at 7:13 pm

          အနားမလာနဲ့… သွား ခွါ ဟဲ့…နင့်ငါ သတ်မဟဲ့ဆိုရင် ဘာလုပ်မတုန်း… 😛

  • moethidasoe

    August 24, 2011 at 5:08 pm

    အခု နာမည်ကြီးပြီး တချိန်က နာမည်ယူနေတဲ့လူ
    သူ့ မဂ္ဂဇင်းမှာ ဗေဒင်ထည့်ဖို့ ၂နှစ်စာ မဂ္ဂဇင်းတွေ စုထားပြီး အဲဒီ အထဲက ဟိုတကြောင်း ဒီတကြောင်း
    ထည့်တယ်လို့ ကိုယ်တွေ့ပြောတာကို မှတ်ထားတဲ့ အယ်ဒီတာတဦးက ပြန်ပြောပြတယ်
    နောက်ဆုံးတော့လဲ ယတြာ ခြေရင်ခြေ မခြေရရင် နေမထိထိုင်မသာ ဖြစ်နေသူတွေအတွက်
    ကောင်းတယ်လို့ ဆိုရမှာ

  • pooch

    August 24, 2011 at 5:20 pm

    အယ်တော့ …. နွယ်ပင်ရေ တကယ်လား … နောက်ဆို မဖတ်တော့ဘူး … ဘာရယ်မဟုတ်ဗေဒင်ဆို ..
    ယုံတာမယုံတာအပထား ကောက်ကောက်ဖတ်တတ်လို့ … အခုတော့ ကျမသိပြီပေါ့.

  • Gipsy

    August 24, 2011 at 5:55 pm

    သိတော့သိသလိုလို ဗျ..၊ ဒါလဲလေ အပျင်းပြေ ဖတ်ကြည့်လိုက်ရတော့မှ စိတ်ချမ်းသာတယ်လေ..၊
    ကောင်းတဲ့ဇာတာ လို့ပါလာရင် ပျော်ရတယ်..၊ မကောင်းဘူးဆိုရင်လဲ အလကားလျောက်ရေးတာလို့ ယူ
    ဆ ထားလိုက်ပါတယ်….။ 🙂

  • မီးမီး သော်

    August 24, 2011 at 6:02 pm

    “”  ဘုရားရှင်တောင် ရှေးရှေး ဘဝပေါင်းများစွာ များစွာ
    သိမြင်အောင် ဇာတိသရဉာဏ် အတွက် ကျင့်ကြံခဲ့ရတာပဲမှတ်လား…။။။
    ၁ ကြွင်းလို့ဒါဖြစ်ရမယ် ၂ ကြွင်းလို့ဒါဖြစ်ရမယ် ဟောတဲ့လူတွေအတွက်သိပ်လွယ်လွန်းနေမလားပဲ။”””
    အပျင်းပြေတော့ဖတ်ဖြစ်တာပါဘဲ။ဒါပေမယ့် မယုံပါဘူး။တိုက်ခိုက်ပုတ်ခတ်တာတော့ မဟုတ်ရပါနော်—-

  • Gipsy

    August 24, 2011 at 6:07 pm

    တည့်တည့်ကျတော့ ဂွပ် ခနဲပေါ့ဗျ…၊ မှားသွားပြန်တော့ ဆောတီးပေါ့….၊
    ဒီလိုပဲ လုပ်စားနေကြရတာလေ…၊ ကျုုပ်လဲ တိုုက်ခိုက်တာ ဟုတ်ဘူးနော်…။

  • koyinmaung

    August 24, 2011 at 6:40 pm

    စောထွေစိန်ပန်း
    ဇနက္ကသဘောင်္ပျက်တဲ့နှစ်
    မေခလာကယ်တဲ့လ
    ဆိုတော့
    ရွှေတိဂုံဘုရားအနောက်တောင်တောင့်မှာ
    အုန်းပင်သုံးပင်သွားလှူလိုက်ပါ……….

  • မီးမီး သော်

    August 24, 2011 at 9:12 pm

    ဗေဒင်မမေးနဲ ့ဆန်ကုန် တယ်ဆိုတဲ့စကားကဘယ်ကကျလာတာလဲ သိကြရင်ပြောပေးကြပါဦး။

  • fatty

    August 24, 2011 at 9:18 pm

    ဗေဒင်ဆိုတော့ ကျနော်ကလဲမနေနိုင်ဘူး ဝင်ရေးချင်စိတ်ပေါက်လာပြန်တယ်။
    ကျနော်ဗေဒင်ကောင်းကောင်းတွက်တတ်ပါတယ်။ဗေဒင်ပညာကိုစိတ်လဲဝင်စားတယ်။ အခုထိလဲလေ့လာနေဆဲ သုတေသနလုပ်နေဆဲပါ။ ခေါင်းစဉ်က ဂျာနယ်ဗေဒင်ဆိုတော့ မှတ်မိသေးတယ်
    ကျနော်တို့ အရွယ်ကောင်းတုန်းကတော့ မဂ္ဂဇင်းဗေဒင်ပေါ့ဗျာ …။ စာရေးဆရာမြတ်ခိုင်ဆိုရင် သိကြမှာပါ။
    ဟိုတုန်းကသူနဲ့ကျနော်တို့နဲ့ တပြိုင်နက်ရေးဖေါ်တွေပေါ့ ..။ နောက်သူက မဂ္ဂဇင်းတခုကိုကိုင်လိုက်
    တယ် ..။ တခါတော့ မဂ္ဂဇင်း စာပေစစ်ဆေးရေးတင်ခါနီးအထိ ဗေဒင်ဆရာမဆီက အချိန်မှီရောက်မလာ
    ခဲ့ဘူး . သူဘာလုပ်သလဲဆိုရင် … ဂျာနယ်တိုက်က ဝန်ထမ်းတွေကို ပြန်စဉ်းစားတယ် .. တနလာင်္သမီး
    ဝန်ထမ်းတဦးက ကိုယ်ဝန်ရှိနေတယ် .. အဲတော့တနလာင်္သမီးများကိုယ်ဝန်ဆောင်ထားရကိန်းရှိတယ်ပေါ့။
    အဲလိုနည်းနဲ့ ရ ရက်သားသမီးအတွက် အချိန်မှီ ရေးထည့်လိုက်ရတာ …. ဂျာနယ်လဲထွက်လာရော ..
    မဂ္ဂဇင်းတိုက်က ဝန်ထမ်းတွေကစပြီး အောင်မလေးမှန်လှချည်လား … ဆိုပြီး လစဉ်ရေးနေကြ
    ဗေဒင်ဆရာမ အချောင်နာမည်ပိုကြီးသွားရောဗျို့ …။

  • koyinmaung

    August 24, 2011 at 10:53 pm

    အရင်ခေတ်ကဗေဒင်သွားမေးယင် ဆန်တပြည်ငွေတမတ်ဗေဒင်ဆရာကိုတင်ရတယ်(ပေးရတယ်)
    ဒီလိုကြားဘူးခဲ့တာဘဲ ..တွက်တာကအရင် မှန်တယ် မမှန်ဘူးဆို်တာကနောက်မှသိရမှာကို
    ဒါကြောင့်ဗေဒင်မေးဆန်ကုန်တယ်ဆိုတဲ့စကားကျန်ခဲ့တာနေမှာပါ။။

Leave a Reply