ဗြိတိန်ရောက် မြန်မာကျောင်းသားများ ကျောင်းလခမသွင်းဘဲ ကျောင်းတက်နေ

klnMay 12, 20101min662

ဗြိတိန်နိုင်ငံရှိ ကောလိပ်ကျောင်းအချို့တွင် ပညာသင်ယူနေသော မြန်မာကျောင်းသားများထဲမှ ကျောင်းသားတချို့မှာ ကျောင်းလခပေးသွင်းကြခြင်းမရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ပြည်တွင်း ပညာရေးအေဂျင်စီတစ်ခုထံမှ သိရသည်။ ဗြိတိန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် ကျောင်းသားအများစုသည် တစ်နှစ်စာ ကျောင်းလခ၏ ထက်ဝက်ကို ကြိုတင်ပေးသွင်းထားရပြီး ကျန်ရှိသော ကျောင်းလခနှစ်ဝက်စာအား ပညာသင်နှစ်ဝက်တွင် ပေးချရကြောင်းသိရသည်။ ထိုကဲ့သို့ မြန်မာကျောင်းသားများ ကျောင်းလခပေးသွင်းကြခြင်းမရှိသောကြောင့် ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်တချို့သည် ကျောင်းမတက်မီက ပင်ကျောင်းလခအကျေပေးသွင်းရန် သတ်မှတ်လာကြပြီး အရစ်ကျပေးသွင်း၍ မရတော့ကြောင်း သိရသည်။ “နောက်ရောက်လာမယ့် ကျောင်းသားတွေကို ကျောင်းလခအပြတ်သွင်းခိုင်းတယ် ။ ကျောင်းတွေနဲ့အတူ တွဲလုပ်လာတာ ကြာပြီ။ အခုဘယ်လိုညှိညှိမရတော့ဘူးဖြစ်နေတယ်။ ယူကေဘော်ဒါအေဂျင်စီက သိသွားရင်လည်းမြန်မာကျောင်းသားလက်ခံဖို့ခက်သွားပြီ။ ဒါကြောင့်ကျောင်းတွေကလည်း ဖုံးဖုံးဖိဖိလုပ်ထားကြတာပါ” ဟု ၎င်းပညာရေးအေဂျင်စီမှ တာဝန်ရှိပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

2 comments

  • susunosuki

    May 12, 2010 at 5:47 am

    မပေးပဲကျောင်းတက်တယ်ဆိုတာ ပေးစရာမရှိကြလို့လား
    တမင်ကို ဈေးတွက်တွက်ပြီးမပေးပဲနေတာလား

  • darkoosky

    June 16, 2010 at 3:11 pm

    do not worry about school fee becasue England have to pay alot of money back to Myanmar. They steal my natrual resource for hundred year. We have provided weath for their developmet of today England so do not feel about it. It is Ok . nothing about campared to resources they took..

Leave a Reply