ဦးကြောင်ကြီးရဲ့ တစ်နေ့တာ

manawphyulayAugust 24, 20111min18721

အလုပ်ကလေး ပါးတာနဲ့ ဦးကြောင်ကြီးတစ်ယောက် ဘာတွေလုပ်နေသလဲဆိုပြီး လေ့လာမိတဲ့အခါမှာ တွေ့ရတာတွေပါပဲ။
တစ်နေ့ တစ်နေ့ ဘာလုပ်ရမလဲ

တစ်နေကုန် ဘာလုပ်ရမလဲ

တစ်ခါတလေတော့လည်း ပျင်းသား

21 comments

  • naywoonni

    August 24, 2011 at 9:02 pm

    အဲဒိလောက် ပျင်းတဲ့ ကြောင် ဒီတစ်ခါပဲတွေ့ဖူးသေးတယ်..။ ကြွက်လည်းမခုတ်ဘူး

  • မီးမီး သော်

    August 24, 2011 at 9:17 pm

    ဟယ် ကြောင်ပျင်းကြီးပါလား။သူတောင်ကြွက်ကပြန်ချီသွားမယ်ထင်တယ်။တနေ ့တနေ ့အိပ်လိုက်စားလိုက်ပေါ့နော့ ကိုကြောင်ကြီးရေ—ဟိ ဟိ;)

  • မီးမီး သော်

    August 24, 2011 at 9:20 pm

    ပြီးခဲ့တဲ့ နှစ်တွေကကြွက်ဝမ်းဖြ ူတွေသောင်းကျန်းလို ့ပဲခူတိုင်းတို ့ဧရာဝတီ တို ့မှာ စိုက်ခင်းတွေ လယ်တွေပျက်ကုန်တာ ကိုကြောင်ကြီး ခုလိုအိပ်ပျော်သွားလို ့နေမှာ။ဟုတ်တယ်နော်

  • ကြောင်ကြီး

    August 25, 2011 at 9:00 am

    ကြောင်တွေကို ပြောတဲ့အခါ အိပ်တယ်၊ ပျင်းတယ်လို့ မသုံးရဘူးကွဲ့ စက်တော်ခေါ်တယ်၊ တွေဝေငေးမောတော်မူတယ်လို့ သုံးရတယ်။ ခေတ်ကာလသားသမီးတွေ ပြောချင်တာပဲသိတယ် အရိပ်သုံးပါး နားလည်းမလည်ဘူး…။

    • pan pan

      August 25, 2011 at 9:11 am

      ပိုစ့်မှာတွေ့တဲ့ကြောင်တွေကတော့ ကြုံရာမှာ စက်တော်ခေါ်နေပါ့လား
      စက်တော်ခေါ်တာလည်း တမေ့တမောကြီး
      ကြည့်ရသလောက်တော့ အဝတ်စင်သဘောကျတဲ့ကြောင်ကများတာပဲ

    • MaMa

      August 25, 2011 at 10:56 am

      ကြောင်မင်း စိတ်ဆိုးတော်မူနေတယ်။ ပိုစ့်ပိုင်ရှင်ရော မန့်သူအားလုံးပါ (ယခု မန့်နေသူမပါ) ပွိုင့်ဖြတ်တော်မူမယ်။ အမိန့်တော်ချမှတ်ဖို့ သဂျီးမင်းကို ဆင့်ခေါ်ထားတယ်။ စိတ်ကောင်းရှိတဲ့ သူမို့ သတိပေးတာ။ ရွာသူရွာသားအပေါင်း ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ကြကုန်လော့။
      🙂

    • ဆူး

      August 25, 2011 at 12:56 pm

      ကြောင် ဇိမ် ရစ် တယ် ခေါ်မလားလို့ နောက်ထပ် စကားလုံး စဉ်းစားပြောကြည့်တာ။

      • moethidasoe

        August 25, 2011 at 2:25 pm

        ကြောင်ကြီးက
        ဘယ် ဇိမ်နဲ့ (ရစ်) နေတာလဲ
        ဇိမ်မယ်နဲ့ (ယစ်)တာလား (ရှိတ်မရှိးပါနဲ့)

    • မီးမီး သော်

      August 25, 2011 at 1:32 pm

      အင်. ဟုတ် ဟုတ် နောက်ပြောတော့ဘူးနော်။ဦးကြောင်ကြီး စက်တော်ခေါ်နေပါသတဲ့ရှင်။စိတ်ဆိုးတော်မမူပါနဲ ့နော်။သူကြီးအကူခေါ်ပြီး ပွိုင့်မနှုတ်ပါနဲ ့။ဟိ ဟိ

  • pooch

    August 25, 2011 at 1:19 pm

    အော် ….. ကြောင်မင်း စည်းစိမ်ကို အပြည့်အဝ ခံစားနေတာပါလားနော်… အားကျစရာပဲ အိပ်ပုံလေးကလည်း သင်းလို့ ….. ကြံကြံဖန်ဖန်….

  • windtalker

    August 25, 2011 at 6:51 pm

    အောက်ဆုံး က ပုံ ထဲ က ကြောင် က အရုပ် ဖြစ်မယ် ထင်တယ်
    အရှင်ဆိုရင်တော့ အဲဒိလို အိပ်နိုင်ပါ့မလား

  • fatty

    August 25, 2011 at 7:34 pm

    ညက တခွီးခွီးနဲ့ အသံတွေရော ဝုန်းဝုန်း ဝုန်းဝုန်းပြေးသံတွေရောကြားရလို့ ဒုတ်မီးနဲ့ထိုးကြည့်တော့
    လား … လား ကြောင်တွေ ဟိုဟာ ဖြစ်နေကြပါလား ..။ ကျုပ်တို့ ကဝိကြီး ကိုသတိရလိုက်တာ …။
    တော်ဝင်နန်းသုံးမသုံးတတ်သေးလို့ …ဟိုဟာဖြစ်နေကြပါလားလို့ဘဲရေးလိုက်ရတာပါ။
    ( ကြောင်ကြီးသို့အမှတ်တရ )

    • ဆူး

      August 25, 2011 at 7:50 pm

      ကြောင်ကြီးသို့ အမှတ်တရ ပဲ လိုက်ရေးနေတယ်။ ကြောင်ကြီး အသက်ရှိသေးတယ် မလားလို့..

      • ကြောင်ကြီး

        August 26, 2011 at 8:44 am

        အဲဒါ ချစ်ဇောအဟုန်ကြွတော်မူတယ်လို့ ခေါ်တယ်။

  • fatty

    August 25, 2011 at 8:36 pm

    ကျနော်က ဆုံးများဆုံးပြီလားလို့ ….။

  • nature

    August 25, 2011 at 9:47 pm

    ကြောင်ကြီး feeling ဆိုတာဒါမျိုးနဲ့တူတယ်။ ဒီကြောင်တွေက တော်တော်အဆင့်အတန်းမြင့်တဲ့ကြောင်တွေပဲ။ ကိုကြောင်ကြီး အမျိုးတွေထင်တယ်။

  • fatty

    August 25, 2011 at 10:45 pm

    ဘီယာလေး၂ ပုလင်းလောက်ဝင်မှ ခေါင်းထဲပေါ်လာတော့တယ် ………………….။
    တဝုန်းဝုန်းနဲ့ …… စုလျှားရစ်ပတ်ကြတာကိုး ……………..
    ဟုတ်ပါတယ်နော်ကိုကြာင်ကြီး ……….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 26, 2011 at 9:01 am

    ဇာတ်စကားနဲ့ပြောရမယ်ဆိုရင်တော့
    ကြောင်မြိုင်ဒ ပေါ့

  • မီးမီး သော်

    August 26, 2011 at 9:59 am

    လိင်တူချစ်သူ ကြီးနော်။ကဲမေးကြည့်ရပါမယ် ကြောင်တွေတရက်ဘယ်နှနာရီလောက်အိပ်ကြတုန်း

  • july cancer

    August 26, 2011 at 3:52 pm

    ကျနော့်ရဲ. ကြောင် လေးဆယ့်ရှစ်ကောင်မွေးဘူးတဲ့ အတွေ.အကြုံ အရဆို ကြောင်ထီးတွေက နေ.ခင်းဘက်ဆို တနေကုန်နီးပါး အိပ်တယ် စားတဲ့အချိန်လောက်ပဲ ထစားတယ်…ညဘက်ဆိုရင် တညလုံး သောင်းကျန်းတယ်

  • chitsu

    September 20, 2011 at 2:51 pm

    သူလည်းနေစရာရှားတယ်ထင်တယ်

Leave a Reply