တက်သိမ်းအင်းခေါ်တဲ့ မန်းလေးကန်တော်ကြီးထဲကို ၀င်ကြည့်မိတဲ့အခါ လှပတဲ့အပြာရောင်ကောင်းကင်ကို စိမ်းနေတဲ့သစ်ပင်တွေကြားကနေမြင်ရပါတယ် ရေပြင်မှာလဲ အပြာရောင်တွေစွန်းပေးလို့ပေါ့။


မိုးရာသီရဲ့ နေ့တစ်နေ့ မိုးတိမ်တွေရှိပေမယ့်ကောင်းကင်ကတော့ အပြာရောင်အောက်ခံမှာ ဖြူလွတဲ့တိမ်တစ်ချို့လွင့်လို့ပေါ့။

ကောင်းကင်က ပြာလွင် သစ်ပင်တွေက စိမ်းမြ အဝေးမှာတော့ ရွှေရောင်ဝင်းတဲ့စေတီ...ကြည်ညိုစရာ


အဲဒီကနော တောင်ဘက်ကိုဆက်အသွားမှာ

နောက်ခံ အပြာ ရှေ့ပြေးတိမ်ဖြူ ရေပြင်မှာအရိပ်တွေဟပ် အဝေးမှာကတော့ အဝေးမှာ မဟာမြတ်မုနိ


ကန်တော်ကြီးအလည်ခေါင်လောက်က မီနီဂေါက်ကွင်းကနေ မြောက်ဘက်ကိုကြည့်ရင် ဒီမြင်ကွင်းကို သေချာပေါက်တွေ့နိုင်ပါတယ်။

ဒီပုံလေးမှာတော့ အမှတ်မထင် ရေယက်စက်ဝိုင်းလေးက လှတပတ


တောင်ဘက်ကနေမြောက်ဘက်ကို နည်းနည်းလေးရွှေ့ကြည့်တာနဲ့ မတူကွဲပြားတာလေးကို သွားမြင်လိုက်ရပါတယ်။အဝေးမှာ ဆောက်လက်စ 25ထပ် လူနေတိုက်ခန်း ဈေးချိုနားမှာ ရှိပါတယ်

နေရာတစ်ခုထဲဖြစ်ပေမယ့်ဒေါင့်လေးတွေပြောင်းလိုက်တော့ အမြင်လဲပြောင်းသွားပါတယ်။


ကန်တော်ကြီးမြောက်ဘက်ခြမ်းကိုလှမ်းမြင်ရတာလေးတွေပေါ့

ဗေဒါစိမ်းမြ တိမ်တောင်ဖြူလွှ ရေပြင်လှိုင်းထ မြင်ရလှပ


တောင်ဘက်ခြမ်းကိုကြည့်တော့ ဗေဒါပင်စိမ်းမြကြားကနေကြည့်ရင် လှပတဲ့တိမ်တောင်တွေရယ် လှိုင်းထတဲ့ရေပြင်ရယ် မြင်ရတာ

ရေလည်ခေါင်မှာ လှေကလေးတစင်း ကမ်းစပ်ကဗေဒါ စိမ်းမြမြ


ဇိမ်ခံလှေကလေးက ရေလယ်မှာ ဗေဒါပင်က ကမ်းစပ်မှာ ဟော ဘဲကလေးတွေကရော……………………

အပျော်စီးခြေနင်းလှေ ဘဲရုပ်ရောင်စုံက ဗေဒါတောထဲမှာ ရောနေတာလေ


စိမ်းမှောင်နေတဲ့ဗေဒါတော

စိမ်းမှောင်နေတဲ့ဗေဒါပင်တွေက တောင်လေတိုက်တော့ မြောက်ဘက်ကမ်းစပ်မှာလာစုနေလိုက်တာ တစ်စုတစ်ဝေး


အားပါးတရ ဒီဗေဒါပင်တွေအောက်မှာငါးတွေအောင်းနေသလို မြွေတွေလဲရှိတတ်ပါတယ်။ဗေဒါတော သူ့အောက်မှာ ငါးတွေအောင်းနေသလို မြွေတွေလဲ နားနေတတ်ပါတယ်။
အပင်က ကွက်ပြီးခြောက်နေလိုက်တာ

ဗေဒါတေယာ အလယ်ကခြောက်နေပါတယ်


အရှေ့ဘက်က ဗေဒါတွေကတော့ ထွားကျိုင်းလို့စိမ်းစို

အရှေ့ဘက်ခြမ်းကဗေဒါပင်က အတော်လေးကြီးထွားနေပါတယ်

ဗေဒါအမိုက်..........................................

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။