စိမ်းမြ ဗေဒါ ပြာလွင်ကောင်းကင် ဖြူလွှတိမ်တောင် စိမ်းမှောင်ရေပြင်…………..

တက်သိမ်းအင်းခေါ်တဲ့ မန်းလေးကန်တော်ကြီးထဲကို ဝင်ကြည့်မိတဲ့အခါ လှပတဲ့အပြာရောင်ကောင်းကင်ကို စိမ်းနေတဲ့သစ်ပင်တွေကြားကနေမြင်ရပါတယ် ရေပြင်မှာလဲ အပြာရောင်တွေစွန်းပေးလို့ပေါ့။

မိုးရာသီရဲ့ နေ့တစ်နေ့ မိုးတိမ်တွေရှိပေမယ့်ကောင်းကင်ကတော့ အပြာရောင်အောက်ခံမှာ ဖြူလွတဲ့တိမ်တစ်ချို့လွင့်လို့ပေါ့။
ကောင်းကင်က ပြာလွင် သစ်ပင်တွေက စိမ်းမြ အဝေးမှာတော့ ရွှေရောင်ဝင်းတဲ့စေတီ...ကြည်ညိုစရာ

အဲဒီကနော တောင်ဘက်ကိုဆက်အသွားမှာ
နောက်ခံ အပြာ ရှေ့ပြေးတိမ်ဖြူ ရေပြင်မှာအရိပ်တွေဟပ် အဝေးမှာကတော့ အဝေးမှာ မဟာမြတ်မုနိ

ကန်တော်ကြီးအလည်ခေါင်လောက်က မီနီဂေါက်ကွင်းကနေ မြောက်ဘက်ကိုကြည့်ရင် ဒီမြင်ကွင်းကို သေချာပေါက်တွေ့နိုင်ပါတယ်။
ဒီပုံလေးမှာတော့ အမှတ်မထင် ရေယက်စက်ဝိုင်းလေးက လှတပတ

တောင်ဘက်ကနေမြောက်ဘက်ကို နည်းနည်းလေးရွှေ့ကြည့်တာနဲ့ မတူကွဲပြားတာလေးကို သွားမြင်လိုက်ရပါတယ်။အဝေးမှာ ဆောက်လက်စ 25ထပ် လူနေတိုက်ခန်း ဈေးချိုနားမှာ ရှိပါတယ်
နေရာတစ်ခုထဲဖြစ်ပေမယ့်ဒေါင့်လေးတွေပြောင်းလိုက်တော့ အမြင်လဲပြောင်းသွားပါတယ်။

ကန်တော်ကြီးမြောက်ဘက်ခြမ်းကိုလှမ်းမြင်ရတာလေးတွေပေါ့
ဗေဒါစိမ်းမြ တိမ်တောင်ဖြူလွှ ရေပြင်လှိုင်းထ မြင်ရလှပ

တောင်ဘက်ခြမ်းကိုကြည့်တော့ ဗေဒါပင်စိမ်းမြကြားကနေကြည့်ရင် လှပတဲ့တိမ်တောင်တွေရယ် လှိူင်းထတဲ့ရေပြင်ရယ် မြင်ရတာ
ရေလည်ခေါင်မှာ လှေကလေးတစင်း ကမ်းစပ်ကဗေဒါ စိမ်းမြမြ

ဇိမ်ခံလှေကလေးက ရေလယ်မှာ ဗေဒါပင်က ကမ်းစပ်မှာ ဟော ဘဲကလေးတွေကရော……………………
အပျော်စီးခြေနင်းလှေ ဘဲရုပ်ရောင်စုံက ဗေဒါတောထဲမှာ ရောနေတာလေ

စိမ်းမှောင်နေတဲ့ဗေဒါတော
စိမ်းမှောင်နေတဲ့ဗေဒါပင်တွေက တောင်လေတိုက်တော့ မြောက်ဘက်ကမ်းစပ်မှာလာစုနေလိုက်တာ တစ်စုတစ်ဝေး

အားပါးတရ ဒီဗေဒါပင်တွေအောက်မှာငါးတွေအောင်းနေသလို မြွေတွေလဲရှိတတ်ပါတယ်။ဗေဒါတော သူ့အောက်မှာ ငါးတွေအောင်းနေသလို မြွေတွေလဲ နားနေတတ်ပါတယ်။
အပင်က ကွက်ပြီးခြောက်နေလိုက်တာ
ဗေဒါတေယာ အလယ်ကခြောက်နေပါတယ်

အရှေ့ဘက်က ဗေဒါတွေကတော့ ထွားကျိုင်းလို့စိမ်းစို
အရှေ့ဘက်ခြမ်းကဗေဒါပင်က အတော်လေးကြီးထွားနေပါတယ်
ဗေဒါအမိူက်..........................................

11 comments

  • TTNU

    August 24, 2011 at 11:43 pm

    ဆရာရေ
    ဓါတ်ပုံတွေကြည့်ရုံနဲ့တင် အတော်ကဗျာဆန်နေတာ
    “စိမ်းမြ ဗေဒါ ပြာလွင်ကောင်းကင် ဖြူလွှတိမ်တောင် စိမ်းမှောင်ရေပြင်”
    ဆိုတဲ့ စာသားစာစုလေး ထပ်ထည့် လိုက်တော့ အခုပဲ အလည်ရောက်သွားသလို ခံစားမိပါတယ်။
    A Blogger, Photographer, and Poet စသဖြင့် သော ဝိသေသများပိုင်မည် ထင်ပါတယ်။
    လေးစားပါတယ်။ ဓါတ်ပုံ ပညာ နားမလည်ပေမဲ့ (စိမ်းမှောင်နေတဲ့ ဗေဒါတော) စာတမ်းထိုးထားတဲ့ ကောင်းကင်တစ်ဝက်ပါတဲ့ ပုံကလေးကို အကြိုက်ဆုံးပါပဲ။

    • pooch

      August 25, 2011 at 12:37 am

      ွွှွှွှှိTTNU ရေ လေးပေါက် က ဂျာနယ်တချို့မှာလည်း ဒီနာမည်နဲ့ပဲ စာရေးတယ်..
      စိတ်လည်းတော်တော်ရှည်တယ် .. အခုနောက်ပိုင်း ပုံတွေလည်း ကောင်းပြီးရင်း ကောင်းလာတယ် ပြောရရင် လေးပေါက် လက်ရည်တွေ တက်လာတယ်ပေါ့ နံပါတ် ၄ ပုံလေးကို အကြိုက်ဆုံးပဲ….

  • ဆူး

    August 24, 2011 at 11:58 pm

    ဗေဒါ ပန်း အပွင့် ကို အခြောက်ခံပြီး ရေနွေးကြမ်း သောက်သလို ခပ်သောက်ရင် ဆီးချို အတွက် ကောင်းတယ် ပြောတယ်။ တိုင်းရင်းဆေးမှာတော့ စမ်းသပ်ပြီး တွင်တွင်ကျယ်ကျယ် ထုတ်ဖို့ ရှိတယ် ကြားတာပဲ။

  • မီးမီး သော်

    August 25, 2011 at 12:12 am

    ကိုပေါက်က အနုပညာ ဗီဇ တော်တော်အားကောင်းတယ်နော်။ဘယ်ချိန်ကြည့်ကြည့် ကိုပေါက်လက်ရာတွေက ကြည့်မဝအောင်ကို ဆွဲဆောင်နိုင်ပါတယ်

  • hmee

    August 25, 2011 at 4:25 am

    လှလိုက်တဲ့ ရှု့ခင်းလေး။ ခေါင်းစဉ်ကလဲလှ ပုံလေးတွေကလည်း အသက်ဝင် တကယ်ကို လှတာပါ လေးပေါက်ရေ။

  • အခုလိုအားပေးကြတာ ကျေးဇူးတင်ပါတယ်။
    ကော်နက်ရှင်မကောင်းတဲ့ကြားက စောင့်ပြီးအားပေးကြတာကိုလဲ ပိုလို့ကျေးဇူးတင်ပါတယ်။
    ရောက်လေရာရာမှာ မှတ်တမ်းတင်မိပါတယ်။
    နောက်ထပ်တင်စရာတွေအများကြီးရှိပါသေးတယ်။
    ဒီနေ့ရွှေဘိုက ပြန်လာတော့ လမ်းမှာရေစီးသန်တဲ့ချောင်းလေးကို ဖြတ်ရတာကို တင်ပေးပါအုံးမယ်။
    အဝေးရောက် ရွှေဘိုသားများအတွက် လဲ ဓါတ်ပုံလေးတွေရိုက်လာပါတယ်။
    နက်ဖြန်မှာ ဆက်ဆက်လာမယ်မျှော်ပါ………………………………………….

  • Lu Ka Lay

    August 25, 2011 at 10:29 pm

    ဓာတ်ပုံလေးတွေ ရိုက်ထားတာ တော်တော်လှတယ်ဗျာ။ ခေါင်းစဉ်ပေးတာလဲ တော်တော် ကောင်းတယ်။ နောက်မှ ဆရာတွေဆီကနေ ပညာဆုံလာရောက် ဆည်းပူးရမယ်။

  • captainamerica

    August 25, 2011 at 11:16 pm

    ချီးကျုးပါတယ်ကိုပေါက်ရေ တကယ်ကိုလှပါတယ်၊၊သာမန်လူတွေအမြင်မျိုးရှိတယ်..
    အနုပညာသမားမျက်စိအစစ်ပါပဲ…

  • captainamerica

    August 25, 2011 at 11:23 pm

    ဆောရီးကိုပေါက်ရေမှားရေးမိဘီ သာမန်လူတွေမျက်စိနဲ.မတူဝူးလို.ပြောတာကို
    လက်ကလည်းမှားရိုက်ပီးပြင်လို.မရတော့ဝူး
    ချီးကျုးခါမှစော်ကားတလိုုဖြစ်နေဘီ..ဟီးဟီး
    တကယ်ကိုဆောရီးပါကိုပေါက်ရေ ဒီလက်ကလည်းနော်
    မဟုတ်တာကြတာတော့မြန်လိုက်တာ

  • ရပါတယ်ဗျ။
    ကော်မင်းကိုဖတ်လိုက်ကတည်း က စကားလုံးတစ်လုံးကျန်ခဲ့တယ်ဆိုတာ သိလို့
    ဖြည့်ဖတ်ပြီး ကျေနပ်ထားပါတယ်။

  • king

    August 26, 2011 at 10:05 pm

    စိမ်းမှောင်နေတဲ့ဗေဒါပင်တွေက တောင်လေတိုက်တော့ မြောက်ဘက်ကမ်းစပ်မှာလာစုနေလိုက်တာ တစ်စုတစ်ဝေး
    ဆိုတဲ့ ပုံကို အကြိုက်ဆုံးဖြစ်ပါကြောင်း ………. 🙂

Leave a Reply