လူဘဝဟာသိပ်တိုတောင်းလွန်းပါတယ်….

thit minAugust 25, 20115min1429

((((သူငယ်ချင်းများဆီကရရှိထားသည်များ ကို မကြည့်ရသေးသူများ အားရည်ရွယ်ပြီး ရိုးရိုးသားသားမျှဝေပေးခြင်းသာဖြစ်ကြောင်း  ရိုးသားစွာဝန်ခံ ပါရစေ……)))

ချစ်သောသူငယ်ချင်းများ…….

လူဘဝဟာသိပ်တိုတောင်းလွန်းပါတယ်….
အသက်ရှင်စဉ်ခနလေးမှာ လောဘ..ဒေါသ…မောဟ…မနာလိုစိတ်များ ကိုဖယ်ရှားသင့်ပြီလေ..
လောကမှာရှိတဲ့ ထိတွေ့ကို်င်တွယ်လို့ရတဲ့အရာတွေဟာ  ဘယ်တော့မှတည်မြဲနေတဲ့အရာတွေမဟုတ်ဘူး
လေ….မျက်စိတမှိတ်အတွင်းမှာဘဲ လောကကြီးက လူတွေကအမျိုးမျိုးပြောင်းလဲနေကြတယ်…
ဒါကြောင့် ဒါလေးကိုဖတ်ဖို့ ပေးလိုက်တယ်နော် ……

ကြောင်ကလေး ရဲ့ စိတ်ကူး

ဘဝဆိုဟာတိုတိုလေးလို့ ထင်တာပဲနော် …မျက်စိတ်တမှိတ်စာအတွင်းမှာပဲအရမ်းကို တိုတောင်းလွန်းပါတယ် …

 

အဲဒီထဲမှာမှဖြူဖြူစင်စင်လေးနဲ့စိတ်ချမ်းချမ်းသာသာရှင်သန်နေထိုင်သွားရရင်ပိုကောင်းတာပေါ့.မဟုတ်ဘူးလား

 

တစ်ခါတစ်လေပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …

 

နာကျင်ဝမ်းနည်းမှုတွေလည်းကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်…

 

တစ်ခါတစ်လေမှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …

 

အနိုင်ကျင့်ခံရတာတွေလဲရှိလာမှာပါပဲ …ဘယ်လိုမှမတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ အရေးကြီးတယ် …

 

ဒါပေမယ့်လည်းလိုအပ်လာမယ်ဆိုရင် အမြဲတမ်းငုံ့ခံမနေတတ်တဲ့ … ရဲရင့်တဲ့စိတ်ထားလေးလဲ ရှိဖို့လိုအပ်တယ်

 

သူများခြောက်တိုင်းမကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် … ဒါမှ လူညံ့စာရင်းမဝင်မှာလေ …

 

ဘယ်လိုအချိန်… ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …

 

ဒါပေမယ့်လည်းတစ်ခါတစ်လေတော့ကိုယ်ကိုယ်တိုင်ကနိုင်ထက်စီးနင်းလုပ်လိုစိတ်တွေပေါ်လာတတ်တယ်

အဲဒါတွေကိုသာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …

 

ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာတစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …တစ်ချို့အတွက်ကတော့အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် … အဲလိုလူမျိုးတွေဟာ … စိတ်ချမ်းသာကြတယ်…ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …

 

စူးစမ်းလိုစိတ်…ရှိတာလည်း ကောင်းတာပေါ့ ….

 

ဒါပေမယ့်… အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …

 

ကိုယ်နဲ့လိုက်ဖက်မှလည်းကြည့်လို့ကောင်းတယ်လေ …

 

ဘယ်နေရာမဆိုအတိုင်းအတာ နဲ့ပဲ ကောင်းတယ် …နည်းနည်းလေးလွန်သွားရင်လည်းခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …

 

နေရာတိုင်းမှာသတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …

 

အကောင်းဆုံးဘဝ တစ်ခုကိုပိုင်ဆိုင်နိုင် ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ် …

 

အဖြူ အမဲမရွေး … သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွေတတ်ရတယ် …ဒါမှလည်းးဘဝရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …

 

အတတ်နိုင်ဆုံးတော့ပြုံးပြုံးလေးနေ …အပြုံးဆိုတာပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး ပေါင်းကူးတံတားပဲတဲ့ …ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …

 

အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …

သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ

 

တစ်ခါတစ်လေအရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ်….

 

တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်..တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …

 

အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …

 

 

 

 

 

 

 

 

 

 

ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ ….

စစ်မှန်တဲ့ သူငယ်ချင်းဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ …

သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ …

ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

9 comments

  • ကြောင်ကြီး

    August 25, 2011 at 9:52 am

    ကြောင်ဆိုရင် ဘယ်လောက်ပဲကြောင်ပါစေ ကြောင်သဘာဝမို့ ကြောင်ခြင်းသည်မှန်၏…။

  • pan pan

    August 25, 2011 at 9:53 am

    ကောင်းလိုက်တာ
    ကြောင်းလေးတွေက ချစ်စရာလေးတွေပဲ
    ဒါနဲ့ ခုတလော ရွာထဲမှာ ကြောင်နဲ့ပတ်သက်တဲ့ ပိုစ့်တွေတော်တော်တွေ့နေတယ်နော်

  • pan pan

    August 25, 2011 at 9:53 am

    ကောင်းလိုက်တာ
    ကြောင်လေးတွေက ချစ်စရာလေးတွေပဲ
    ဒါနဲ့ ခုတလော ရွာထဲမှာ ကြောင်နဲ့ပတ်သက်တဲ့ ပိုစ့်တွေတော်တော်တွေ့နေတယ်နော်

  • weiwei

    August 25, 2011 at 10:56 am

    ကြောင်လေးတွေများ ရုပ်ကလေးတွေ ချစ်စရာကောင်းသလောက် ချီးတွေ သေးတွေ အလွန်နံတာပဲ …. 🙂

  • မီးမီး သော်

    August 25, 2011 at 11:59 am

    ဟုတ်တယ်နော် ကြောင်ရွာလို ့ခေါ်ရမလိုဖြစ်နေပါပီ။အိပ်ပုတ်တဲ့ကြောင်တွေလဲပေါလာတယ်နော်။ကိုသစ်မင်းရေ ကျေးဇူးပါနော်။ခုလို မျှဝေပေးလို ့ပါ

  • moethidasoe

    August 25, 2011 at 12:37 pm

    ကိုကြောင်ကြီးရော အဲသလို နံသလား
    လူတိုင်းက ကြောင်ကိုပဲ ဥပမာပုံလေးတွေ ပြသွားကြတယ်နော် .. ဒီလို တင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဗျူးရရင် ကိုကြောင်ကြီးရဲ့ ခံစားချက်လေးကို ပြောပြပါဦး
    xxxxxxx xxxxxxxxx
    လူဘဝ က သိပ်တိုတာပဲ လို့ ပြောရင် အမောင် ကိုသစ်မင်း
    သက်တမ်း အနှစ် တသိန်းတန်းမှာ နေစေ ..
    အနှစ် ငါးသောင်းအထိ အိမ်ထောင် မပြုရ
    ပညာသင်နှစ်ကို အနှစ် ၃သောင်း သတ်မှတ်စေ
    ကိုင်း ဘယ်လိုရှိစ

  • koyinmaung

    August 25, 2011 at 12:51 pm

    ဒါလောက်ကြောင်တွေများလာယင်
    ကိုကြောင်ကြီးထွက်ပြေးနေအုံးမယ်
    ခုတောင်နည်းနည်းကြောက်နေပုံရတယ်

  • မီးမီး သော်

    August 25, 2011 at 1:03 pm

    ၁။ဇာတိ=မွေးဖွားခြင်း
    ၂။ဇရာ=အိုမင်းရင့်ရော်ခြင်း
    ၃။ဗျာဓိ=ဖျားနာခြင်း
    ၄။မရဏ=သေဆုံးခြင်း

    ဒါတွေကို ကျော်ဖြတ်ရဦးမှာပါ။တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ အားလုံး လူသားကောင်းကျိူးလေးတွေပြ ုနိုင်ကြပါစေ လို ့ဆုတောင်းလျှက်ပါ

  • ဆူး

    August 25, 2011 at 1:44 pm

    ကြောင်မွေးနေ့ စာအုပ် ထုတ်ပြီးကတည်းက ကြောင်ပုံတွေ တော်တော် ပျံ့နှံ့နေတာပဲ လမ်းဘေး ခိုးကူးခွေ ကျနေတာပဲ.. ဟိဟိ.. မြန်တယ်နော်။

Leave a Reply