ကျောက်စိမ်းအကြောင်း နဲနဲလေး ၃

မောင် ပေAugust 25, 20111min1203

` စာဖတ်သူများ ကို တင်ကြို သတိလေး ပေးပါရစေ ။ ။ ယခု ပို ့စ် ဟာ ကျွန်တော် သင်ခဲ့ ၊ သိခဲ့ ရသမျှ ကို ပြန်လည် ဖောက်သည် ချ ခြင်း ဖြစ်ပါတယ် ။ မည်သူ ့ကို မှ ဆရာ လုပ်လို ့၍ ရေးခြင်း မဟုတ်ပါ ခင်ဗျာ ။ အခု ပို ့စ် ဟာ နံပါတ် ၃ ဖြစ်ပါတယ် ၊ ရှေ  ့မှာ ကျောက်စိမ်းအကြောင်းနဲနဲလေး ၊ ကျောက်စိမ်းအကြောင်းနဲနဲလေး ၂ ဆိုပြီး ရေးခဲ့ပြီးပါပြီ ။  ပြောချင်တာ က ဗျာ ။ ကျောက်စိမ်း အကြောင်း ကို မသိသေးသူ များ နဲ ့ ၊ ကျောက်စိမ်း အကြောင်း ကို စိတ်ဝင်စားသူ များ ၊ လုပ်ငန်း လုပ်ကိုင် ဖို ့အစီအစဉ် ရှိသူများ အတွက် အထောက်အပံ့လေး ဖြစ်လို ့ဖြစ်ငြား ဆိုပြီး ရေးတင်နေတာပါ ခင်ဗျာ ။  ကျောက်စိမ်းအကြောင်း ကို သိရှိပြီးသူများ ၊ နှစ်ရှည် လများ လုပ်ကိုင်လာခဲ့တဲ့ အတွေ ့အကြုံ ရှိပြီး သူ များ အတွက် ကတော့ ကျွန်တော့် ပို ့စ် ဟာ တက္ကသိုလ်ကျောင်းသား ကို မူလတန်းစာ ပေးဖတ်နေသလို ဖြစ်မယ် ဆိုတာ ကို သိပါတယ် ။ ထို ့အတွက် ဒီကနေ တင်ကြို တောင်းပန်ပါတယ် နော် ။ ဘယ်သူ ့ကို မှ ဆရာလုပ်လို သော စိတ်ဆန္ဒဖြင့် ရေးထားခြင်း မဟုတ်ကြောင်း ပါခင်ဗျား ။

ကျွန်တော် အခု ရေးနေတာ ကျောက်စိမ်းအကြောင်း ကို သိရသလောက် တွေ ကို ပြန်ရေးတင်နေတာပါ ။

တစ်ရက်သင် ၊ တစ်ရက်ရေးပေါ့ ဗျာ ။

ကျွန်တော် သင်ခဲ့ရသမျှ ၊ နားလည် ခဲ့သမျှ ကို ပြန်ဖောက်သည် ချ တာပါ ။

ခင်မင် လေးစားရတဲ့ စာပေမိတ်ဆွေ တစ်ဦး က အကြံ ပေးလာပါတယ် ။

` မင်း အခုလို မပြည့်မစုံ ရေးနေတော့ ၊ ဝင်အထောက် ခံ ရမှာပေါ့ ´ တဲ့။ ဟုတ်ပါတယ်…သူပြောသလို ပါပဲ ။

ကျွန်တော် ့သဘောက ဒီလို ဗျ…..။

ကျွန်တော် ကျောက်စိမ်း အကြောင်း ကို သိချင်တယ် ။ လေ့လာနေတယ် ။ သင်ယူနေတယ် ၊ ဘာလို ့လဲ ဆိုတော့ ကျောက်စိမ်း အရောင်းအဝယ် လုပ်ချင်လို ့ပါ ။

ကျောက်စိမ်းပညာ ကို ကျောက်ဝိုင်းထဲ သွားပြီး ၊ ဟိုလူ ့လိုက်မေး ၊ ဒီလူ ့လိုက်မေး နဲ ့အောက်ကျို  ့ခံ လေ့လာ ရင် လည်း ရတာပေါ့ ။

ပိုက်ဆံ မကုန်ဘူး ၊ အချိန်တော့ ပေးရမှာပေါ့ ။

ဒါပေမယ့် ဗျာ…။ သူတို ့မလဲ…၊ သူတို ့အလုပ် နဲ ့သူတို ့ဆိုတော့ ၊ ကိုယ့် ကို အချိန်ပေး သင်ပေးနိုင်ပါ့မလား ။

နောက်ပြီး…..သူတို ့က ကိုယ့်ကို သေချာပေါက် အစုံအလင် သင်ပေးမှာ မသေချာပဲ ၊ ကိုယ် က အရင် အောက်ကြို  ့ခံ ၊ လေးလေးစားစား သင်ယူ ရမယ့် အဖြစ် ပါ ။

ထို ့ကြောင့် ကျွန်တော် မောင်ပေ သည် ၊ တစ်ကယ်တော် တစ်ကယ်သိ တစ်ကယ်တတ် ပြီး ၊ ကျောက်စိမ်းလိုင်းထဲ မှာ နှစ် ၂ဝ ကျော် ကြာ လေ့လာ လုပ်ကိုင်လာတဲ့ ၊

ဆရာသမား ဖွင့်တဲ့ သင်တန်း ကို ရိုရိုသေသေ လေးလေးစားစားဖြင့် ၊ သင်တန်းကြေး ပူဇော်ပသ ပြီး ကြိုးစား သင်နေပါတယ် ။

သင်တန်း က သင်ပေးလိုက်သမျှ အကြောင်းအရာ တစ်ခု ချင်းစီ ကို ဂေဇက် မှာ ပြန်ဖောက်သည် ချနေတာပါ ။

ကျွန်တော် သင်တန်း မှာ စာတွေ ့တင် မကပါ ၊ ကျောက်စိမ်းတုုံး များ နဲ  ့ပါ လက်တွေ ့သင်ကြား လေ့လာ ရပါတယ် ။

စာတွေ ဆို လို ့လည်း ၊ ဒီစာတွေ က နိုင်ငံတော် က တရားဝင် ပြဌာန်းထားတဲ့ သင်ရိုး စာတွေ မဟုတ်ပါဘူး ။

နှစ်ရှည်လများ လေ့လာထားတဲ့ ပညာရပ် တွေ ကို မှတ်တမ်းပြုစု ထားတဲ့ အတွေ  ့အကြုံတွေ ပါ ။

သင်တန်းမှာ လာတက်နေတဲ့ အထဲ မှာ ကို ရာပိုင်း ထိ ရောင်းဝယ်နေတဲ့ ကျောက်သမား ၂ ယောက်ရှိပါတယ် ။

` ခင်ဗျား တို ့ကျွမ်းကျင်နေလို ့လုပ်နေပြီ ပဲ ၊ သင်စရာ လိုသေးလို ့လား ´ လို ့မေးကြည့်တော့

` ငါတို ့သိထားတာ က မပြည့်စုံသေးလို ့´ လို ့ဖြေတာကို ကြားရတဲ့ အတွက် ၊ ကျွန်တော် တက်နေတဲ့ သင်တန်းကို အားရှိမိပါတယ် ။

အခု ရေးတဲ့ ပို ့စ် ကို ဖတ်ခြင်း ဖြင့် ကျောက်စိမ်းအကြောင်း အိတ်စပက် ဖြစ်လာမည် မဟုတ်ပါ ။ လက်တွေ ့ကျောက်စိမ်းတုံး ဖြင့် လေ့လာပါမှ ပိုပြည့်စုံလာနိုင်ပါမည် ။

ကဲဗျာ…အင်ထရို က လဲ ပေရှည်နေပြီ ။ ရေးပြီနော်…( ဒီပို ့စ်မှာ ဓါတ်ပုံတွေ မပါတာကို ခွင့်လွှတ်ပါနော် ၊ နောက်ရက် မှ တင်ပေးပါမယ် ခင်ဗျာ )

ဒီနေ ့ သင်တန်း မှာ ဆရာရဲ  ့အဖိုးတန် ဆုံးမ လမ်းညွှန်လေး ရရှိပါတယ် ။

အဲဒါလေး ကို ပြောပြ ချင်ပါတယ် ။ ဖြစ်သင့်တယ် လို ့ထင်မိလို ့ဖောက်သည်ချ တာပါနော် ။

ကျောက်ဝိုင်း ကို သွားရင် စိတ်ထဲ မှာ ဘယ်လို သတ်မှတ် ၊ သဘောထားပြီး သွားမလဲ ဆိုတာ ကို မေးပါတယ် ။

ကျွန်တော် တို ့သင်တန်းသားတွေ  က ဖြေကြတာပေါ့ ၊ တစ်ယောက် တစ်ပေါက် ထပြောကြတာပေါ့ ။

သူဌေးဖြစ်ရမယ် လို ့ တစ်မျိုး ၊ အောက်ကြေးခေါင်း မယ် ဆိုပြီး တစ်မျိုး ၊ ဖား ရှာမယ် ဆိုပြီးတစ်မျိုး စသည်ဖြင့် ပေါ့ ဗျာ ။ ဒါကတော့ ပျော်ပျော်ပါးပါး နဲ ့လျှောက်ပြောကြတာ ပါ ။

ဆရာက… ပြောပြပါတယ် ….။

လောဘကြီး ရင် လူလိမ်ခံရမှာ ၇ဝ ရာခိုင်နှုန်း ပါပဲ တဲ့…။

ကျောက်ဝိုင်းသွားဖို ့အိမ်က မထွက်ခင် မှာ….ကိုယ့်ဆိုင်ရာ ဘာသာ ဘုရားရှင်တို ့ကို ဝတ်ပြုပြီးတဲ့အခါမှာ….။

ကိုယ် နဲ ့ပတ်သက်ပြီး အလုပ် လုပ်မယ့် လူတွေ ကို မေတ္တာပို ့ပါတဲ့…။ ဗုဒ္ဓဘာသာဝင် တွေ ဆိုရင်တော့ ပိုနားလည်မယ်တဲ့ ။

ဟုတ်ပါတယ်….ကိုယ်နဲ ့အလုပ် လုပ်မယ့် ၊ လုပ်ဖော် ကိုင်ဖက် တွေ အဆင်ပြေမှ ၊ ကျန်းမာ မှ ၊ ချမ်းသာ မှ ၊ အလုပ်အတူ လုပ်လို ့ရမှာပါ ။

မေတ္တာပို ့လိုက်မယ် ဆိုရင် ၊ ကိုယ့်ရဲ  ့စိတ်နှလုံး ဟာ အေးချမ်းသွားမယ် ၊ လောဘ နည်းသွားမယ် ၊ လောဘ နည်းရင် အမှား နည်းမယ် ။

အောင်မြင် မှု ကို အမြန်ဆုံး အလွယ်တကူ ရှာဖွေ တွေ  ့ရှိနိုင်ပါတယ် ။

စာဖတ်သူ များ လည်း အမြင်လေး ကို ကွန်မင့် ပေးကြပါနော် ။

ကျောက်စိမ်း အခွံ အကြောင်း တွေ ကို ရေးပြ ပါမယ် ။

ကျောက်စိမ်း အခွံ ဟာ  အဓိက အားဖြင့် ရေခွံ နဲ ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ် ။ အခွံ ရဲ  ့အရောင်တွေ ပေါ်မှာ မူတည် ပြီး အသေးစိတ်ကို လည်း ရေးပါမယ် ။

ရေခွံ = ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ  ့အခွံ ပါ ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ် ။ အရွယ်အစား အမျိုးမျိုး ရှိပါတယ် ။ ပြောင်ချော နေပါတယ် ။

ကုန်းခွံ = သူ ကတော့ တောင်တွေ ၊ မြေကြီးတွေ အောက် က တူးလို ့ရတဲ့ ကျောက်ရဲ  ့အခွံ ပေါ့ ၊ (၁) မြေမှန် နဲ ့(၂)ကုဋေကျောက် ဆိုပြီး ကွဲပါတယ် ။

(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ် ။ အခွံ အမျိုးမျိုး ရှိပါတယ် ။

(၂) ကုဋေကျောက် = ကျောက်ရဲ  ့အခွံ က အခွံ မဲ ဖြစ်ပါတယ် ။ ချော်ကပ်နေတတ်ပါတယ် ။ ချော်ကပ်တယ် ဆိုတာ ၊ ကပ်တရာစေး ကပ်နေသလို ၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေ ပါတာ ကို ချော်ကပ် တယ် လို ့ခေါ်တာပါ ။ မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်းကုန်း  တို ့မှ အဓိက ထွက်ပါတယ် ။

အခွံ များ မှာ

သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ ။ ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် တယ်လို ့သိရပါတယ် ။

ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်း နဲ ့တူပါတယ် ။ ကျောက်မျိုး ကောင်းတတ်ပါတယ် ။

သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို ့အာလူးသီး အခွံ အရောင်ပါ ၊ သူလည်း မျိုးကောင်းတတ်ပါတယ် ။

အင်္ဂတေခွံ = နာမည် အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သား ပျက်တတ်ပါတယ်  ။ မျိုးမကောင်းတတ်ပါ ။

ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ် ၊ အခွံက နုပါတယ် ။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ ့ပွတ်ကြည့် ရင် နုပါတယ် ။

( ဒီနေ ရာ မှာ ဝါးဖတ်ခွံ ၊ ဖွဲနုခွံ နဲ ့ဆက် လာမယ့် ဖွဲလတ်ခွံ ၊ ဖွဲကြမ်းခွံ ၊ မုံထုခွံ တို ့ရဲ  ့အရောင်တွေ ဟာ ၊ စာထဲ မှာ အရ တူညီ နိုင်တာ ကို ဖတ်ရနိုင်ပါတယ် ။ ဒါပေမယ့် အပြင် မှာ တစ်ကယ်လက်တွေ ့ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး ၊ အခွံ ရဲ  ့မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ ့ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )

ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။ အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ။

ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ ။

ဒီ ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်း  သုံးမျိုး လို ့ပြောပေမယ့် ၊ အရောင် က အတူတူပါပဲ ၊ အခွံကို လက်ချောင်းလေးတွေ နဲ ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ ။  ဒီ ၃ မျိုး လုံး ဟာ မျိုးရင် ့ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ် ။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ ။

ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။

မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။

မုံထု ခွံကြွေ = လက်နဲ ့ကိုင်ကြည့် လိုက် ရင် အခွံ အစအန လေး တွေ ပါလာမယ် ။  မျိုးကောင်းတတ်ပါတယ် ။

ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။

ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ ့တော့ မသက်ဆိုင်ပါ ။

ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။

ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ  ့တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို ့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။

ဒါကတော့ အခွံ များရဲ   ့သဘော သဘာဝ အကြောင်းပါ ။

ရေမဆေး ကျောက် ဆိုတာ မျိုး ကို ဝယ်တော့မယ် ဆိုရင် ၊ သူ ့ရဲ  ့အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ဝယ်ယူရပါတယ် ။

ဒီလောက် ဆိုရင် စာဖတ်သူ များ အခွံ အကြောင်း ကို သိနားလည် ကြပါပြီ ။ နောက်ရက်တွေ မှ` ကျောက်စိမ်းအကြောင်း နဲနဲလေး ´ ကို ဆက်လက် ရေးတင်ပါဦးမယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

 

3 comments

  • parlayar46

    August 25, 2011 at 10:40 am

    ` မင်း အခုလို မပြည့်မစုံ ရေးနေတော့ ၊ ဝင်အထောက် ခံ ရမှာပေါ့ ´ ဆိုတာကတော့ ကိုတော်ကာက သင်တန်းကသင်ခဲ့သိခဲ့တာလေးတွေ ပြန်ဝေမျှတာဖြစ်ကြောင်း အစကတည်းက စကားခံထားပြီးသားပါ။ ဝင်ထောက်တဲ့သူ မှားသွားမှာပေါ့။

    ကျောက်စိမ်းပညာသင်ချင်ရင် အရင်သင်တန်းတက်တာက အရင်ကျောက်ဝိုင်းဆင်းတာထက် ပိုသင့်တော်ပါတယ်။
    ကျောက်ဝိုင်းထဲမှာ အမှန်တွေ ရှိသလို အမှားတွေလဲ အများကြီးရှိတယ်။ ဒါကြောင့် ကျောက်ဝိုင်းအရင်ဆင်းထားမိရင် အယူအဆ အပိုတွေနဲ့ အယူအဆအမှားတွေ ရလာတတ်တယ်။ သင်တန်းတက်ထားနှင့်တော့ အဲဒါတွေအတွက် ကာမိသွားတာပေါ့။

  • ပေါက်ဖော်

    August 25, 2011 at 10:41 am

    ဆက်လက် ရေးသွားပါ..
    ဆက်လက် အားပေးပါဦးမယ်..
    ဝင်ဆွေးနွေးဖို ့တော့…ဘာမှမသိလို ့ မဖြစ်နိုင်ဘူး..ဆိုတော့
    ဝင်ပဲ ဖတ်တွားတော့မယ်..နော့်
    ဟဲဟဲ…

  • manawphyulay

    August 25, 2011 at 4:22 pm

    ကျောက်စိမ်းတုံး ပုံတွေကော တင်ပေးလို့မရဘူးလားဟင်၊ စာတွေ လက်တွေ့သဘောမျိုးဖြစ်သွားတာပေါ့။ ဒါသင်ပြီးရင်တော့ မြန်မာ့ကျောက်မျက်မှာ သွားလျှောက်ချင်လို့ပါဆရာ အဲ ခေါင်းစဉ်က စာသားက နဲနဲ ဆိုတဲ့နေရာမှာ မြန်မာသတ်ပုံကျမ်းအရ နည်းနည်း ဖြစ်သင့်တယ်ထင်ပါတယ်။ ဆရာ့ကို ဆရာလုပ်တာမဟုတ်ပါဘူး ဆရာ… ဆက်လက်သင်ကြားပေးပါဦး။ ပြီးရင် ထောက်ခံချက်လက်မှတ်လေးတော့ ရေးပေးစေချင်ပါတယ်။ ဆရာ့ဆီမှ တတ်မြောက်ပြီးကြောင်းလေးဆို ရပါတယ်။

Leave a Reply