အကြွေအဆင်ပြေရန် မထသက တစ်ပတ်လျှင် ကျပ်သိန်း ၆ဝ ကျော်ဖိုးလဲလှယ်ပေးဟုဆို

klnMay 12, 20101min643

ယာဉ်လိုင်းများအကြား ငွေစက္ကူအကြွေကိစ္စပြေလည်စေရန်အတွက် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ( မထသ) မှ အကြွေငွေကို ယခင်ကျပ်သိန်း ၅၀၊ ၆ သောင်းလဲလှယ်ပေးရာမှ ဧပြီလမှ စ၍ ကျပ် ၁ဝသိန်းတိုးမြှင့်ကာကျပ်သိန်း ၆ဝ ၊ ၆သောင်းလဲလှယ်ပေးရကြောင်းမထသ မှ သိရသည်။ ယခင်ကတစ်ပတ်လျှင် ငွေအကြွေအတွက် ကျပ် ၂၆သိန်း၆ သောင်းလဲလှယ်ရာမှ၊ ကျပ်သိန်း ၅ဝ ၊ ၆ သောင်းလဲလှယ်ပေးကာ အကြွေလိုအပ်မှုအရ ပြီးခဲ့သည့်လမှ စ၍တိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရွှေတိဂုံစေတီ၊ ဗိုလ်တထောင်စေတီတို့မှ ၅ဝ ၊ ၁၀ဝကျပ်တန်အကြွေများလဲလှယ် ရယူကာ မထသအပါအဝင်ယာဉ် လိုင်း၁၂ လိုင်းအား ခေါက်ရေအလိုက်အချိုးကျခွဲဝေ ခြင်းဖြစ်ကြောင်းသိရသည်။ မထသတွင် လက်ရှိစာရင်းအရ ယာဉ်အစီးရေ ၂၅၀ဝ ခန့်ရှိပြီး ယာဉ်စီးရေ ၂၀၀ဝကျော်ခန့် မှာ နေ့စဉ်ထွက်ရှိသည်။ ငွေအကြွေပြဿနာ ပြေလည်စေရေးအတွက် ဗန္ဓုလသယ်ယူပို့ ဆောင်ရေးမှလည်း ငွေထည့် ပုံးထားကာ ကိုယ်တိုင်ငွေထည့် စနစ်ကို ၂၃၂ယာဉ် လိုင်းတွင် အကောင်အထည်ဖော်ပြေးဆွဲမှုပြုလုပ်လျက်ရှိသည်။ ခရီးသည်နှင့် ယာဉ်နောက်လိုက်များအကြား ငွေအကြွေမအမ်းနိုင်သည့် ပြဿနာမှာ နေ့စဉ်လိုလိုဖြစ်လျက်ရှိကြောင်း သိရသည်။

3 comments

  • susunosuki

    May 12, 2010 at 5:30 am

    သိပ်ကောင်းတဲ့သတင်းပါ
    ဆင်းရဲတဲ့ ဆင်ခြေဖုံးနေသူတွေ အတွက် အကြွေငါးဆယ်ကတော်တော်တန်ဖိုးရှိတယ်

  • kopauk mandalay

    May 12, 2010 at 6:11 am

    သည်သတင်းသာမှန်လို.ကတော.
    သားသားပေးချင်တာပေးလို.ရပြီ
    စပယ်ယာနဲ.စကားမများရတော.ဘူး လို.ပြောချင်ပါတယ်။

  • Bayote

    May 12, 2010 at 6:53 am

    ကြာပါပြီ။ ဒါပေမဲ့ ကားစီးတိုင်း ၁၀၀ဝတန်ပေးရင် ၅၀ဝတန်နဲ့၂၀ဝ တန်ပဲ ရနေကြပါ။ ၁၀ဝကို သူတို့ ဝိုက်နေကြပါ။ နောက်မှပေးမယ်ဆိုပြီး။ အဓိပတိ၊ ပါရမီ မှာ အမြဲတမ်းလိုလိုပါပဲ။ ကားခက ၂၀ဝ ကိုညစ်ပြီး မအမ်းပါဘူး။ အကြွေလဲပေး လည်း သူတို့က အပြင်မှာပြန်ရောင်းစားနေကျပါ။ ဘာမှာမထူးပါဘူး။ သူတို့လူတွေအတွက်

Leave a Reply