Sound Patterns And Grammar In Burmese (3)

TTNUAugust 24, 20113min1435

Sound Patterns And Grammar In Burmese (3)

 

Table of Relationship between the plain and the aspirate and the voiced

Voiceless Plain က ကျ                    
  Aspirate ချ   ငှ နှ မှ ညှ လှ ရှ ဝှ
Voiced   ဂျ  

 

ဒီဇယားလေးကတော့ ဗမာစကားမှာ ရှိတဲ့ အသံ အပြင်းအပျော့ စသည်တို့ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အသံအပြင်းအပျော့ကို ခွဲခြားသိခြင်း အားဖြင့် ဗမာစကား
လုံးတွေ ပေါင်းစပ်တဲ့အခါမှာ အသံပြောင်းလဲလာတာကို ထင်ထင်ရှားရှား သိလာနိုင်ပါတယ်။

စကားလုံးနှစ်လုံး ပေါင်းလိုက်တဲ့အခါမှာ အသံပြောင်းသွားပုံကတော့

(၁) က ၊ ခ………………………………..>ဂ

(၂) တ ၊ထ………………………………..>ဒ

(၃) ပ၊ ဖ……………………………………..>ဘ

(၄)ကျ၊ ချ…………………………………….>ဂျ

(၅) စ၊ ဆ…………………………………….>ဇ

(၆)သ…………………………………………>ဿ

 

ဥပမာ (၁) ရေကူး  +  ကန်  =  ရေကူးကန်  (အသံထွက်တော့  ရေကူးဂန် လို့ထွက်ကြတယ်)

(၂) ရေ       + ခွက်   =  ရေခွက်      ( ရေဂွက် )

(၃) သဲ        + တစ်ပွင့်= သဲတစ်ပွင့်  (သဲဒဘွင့်)

(၄) ရွာ        + ထဲ      = ရွာထဲ        (ရွာဒဲ)

(၅) စလောင်း + ဖုံး     = စလောင်းဖုံး (စလောင်းဘုံး)

(၆) ထမင်း     + ကြမ်း  = ထမင်းကြမ်း (ထမင်းဂျမ်း)

(၇) ချွန်         +စက်    = ချွန်စက် (ချွန်ဇက်)

(၈) လ          +ဆန်း   = လဇန်း

(၉) မန ္တလေး  +သား   = မန ္တလေးဿား

 

ဒီလို မူတွေရှိပေမဲ့ တစ်ချို ့ ခြွင်းချက်လေးတွေတော့ ရှိတာပေါ့လေ။

ပြီးတော့ အကယ်၍ ရှေ့ ့ စာ လုံး ကအသံပျော့ (Voiceless Consonant) ကို နောက်ကလိုက်တဲ့  စကားလုံး ပေါ်မှာလဲ မူတည်နေပြန်တယ်။

(၁) Aspirated Consonants တွေ ဖြစ်တဲ့ ( ငှ ၊ နှ ၊ မှ ၊ ညှ ၊ လှ ၊ ရှ ၊ ဝှ ၊ဟ) တို ့ လိုက်ရင်

(၂) Glottal Stop ဆိုတဲ့ အသံပိတ်တွေ လိုက်ရင် (ကသတ်၊ ပသတ်၊ စသတ်၊ နသတ် ၊ ငသတ် သံများ)

(၃) Toneless Sound လို့ခေါ်တဲ့ သံဝက် သံလိုက်ရင်

အခုရှင်းပြခဲ့တဲ့ Voicing   အသံပြင်း အဖြစ် မပြောင်းဘူး လို ့ တွေ့ရှိရပါတယ်။ ဒါပေမဲ့ (ချွန်ဇက်

တို့ ၊စလောင်းဘုံး တို့ ကတော့ exception ဖြစ်နေပြန်ပါရော။

 

အသံမပြောင်းတဲ့ဥပမာများမှာ

(၁) ကျေး+ငှက်=ကျေးငှက်

(၂) ဆယ်+နှစ်= ဆယ်နှစ်

(၃)စားဖို+မှူး =စားဖိုမှူး

(၄)အပင်+ ညွှတ်= အပင်ညွှတ်

(၅)တစ်ချက်+လှမ်း= တ်ချက်လှမ်း

(၆)အ +စား = အစား

(၇) တစ်+ခုစီ = တခုစီ

 

ပိုရှုပ်သွားပြီနော် မိတ်ဆွေ။ ဒါကြောင့် ကိုယ်တို့ ပြောနေကျ စကားလေး…

“ စာတမ်း ဆိုတာ ရှင်းပြမှ  တန်းနေအောင် ပိုရှုပ်သွားစေတဲ့ စာ ပါလားနော်”။။

 

 

 

5 comments

  • pooch

    August 25, 2011 at 12:57 am

    မသိလို့ မေးပါရစေ နိုင်ငံခြားသားတွေကို မြန်မာစာ သင်တော့ရော ဒီလိုအခြေခံတွေရော သင်ရတာပဲလား
    ဒါဆိုရင် မြန်မာစာက သူတို့ အတွက်ခက်ကောင်းခက်နေနိုင်တာပေါ့နော်..

    • TTNU

      August 25, 2011 at 2:40 am

      သင်ရပါတယ်၊ အထူးသဖြင့် writing လုပ်တဲ့သူတွေ အတွက်ပိုလိုပါတယ်။ ခက်ပေမဲ့ သူတို့က မရမနေ အားထုတ်ကြတယ်၊ နာရီ (၆၀)လောက်သင်ပြီးရင် တော်တော်ပြောနိုင်ရေးနိုင်ကြတယ်။

  • MaMa

    August 25, 2011 at 7:30 am

    နည်းနည်းချင်းစီမို့လို့ပဲ။ တော်တော်ခေါင်းစားသွားတယ်။
    ;P

    • TTNU

      August 25, 2011 at 9:37 am

      ဟုတ်တယ်MaMa ရေ
      ဒါကြောင့် ကိုယ်လဲ အသေးစိတ်မတင်ဘဲ သိသာရုံလေး ရေးလိုက်တာ။ Linguistics ရှုဒေါင့်က အကုန်ရေးရင် ကမ ္ဘာလည်တယ်တော်။
      ဒီနေ့ အပိုင်း(၄) တင်လိုက်မယ်။ (၅) မှာ Conclusion ပေးလိုက်မယ်။

      ကိုယ်တို့ ဗမာစကားမှာ မဟာဆန် နက်နဲမှုတွေရှိနေ တယ် ပေါ့ကွယ်။
      { Boasting and Pompous. 🙂 }
      Anyway, thanks for reading and sorry for receiving dizziness.

  • Sonny

    August 27, 2011 at 10:52 pm

    ့မြန်မာကိုကမ္ဘာကသိတာပေါ့နော်။ တာဝန်ကျေသောနိုင်ငံသားကောင်းတစ်ယေက်ပါခင်ဗျာ။

Leave a Reply