ဝန်ကြီးချုပ်ဦးသိန်းစိန်ဦးဆောင်သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့ကို အဓိက ပြိုင်ရဖွယ်ရှိဟု ပါတီအချို့ကဆို

klnMay 12, 20101min602

ဝန်ကြီးချုပ်ဦးသိန်းစိန်ဦးဆောင်သော ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့ကို ကျန်ပါတီများက အဓိကပြိုင်ရဖွယ်ရှိနေကြောင်းပါတီအချို့က ဆိုကြသည်။ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်းက “အစိုးရဘက်က ပြောင်းလာတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ကျွန်တော်တို့ အဓိက ပြိုင်ရမယ့်ပါတီဖြစ်ပါတယ်” ဟုဆိုသည်။ ကရင်အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစောမောင်ချောကလည်း “ တစညနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒီနှစ်ခုကို ကျွန်တော်တို့အဓိက ပြိုင်ရဖို့ရှိပါတယ်” ဟုဆိုသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၁၉၉ဝရွေးကောက်ပွဲလက်ကျန်ပါတီတစ်ခုဖြစ်ပြီး ဧပြီ ၂၉ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီဖြစ်သည်။ ယင်းပါတီသည် ၁၉၉ဝရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ဝကျော်ဝင်ပြိုင်ခဲ့ပြီး လွှတ်တော်နေရာ ၁ဝနေရာရခဲ့သော ပါတီကြီးတစ်ခုဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်ဖွဲ့စည်းထားသော ပါတီတစ်ခုဖြစ်သည်။ မေ ၈ရက်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားသည့် ပါတီ ၃၁ခုရှိပြီး ၂ရပါတီမှာပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည်။ မှတ်ပုံတင်ခွင့်ရပြီး ပါတီမှာ လေးပါတီရှိပြီး ယင်းတွင် တစညပါတီလည်းပါဝင်ကြောင်း သိရသည်။

2 comments

  • susunosuki

    May 12, 2010 at 5:25 am

    ကြိုးစားကြပေါ့ဗျာ
    ပြိုင်ဆိုင်မှုများတော့ တိုးတက်တယ်လို့ကြားဖူးပါတယ်
    ကျွန်တော်တို့လဲ ကြိုးစားပမ်းစား မဲထည့်ရဦးမယ်

  • kopauk mandalay

    May 12, 2010 at 6:08 am

    ဝင်ချင်တဲ.သူဝင်ပါ
    ပြိုင်ချင်တဲ.သူပြိုင်ပါ
    ပြိုင်ကြသူတွေထဲက ဘယ်ဘက်ကလူမဆို
    တကယ်ကောင်းအောင်လုပ်မယ်.သူကိုရွေးချယ်ဘို.ကတော.
    အားလုံးရဲ.တာဝန်ပါ

Leave a Reply