လူဘဝဟာသိပ်တိုတောင်းလွန်းပါတယ်…(၂)

thit minAugust 25, 20111min1269

တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်

တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …

အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …

 

နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ …

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …

 

နောက်ပြီး တော့ ဘဝမှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …၁၅၀ဝ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …

 

ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမှာလေ …

 

ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …

စစ်မှန်တဲ့ သူငယ်ချင်းဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ …

သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ …

ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …

အိပ်မက်လှလှလေးတွေ . စိတ်ကူးလှလှလေးတွေနဲ့ပေါ့ …

 

ပျော်ရွှင်လန်းဆန်းပါစေနော် … သူငယ်ချင်း

 

 

9 comments

  • manawphyulay

    August 25, 2011 at 12:43 pm

    ဪ… ဦးကြောင်ကြီးအကြောင်းတွေ ရေးထားပြီး ဘယ်တုန်းက ဦးကြောင်ကြီးပုံတွေ ခိုးရိုက်ထားတာတုန်း…

  • ဆူး

    August 25, 2011 at 12:51 pm

    ဒီတလော ကြောင်တွေ မင်းသားဖြစ်နေပါလား။
    ၁၃ကျပ် ပြား ၅ဝ နဲ့ ကြောင်စာ အုပ်ထဲက ခိုးကူးထားတာ ထင်တယ်။
    ကြောင် နဲ့ လူ ဆက်ဆံ ရေး ရန်ပုံငွေ အလှူရှင်ကြီးတွေ ထင်ပါရဲ့။

  • pan pan

    August 25, 2011 at 12:58 pm

    ၁၃ကျပ် ပြား ၅ဝ နဲ့ ကြောင်စာ အုပ်ထဲကဆိုရင်တော့ ကောင်းလေစွ
    ဝတ်မှုန်ရွှေရည်က သိန်း၇ဝလှူသွားပြီ
    ဦးကြောင်တော့ ဘယ်လောက်လှူမလဲမသိ
    ပန်းပွင့်နမ်းနေတဲ့ကြောင်က ဦးကြောင်နဲ့တော်တော်တူတယ် (ဘယ်ကိုငေးပြီး ဘာကိုတွေးနမ်းလဲမသိ)

  • မီးမီး သော်

    August 25, 2011 at 12:59 pm

    ““ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …
    စစ်မှန်တဲ့ သူငယ်ချင်းဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ …
    သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ …”””

    ၁။ဇာတိ=မွေးဖွားခြင်း
    ၂။ဇရာ=အိုမင်းရင့်ရော်ခြင်း
    ၃။ဗျာဓိ=ဖျားနာခြင်း
    ၄။မရဏ=သေဆုံးခြင်း

    ဒါတွေကို ကျော်ဖြတ်ရဦးမှာပါ။တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ အားလုံး လူသားကောင်းကျိူးလေးတွေပြ ုနိုင်ကြပါစေ လို ့ဆုတောင်းလျှက်ပါ

  • ရွှေအိမ်စည်

    August 25, 2011 at 1:15 pm

    ဦးကြောင်လှူနိုင်မယ်မထင်ဘူး…

    နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ …

    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …

    အဲ ့ဒါများသွားတာပါ..။

    ဦးကြောင်မင်းသား…နှောင်နှစ်..ဖိုးချစ်နဲ ့အပြိုင်ကမှာ…..(ဟေးဟေး..ရေးစရာရပြီကွ)

  • နွယ်ပင်

    August 25, 2011 at 1:41 pm

    အခုတစ်လော ရွာထဲက မင်းသားက ဦးကြောင်ဖြစ်နေတယ်
    နွယ်ပင်တို့ ဦးကြောင်ကို မဗျူးလိုက်ရတာ နာတယ်ကွာ
    ဒါပေမယ့် အချိန်တော့မှီပါသေးတယ် ဦးကြောင်ရေ ……. ဘယ်နေ့အားလဲ
    ဗျူးချင်လို့ပါ အားတဲ့ရက်လေးပြောပါဦးနော် ………….. 😛

  • ကြောင်ကြီး

    August 26, 2011 at 8:59 am

    ဦးကြောင်ကလည်း မဗူးလိုက်ရလို့ ဝမ်းနည်းလို့မဆုံးဖြစ်နေတာ အားလုံးအဆင်ပြေသွားအောင် ချိန်းလိုက်လေ အားတဲ့တနေ့၊ အပြင်လူမပါကြေး…။
    ကိုသစ်မင်းရေ..ကြောင်သားအမိပုံနဲ့ ပန်းပွင့်ကိုနမ်းနေတဲ့ပုံ နှစ်ပုံကော်ပီဆွဲသွားပါတယ်။ ရွာထဲကလိုဂို ပြောင်းတဲ့အခါ သုံးချင်လို့…။

    • နွယ်ပင်

      August 26, 2011 at 10:49 am

      ဦးကြောင်ရေ အပြင်လူတော့မပါပါဘူး စိတ်ချပါ (အတွင်းလူပဲခေါ်ခဲ့ပါမယ်)
      နွယ်ပင်ရဲ့ တစ်ယောက်သောလူလေ ရတယ်မဟုတ်လား 😛

Leave a Reply