မန္တလေးဂေဇက်တွင် ရှာနည်း ဖတ်နည်း ရေးနည်း

kaiAugust 25, 20111min55768

စာရှာဖတ်နည်း

၁) ပို့စ်အောက်ဆုံးနားမှာ Related posts: ဆိုတာရှိပြီး..အဲဒီကနေ တင်ထားတဲ့ပို့စ်နဲ့ သက်ဆိုင်တာတွေရှာဖတ်နိုင်ပါတယ်..။
၂) အပေါ်ခေါင်းစဉ်( Title)အောက်ကပ်ရက်မှာ.. Posted by xxxxx on Aug 23, 2011 in Aung San/Aung San Suu Kyi, History | xx comments ရှိပြီ.. အဲဒီက.. Category > Aung San/Aung San Suu Kyi ကို ကလစ်လုပ်.. ဆိုင်တဲ့ Category အောက်ကစာတွေရွေးဖတ်နိုင်ပါတယ်..။
၃) စာရေးသူအကြောင်း (About xxxxxx) အောက်နားလေးမှာ View all posts by xxxxxxx →ဆိုတာကို ကလစ်လုပ်ပြီး အဲဒီစာရေးသူတဦးထဲက ရေးခဲ့တဲ့..စာတွေအကုန် တစုတဝေးထဲပြန်ဖတ်နိုင်ပါတယ်..။
၄) အပေါ်ညာဖက်ထောင့်က (Search )မှာမှတ်မိသလောက်. ခေါင်းစဉ်စာသားကို ရိုက်ထည့်ပြီး တက်လာတဲ့ပိုစ့်တွေထဲကရွေးဖတ်နို်င်ပါတယ်..

ရွာသူ/သားတွေထဲက ဝါရင့်သူများ.. ပို့စ်တင်ပုံတင်နည်း.. စာတွေရှာဖွေ… ဖတ်ပုံဖတ်နည်း ဆက်လက် ပြုစု ရေးပေးကြပါဦး..။

68 comments

  • windtalker

    August 25, 2011 at 1:01 am

    ဂေဇက်ဝင် အသစ်များ အတွက် စာဖတ် ပုံ ဖတ်နည်း နဲ ့ပါတ်သက်ပြီး နဲနဲ ပြောချင်ပါတယ် ။
    တစ်ချို ့ ပို ့စ်များ ဟာ အပိုင်းများ နဲ ့ဖြစ်ပါတယ် ။
    ဂေဇက်ဝင် အသစ်များ အနေနဲ ့၊ ကိုယ် ဝင်ဖတ်မိတဲ့ ပို ့စ်ကို အပြစ်ပြောတော့မယ် ၊ လိုအပ်ချက် တွေ ့နေလို ့အပြစ်တင်ချင် ပြီ ဆိုရင် ၊ ခေါင်းစဉ်ကို ပြန်သွားကြည့်ပါ ၊ ခေါင်းစဉ်မှာ နံပါတ် ပါနေရင် … အရင် မြစ်ဖျား စ ခံ ရာ ပို ့စ် တစ်ခု ရှိပါသေးတယ် ။ အဲဒီ ပို ့စ်ကို ပါ သွားဖတ်ကြည့်ပါဦး ။ အဲဒီ ပို ့စ်မှာ ပါ ၊ ကိုယ် ထင်နေတဲ့ `လိုအပ်ချက် ´ က မပါသေးဘူး ဆိုရင်တော့ ၊ စိတ်ရှိ ကွန်မင့် ပေးကြပါ ။
    နို ့……….
    အပိုင်း ဆက် ရှည်ကြီး နဲ ့ ပို ့စ် ကို
    မနေ ့တစ်နေ ့က မှ ၊ မန်းဂေဇက် စရောက်ပြီး ၊ စဖတ်မိပြီး ၊
    မပြည့်စုံဘူး ၊ ဘာဖြစ်တယ် ညာဖြစ်တယ် ၊ ဇွတ် ကွန်မင့် နဲ ့မခနဲ ့ ကြပါနဲ ့၊ စိန်မခေါ်ကြပါနဲ ့
    ပို ့စ်တင်နေသူ ဟာ အာသဝေါကုန်ခန်း နေတဲ့ သူများ မဟုတ်ပါ ။
    သွေးနဲ ့သားနဲ ့ဖွဲ ့စည်းထားတဲ့ လူသားများပါပဲ
    ဒီမန်းဂေဇက် မှာ ပို ့စ်တင်သူ များ ဟာ ၊ တစ်ကယ် ကို စိတ်ကောင်းစေတနာ နဲ ့( ကော်ပီများ မပါ ) တင်နေကြတာကို သတိလေး ထားစေချင်ပါတယ် လို ့ ဒီကနေ ပြောလိုက်ပါရစေ နော် ။

  • zippo

    August 25, 2011 at 8:04 am

    ဓါတ်ပုံ တင် နည်း သင်ပေးကြပါ ….၊ တစ်ကယ်ကိုမသိလို့ပါဂျ…၊
    ပြီးရင် ကိုယ်တင်လိုက်တဲ့ ပို့စ် အဆင်မပြေလို့ပြန်ဖျက် တဲ့နည်းလေးကိုလဲ မျှဝေပေးကြပါဂျ…။

  • MaMa

    August 25, 2011 at 8:54 am

    ပိုစ့်ရေးချင်ရင် Site Admin ကို ဝင်။ Add new post ကို သွား။ ရေးချင်ရာ ရေးပေရော့။ အဲဒီမှာ categories နဲ့ tags ရွေးဖို့၊ comment off ဖြစ်မနေဖို့တွေတော့ သတိထားပြီး ကြည့်လိုက်ဦးပေ့ါ။
    ဓာတ်ပုံတင်ချင်ရင် online ပေါ်က ပုံဆိုရင် တင်ချင်တဲ့ပုံမှာ right click လုပ်။ copy image location ကို ရွေး။ ပိုစ့်တင်တဲ့နေရာမှာ Visual နဲ့ HTML tab ၂ ခုရှိရာမှာ HTML Tab ကို သွား။ img ကို ရွေး။ အဲဒီမှာ ရွေးထားတဲ့လင့်ခ်ကို paste လုပ်ပေးလိုက်ရင် ရပြီ။ အကယ်၍ ကိုယ့်ကွန်ပြူတာထဲက ပုံဆိုရင် upload/ insert မှာ Add an image ဆိုတဲ့ icon လေးကို ရွေးလိုက်ပါ။
    အဲ – ပြောချင်လို့သာ ပြောရတယ်။ ကိုယ်ပြောတဲ့အထဲမှာ မပြည့်စုံတာတွေ လိုအပ်တာတွေ ရှိရင်လည်း ပြောပြကြပါဦး။ ကိုယ်ကိုယ်တိုင်လည်း သိသလောက်လေးကို ပြောပြတာမို့ မှားတာတွေ၊ မပြည့်စုံတာတွေလည်း ရှိနိုင်ပါတယ်။

    • zawmyothu

      August 25, 2011 at 2:39 pm

      ကွန်.မန်. မှာ ပုံလေးတွေနဲ. ဖော်ပြချင်ရင် ရော ဘယ်လို လုပ်
      ရမလဲ။

      • ဆူး

        August 25, 2011 at 7:43 pm

        ကွန်မန်းမှာ ပုံတွေနဲ့ ဖော်ပြလို့ မရပါဘူး။
        ပုံနဲ့ ဖော်ပြခွင့် မပေးထားတာပါ။

        • KoAhThayLay

          December 7, 2011 at 2:55 pm

          http://myanmargazette.net/82741/creative-writing

          မဆူးရေ ဒီပိုစ့်ရဲ့ ကွန်းမက်မှာ ကို Kai တင်ထားတယ်ဗျာ …(မျောက်သုံးကောင်ပုံလေးပါ)
          အဲတာဘယ်လိုလုပ်ပြီးတင်တာတုန်း ဗျ…..

          လေးစားစွာဖြင့်
          အသေလေး

  • zawmaung

    August 25, 2011 at 9:18 am

    If possible , this post should be seen all the time. Something like above the “My Point”.

  • weiwei

    August 25, 2011 at 9:39 am

    ရှာနည်း ဖတ်နည်းတွေထက် အရေးကြီးတာက ရေးနည်းပါ ….
    မရေးခင် Do and Don’t ကို သေချာဖတ်ပြီး စည်းကမ်းလိုက်နာသင့်ပါတယ် …

    • ဆူး

      August 25, 2011 at 12:48 pm

      ဟုတ်ပါတယ် ဗျို့.. ထောက်ခံပါတယ် ဗျို့..
      နောက်ပြီး ရွာစည်းကမ်း ကိုလည်း ဖြုတ်ထုတ် ထည့် လုပ်သင့်တာတွေ ရှိပါသေးတယ်လို့ ထင်ပါတယ်။

  • TTNU

    August 25, 2011 at 9:54 am

    For translation issue, it’s mentioned somewhere just to include one paragraph
    of origin and source. Does it mean that the name of the book and author and just one paragraph of that story could be acceptable?

    Secondly, Tag issue. I didn’t tag because I have no idea which one I should tag or
    what is that for. I’m totally a KG student to surf the internet and any webs, tampering with
    the pages and the key-board. You guys may understand the generation gap and IT unawareness.
    If my questions annoyed you, could you please accept my sincere apologies?

    • မီးမီး သော်

      August 25, 2011 at 1:46 pm

      နားမလည်ပါဘူးဆို မှနော် ဘိုလိုရေး ထားလိုက်တာနော်။ဟုတ်ကဲ့ခုလို မျိုးတက်ခ် လုပ်ဖို ့ပြောပေးတဲ့အတွက်ကျေးဇူးပါနော်

  • Shwe Ei

    August 25, 2011 at 11:34 am

    ဓါတ်ပုံတင်ရတာတော့ မအိုကေသေးဘူးဗျာ။

  • manawphyulay

    August 25, 2011 at 12:01 pm

    ဓာတ်ပုံတင်တာကလည်း လွယ်ပါတယ်ရှင်။ ပိုစ့်တင်တဲ့နေရာမှာ အပေါ်မှာ လေးထောင့်ကွက်လေးနဲ့ ဓာတ်ပုံတင်ဖို့ရယ် မီဒီယာဖိုင်တင်တဲ့ပုံလေးရယ် ပါပါတယ်။ စာသားတွေ B I U ဆိုတဲ့ဘေးမှာ ပါပါတယ်။ စမ်းသပ်ကြည့်လိုက်ပါဦးနော်…

  • မီးမီး သော်

    August 25, 2011 at 12:32 pm

    ခုလိုမျိုးဖြေကြားပေးတဲ့တွက်ကျေးဇူးပါ။ဘာမှကိုမတတ်သေးလို ့ပါနော်

  • ဝိညာဉ်ပြာ

    August 25, 2011 at 1:10 pm

    အခုလို ပြောပြ လမ်းညွန်ပေးတဲ့ အတွက် ကျေးဇူးပါဗျာ။

  • ရွှေအိမ်စည်

    August 25, 2011 at 2:26 pm

    သူကြီးက ..ရွာပြင်ကွင်းက ပိုကျယ်တယ်ပြောထားလို ့..
    လုပ်ပေးထားပြန်ပါတယ်…။
    အကူညီပေးရေးအဖွဲ ့ဆိုပြီးတော့
    ..မျက်စိရှုတ်ရင်တော့ဖြုတ်ပါသူကြီး…
    ကွက်လပ်လို ့ထင်မိလို ့ပါ..။
    နောက်ပြီး..ကျနော်မောင်လေး(ငြိမ်းချမ်း)နဲ ့ဧဒင်မှာရေးထားတာလေးတွေပါ
    …လေ ့လာထားတာလေးတွေ နဲ ့..လိုအပ်မယ်ထင်မိပါရဲ ့ဗျာ

    ရွာတွင်းကွင်းထက်..ရွာပြင်ကွင်းပိုကြိုက်လို ့ပါ..။
    သူကြိးအဆူလွတ်အောင်လေ…………………..

  • ရွှေအိမ်စည်

    August 25, 2011 at 2:30 pm

    ဒီနေ ့2ပုဒ်ကပြည့်သွားပြီသူကြိးရဲ ့..
    ကိုယ့်စာ ့ကိုမတင်ရတော့ဘူး…

    .သတ်ပုံကမပြိးသေး…
    စိတ်ကဟိုရောက်ဒီရောက်နဲ ့………..
    ခက်ပါတယ်..ရွာပြင်ဘဲ..

  • etone

    August 25, 2011 at 3:09 pm

    ရှာနည်းတွေ ရေးနည်းတွေ ပြောနေတာ … အဟောင်းတွေ မှာ ပြန်ရှာပြီး မန်းစေချင်တာလား မသိဘူးနော် ဟိဟိ 😛 😛

    • ဆူး

      August 25, 2011 at 7:45 pm

      ဝေ ဟေ………ဟေ……………… အဟောင်းတွေ ပြန်ရှာပြီး ရပွိုင့် ယူကြစို့….
      ဟားဟား…

  • R Ga

    August 25, 2011 at 3:36 pm

    ရွာသားတစ်ယောက် ဘာတွေကွန့်မန့်ရေးထားတယ်ဆိုတာ ရှာချင်ရင် အပေါ်ဆုံး ကိုယ့်နာမည်ဘေးနားက Comments ဆိုတဲ့ဟာလေးကိုနိပ်လိုက် ရင် ယနေ့ ဝင်သမျှကွန့်မန့်တွေကိုတွေ့ရပါမယ်။ အဲဒီထဲကမှ ကိုယ် ကြည့်ချင်တဲ့ရွာသား ဘာကွန့်မန့်တွေရေးတာကိုသိချင်ရင် Search Comments ဆိုတဲ့ Box မှာရှာနိုင်ပါတယ်။

  • zawmyothu

    August 25, 2011 at 5:37 pm

    မန်ဂေဇက် အသုံး ပြုနည်း စာအုပ်တစ်အုပ်
    ထုတ်ပြီး မျှဝေရင် ရော……

  • fatty

    August 25, 2011 at 8:13 pm

    ဒါလေးဖတ်ပြီးမှသတိရတာနဲ့ကိုယ်ဘာတွေရေးခဲ့လဲဆိုတာပြန်ကြည့်ချင်လို့ရှာတော့ …..
    search မှာ ခေါင်းစဉ်မှတ်မိလို့ပြန်ရိုက်ရှာတော့လဲမတွေ့တော့ပါ။ ကိုယ်ရေးထားတဲ့စာတွေ
    တမျက်နှာချင်းပြန်ကြည့်တော့လဲ စာမျက်နှာ ၂၃ အထိဘဲရပါတယ် နောက်ပိုင်းကဟာတွေ
    page no found ဘဲပေးနေပါတယ်ခင်ဗျား …။

    • fatty

      August 27, 2011 at 10:17 pm

      ဘာများအမှာပါသွားလဲမသိဘူး မိုင်းနပ်စ်ကြီးဖြစ်နေပါလားဟရို့။

  • nature

    August 25, 2011 at 8:16 pm

    အခုက page တခုမှာ post ၃ဝ ကျော်ပြထားတော့ post အဟောင်းတွေရှာရတာ အများကြီး လွယ်သွားတယ်။ နဂိုက post အဟောင်းတွေ ပြန်ရှာရတာ အရမ်းခက်တာပဲ။

  • လူမုန်းစစ်မုန်း

    August 25, 2011 at 9:06 pm

    အင်း ကိုခိုင်ရေ ကိုယ်တော့ ဂေဇတ်အားကိုးပြီး ရင်ထဲက ခံစားချက်တွေဖြန် ့ဝေပါရစေ။ကိုယ့်ကိုက အရပ်ထဲမှာ မဟုတ်မခံ၊မထုံတတ်တေးမို ့လူမုန်းများတော့ နာမည်ရွေးမှာတောင် သိပ်မစဉ်းစားရဘူး။“လူမုန်းစစ်မုန်း”ပါဗျ။နောက်များ ပို ့စ်တင်ရတာအခက်တွေ ့ခဲ့ရင်ကူပါဦးဗျ။

  • zippo

    August 25, 2011 at 11:13 pm

    comment တွေ Posts တွေ ပြန်ဖျက်ချင်ရင် ဘယ်လိုဖျက်ရမတုန်းဂျ….
    ပြန်ဖျက်တဲ့နည်းလေး ပြောပေးကြပါဂျာ….

    • kai

      August 26, 2011 at 2:25 pm

      ရွာသားတွေမှာ… ဖျက်ခွင့်မရှိပါဘူး..။
      ရွာသက်ကြာတဲ့သူတွေမှ ပြင်ဆင်လို့..ရတာပါ..။
      ပြင်လို့ရတဲ့သူက…Edit. ခလုပ်လေးပါလာတာပါပဲ..။

      Edit လုပ်လို့ရတဲ့သူတွေကလည်း ..ပို့စ်အဟောင်းတွေ Edit ပြန်မလုပ်စေလိုပါ..။ ပွိုင့်ပေးစံနစ်မှာ..Errors တက်လာတတ်လို့ဖြစ်ပါတယ်..။
      မတော်..Database crash ဖြစ်သွားရင်.. ၂ရက်နောက်ဆုတ်ပြီး backup ပြန်တင်ရမှာမို့ဖြစ်ပါတယ်..။

  • ကြောင်ကြီး

    August 26, 2011 at 8:34 am

    ကျနော်လည်း ပို့စ်အဟောင်းတွေကို ပြန်ရှာလို့မရဘူး။ အစောပိုင်းပို့စ်တွေကို ရှာလိုက်ရင် page not found ဖြစ်နေတယ်။ ဧကန်ဏ သဂျီးရောင်းစားလိုက်ပြီနဲ့တူတယ်။ တိုင်းမ်း၊ နယူးစ်ဝိခ်၊ ရီးဒါးဒိုင်ဂျက်စ် ဖတ်သူများတွေ့ရင် သတင်းပေးကြပါအုံးဗျို့။ သဂျီးကို အိမ်တိုင်ချွတ်သွားအောင် တရားစွဲပစ်မယ်…။

  • ရွှေဘိုသား

    August 26, 2011 at 9:37 am

    ကိုကြောင် ကွန်ကျလို.ဖြစ်မှာပါဗျာ သူကြီးရောင်းမစားလောက်ပါဘူး
    ကျနော်.ပို.စ်လေးတွေများ ပါမလားလို. သတိထားဖတ်ပါအုံးနော် ပါရင်လည်း စာမူခတောင်းချင်လို. မုန်.ဖိုးပြတ်နေပြီ

  • ပေါက်ဖော်

    August 26, 2011 at 10:43 am

    စာလုံး
    အထူလေးတွေ..
    အစောင်းလေးတွေ
    ဘယ်လိုရေးလဲ ခင်ည
     

    • MaMa

      August 26, 2011 at 3:25 pm

      ပိုစ့်တင်တဲ့အခါ upload/insert အောက်မှာ b, i, link စသည်ဖြင့် ရှိပါတယ်။ အဲဒီမှာ ရွေးပေ့ါ။
      (ထူးဆန်းတယ်? ကွန်မန့်မှာတောင် စာလုံးအထူလေးတွေ၊ အစောင်းလေးတွေ ရေးနိုင်ပြီးတော့။ အဲဒီရေးနည်းလေးလည်း ပြန်မျှဝေပါဦးလား။)

      • kai

        August 26, 2011 at 4:44 pm

        သိပ်တော့လည်း လက်စွမ်းမပြနဲ့ပေါ့နော..
        ဒီလို…
        အထူ = < strong >အထူ< /strong >
        အစောင်း = < em >အစောင်း< /em >
        ဖျက်တာ> = < del datetime="2011-08-26T10:14:08+00:00" >ဖျက်တာ< /del >>

        < strong >အထူ< /strong > နောက်က စပေ့ ထားတာကို ဖျက်လိုက်ပါ..။ ကုဒ်ပေါ်အောင် စပေ့ထားပေးထားတာပါ..။

        • char too lan

          August 30, 2011 at 12:38 pm

          >ဘာရယ်ဘာရယ်<

          လုပ်ကြည့်တာ ရမလားလို့ အဲ့လိုလုပ်ရတာကိုလုံးဝမသိလို့

        • char too lan

          August 30, 2011 at 12:41 pm

          မရဘူး ဂျ 🙁

        • char too lan

          August 30, 2011 at 12:42 pm

          ???

        • MaMa

          August 30, 2011 at 8:36 pm

          သဂျီးပေးတဲ့ ပညာနဲ့ လက်စွမ်းပြကြည့်တာ အောင်မြင်သွားပြီ။

          ကျေးဇူးတင်ပါတယ်။

  • Thanlwinoo

    August 26, 2011 at 11:41 am

    မနေ့က အချိန်သိပ်မရဘဲ Internet ဝင်ကြည့်..။
    NY Times မှာ Jobs နှုတ်ထွက်သတင်းတွေ့လို့ MG အဖွဲ့ဝင်တွေကို သတင်းပေးမယ်ဆိုပြီး အလောသုံးဆယ် Comment ရေးလိုက်တာ Myanmar Related News ခေါင်းစဉ်အောက်ရောက်သွားလို့ ဒီနေရာကနေ သူကြီးကို တောင်းပန်ပါတယ်..။

  • killer

    August 26, 2011 at 5:07 pm

    သင်ယူစရာတွေ များလှပါတယ် သူကြီး။
    သင်ယူလို့မဆုံးနိုင်တဲ့ လောကကြီးပါလား။
    စိတ်ကုန်ဖွယ်ရာကောင်းလိုက်တာပါလား။ 🙁

  • lupol

    August 26, 2011 at 5:30 pm

    စစ်မရောက်ခင် မြှားကုန်နေလို့တော့မဖြစ်ပေဘူး…. အားတင်းထားမှ….. ။

  • မီးမီး သော်

    August 26, 2011 at 7:55 pm

    မင်ဘာအသစ်များဖြစ်ကြသော lupol နှင့် killer တို ့ကိုMGရွာမှကြိ ုဆိုပါတယ်လို ့သူကြီးအစားပြောပါရစေ။မင်္ဂလာပါနော်။

  • mgmglusoe

    August 26, 2011 at 8:13 pm

    သူတို့က အသစ်မဟုတ်လောက်ဘူးနဲ့တူတယ်… ပွိုင့်တွေကိုကြည့်လေ…
    မီးမီး လျှောက်ရွှီး….. ။
    🙂 🙂 😀 😛 😛

  • king

    August 26, 2011 at 9:15 pm

    သူကြီးမင်းခင်ဗျား …
    ရွာလေးရဲ့ စည်းကမ်းချက်များအပြင် ချမှတ်မည့် ပြစ်ဒဏ်များကိုလည်း အသေးစိတ် ပို့စ်တစ်ခုအနေနဲ့ ရေးသား ပြုစုပြီး ရွာထိပ်မှာ တင်ထားစေချင်ပါတယ် …
    ဘယ်လို စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ရင် ဘယ်လိုအပြစ်ဒဏ်မျိုးတွေ ကျခံရမယ်ဆိုတာကို အသေးစိတ်ရေးသား ပေးစေလိုပါတယ် …
    ဥပဒေပြုဖို့ သူကြီးအနေနဲ့ အခက်အခဲရှိရင် ရွာပြင် ကွင်းပြင်ကျယ်ကြီးထဲမှာ
    အလွှာပေါင်းစုံက ရွာသူ/သားတွေနဲ့ ညီလာခံတစ်ခု ပြုလုပ်ပြီး အခြေခံဥပဒေများ ရေးဆွဲ ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားလိုပါတယ် …
    …..KING…..
    (တသီးပုဂ္ဂလ)
    😛 😀 🙂 😛 😀 🙂

  • ရွှေအိမ်စည်

    August 27, 2011 at 12:04 am

    မင်္ဂလာပါ…
    သူကြီး

    .ပျင်းနေလို ့ရွာပြင်မှာသီးချင်တွေတင်မိပါတယ်..
    .မကြိုက်ဘူးထင်ရင်ဖျက်ပါနော်…

    ကျနော်ကသီးချင်းသံကြားမှအလုပ်လုပ်တတ်လို ့ပါ..

    သီးချင်းနဲ ့မှာ….ဂေဇတ်ရွာကြီးလန်းလာမယ်..
    ကျနော်မန်ဘာတိုးအောင်လုပ်နည်းလေးတွေ ပါ….

    လေးစားလျှက်

  • ဆူး

    August 27, 2011 at 5:40 pm

    ပိုစ် အဟောင်းတွေကို http://myanmargazette.net/wp-admin/edit.php ကနေတဆင့် ရှာနိုင်ပါတယ်။
    view နိပ်ပြီးသာ အဆင်ပြေသလို ဖွင့်ကြည့်ပြီး အများမြင်အောင် မန်းသာ ထုတ်လိုက်ပါ။
    သဂျီးလည်း ပွိင့် ၄ဝ ထပ်မပေးရတဲ့ အတွက် စိတ်အေးလက်အေး အဆင်ပြေမှာပါ။

  • ပေါက်ဖော်

    August 27, 2011 at 6:30 pm

    တဂျီးရေ့..
    ဂေဇက်အသုံးပြုနည်းကို ပုံလေးနဲ ့ဆို ပို အဆင်ပြေမယ်ထင်လို ့ Screen shot ဖမ်းပြီး အနည်းငယ် ပြုစုထားတာ ရှိသဗျ..
    Draft ထဲမှာ Save ပြီး သိမ်းထားပါဒယ်.

    အဲဒါ..
    ဒီပို ့စ်ထဲ ပေါင်းထည့်ချင်ထည့် ..
    မထည့်ချင်လဲ အိုပါးကို(၇၀)ပေးပြီး ပစ်တင်ပလိုက်ပါဗျ..

    😀

  • ဆူး

    August 27, 2011 at 8:49 pm

    ဗျို့.. သဂျီး.. လတ်တလော.. ဖိုရမ်ကြီး ကြွမြန်းနေတယ်.. ဘာများ ဖြစ်တာပါလိမ့်။
    သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ဖြေရှင်းသင့်တယ်။
    ဖိုရမ်ထဲမှာ တင်ထားတဲ့ စာတွေ အားကြီးပဲနော်.. အခု ၇ဝ ကျော်တယ်။
    အဲဒါ မတရားဘူး။
    လွတ်တော် အမြန်ခေါ်ပြီး သတင်း အမြန် ထုတ်ပြန်ပါ ဒါပဲ။

    • king

      August 27, 2011 at 9:07 pm

      ဟုတ်ပါတယ်ဗျို့
      ရင်ဖွင့်စရာရှိရင် လွတ်လပ်စွာ အော်ပြောလို့ရတဲ့ ရွာပြင်ကို ထွက်လို့မရဘူးဗျို့ ….

    • weiwei

      August 27, 2011 at 9:17 pm

      ဂေဇက်က ဖိုရမ်က ဒီလိုပဲ နှာစေး ချောင်းဆိုး ဖြစ်တတ်ပါတယ် … မစိုးရိမ်ပါနဲ့ .. ပြန်ကောင်းသွားမှာပါ …

  • ရင်နင့်

    August 27, 2011 at 9:57 pm

    ရွာသက်ကြာတယ်ဆိုတာ ဘယ်လောက်ကြာရင်ကိုပြောတာလဲ ၆လလား ၁နှစ်လား

  • ရွှေအိမ်စည်

    August 27, 2011 at 11:42 pm

    ်forum ကကျနော့်ကြောင့်လား…သူကြီး….

    အွန်….နေစရာမရှိတော့ဘူးဖေ ့ဘုတ်မှာဘဲအော်တော့မယ်

    • Foreign Resident

      August 28, 2011 at 5:31 pm

      Dear ရွှေအိမ်စည်
      Forum is operational again :p

  • ရွှေအိမ်စည်

    August 28, 2011 at 12:34 pm

    သို

    ့သူကြီးရေ

    ဒီထဲ မှာစည်းကမ်းအရေးကြီးဆုံးဖြစ်နေပါပြီ…
    ပိုစ်တွေ ဟာ..ဖော်ဝပ်မေလ်းကပိုစ် ့တွေ ပါ..
    တွေ မိသမျှပါ…မလိုလားအပ်လို ့ကျနော်လည်းမနေနိုင်လို ့ဝင်ပြောလိုက်ပါတယ်..

    သူကြီးကော်ပီလက်မခံဘူးပြောထားပေမယ့်..သူကြီးဆိုဒ်မှာကော်ပီတွေများနေပါတယ်..။
    စည်းကမ်းလေးနဲနဲထပ်တင်းပေးပါ…….
    …………………………

    ကျနော်မေလ်းနဲ ့.ပြောရင်..သူတို ့တွေ ဆီက..၁၀၀ဝ နှုတ်မယ်..ပြီးတော့မန်းတဲ ့သူတွေလည်းပါအုံးမယ်။
    ဒါကြောင့်ဒီကဘဲကောမက်ပေးပြီးပြောပါရစေ…

    ******ကော်ပီကူးလာသောမေလ်းများ…ကိုဖိုရမ်မှာဘဲတင်ရန်
    စည်းကမ်းတခုထပ်တိုးပေးစေချင်ပါတယ်//

    ******ကိုယ်ပိုင်အရေးဘလော ့၊သတင်းဆောင်းပါးကို ရှေ ့မျက်နှာစာမှာတင်ရန်

    ******ကိုယ်တိုင်ရေးမဟုတ်တြ ့ကူးတဲ ့စာ….ဖော်ဝပ်မေလ်းတွေ ကိုဖိုရမ်မှာဘဲတင်ရန်နေရာလေးလုပ်ပေးလိုက်ပါ။ ဥပမာ..သူတို ့ကအချို မှုန် ့ကြောင်းဖတ်လာပြီးတင်တာမျိုးတွေ..ဒီပိုစ် ့တွေ ကတနှစ်လောက်တောင်ရှိပြီလေ……

    …..

    လေးစားသော
    ရွှေအိမ်စည်…..။

    စည်းကမ်းကိုရှေ ့မျက်နှာစာမှာဘဲတင်ထားပေးပါ…….။။။။

    • စုန်းထီး

      August 28, 2011 at 2:33 pm

      ကျုပ်တို့ ရွာပြင်ကလူတွေက
      ရွာထဲမှာ သန့်သန့်လေးတွေကိုပဲ မြင်ချင်ကြတယ်
      ရွာထဲကလူတွေရဲ့ ကိုယ်ပိုင်အတွေးလေးတွေ တစ်စွန်းတစ်စလေးပဲ ရေးထားရေးထား
      ဒါလေးပဲ မြင်ချင်ပါတယ်ဗျို့
      ဟိုနေရာက ကူးလာ ဒီနေရာက ကူးလာပြီး ကိုယ်ပိုင်အာဘော်မရေးပြဘဲ သုံးသပ်တင်ပြတာမျိုးတွေ မရှိဘဲ စာများကိုတော့ ရွာထဲမှာ မတင်စေချင်ပါဘူးဗျို့ ….

    • kai

      August 28, 2011 at 4:38 pm

      အခု..ပုံနှိပ်သတင်းစာ.. အမြန်ထွက်ရအောင်လုပ်နေပါတယ်..။
      အဲဒါပြီး.. ဒါကိုသေသေချာချာစဉ်းစားပါမယ်..။
      ကျေးဇူး..။

  • naywoonni

    August 28, 2011 at 7:13 pm

    ဒီဆိုဒ်ထဲမှာ ကျွန်တော် စာရှာတဲ့ နည်းကတော့ Search နဲ့ ရှာတာပါပဲ..။ ကိုယ်ဖတိချင်တဲ့ အကြောင်းအရာကို Google မှာရှာသလို ရိုက်ပြီးရှာလို့ ရပါတယ်..။ မြန်မာလိုပဲရိုက်ရှာပါ..။ အကြောင်းအရာဆိုတဲ့နေရာမှာ… ဥပမာ ပညာတို့ ရေအိုးတို့ သူခိုး တို့….ရိုက်ပြီးရှာကြည့်ဖို့ပြောတာပါ… စာရေးတဲ့သူအလိုက်ရှာလို့လည်းရပါတယ်..။ ဥပမာ ….ကိုပေါက်လို့ မြန်မာလိုပဲရိုက်ရှာလိုက်ရင် သူတင်ထားတဲ့ ပို့စ်တွေ သူကွန်မန့်ပေးထားတဲ့ပို့စ်တွေ အစဉ်လိုက်ကျလာပါလိမ့်မယ်..။ နောက် Sharch this side ဆိုတဲ့ Box လေးကနေလည်း စောစောကပြောသလို ရှာနိုင်ကြောင်းပါ..။

  • kokothandar

    August 29, 2011 at 10:27 am

    တော်တော်လေ့လာဖတ်ရှုရကျိုးနပ်ပါတယ်…အားလုံးကိုကျေးဇူးပါ

  • လင်းဝေကျော်

    August 29, 2011 at 4:15 pm

    participation လိုချင်လို့ လုပ်တာလားဗျ။
    တခါတည်း အပြည့်အစုံပြောချင်ပြောလို့ ရရဲ့သားနဲ့ း)

    သုံးကြည့်ရင်း သိသွားလိမ့်မယ်။

Leave a Reply