စည်းကမ်းမလိုက်နာတာတွေ များနေသော မြန်မာပြည် ကားလောက

sizarAugust 25, 20111min604

ဟိုတစ်လောက် ပြောခဲ့တဲ့ အောင်မင်္ဂလာ ဝင်း ၂၄ နာရီဖွင့်ပြီဆို သောသတင်း(http://www.khitlunge.net.mm/news/news_detail.aspx?info_id=24050&sub_id=1)ကို နဲ့ပတ်သက်ပြီး ပြောပြချင်လို့ပါ။

နေပြည်တော်မှ ၂၄ရက်၈လပိုင်း ညနေ၆ နာရီထွက်ခွာလာသော ရာဇာမင်း ကားသည် ည၁၁နာရီ ရန်ကုန်မြို့သို့ရောက်ရှိလာရာ အောင်မင်္ဂလာကား ကွင်းသို့မဝင်ပဲ ကားကွင်း အရှေ့တွင်ရပ် ပြီး တောင်ဥက္ကလာသို့ ဆက်လက်ထွက် ခွာသွားပါသည်။ထိုကားလိုင်းသည် ၎င်းကဲ့သို့ထွက်ခွာသွားသောကြောင့် ညအချိန် မတော်ပြန်ရောက်သော ကားစီး ခရီးသွား အမျိုးသမီး များ သည် ချိန်းထားသော လာကြိုသည့်သူများနှင့်လွဲက စိတ် အနှောင့် အယှက် ဖြစ်ရပါသည်။ထိုကဲ့သို့မဖြစ် အောင် ကားလိုင်းများကို စည်းကမ်းလိုက်နာဖို့ ညွှန်ကြားစေချင်ပါတယ်

4 comments

  • moethidasoe

    August 25, 2011 at 11:15 am

    ရာဇာမင်းက အုပ်ချုပ်ရေးကို အတော် ပိုင်အောင် လုပ်ထားတဲ့ လူ ဆိုတော့ သူ လုပ်တိုင်း တင့်တယ်နေတယ် လို့ ထင်နေတဲ့ ကားလိုင်းပါ ..
    သူ့ ဝါဒက ပါးစပ် ပါသလား .. လက်ပါသလား .. စားတတ်စေရမယ် .. တောင်းတတ် စေရမယ် .. စားသမျှ တောင်းသမျှ ပေးသွားမယ် ဆိုတဲ့ အချက်ပဲ

    • pan pan

      August 25, 2011 at 1:02 pm

      ဒါ့ကြောင့် ရာဇာမင်းလို့ တွင်သကိုးးးးးးးး

  • မီးမီး သော်

    August 25, 2011 at 12:43 pm

    ဟင် ဘာလို ကားဂိတ်မျိုးကြီးလဲ???မမရေ ခုလိုသိထားရတော့မစီးတော့ဘူး။စနစ်တကျ ဝင်ထွက်အချိန်လေး သတ်မှတ်ထားရင်တော့ အဆင်ပြေမယ် ထင်ရတယ်နော်။

  • zawthulay

    August 25, 2011 at 5:28 pm

    ဟုတ်တယ်ဗျ.. ကျွန်တော်လည်း တစ်ခါ နေပြည်တော်ကပြန်လာတာ .. JJ ကားပေါ့ အောင်မင်္ဂလာကားဝင်း ထဲမဝင်တော့ဘဲ .. အပြင်မှာပဲ ချထားခဲ့တယ်.. ကျွန်တော်တို့က ပြန်လျှောက်လိုက်ရတာ အဝေးကြီးပဲ ကားဂိတ်ကို … ချိန်းထားတာလေ အဲဒါ .. ဘယ်လိုတွေလဲမသိဘူးနော်

Leave a Reply