နေ ့စဉ်အသုံးချ ဂမီ္ဘရ(၄)

အသုံးချဂမီ္ဘရ(၆) -သိဒ္ဓိဓာတ်များ၏အသုံးနှင့်အကန့်အသတ်များ(က)

သိဒ္ဓိဓာတ်ဆိုသည်မှာ စိတ်ဝိဉာဏ်ဆိုင်ရာအသေးစိတ်စစ်တမ်း၏ရလာဒ်ပင်ဖြစ်သည်။မှန်မှန်ကန်ကန်ပြီးမြောက်

လျှင်အလွန်အသုံးဝင်အကျိုးရှိစေသလောက် မတော်မတည့်ဖြစ်သွားလျှင်လည်းများစွာအန္တရာယ်ရှိပေသည်။

အကြောင်းမှာစိတ်နှလုံးညှိုးငယ်စေသောအကြံပြုတိုက်တွန်းချက်နှင့်အခြေအမြစ်မရှိသောသံသယမျိုးစေ့များ

စိုက်ပျိုးကြီးထွားစေခြင်းတို့ဖြစ်သည်။သိဒိ္ဓဓာတ်ထုတ်ယူအသုံးချပုံ(၃)မျိုးရှိသည်။ပထမတစ်မျိုးမှာ စိတ်စွမ်းအင်

ပါရမီရှိခြင်းနှင့်လေ့ကျင့်မှုအပေါ်တွင်လုံးလုံးမှီခိုနေသော စိတ်တန်ခိုးသက်သက်ဖြစ်သည်။(အောက်လမ်းပညာ၊

စုန်းပညာတို့တွင် ဝမ်းတွင်းပါပညာသည်လိုမျိုးဖြစ်နိုင်သည်။)သို့သော်ထိုစိတ်တန်ခိုးသည်ပုဂ္ဂိုလ်ရေးဘက်လိုက်မှု

နှင့်အကန့်အသတ်များ၏လွှမ်းမိုးမှုရှိနေသည်။နောက်တစ်မျိုးမှာ ဓာတ်ဖန်လုံးကြည့်ခြင်း စသည့်အာရုံစူးစိုက်မှုတစ်

ခုခုကိုအသုံးချ၍သိဒိ္ဓဓာတ်များဖော်ထုတ်ခြင်းဖြစ်သည်။(ကသိုဏ်းရှုခြင်းနှင့်တူနိုင်ပါသည်။)နောက်ဆုံးတစ်ခုမှာ

သင်္ကေတနိမိတ်များကိုလေ့လာ၍သိဒ္ဓိဓာတ်များဖြစ်ပေါ်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ဥပမာအားဖြင့်တားရော့

ကဒ်သင်္ကေတများကိုအသုံးပြုခြင်းဖြစ်သည်။

သိဒိ္ဓဓာတ်များနှင့်ပတ်သက်၍ပြဿနာများစွာရှိပါသည်။အများအားဖြင့် ပါရမီ၊လေ့ကျင့်မှု၊ပုဂ္ဂိုလ်ရေးဘက်လိုက်မှု

တို့နှင့်ဆက်နွယ်လေ့ရှိသည်။ထို့ကြောင့်မည်မျှ ပါရမီရှိ၍မည်မျှပင်လေ့ကျင့်ထားစေကာမူ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု

ကြောင့်ရလာဒ်များအတော်ပင်လွဲချော်ပေလိမ့်မည်။ထို့ပြင်ေ့ရှဖြစ်ဟောသူများသည်အရေးကြီးသောအခါ၌ကိုယ့်

အကြောင်းကိုမမြင်နိုင်ပေ။(သူများအကြောင်းတွေကြိုတင်မြင်၍ဟောပြောနိုင်သောအကြားအမြင်ဆရာကြီးများ

ကိုယ့်အနာဂတ်ကိုရေရာစွာမမြင်နိုင်ခဲ့သည့်သာဓကများစွာရှိပါသည်။)ထို့ပြင်အလွန်ရင်းနှီးသူများကိုပင်မှန်ကန်စွာ

မဟောမပြောနိုင်ဖြစ်ရသည်။(ဟောသူပါမေးသူ၏ကိစ္စတွင်ပါဝင်နေပါကပိုဆိုးတော့သည်။)စိတ်စွမ်းအင်မပြည့်ဝ

ခြင်း၊ပါရမီနည်းခြင်းနှင့်လေ့ကျင့်မှုချိုတဲ့ခြင်းတို့ကြောင့်တစ်ပါးသူတို့၏ခံစားမှုများ မိမိအပေါ်အလွယ်တကူသက်

ဝင်လွှမ်းမိုးလာခြင်းကြောင့်ပင်ဖြစ်သည်။(အလွန်ပင်သောကဗျာပါဒများဖိစီးနှိပ်စက်ခံနေရသောသူတစ်ယောက်

၏ပြင်းထန်သောခံစားမှုများသည်တခြားတစ်ယောက်ပေါ်အလွယ်တကူစီးကူးလာနိုင်ပေသည်။ပတ်ဝန်းကျင်ကို

ထိန်းချုပ်ခြင်းတွင်ဆိုခဲ့ပြီ။)ဒီယွန်ဖော်ကျွန်းက တားရော့ကိုအလားအလာကောင်းသောအကျိုးရှိစေမည့် ကိရိယာ

အဖြစ်အကြံပြုထားသည်။သင်သည်တားရေား၏ဆိုလိုရင်းအဓိပ္ပါယ်များနှင့်ဟောပြောပုံများ၊အမျိုးမျိုးသောကဒ်

များ၏သင်္ကေတများ သဏ္ဌာန်များကိုပုဂ္ဂိုလ်စွဲကင်းကင်းဖြင့်လေ့လာပါ။သင်သည်ကဒ်များ၏နောက်ကွယ်ရှိစွမ်း

အင်များနှင့်ထိတွေ့လာနိုင်မည်။ထိုကိစ္စများကိုသင့်ဘာသာလုပ်သင့်သည်။အခြားသူများကိုမှီခိုရန်မလိုပေ။

မည်သည့်စိတ်စွမ်းအင်ပညာသည်နှင့်မည်သည့်ကဒ်ဖတ်၍ဟောကြားသူမျှအရည်အသွေးကောင်းစွာမပြည့်ဝပါ။

အကြောင်းမှာရိုးရိုးလေးပင်ဖြစ်သည်။အရည်အသွေးပြည့်ဝသွားသူအဖို့ ပရော်ဖက်ရှင်နယ် သင်ခန်းစာများနှင့်

လက်တွေ့လေ့ကျင့်မှုများတွင်အလုပ်များမနေတော့သောကြောင့်ဖြစ်၏။

အသုံးချဂမီ္ဘရ(၆) -သိဒ္ဓိဓာတ်များ၏အသုံးနှင့်အကန့်အသတ်များ(ခ)

 

တားရော့ကဒ်များသည် အသုံးပြုသူ၏ညှို့ဓာတ်နှင့်စွမ်းအင်တို့ကြောင့်ပင်ကိုအားဖြင့်ပုဂ္ဂလဓိဌာန်သာဖြစ်သည်။

ကောင်းမွန်စွာပြီးမြောက်အောင်မြင်သွားလျှင်မူ ကဒ်များကိုအသုံးပြုခြင်း၌့ပုဂ္ဂလဓိဌာန်မရှိတော့ပေ။ကဒ်များသည်

ရိုးရှင်းသောကိရိယာများသာဖြစ်သည်။အသုံးပြုသူကညှို့ဓာတ်သွင်းပေးရမည်။သေချာစွာအာရုံစူးစိုက်၍ကဒ်များ၏

နောက်ကွယ်တွင်သိုသိပ်စွာပုန်းကွယ်နေသောစွမ်းအင်နှင့်အရှိန်အစော်များကိုထိတွေ့နိုင်အောင်ကြိုးစားရမည်။

ဖြန့်ကျက်ပုံအမျိုးမျိုးဖြင့်မှန်ကန်စွာအသုံးပြုသောအခါဖြန့်ကျက်ပုံစံတစ်ခုစီ၏ရလာဒ်များသိသိသာသာကိုက်ညီမှု

ရှိလာပြီးတစ်ခုနှင့်တစ်ခုအပြန်အလှန်အားဖြည့်ပေးပေလိမ့်မည်။သို့သော်တကယ်သိဒိ္ဓဓာတ်ပေါက်မြောက်ဖို့ရန်

အတွက်သော့ချက်မှာမူ သိစိတ်အရည်အသွေးရိုးရှင်းမှုပင်ဖြစ်ပေသည်။အမြင်ထူးနှင့်အကြားအာရုံထူးများကို

သောကဗျာပါဒနှင့်ပင်ပန်းနွမ်းနယ်နေသူတစ်စုံတစ်ဦးကမြင်ရကြားရသည်ဆိုလျှင်အလွန်သံသယဖြစ်ဖွယ်ပင်။

အမှန်ကိုပြောစေကာမူ သူတို့၏မကျန်းမာသောလက္ခဏာများကြောင့်ဂယောင်ချောက်ချားပြောသည်ဟုသာ

ထင်မြင်ကြပေမည်။ရုပ်ပိုင်းစိတ်ပိုင်းမကျန်းမာသောဒဏ်အောက်တွင်သိစိတ်သည်ကစဉ့်ကလျားဖြစ်လာနိုင်သော

ကြောင့်ဖြစ်သည်။(ဓာတ်ကြောင် နတ်ကြောင်ပုံစံမျိုးဖြစ်သည်။)အတွေ့အကြုံများသောဂမီ္ဘရပညာရှင်များသည်

အခြေအနေများအဆိုးဘက်ဦးတည်လာလျင်သူတို့၏ရုပ်လွန်စွမ်းအင်များကိုရုပ်သိမ်းပစ်လေ့ရှိသည်။အဘယ်

ကြောင့်ဆိုသော် သိမ်မွေ့နက်နဲသောအသံများသည်တိတ်ဆိတ်ခြင်းအတွင်း၌သာကြားလေ့ရှိသည်ကိုသိထား

သောကြာင့်ဖြစ်သည်။(ကြားသည်ဆိုခြင်း၌အသံလှိုင်းကနားစည်ကိုရိုက်ခတ်တုန်ခါမှုကြောင့်ဖြစ်ပေါ်လာသော

သာမန်အကြားအာရုံမျိုးမဟုတ်ချေ။ရုပ်လွန်စွမ်းအင်ကြောင့်ဖြစ်ပေါ်လာသောအကြားအာရုံသက်သက်သာဖြစ်

သည်။)ပိုမိုမြင့်မားသောဆက်သွယ်မှုတွင် သိဒိ္ဓများ၊အကာအကွယ်များနှင့်ငြိမ်းချမ်းသောအာရုံများကိုပေးလေ့

ရှိသည်။အကယ်၍မမြင်နိုင်မကြားနိုင်သောအရာများကို သင်၏မျက်လုံးဖြင့်တပ်အပ်မြင်ရခြင်း၊နားဖြင့်ဆတ်ဆတ်

ကြားရခြင်းများရှိလာလျှင်တစ်စုံတစ်ရာမှားယွင်းမှုရှိနေပြီဖြစ်သည်။အထပ်ထပ်ရှိနေသောသိစိတ်အလွှာများယို

ပေါက်စိမ့်ကျ၍တစ်လွှာနှင့်တစ်လွှာရောနှောပြန့်နှံ့ကုန်သောကြောင့်ဖြစ်သည်။အကယ်၍ယိုစိမ့်မှုကိုမတားဆီးနိုင်

လျှင်စိတ်ဖောက်ပြန်သွားနိုင်ပေသည်။(ဘိုးတော်ရူး၊ဝိဇ္ဖာရူး ဖြစ်သွားသကဲ့သို့ပင်။)

ထိုသို့ဖြစ်ခြင်းများကို အမြဲတစေစိတ်စွမ်းအင်လွဲမှား၍အရိပ်အယောင်များမြင်ရကြားရသည်ဟုမဆိုနိုင်ပေ။

အရက် မော်ဖိန်း စသောမူးယစ်ဆေးများ(အလွန်)သုံးစွဲမှုကြောင့်လည်းဖြစ်နိုင်ပေသည်။(အရက်ကြောင်၊ဆေး

ကြောင်)ကိုယ့်ကိုယ်ကို အမြဲသတိပေးနေရမည့်အချက်မှာ သက်ဝင်ခံစားမှုများသည်ကျွန်တော်တို ့နားလည်

သဘောပေါက်ဖို ့ရှာဖွေနေသောအဖြစ်မှန်တရားများနှင့်မတူကြောင်းပင်ဖြစ်သည်။သက်ဝင်ခံစားမှုများသည်

အတ္တနောမတိများကြောင့်ဓမ္မဓိဌာန်မကျပေ။ထိုသက်ဝင်ခံစားမှုများသည်ကျွန်တာ်တို့၏ကိုယ်ပိုင်သိစိတ်ကြောင့်

သေချာပေါက်ယိုယွင်းသွားနိုင်ပေသည်။ဘယ်အရာမဆိုရှင်းလင်းစွာခွဲခြားသိမြင်နိုင်စေမည့်မြော်မြင်ချင့်ချိန်တတ်

သောစွမ်းအားရရှိရန်များစွာသောလေ့ကျင့်မှုများနှင့်အရည်အချင်းများလိုအပ်ပေသည်။       ဂမီ္ဘရပညာသည်အဖြစ်အသက်မွေးရပ်တည်မှုပြုခြင်းသည်လေးနက်သောအနှစ်သာရများရှိသည့်ဤပညာရပ်ကြီး

အပေါ်သစ္စာဖောက်ခြင်းပင်ဖြစ်သည်။ထိုအလုပ်သည် စုတ်ပဲ့ရွံရှာဖွယ်ဖြစ်သည်။ထိုအလုပ်အားလုပ်ပြီး၊လုပ်ဆဲ၊

လုပ်လတ္တံသောမည်သူကိုမျှကောင်းကျိုးပေးမည်မဟုတ်ချေ။ပညာသည်အဖြစ်လုပ်စားခြင်းသည်သေချာပေါက်

အစွပ်စွဲခံရမည်။(စုန်း၊မှော်၊အောက်လမ်း၊လူလိမ်လူညာစသည်။)ကိုယ်ကျင့်တရားရှိခြင်း၊သိက္ခာစောင့်ထိန်းခြင်းနှင့်

ကောင်းကျိုးဆိုးပြစ်ခွဲခြားနိုင်ခြင်းစသောဂမီ္ဘရဆရာတို ့၏သဘောထားသည်အလွန်ပင်အရေးကြီးသည်။

8 comments

  • ရွှေအိမ်စည်

    August 25, 2011 at 2:38 pm

    ။(စုန်း၊မှော်၊အောက်လမ်း၊လူလိမ်လူညာစသည်။)ကိုယ်ကျင့်တရားရှိခြင်း၊သိက္ခာစောင့်ထိန်းခြင်းနှင့်

    ကောင်းကျိုးဆိုးပြစ်ခွဲခြားနိုင်ခြင်းစသောဂမီ္ဘရဆရာတို ့၏သဘောထားသည်အလွန်ပင်အရေးကြီးသည်။
    ================
    သက်ဝင်ခံစားမှုများသည်

    အတ္တနောမတိများကြောင့်ဓမ္မဓိဌာန်မကျပေ။ထိုသက်ဝင်ခံစားမှုများသည်ကျွန်တာ်တို့၏ကိုယ်ပိုင်သိစိတ်ကြောင့်

    သေချာပေါက်ယိုယွင်းသွားနိုင်ပေသည်
    ———————–

    ကျွန်နော် ့ကိုအဖေပြောဘူးတယ်…..
    ကျွန်နော်စာတွေ သိပ်ဖတ်တော့…….အစွန်းမရောက်ဖို ့…

    နောက်တစ်ခုအဖေပြောတာမှတ်မိသေးတယ်ဗျ…..
    ကျွန်တော်ဂစ်တာတီးသင်တော့လည်း….ဂီတမှာပျော်ပါ…..အပျော်တမ်းတော့မလုပ်နဲ ့တဲ ့..

    ကျွန်နော်အဖေပြောသလိုဘဲ လိုက်နာခဲ ့တယ်…..

    တခုတော့ရှိတယ.်…….အကုန်တော့..စပ်စပ်စုစုတတ်တယ်….
    ယောင်နေတာမဟုတ်ဘူးနော်………
    ယောင်ယောင်မလုပ်ဘူး…..

    ဝမ်းရေးအတွက်..ပညာသင်တာတစ်ပိုင်း……..
    အေးအေးလူလူငွေရှာနိုင်တယ်..(လူတန်းစေ ့တော့နေနိုင်တယ်ဗျာ…..)

    ဒါတွေ ကိုခြုံကြည့်ရင်….အစွန်းမရောက်တာက..အကောင်းဆုံးဘဲ …ဟုတ်

  • fatty

    August 25, 2011 at 2:39 pm

    ကိုဘလှိုင်ခင်ဗျားစောင့်ဖတ်နေပါတယ်။ အကယ်ရျ်ကိုဘလှိုင် ကိုယ်တိုင်ဝါသနာပါတယ်ဆိုရင်
    ကျနော်ရေးသော ပိုစ်ထဲမှ လက္ခဏာပုံစံတခုတင်ထားဘူးပါသည်။ လေ့လာကြည့်စေချင်ပါသည်။

  • manawphyulay

    August 25, 2011 at 4:14 pm

    တားရော့ကဒ်ကတော့ အိမ်မှာလည်း ရှိတယ်အတွက် တစ်ခါတလေ ဆုံးဖြတ်ရခက်တဲ့အပိုင်းတွေကို တားရော့ကဒ်ကိုယ့်ဘာသာဆွဲပြီး စမ်းသပ်ကြည့်ဖူးပါတယ်။ အရမ်းကြီး ယုံတာမဟုတ်ပေမယ့် တစ်ခါတလေ စိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးပြုလျက်ရှိပါတယ်။

    တစ်ဆက်ထဲ လေးဖက်ရေ… လင့်လေးပြန်ပေးရင်ကောင်းမယ်နော် ခေါင်းစဉ်ကိုသိရင် ရှာရတော့လွယ်ပါတယ်။

  • fatty

    August 25, 2011 at 8:24 pm

    ူlink မမှတ်မိတော့လို့ပါ။ ခေါင်းစဉ်မှတ်မိပေမဲ့ရှာမရတော့ဘူး page no found ဘဲဖြစ်နေတယ်။
    ကျနော်ဘဲမှားနေသလားမဆိုနိုင်ဘူး။ ခေါင်းစဉ်က လက္ခဏာကြည့်တတ်သူများရှိပါသလား …..
    လို့ပေးထားတယ် ထင်တာဘဲ … ဟုတ်ပါတယ်။

  • မောင်ဘလိူင်

    August 26, 2011 at 1:10 pm

    ကျွန်တော့်ပို့စ်တွေ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..
    ကျွန်တော်ကတော့ ဝါသနာပါရုံပါပဲ..။အရင်ကတော့ ဗေဒင်တွေ
    လက္ခဏာတွေ တော်တော်လေး လိုက်စားခဲ့ဖူးပါတယ်။ခုတော့..
    အဲဒါတွေ အကုန်မေ့သွားပြီ။မေ့ပစ်လိုက်ပြီ။ရှိတဲ့ စာအုပ်ပေါင်း
    နှစ်ရာနီးပါးလည်း စာကြည့်တိုက်ကို လှူပစ်လိုက်တယ်။

Leave a Reply