မယ့်ကဗျာ မဟုတ်သော ” မဲ့ ” ကဗျာ

suekhatminMay 12, 20101min925

မယ့်ကဗျာ မဟုတ်သော ” မဲ့ ” ကဗျာ

မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. ဆိုတာ
ခွဲစိတ်ခန်းဝင်မယ့် လူနာမဟုတ်ဘူး ။
မလိုအပ်ပဲ ခွဲစိတ်ခြင်း နဲ့
အနုပညာကို မသိပဲ ၊ အနုပညာ လုပ်နေခြင်းဟာ
ဘေးထွက်ဆိုးကျိုး ဖြစ်စေတယ် ။

” ကျွန်တော်က အနုပညာသမားတစ်ယောက် ဆိုတော့ ..”
” ဟုတ်ကဲ့ .. အော်ပရေးရှင်း အမြန်လုပ်ရမယ်လေ .. ”

မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. ဆိုတာ
အနုစိတ် ပြင်ထားတဲ့ ၊ လိမ်ညာနည်းတစ်ရပ်
မဟုတ်ဘူး ။
လိမ်ညာခြင်းကို ၊ ဘုရားမကြိုက်သလို
လိမ်လည်ထားတဲ့ အနုပညာကို
အနုပညာက မကြိုက်ပြန်ဘူး ။

” ကျွန်တော်က အနုပြင်ညာသမား ဆိုတော့ .. ”
” ဩ .. ခင်ဗျားက လူလိမ်ကြီးပေါ့ .. ”

မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. ဆိုတာ
အော်ကြီးဟစ်ကျယ် အရက်ဝိုင်း မဟုတ်ဘူး ။
အရက်သောက်ပြီး အော်ကြီးဟစ်ကျယ် လုပ်ခြင်း နဲ့
ပါးစပ်အားတိုင်း ” အနုပညာ” ထထအော်ခြင်းဟာ
ဘေးပတ်ဝန်းကျင် မျက်မုန်းကျိုးစေတယ် ။

” အနုပညာ ဟေ့ … အို .. ဘာတဲ့ ..
အနုပညာ ဟ .. ”
” !@#$%^& ”

ကုန်ကုန်ပြောရရင် ..
မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. ဆိုတာ
မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. မဟုတ်ဘူး ။
မဟုတ်ဘူး ။ မဟုတ်ဘူး ။
ဟုတ်တယ် ။
မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. ဆိုတာ
မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
အ နု ပ ညာ .. မဟုတ်ဘူး ။ ။

( အနုပညာကို ခုတုံးလုပ်ကြသူများ
ယခု ကဗျာကို ဖတ်ပြီးသည်နှင့် တပြိုင်နက်
အားပါးတရ ” မဲ့ ” တော်မူနိုင်ကြပါကြောင်း )

လေးစားစွာဖြင့်

ဆူးခက်မင်း

5 comments

  • susunosuki

    May 12, 2010 at 6:50 am

    အနုပညာကို ခွဲစိပ်ချင်တာလား
    ခုတုံးလုပ်ကြတာလား

  • THAS

    July 31, 2010 at 7:24 am

    ဘာမှန်းလည်းသိဝူးးးးးးးးးးးးးးးးးး

  • Yin Nyine Nway

    July 31, 2010 at 7:45 am

    မော်ဒန် ကဗျာနေမှာ

  • shwemanthar

    September 30, 2010 at 7:20 am

    ဒါဆိုအနုပညာအစစ်ကိုပြောပြပါ။

  • Nay Chi

    November 26, 2012 at 10:27 am

    မင်းတို့ ၊ ငါတို့ ပြောပြောနေကျ
    အ နု ပ ညာ .. ဆိုတာ
    အနုစိတ် ပြင်ထားတဲ့ ၊ လိမ်ညာနည်းတစ်ရပ်
    မဟုတ်ဘူး ။
    လိမ်ညာခြင်းကို ၊ ဘုရားမကြိုက်သလို
    လိမ်လည်ထားတဲ့ အနုပညာကို
    အနုပညာက မကြိုက်ပြန်ဘူး >>>>> (y) (y) (y)

Leave a Reply