ကျပ်ငွေ တန်ဖိုးတက်ခြင်း(သို့)ဒေါ်လာဈေးကျခြင်း

နွေဦးAugust 25, 20111min37253

တစ်ဒေါ်လာကို ကျပ် ခြောက်ရာကျော်လောက်ထိ ဖြစ်လာတော့ အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။အယူအဆအမျိုးမျိုးနဲ့ ပြောနေတာတွေကိုလဲ ကြားနေတာပေါ့။ခင်ဗျားတို့တော့ ဘယ်လိုဖြစ်စေချင်တယ် မသိဘူးပေါ့နော်။ကျွန်တော် စဉ်းစားမိတာ ပြောကြည့်အုံးမယ် ဝိုင်းဝန်းဝေဖန်ကြပါအုံး။

၁။ လစာပုံမှန် ၅၀၀၀၀.ကျပ် ရတဲ့သူတယောက်ဟာ အရင်ငွေလဲနှုန်း(၁၀၀ဝကျပ်)နဲ့ဆိုရင် ဒေါ်လာ ၅၀  ဘဲရမယ် ။အခုငွေလဲနှုန်း (၆၇ဝကျပ်)နဲ့ဆို  ၇၄.၆ ဒေါ်လာလောက်ရသွားပါပြီ။

၂။ ဒေါ်လာ ၅၀ဝတန်laptop ကွန်ပြူတာတလုံး ဝယ်မယ်ဆိုရင် အရင်ကငွေဈေး(၁၀၀ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၅၀၀၀၀ဝ ကျပ် ပေးရပါမယ်။အခုငွေဈေး(၆၇ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၃၃၅၀၀ဝ ကျပ်ဘဲပေးရတော့မယ်။ ၁၆၅၀ဝကျပ်တောင် သက်သာသွားပြီ။တကယ်လို့ ၁ဒေါ်လာ=၅၀ဝကျပ် ဖြစ်သွာမယ်ဆိုရင် ၂၅၀၀၀ဝကျပ် သက်သာသွားပြီ ။အရင်က တစ်လုံးရမဲ့ဟာ အခုဆို နှစ်လုံးရတော့မယ်လေ။

၃။ဒေါ်လာဈေးကျလို့ ငါး ပုဇွန်တွေ နိုင်ငံခြား မပို့တော့ .ပဲတွေ အိတ်စပို့ မလုပ်တော့ ပြည်တွင်းမှာ ပိုလျှံ ပေါများလာတော့ စားသုံးသူတွေ ပေါပေါများများ စားကြရတယ်။

ကျန်တဲ့ အကျိုးဆက်တွေ လဲ ရှိအုံးမှာပါ။တခြားသူတွေ ဆွေးနွေးဖို့ စောင့်ပါမယ်။

 

53 comments

  • zawmyothu

    August 25, 2011 at 1:41 pm

    ဒေါ်လာနဲ. ရောင်းတဲ. ပစ္စည်းတွေက ကျပ်ငွေနဲ.ပဲယူတော.တာ
    အစ်ကို ပြောသလို ” ဒေါ်လာ ၅၀ဝတန်laptop ကွန်ပြူတာတလုံး ဝယ်မယ်ဆိုရင် အရင်ကငွေဈေး(၁၀၀ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၅၀၀၀၀ဝ ကျပ် ပေးရပါမယ်။အခုငွေဈေး(၆၇ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၃၃၅၀၀ဝ ကျပ်ဘဲပေးရတော့မယ်။ ၁၆၅၀ဝကျပ်တောင် သက်သာသွားပြီ။တကယ်လို့ ၁ဒေါ်လာ=၅၀ဝကျပ် ဖြစ်သွာမယ်ဆိုရင် ၂၅၀၀၀ဝကျပ် သက်သာသွားပြီ ။အရင်က တစ်လုံးရမဲ့ဟာ အခုဆို နှစ်လုံးရတော့မယ်လေ။”
    ကုန်ဈေး နှုန်းတော. ကျမယ် မထင်ပါဘူးဗျာ။

    • Harumoto

      August 25, 2011 at 2:15 pm

      ဖြေးဖြေးတော့ ပြောင်းသွားမယ်ထင်ပါတယ်။ နဂိုထက်စာရင် ကုန်ဈေးနှုန်းတွေ ထပ်မတက် တော့တာ သိသာလာတယ်။ပင်စင်တွေတိုးပေးလိုက်ပေမဲ့ ကုန်ဈေးနှုန်းက သိပ်လိုက် မတက်ဘူးလို့ထင်တာဘဲ။ အရင်ကတော့ လစာတိုးမယ် သတင်းကြားတာနဲ့တင် ကုန်ဈေးနှုန်းက ကြိုတက်နေပြီလေ…း)

  • မီးမီး သော်

    August 25, 2011 at 1:54 pm

    မဟုတ်ပါဘူး။ကွန်ပြူတာတစ်လုံးကနေ နှစ်လုံးရတာ ဆင်းရဲသားတွေအတွက်ဘာမှအသုံးမဝင်ပါဘူး။အဓိက ကတော့ဒေါ်လာဈေးဘယ်လောက်ကျပါစေ. ရွှေဈေးထိုးတက်လာတာသတိပြ ုမိပါတယ် ။ငွေရှားပါးလာတယ်၊ အလုပ်အကိုင်မဲ့တွေပေါလာတယ်၊ဒါဟာမကောင်းတဲ့ပြဿနာပါ။ ကိုယ့်နိုင်ငံငွေက အရမ်းတန်ဖိုးရှိလာလို ့ ဒေါ်လာဈေးကျပီဆိုရင်တော့ နမိတ်ကောင်းပါ။ လူတန်းစားမရွေးပျော်နိုင်ပီပေါ့။ခုဟာက တော့. ဟွန် ့ ပြောချင်ဘူး. စိတ်ကုန်တယ်

    • Harumoto

      August 25, 2011 at 2:07 pm

      ပြောစေချင်ပါတယ်… မိမိ ထင်မြင်ယူဆချက်တွေကို ဖြန့်ပေးပါ။
      ရွှေဈေး ကတော့ ကမ ္ဘာ့ရွှေဈေးနဲ့ ယှဉ်နေတော့ ရုတ်တရက်တော့ တက်နေမှာပါ။
      ကျပ်ငွေတန်ဖိုးခိုင်မာလာရင် အဆင်ပြေသွားမှာပါ။
      ကွန်ပြူတာဈေးဆိုတာ အိုင်တီနဲ့ နီးစပ်တဲ့သူတွေ အတွက် ဥပမာပေးတာပါ။သာမန်လူ တွေအတွက်တော့ စားအုန်ဆီဈေးနဲ့ပြောပြရင်နားလည်မှာပေါ့။

    • pyinlepyaw

      August 26, 2011 at 6:36 pm

      ဘာကိုဆိုလိုချင်တာလဲ။ တိတိကျကျလေးပြောပါ။ ရွှီးနေတာတွေများနေလို့။ ဝါးတားတားနဲ့။

      • Harumoto

        August 27, 2011 at 11:16 am

        အေးဗျ… ကျွန်တော်တို့ လဲ ဝေဝါးဝါးနဲ့ ပြောနေကြရတာပါ။
        ဒါကြောင့် သိတဲ့ တတ်တဲ့ လူတွေ ပြောပေးပါလို့ပါ။
        သိပ်ပြီးရှင်းအောင် မပြောတတ်တော့ ရွှီးနေသလိုဖြစ်သွားတာ ခွင့်လွှတ်ပါ။

  • pan pan

    August 25, 2011 at 1:59 pm

    ဒေါ်လာဈေးအတိုင်းလက်တော့ကိုတွက်ပေမယ့်
    ဒေါ်လာဈေးကျသွားရင် ဒေါ်လာပမာဏပိုများတယ်မလား
    ဥပမာ-ခြောက်သိန်းတန်လက်တော့ကို ဒေါ်လာ၆၀ဝ (၁၀၀ဝဈေး)ဆိုရင်
    ဒီကနေ့ ဒေါ်လာဈေးက ၇၀ဝထားပါတော့
    ၈၅ရဒေါ်လာဖြစ်သွားမယ်
    ဒေါ်လာဈေးနဲ့လို့ပြောပေမယ့် ဈေးဖြတ်တာက မြန်မာကျပ်ငွေနဲ့ပဲသတ်မှတ်တာ (ကိုယ်တိုင်ကြုံရသလောက်တော့)

    • Harumoto

      August 25, 2011 at 2:09 pm

      ပန်ပန်က ဗမာပြည်မှာဘဲဈေးဝယ်တာကိုး..း).

      • pan pan

        August 25, 2011 at 2:29 pm

        ဟုတ်ပရှင် ပြည်တွင်းမှာပဲဝယ်ဖြစ်နေတာဆိုတော့….။
        အဲဒါကြောင့် ဒေါ်လာဈေးကျချိန်ကို တချို့လူတွေစောင့်နေကြတာ
        နိုင်ငံခြားကနေ လူကြုံနဲ့မှာဖို့ကို
        iPadလေးတစ်လုံးတော့ ဒေါ်လာဈေးတော်တော်ကျရင် လူကြုံမှာဝယ်ရင်ကောင်းမလား စဉ်းစားနေတာ 🙂

        • Harumoto

          August 25, 2011 at 2:32 pm

          အိုး…. နို့ညှာလေး ပြန်ရင် မှာလိုက်လေ….း)

        • pan pan

          August 26, 2011 at 10:27 am

          အငယ်ကောင်ပဲသိတယ်
          နို့ညှာတော့ သိဘူး
          ဘယ်သူ့ကိုပြောတာလဲ
          ဘယ်သူဖြစ်ဖြစ် ပစ္စည်းမှာလိုက်မယ်
          ပိုက်ပိုက်ချေး

  • wathanmin

    August 25, 2011 at 2:17 pm

    အရင်တုန်းက ကွန်ပျူတာပစ္စည်းရောင်းတဲ့ဆိုင်တွေက ဝယ်သူလာရင် ပထမဆုံးပြောတာက ဒီနေ့ဒေါ်လာ ပေါက်ဈေး အရ ဆိုရင်လေ……….ဆိုတာက စပြီး ပြောတယ်။
    အခုတော့ အဲ့ဒီ့စကားမပြောတော့ဘူး……
    ပစ္စည်းဈေးပဲ တစ်ခါတည်း တန်းပြောတော့တာပဲ………….
    ဆိုလိုတာက ဒေါ်လာဈေးနဲ့ ညှိပြီးမရောင်းတော့ဘူးလို့ပြောချင်တာပါ။………….:)

    • Harumoto

      August 25, 2011 at 2:24 pm

      ကောင်းတာပေါ့ဗျာ.. အရင်ကဒေါ်လာကို ဆရာတင်ရတာ..
      အခုတော့ ကိုယ့် ပိုက်ဆံ က နေရာရပြီလေ…..း)
      ကိုယ့်ပိုက်ဆံတန်ဖိုးရှိ လာတော့ ဈေးဆစ်ဖို့ အားမနာနဲ့။

  • wathanmin

    August 25, 2011 at 2:33 pm

    ခက်ပြီ။
    ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ဆိုင်မှာ ဈေးဆစ်လို့ရတယ်လို့ကြားဖူးလို့လား။
    အရောင်းဆိုင်တွေက ဒေါ်လာနဲ့မညှိပဲ သူတို့သတ်မှတ်ဈေးအတိုင်းပဲ ရောင်းနေတာဖြစ်တဲ့အတွက်
    ဒေါ်လာဈေးကျလ ဲဝယ်သူတွေ အတွက် မထူးပါဘူးလို့ပြောချင်တာ………..

    • Harumoto

      August 25, 2011 at 2:44 pm

      ဒါပေမဲ့ ကိုယ်ရတဲ့ လစာ ဒါမှမဟုတ် ဝင်ငွေ ကို ဒေါ်လာနဲ့ တွက်ကြည့်ရင် နဲနဲ စိတ်ချမ်းသာမလား လို့ပါ။ ဒေါ်လာ စား FEC စားတွေ တော့ ကြီုက်မှာမဟုတ်ဘူးပေါ့လေ…။
      သူတို့ ကောင်းနေတုန်းက ကျပ်ငွေနဲ့ ရတဲ့ လခစားတွေ ငေးကြည့်ခဲ့ရ တာဘဲ မဟုတ်လား။
      ကျပ်ငွေ နဲ့ ရတဲ့ ဝန်ထမ်း ကလူများစုပါ။သူတို့ ရတဲ့ လစာ နဲနဲလေး ပေမဲ့ တန်ဖိုးရှိ လာတယ် ဆိုရင် ပျော်မှာပါ။

  • nayminn

    August 25, 2011 at 2:37 pm

    ငါး ပုဇွန်တွေ နိုင်ငံခြား မပို့တော့ .ပဲတွေ အိတ်စပို့ မလုပ်တော့ ပြည်တွင်းမှာ ပိုလျှံ ပေါများလာတယ် မလုပ်နဲ့
    အဲဒီစက်ရုံက ဝန်ထမ်းတွေ ဘုန်းကြီးကျောင်းက ကျွေးထားမယ်ထင်လို့လား။

    • Harumoto

      August 25, 2011 at 2:53 pm

      အဲဒါတော့ စက်ရုံ ပိုင်ရှင် သူဋ္ဌေးတွေ စဉ်းစား ရမဲ့ကိစ္စ ဘဲ။
      စက်ရုံ ရဲ့ အကျိုးအမြတ် တွေ ရတုံးက ဘယ်လို ဝေငှ ခဲ့လဲ?
      စက်ရုံဝန်ထမ်းတွေ အတွက် ဥပဒေတွေ ကအကာအကွယ်ပေးလာမှာပါ။
      သူဋ္ဌေး က ဘုန်းကြီးကျောင်း လှူထားခဲ့ရင် အဲသည်ကျောင်းက ဘုန်းကြီး ကျွေးမှာပေါ့……း) း)။

      • hmee

        August 25, 2011 at 7:56 pm

        စက်ရုံပိုင်ရှင်က နိုင်ငံခြား မပို့ရလို့ အလုပ်သမားတွေ အလုပ် ပြုတ်မှာလည်း ထည့်တွေးဦးနော်။ မိသားစုက ရှိတာလေး ရောင်းပြီး နိုင်ငံခြား ပို့လိုက်ရတဲ့ အလုပ်သမားတွေ ရတဲ့ လခ မကိုက်လို့ ပြန်လာရရင် အိမ်ပျောက်မှာတို့ ဘာတို့ကောပေါ့။ အထည်ချုပ်ကလည်း မကိုက်လို့ ပြန်ပြေးရင် အလုပ်လက်မဲ့ ထပ်တိုးဦးမှာ။ တောင်သူတွေလည်း ကုန်တွေ ဈေးကျ ဝယ်မဲ့သူမရှိ်လို့ ခွက်ခွက်လန်နေတာလည်း ထည့်တွက်ပါဦးနော်။ ပုစွန်ထုတ် မစါးရလို့ လက်တော့ မဝယ်နိုင်လို့ ပြသနာ သိပ်မရှိပေမဲ့ တောင်သူတွေ မကိုက်လို့ ဘာမှ မစိုက်တော့မှ ငတ်ကုန်မှာနော်။ ကဲ …သေသေချာချာ ချက်ကျလက်ကျ ပြောတတ်တဲ့ သဂျီး၊ ဦးကြောင် ဝင်ရောက် ဆွေးနွေးပေးပါဦး။ ကျွန်မကတော့ သိပ်မသိလို့ သိသလောက်ပဲ ပြောတာပါ။

        • nayminn

          August 26, 2011 at 2:48 pm

          ငါးမွေးတဲ့သူတွေလည်း အော်နေပြီ တစ်ဒေါ်လာ=၉၀ဝကျပ်လောက်တုံးက( Export တန်းဝင် ငါးတစ်ပိသာ=၁၇၀၀-၁၈၀ဝကျပ်လောက်ရတယ်)အခု ၁၄၀၀-၁၅၀ဝကျပ်လောက်ပဲရတော့တယ်—ဒါပေမယ့် ငါးအစာဈေး။အလုပ်သမားစရိတ်။သယ်ယူပို့ဆောင်စရိတ် ကတော့မကျ အရင်အတိုင်း။

  • manawphyulay

    August 25, 2011 at 4:12 pm

    ဒီနေ့ဆို ၆၁၅ တဲ့လေ… ဈေးနှုန်းကလည်း ဒေါ်လာနဲ့ဝယ်ရတဲ့ပစ္စည်းတွေဆို ခုချိန်မှာ များများသာ ဝယ်ထားကြတော့နော်။ ရွှေဈေးကတော့ ၉ သိန်းထိ တက်မယ်လို့ ကြားနေရပါတယ်။ ဘယ်လိုတွေဖြစ်လာဦးမလဲ….

  • nature

    August 25, 2011 at 4:14 pm

    မြန်မာငွေဈေးမာလာတော့ SHOPPING ထွက်လို့ အကောင်းဆုံးပေါ့။

    • aung soe moe

      August 25, 2011 at 5:42 pm

      ဈေးချပေးဖို့ ပြောစရာအချိန် ယူနေတာပဲ ဖြစ်ပါစေ..မိန်းမတွေရှယ်ယာကိစ္စကြောင့်
      တော့ မဟုတ်ပါစေနဲ့ ။ဆန်ဈေးကလေးကို အရင်ပြောကြစို့ ပြည်ပပို့ဖို့မို့လားတော့ မသိ ပါ
      ပဲဈေးကျတော့ အားမနာဘူး ၃ ပုံ ၁ ပုံ လောက်ပဲ ပေးဝယ်နေကြတယ် အဲဒါတော့ မတရား
      လို့ လုံးဝကန့်ကွက်ကြသင့်တယ်။

  • good

    August 25, 2011 at 4:17 pm

    သူတည်းတယောက် ကောင်းရာ ရောက်ဖို့
    သူ တယောက်မှာ ပျက်လင့်သည်မှာ
    ဓမ္မတာတည်း။
    (စာချိုးမှန် မမှန် ပြင် ဖတ်ပေးပါ။)
    နောက်တခု က တဖက်ကမ်းပြို တဖက်သောင်ထွန်း တဲ့။
    မြန်မာ စာသားနဲ့ စကားပုံ တွေ ပါ။
    ဒါပေမဲ့ ခု ဒေါ်လာ ဈေး ကျတာ ဟာ သူဌေး တွေ လဲ ဘာ လုပ်ရမှန်း မသိ သလို၊
    ဝန်ထမ်းတွေ လဲ စိတ်သက်သာရာ မရ ပါဘူး။
    သေချာ တာ ပြောရ မယ် မြန်မာ ကျပ်ငွေ ကလဲ သေချာတဲ့ ခိုင်မာ မှု မရှိ လို့ ခု လို ဖြစ်တာပါ။

    • Harumoto

      August 25, 2011 at 4:56 pm

      သတ်မှတ်နှုန်း တခုဖြစ်သွားခဲ့မယ်ဆိုရင် အားလုံး အဆင်ပြေသွားမလားလို့…
      ခိုင်မာမှုပေါ့နော်..။

  • ပေါက်ဖော်

    August 25, 2011 at 4:37 pm

    Thursday
    August 25, 2011.

    From Singapore (SG PNSL Market Zone) to YGN,
    1 SGD: 580 Ks @SG Time 03:30PM

    From – eTm Broadcast (YGN),
    Offer Price @YGN Time 10:45AM
    1 USD: 725 Ks – 745 Ks
    1 FEC: 640 – 660 Ks
    Myanmar Gold 1 Tical: 686,000 Ks

    YGN Open Market Zone @YGN Time-12:20PM
    100 Ks: 0.86 – 0.87 (China Yuan)
    100 Ks: 4.00 – 3.98 (Thailand Baht)
    100 Ks: 10.75 – 10.638 (Bangladesh Taka)
    1 USD: 750 – 755 Ks
    1 FEC: 665 – 680 Ks
    Earning: 775 Ks
    1 SGD: 615 Ks
    Gold: 689,500 Ks (YGN) | 688,500 Ks (MDY)

    YGN Closed Market Zone @YGN Time – 2:45PM
    100 Ks: 0.868 – 0.87 (China Yuan)
    100 Ks: 4.02 – 4.0 (Thailand Baht)
    100 Ks: 10.75 – 10.638 (Bangladesh Taka)
    1 USD: 745 – 750 Ks
    1 FEC: 665 – 675 Ks
    Earning: 773 – 774 Ks
    1 SGD: 640 Ks
    Gold: 689,000 Ks (YGN) | 688,500 Ks (MDY)

    The rates may vary (+ / -) from time to time, T & C depending on exchange amount, market dealers ..etc, and are based on information supplied by leading market data contributors, SG PNSL – Myanmar Shops and YGN – eTm media broadcasting.

    ဒီနေ ့ ဒေါ်လှဈေး ပြန်တက်လာပါတယ်
    ဒေါ်လာဈေးကျနေပေမဲ့…လဲ ပြည်တွင်းဆိုင်တွေက မြန်မာငွေနဲ ့ပဲ ရောင်းတာ..
    ပြီးတော့…ငွေလဲနှုန်းကိုလဲ သူတို ့စိတ်ကြိုက်ပဲ တွက်ပြီး ယူသွားတာပဲဗျ

    • pan pan

      August 25, 2011 at 4:55 pm

      ကိုပေါက်ဖော်ပြောတဲ့ဈေးကတောင်များနေပါလား
      ကျွန်မတို့တော့ ကိုယ်တိုင်ရောင်းမယ်ဆို ဒီကနေ့ပေါက်ဈေးက
      FEC-645
      Dollar-730 ပါတဲ့ 🙁

  • စုံ စုံ

    August 25, 2011 at 4:47 pm

    ဟုတ်တယ် ဒီနေ့ဈေးပြန်တတ်ပါတယ် 750လို့ပြောတယ်
    ဒါပေမယ့် လုပ်ငန်းသုံးပစ္စည်းဝယ်တဲ့အခါဈေးတွေကအရင်
    ဒေါ်လာ 800ကျော်လောက်ကဈေးတွေဘဲဖြစ်နေတယ်
    သိသိသာသာချမပေးဘူး
    ကိုယ်ကကွန်ပလိန်းတက်တဲ့အခါကျတော့ ကုန်သည်တွေကအရင်
    ဒေါ်လာဈေးတက်တုန်းကဝယ်ခဲ့တာတွေမို့လို့
    အခုဒေါ်လာဈေးကျတော့လဲ လိုက်မချနိုင်ပါဘူးတဲ့လေ
    ဘာဘဲပြောပြော လောလောဆယ်ဒီလိုဈေးတွေကျနေတာ
    ဒေါ်လာစားတွေအဖို့ဘယ်လိုမှကိုအဆင်မပြေတာအသေအချာပါ 🙁

    • Harumoto

      August 25, 2011 at 5:02 pm

      တကယ်ဈေးဆက်ကျမယ်ဆိုရင် ကုန်သည်တွေက ဈေးမချဘဲ နေလို့မရပါဘူး။
      အရင်ဝယ်ပေမဲ့ နောက်ဝယ်ရင်နောက်ဈေး နဲ့ရောင်းတာပါ။သူမရောင်းလဲ တခြားလူရောင်းမှာပါ။
      good ပြောသလို ..သူတည်းတယောက် ကောင်းဘို့ရောက်မှု…ဆိုသလိုပေါ့ ဒေါ်လာစားတွေ သည်းခံသင့်ပါတယ်။

  • lovebelieve

    August 25, 2011 at 5:09 pm

    ဒေါ်လာ လဲမစားရ ဝင်ငွေလဲကောင်းကောင်းမရှိသေးတဲ့
    ကျွန်တော်တို့ အမိမြေက ပြည်သူတွေကု်ိတော့
    ကိုချင်းစား မိတယ် အဲ့ထဲမှာ
    ကျွန်တော်အပါအဝင်ပေါ့ …………..

    • Harumoto

      August 26, 2011 at 9:53 am

      အဲဒါတွေအတွက် ကြိုးစား ဖြေရှင်းဘို့ လုပ်နေတဲ့သူတွေ ရှိပါတယ်။
      သူတို့အောင်မြင်တဲ့အခါ အဆင်ပြေမှာပါ။
      တတ်နိုင်ရင် ကူညီပေးပေါ့။

  • aung soe moe

    August 25, 2011 at 5:18 pm

    ကျနော်တို့အစိုးရက သူဌေးတွေကို မှီခိုနေရတာပါ သူဌေးတွေကလည်း ဒီအစိုးရကို မှီခိုပြီး တော့ (တစ်နည်းတစ်နည်းတစ်ဖုံ) တိုးတက်လာခဲ့တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခဲ့ကြတာပါ..ဒါ့
    ကြောင့်ကုန်ဈေးနှုန်းက တက်ရန်ပြောစရာမလိုသော်လည်း …ကျရန်တော့ ပြောသူမရှိဖြစ်နေရပါတယ်။
    သွန်းကုန်သူဌေးတွေကို ဝိုင်းဝန်းသတိပေးကာ မရရင်တော့ ပညာပြသင့်ပါပြီ လုပ်လိုက်ကြပါစို့ လို့ လူစု
    လိုက်ပါရစေ…။ ညီညွတ်သောဒို့ မြန်မာ……အဖြစ် ပြောင်းလဲရင်း အမြတ်ကြီးစားတွေကို တော်လှန်ကာ
    တာဝန်သိကြပါစို့လား ဒို့မြန်မာ…..?

    • Harumoto

      August 26, 2011 at 10:04 am

      လုပ်နိုင်သူတွေ ပိုလုပ်ဖို့…
      မလုပ်သေးတဲ့သူတွေ စပြီးလုပ်ကြဖို့…
      မလုပ်နိုင်တဲ့သူတွေ က လုပ်နေတဲ့သူတွေကို အားပေးကြဖို့
      ကူညီကြပါ။

    • Foreign Resident

      August 26, 2011 at 1:25 pm

      – သွန်းကုန်သူဌေးတွေကို ဝိုင်းဝန်းသတိပေးကာ မရရင်တော့ ပညာပြသင့်ပါပြီ
      – အမြတ်ကြီးစားတွေကို တော်လှန်ကာ တာဝန်သိကြပါစို့လား

      Bad idea,
      Do you want to go back to stone age ?

  • xman

    August 25, 2011 at 5:21 pm

    တပြည်လုံးအတွက်ခြုံကြည့်ရင်တော့ လုပ်သာကိုင်သာတဲ့ နှုံးတခုမှာ တည်ငြိမ်နေတာကသာ ပိုကောင်းပါတယ်။
    ဒေါ်လာဈေးကျတိုင်း မြန်မာငွေနဲ့ပေးရတဲ့ အခွန်အခ ၊ ကုန်ကျစားရိတ်၊ ထုတ်လုပ်စားရိတ် ၊ ဝန်ထမ်းလစာ – စတာတွေက ဈေးမကျပါဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်ငန်းတွေ ခံသာတဲ့နှုံး၊ ကုန်သွယ်လုပ်ငန်းတွေ လည်ပတ်နိုင်တဲ့နှုံး မှာရှိနေသာတာပိုကောင်းပါတယ်။ အကြမ်းအားဖြင့် လူတချို့အမြင်အရတော့ တဒေါ်လာ ၈၀ဝ ကျပ်အထက်မှာ ရှိနေမှ လတ်တလော အဆင်ပြေမှာပါ။

  • soethuya7

    August 25, 2011 at 6:09 pm

    ဒေါ်လာဈေးကျလဲ ဘာမှမထူးပါဘူး လူတွေက ဒေါ်လာဈေးကျရင် မြန်မာငွေနဲ့ရောင်းတယ် ဒေါ်လာဈေးတတ်
    ရင် ဒေါ်လာနဲ့ရောင်းတယ် ဘာမှမထူးပါဘူးဗျာ…..

  • KoNyeinChan

    August 25, 2011 at 6:57 pm

    စောစောက ငွေဈေးမေးကြည့်တော့ တစ်ရင်းဂစ် ကို ၂၂၆ ကျပ်တဲ့.. သေပြီဆရာ..
    အရင်တုန်းကဆို ပိုက်ပိုက်တစ်သိန်းကို ရင်းဂစ် ၃၀ဝလောက်ဘဲကျတယ်.. မိဘတွေဆီလွှဲရတာလည်း ကိုယ့်ဝင်ငွေလေးနဲ ့ အဆင်ပြေတယ်.. ခုတော့….!!!! နိုင်ငံခြားမှာအလုပ်လုပ်ပြီး မြန်မာပြည်ကို ပြန်ပို ့နေသူတွေတိုင်း အနည်းနဲ ့အများစိတ်ညစ်ကြမှာဘဲ.. မြန်မာပြည်ကုန်ဈေးနှုန်းကလည်း ကြီး.. ပို ့တဲ့ငွေလေးကလည်း မစို ့မပို ့… ဘာတွေဖြစ်လာဦးမယ်မသိသေးဘူး.. ဟူးးးးးးးးးးးး

  • naywoonni

    August 25, 2011 at 7:42 pm

    ကုန်ပစ္စည်း ဈေးနှုန်း ကဖို့က ဒေါ်လာဈေးနဲ့ တိုက်ရိုက်ပတ်သက်ပုံမရပါဘူး…။ လူသုံးကုန်ပစ္စည်း အများစုနဲ့ စားသောက်ကုန်ပစ္စည်းအများစုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ဘတ်နဲ့ ယွန် ဈေးကျမှ ဖြစ်မယ်နဲ့ တူတယ်..။ ဘတ်နဲ့ ယွန် ဈေးကျလို့မှ အဲဒိကုန်ပစ္စည်းတွေ ဈေးမရသေးဘူးဆိုရင်တော့ အဲဒိဈေးသည် ရိုက်သတ်ပစ်ဖို့ပဲရှိတော့တယ်…..။

  • Lu Ka Lay

    August 25, 2011 at 8:08 pm

    နိုင်ငံတော်က ဘာလုပ်ချင်လဲဆိုရင် တစ်ဦးချင်းရဲ့ အသားတင်ဝင်ငွေ GDP လားမသိဘူးခေါ်တာ အဲ့ဒါကို မြှင့်ချင်နေတာပါ။
    အရင် ၅ သောင်းနှင့် အလုပ်ဝင်နေတဲ့လူ ၁၀၀ဝ ဈေးတုန်းက ဒေါ်လာ ၅ဝ ဘဲ ရတယ်။ အခု ၆၀ဝ လောက်ကျတော့ ဒေါ်လာ ၉ဝ ပတ်ချာလည် နားရောက်လာပြီ။ အကယ်၍ ၁ ဒေါ်လာ တန်ဖိုး ၅၀ဝ ဆိုရင် ဒီမှာ မြန်မာငွေ ၅ သောင်းနဲ့ အလုပ်လုပ်နေတဲ့လူတွေဟာ တစ်လ ဒေါ်လာ ၁၀ဝ ရတော့မှာပါ။ 🙂

    နိုင်ငံခြားမှာက ဒီဝင်ငွေအချိုးနဲ့ဘဲ နှိုင်းယှဉ်တော့ အစိုးရကလည်း ဒီဟာ လိုက်လုပ်တာနေမှာပေါ့ဗျာ။ တစ်ခြားအများကြီး ပြောစရာ ရှိတယ်။ ဒါပေမယ့် ပွိုင့်ပိုတက်အောင်လို့ နောက်မှ post တင်မယ်နော် 😛

    • Harumoto

      August 26, 2011 at 10:16 am

      post တင်ပေး ပါ။ကျွန်တော်တို့ လဲ သိသလောက်နဲ့ ပြောနေရတာဆိုတော့
      သိတဲ့လူတွေ ဝင်ပြောပေးတော့ ဗဟုသုတ ပိုရတာပေါ့။ ကျေးဇူးပါ။

    • မီးမီး သော်

      August 26, 2011 at 2:56 pm

      လူကလေး တယ်စွမ်းပါလား။GDP ရယ် GNP ရယ်တွက်တဲ့ ပုံသေနည်းနဲ ့တော့ ပို ့စ်မတင်ဖို ့တောင်းပန်ပါရစေ။ဘာလို ့လဲ ဆိုတော့ ပုံသေနည်း ကစာအုပ်ထဲမှာဘဲရှိပြီးတော့ လက်တွေ ့မှာ ရသုံးမှန်းခြေငွေစာရင်းတွေ ကသန်းရွှေနှင့်အပေါင်းအပါများ ဖင်ခုထိုင်ထားလို ့ပါ။

  • Atom

    August 25, 2011 at 9:22 pm

    ငွေလဲနှုန်း ဆိုတာက ကျတာ တက်တာ ထက်ငြိမ်နေဖို ့က အရေးကြီးတာ။ နှုန်းတစ်ခု မှာ ကြာကြာငြိမ်နေမှ စီးပွားရေးတွေလဲ တည်ငြိမ် လာမှာပေါ့။ ဒါကြောင့် နိုင်ငံ ရဲ ့စီးပွားရေးကို ထိန်းကွပ်တဲ့နေရာမှာ ငွေလဲနှုန်းတည်ငြိမ်ရေးကို အမြဲစဉ်းစားနေကြတာပေါ့။ စီးပွားကောင်းတဲ့နိုင်ငံတွေကိုလေ့လာ ကြည့်ရင် ငွေလဲနှုန်းအပြောင်းအလဲကို ၃ % ကနေ ၅% ထဲမှာပဲ ပြောင်းလဲမှုထိန်းထားတာ။ မြန်မာ နိုင်ငံမှာတော့ ငွေလဲနှုန်းက မငြိမ်တော့ သွင်းကုန် တွေကို ကျဈေးနဲ့ ဝယ်သွင်းလဲ ဘယ်တော့ ပြန်တက်မလဲဆိုတဲ့ မရေရာ မှုတွေကြောင့် ဈေး မလျှော့ပေးကြသေးဘူး။ တစ်ချို ့ ပစ္စည်းဆိုရင် ဈေးတောင်ပိုတက်လာသေးတယ်။ ကွန်ပြူတာပစ္စည်း ဆိုတာက တော့ လပိုင်း အတွင်းအသစ် ပေါ်တတ်တဲ့ပစ္စည်းဆိုတော့ ဈေးကျမှာပေါ့။ မရောင်းရရင် နောက်ပေါ်တဲ့ပုံစံသစ် တင်ဖို ့ခက်တာပေါ့။
    ငွေလဲနှုန်းတည်ငြိမ် မှု ရှိလာရင်တော့ ဈေးကွက်ယှဉ်ပြိုင်မှု အရ မလျှော့ လို ့မရတော့ဘူး။ ကုန်သည် ရဲ့ သဘော ကတော့ များများ မြတ် လေကြိုက်လေပဲ။ မလျှော့ ရင် ရှုံးတော့ မယ် ဆိုမှသာ လျှော့ကြမှာ။ ငွေလဲနှုန်း အတက်အကျ မြန် တဲ့ အချိန်က တော့ လောင်း ကစားဆန်ဆန် စီးပွားလုပ်တဲ့သူတွေ အတွက် အကြိုက်တွေ ့မယ်ထင်တယ်။ Hit and run စီးပွားရေးလုပ်ပေါ့။ အခန် ့မသင့်တော့ ရှိတာကုန်ရော။

    • Harumoto

      August 26, 2011 at 10:19 am

      ငွေဈေးကြောင့် ပို့ကုန် တင်ပို့တဲ့ အပိုင်းမှာလည်း အခက်အခဲ အများကြီးရှိ မှာပေါ့နော်။

  • kontwins

    August 26, 2011 at 11:25 am

    ဈေးကျပြီ
    အခွန်တွေနည်းလာရင်ကောင်းပါတယ်
    နိုင်ငံခြားက လခစားတော့ မကိုက်ဘူးပေါ့
    မြန်မာနိုင်က လူတွေအတွက်တော့ ကောင်းတာပေါ့

  • etone

    August 26, 2011 at 12:18 pm

    ဒေါ်လာဈေးကျလို့ .. ဒေါ်လာနဲ့ကျပ်တန်ဖိုး အညီညှိပေးရတဲ့ ကုန်ပစ္စည်း ဈေးသက်သာမယ်ထင်လား .. ဝေးသေးတယ် … ။ ဟိုးတလောက ထရိတ်ဒါးမှာ ဘူဖေး ဆယ့်ခြောက်ဒေါ်လာပဲ ကုန်ခဲ့တယ် …. အဲ့ဒီတုန်းက တဒေါ်လာ ကိုးရာသာသာ … အခုစားမလို့ အင်ကွာရီအရင်လုပ်တာ … နှစ်ဆယ့်သုံးဒေါ်လာဖြစ်သွားပြီတဲ့လေ … အဲ့လိုလေးတွေ လိုတိုးပိုလျှော့ လုပ်လုပ်နေကြတာ … ။ 🙁

    • kai

      August 26, 2011 at 2:38 pm

      ဘူဖေး ၂၃ ဒေါ်လာဆို.. ကျုပ်တို့ဆီမှာတော့.. ပုဇွန်ဂဏန်းအပြင်.. လော့ဘ်စတာပါ… စားလို့ရနေပြီ…။
      သာမန်ဘူဖေးဈေးက.. ၁၅-၂ဝဒေါ်လာပဲ..။

      • nayminn

        August 26, 2011 at 2:57 pm

        Thailand ( မဟာချိုင် ဧရိယာ) မှာ BBQ – Seafood ဘူဖေး ( baht 150~200) အမုန်းဆွဲပြီး ဗုန်းကျဲ။

      • etone

        August 26, 2011 at 3:04 pm

        သဂျီးတို့ ဌာနေနဲ့ ယဉ်ပေါင်တန်း နိုင်တဲ့ … မြန်မာ့ ကုန်ဈေးနှုန်း ကွ … 😀 😀 😀

        • pan pan

          August 26, 2011 at 3:31 pm

          မြန်မာနိုင်ငံကဝင်ငွေနဲ့ USကကုန်ဈေးနှုန်းနဲ့တော့ ဟုတ်နေပါပြီ 😛 😀 😀

        • Foreign Resident

          August 27, 2011 at 5:40 pm

          That’s why, I already said somewhere in MG.
          Myanmar commodity prices are more expensive than Thailand &
          same like Singapore.

          ” ဒီနေ့မြန်မာနိူင်ငံရဲ့ ကုန်ဈေးနှုန်းဟာ ပြည်တွင်းထွက်ကုန်က လွဲရင် ကျန်တဲ့ အရာများက စကာင်္ပူထက် ဈေးကြီးနေပါပြီ ”
          I don’t know why.
          What a pity Myanmar people.

          In Sydney, normal Buffet price is around 15 A$.
          Some Buffet restaurants have more & better dishes than Trader Hotel.
          The only thing, Trader Hotel is better, is cakes.

          But, it was in normal Chinese restaurant &
          If you go to the hotel equivalent to Trader,
          then, it will ask at least 50 to 100 A$ for buffet dinner.

          FYI, Buffet “breakfast” is better in Sedona than Trader.

          By the way, I will never forget the buffet in Singapore,
          ( it included Durian & Lobsters & it costed only 40S$ per head )
          It can be said cheap for Lobster buffet, yummy, I love it.

  • Thanlwinoo

    August 26, 2011 at 2:37 pm

    နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစည်းတန်ဖိုးကျပေမယ့် ပြည်တွင်းထုတ်ကုန်တွေ ဈေးမကျပါဘူး..။
    ကုန်ထုတ်လုပ်မှုစရိတ်တွေများနေပြီး လုပ်ငန်းများရှင်သန်ရပ်တည်ဖို့ ခက်ခဲ့ပါတယ်..။
    အဓိကစားကုန် ဆန် ဈေးမကျ၊ အိမ်ခြံမြေဈေးနှုန်းတွေမကျလို့ အခြေခံလူတန်းစားများနဲ့ လူလတ်တန်းစားများ ကြပ်တည်းမြဲ ဖြစ်ပါတယ်..။

Leave a Reply