မိဘများသို့ ဂါရဝပြုလျက်

manawphyulayAugust 25, 20111min1297

အဖေနဲ့ အမေ
အကျိုးတော်ဆောင်
လောကဘောင်မှာ
ရင်ဝယ်ပျိုးလောင်း
မေတ္တာဆောင်းကာ
ဒုက္ခလည်းချို
သောကလည်းပျော်
ဝေဒနာတွေ
အဖော်ပြုလို့
ကျွန်မတို့မောင်နှမတွေအတွက်
ဘဝတွေပေးခဲ့တယ်နော်
ကျေးဇူးပါ
အဖေနဲ့အမေ
လက်မငယ်မှ
လက်သန်းသွယ်
ကျန်အဖော်တွေ
မောင်နှမချည်းပဲ
ဘယ်ညီမ ဘယ်မောင်
ဖေမေတို့ဆီမှာ
နားလည်မှုလွဲ
မစာနာခဲ့လည်း
ဘယ်ချိန်ဘယ်မဆို
ရော့ဖေမေ
တစ်ပြားတစ်ချပ်
မပေးနိုင်လဲ
စိတ်ထဲအမြဲ
ဖေမေ စိတ်ချမ်းသာဖို့အရေး
သမီး တွေးတောမြဲပါ
အဖေနဲ့ အမေရယ်……
ရေးသားသူ – မနောဖြူလေး (ရင်တွင်းခံစားသီဖွဲ့သည်။)

7 comments

  • မီးမီး သော်

    August 25, 2011 at 2:11 pm

    မမ မနောရေ ကဗျာလေးကောင်းလို ့ကူးယူခွင့်ပြ ုပါနော်။ပြန်လဲအစားထိုးမရနိုင်၊ငွေနဲ ့ဝယ်လို ့မရနိုင်တဲ့ အချိန်နဲ ့မိဘ ကို ထာဝရလေးစားလျှက်ပါ—

  • ရွှေအိမ်စည်

    August 25, 2011 at 2:20 pm

    ရော့ဖေမေ
    တစ်ပြားတစ်ချပ်
    မပေးနိုင်လဲ
    စိတ်ထဲအမြဲ
    ဖေမေ စိတ်ချမ်းသာဖို့အရေး
    သမီး တွေးတောမြဲပါ….

    ဆန်ရေတော့စီးတော့စီးတယ်….ရေမပါဘူးဖြစ်နေမယ်…
    တို ့အဖေဆိုတီးမှာ…..

  • ရွှေအိမ်စည်

    August 25, 2011 at 2:21 pm

    ရော့ဖေမေ
    တစ်ပြားတစ်ချပ်
    မပေးနိုင်လဲ
    စိတ်ထဲအမြဲ
    ဖေမေ စိတ်ချမ်းသာဖို့အရေး
    သမီး တွေးတောမြဲပါ….

    ဆန်ရေတော့စီးတော့စီးတယ်….ရေမပါဘူးဖြစ်နေမယ်…
    တို ့အဖေဆိုတီးမှာ…..တော့မဟုတ်ဘူးပေါ့…..

  • lovebelieve

    August 25, 2011 at 5:11 pm

    စိတ်ထဲမှာ တခါဖတ်မိတာနဲ့ကို
    မွေးဖေမွေးမေတိုးကို
    ပြန်တမ်းတမိရင်း
    ကိုယ့်ကိုယ်ကို
    လွမ်းမောမိပါတယ်

  • zawthulay

    August 25, 2011 at 5:25 pm

    မိုက်တယ်ကွာ… မမ မနောတို့က ကဗျာလည်း စပ်တတ်၊အဟောအပြောကလည်းရ မမရေ နောက်ထပ် ချစ်သူနဲ့သက်ဆိုင်တဲ့ ကဗျာလေးတွေ တင်ပေးရင်ကောင်းမယ်နော်

  • ရွှေခဲမောင်

    August 25, 2011 at 6:23 pm

    သားသမီးတိုင်း မိဘတွေ အပေါ်မှာ ထပ်တူတုံ့ပြန်နိုင်ကြပါစေ။

  • pisikway

    August 26, 2011 at 11:27 am

    ကောင်းလိုက်တာ မနောလေးရေ။ မိဘကိုစိတ်ချမ်းသာအောင်ထားခွင့်ရတာ အင်မတန်ကံကောင်းတာပေါ့။ အန်ကယ်ကြီးတစ်ယောက်ပြောဖူးတာပါ။ သူကသူ့အမေကိုအရမ်းဂရုစိုက်တော့ အမတို့က အဘွားအရမ်းကံကောင်းတာပဲပြောတာကို အန်ကယ်ကြီးက ပြန်ပြောတာ။ ဟ ငါကပိုကံကောင်းတာတဲ့ အမေ့ကိုစိတ်ချမ်းသာအောင် ထားခွင့်ရလိုု့တဲ့။

Leave a Reply