ရန်ကုန်မှာလိုင်းကားတွေကိုတစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် အရမ်းမမောင်းကြဖို့ ခရီးသည်တွေကို ကျေးဇူးရှင်တွေ ထမင်းရှင်တွေလိုသဘောထားကြဖို့ စည်းကမ်းတွေအများကြီးကို ထုက်ပြန်ထားပါတယ် … လိုက်နာတဲ့ သူတွေအရမ်းရှားပါတယ် .. နှစ်ပေါင်းကြာညောင်းပေမယ့် မပြောင်းလဲတာက အမူအကျင့်ပါ … ပြုပြင်လို့မရတော့ဘူးလား …. ကားတွေမှာဆို စာတွေကပ်ထားတာ အများကြီးပဲ … တစ်ခုမှလိုက်နာတာမရှိဘူး … ပိုက်ဆံလည်း ပုံမုန်မကောက်ဘူး …. ၀မ်းရေးအတွက်လှုပ်ရှားနေကြတဲ့ သူတွေပါပဲ .. ကိုယ်ချင်းစာနာကြပါ …. အရမ်းမောင်းတဲ့ ဒရိုင်ဘာ …. ကားတစ်စီးလုံးမှာ သူကအဓိက သူပြီးမှ ပြီးရတာ ရပ်ချင်တဲ့ နေရာမှာ ရပ်တယ် … မောင်းချင်သလိုမောင်းတယ် … ဦးစားပေးဆိုတာမရှိ ဦးသူစားပဲရှိတယ် …. သူတို့က ကားမောင်းနေတာနဲ့မတူဘူး  ဦးကျော်သူ ဆီပို့နေတာနဲ့တူတယ် …. ရန်ကုန်ကကားသမားတွေရဲ့စိတ်ဓာက်တွေဟာ ဘေ့ဘော ကစားနေတဲ့ ကစားသမားတွေနဲ့တူတယ် … အတင်းတိုး အတင်းဝင် အတင်းတိုက် အတင်းတင် အတင်းချ …. ပြောရမယ်တိုရင်တော့ အတင်းတွေများကုန်တော့မယ် … ကားတွေရှုပ်ရင် ဆဲသေးတယ် .. ရှေ့ကကားက မမောင်းဘူးဆိုရင်လည်း နောက်ကနေ ဟွန်းတီး လီဗာတင် အနားကနေ ပွက်ဆွဲတာ … ကားဆီးရတာ လှည်းစီးရတာထက်ကို ဆိုးတယ် … ကားမောင်းရင်း ရေသောက်တယ် … ဆေးလိပ် …. ကွမ်း စားတယ် .. အရက်တောင် သောက်လားမသိဘူး ….တော်တော်ကြောက်ဖို့ကောင်းတယ် … ပြုပြင်ကြပါ …

စပယ်ယာ …. သူကနောက်ခန်းမှာ ဆရာတစ်ပါးပါ … အချောင်ကြီးပါ နောက်ကိုဝင်ပါ … ကိုယ်ချင်းစာပါ .. ကျွန်တော်ဝင်ပြရမလား … ပြောနေရင်ရနော် … ဒါတွေတွင်မက နောက်မှအသံသွင်းပြီး ဖွင့်ပြမယ် … သူကကျတော့  အတင်းဆွဲ အတင်းတင် အတင်းတွန်း အတင်းချ သူလည်း အတင်းတွေထဲမှာပါတယ် … ချိုချိုသာသာပြောတဲ့ စပယ်ယာ ဆိုတာ ရှားတယ် .. မယုံရင်လိုင်းကားတွေ စီးကြည့် …. ကျွန်တော်တို့ကလူတွေပါဗျာ ဂေါ်လီလုံးလေးတွေမဟုတ်ပါဘူး… သနားကြပါ .. စာနာကြပါ … သူတို့ကပြောတော့ ခရီးသည်တွေက ထမင်းရှင်တွေပါတဲ့ …… သူတို့ကကျေးဇူးမတင်တဲ့အပြင် ခရီးသည်တွေက ပြန်ပြီးတော့  မေတ္တာတွေပို့ရ အခုလိုအိမ်ကို အသက်ရှင်အောင် ပြန်ပို့ပေးတဲ့ အတွက် ပြန်ပြီးတော့ ကျေးဇူးတင်ပါတယ်ဗျာတဲ့ . …….. နေရာတောင်မရသေးဘူး လက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ် ….. ကိုယ်အသိလေးနဲ့ကိုယ်ပေးကြနော်တဲ့ …. ဆက်ပြောရင် အိမ်ကိုပြန်ရမှာမဟုတ်ဘူး …. လမ်းအကြောင်းပြောမယ် … ဆိုးလိုက်တဲ့လမ်း မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းကြီး ယခုဒုတိယမြို့တော်ကြီးကလမ်းတွေ ကျင်းတွေ ဂျိုင့်တွေနဲ့ အရမ်းကို အမြင်လည်းဆိုး အသွားလည်းဆိုး ကားတွေလည်းစုက်ပြက်ကုန်တာပေါ့ … ပြင်လိုက်တဲ့ လမ်း မအားတဲ့စည်ပင် ဘယ်တွေသွားပြီး ဘာတွေလုပ်နေကြတာလဲ … မြို့လူကြီးတွေ တစ်ခါတစ်လေ မြို့တစ်ပါက်လောက် အပျင်းအပြေ ကားလေး လျှောက်မောင်းကြည့်ကြပါလား …. လူကြီးတွေကသွားရင် မြို့လယ်ခေါင် စီးတဲ့ကားကြီးက အကောင်းစားကြီး ပင်ပန်းဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလည်း တစ်ချက်လေးစောင့်ငဲ့ကြည့်ဦး ………………………

အပို …………………..  တက္ကစီသမားတွေ ပြောတော့မီတာ တပ်တော့ထားပါတယ် …အပိုတွေပါ .. ယူချင်သလိုယူတယ် မောင်းချင်တဲ့လမ်းကမောင်းတယ် … မသိရင်နှပ်တယ် ….. လမ်းတွေပက်မောင်း ပိုက်ဆံပိုတောင်း ခေတ်ကပျက်နေပြီ ရရင်အမြတ် မရရင်အရင်းပေါ့ အာပဲရင်းရတာ ဘာမောတာမှတ်လို့ …. ရန်ကုန်ကအများစုပါ … ကောင်းတဲ့သူတွေလည်းရှိကြပါသေးတယ် … သူတို့စီးပွားရေး စားဝတ်နေရေး ပျက်စီးသွားမှာစိုးလို့ ဖုန်းဆက်မတိုင်တာ …. တိုင်ရင်ကော အရေးယူမှာလား … လမ်းတွေမှာ ဖမ်းနေတဲ့လူတွေတော့ရှိတယ် … ဘာတွေဖမ်းလည်း တော့မသိဘူး …….. လူကြီးကိုယ်တိုင် ကိုယ်ကျပဲ လိုင်းကားတိုးစီးပြီးတော့ တစ်ခါတည်း ဖမ်းလိုက်တော့ …… မြန်မာပြည်ကြီးတိုးတက်ပါစေ …..လူအချင်းချင်းနှိပ်စက်ခြင်း ကင်းဝင်းကြပါစေ ………………..

About thihayarzar

thiha yarzar has written 76 post in this Website..