မြန်မာပြည်ပညာရေး နှင့် ကလေးများ အခြေအနေ

thihayarzarAugust 25, 20111min1199

ကျွန်တော်တို့မြန်မာနိုင်ငံမှာ သမ္မတ အသစ်တက်ရောက်တော့ အကျဉ်းသားတွေကို တစ်နှစ်လျှော့ပေးတယ် လွှက်ပေးတဲ့သူတွေအများကြီးပါ … ကျန်တွေအများကြီးပါ … မြန်မာနိုင်ငံပညာရေးမှာ ငွေရှိမှ ပညာရ မလိုဖြစ်နေပါတယ် … သူငယ်တန်း အခမဲ့ လိုပြောပေမယ့် တကယ်တန်းတော့ အပြောသာရှိပါတယ် …. ကျောင်းသွားအပ်တဲ့ မိဘတိုင်း ပိုက်ဆံမပေးခဲ့ရတဲ့ မိဘရယ်လို့မရှိပါဘူး …. ကျောင်းရန်ပုံငွေတွေတောင်း ဘယ်နားတွေသွားသုံးလဲ ….. ကျောင်းကြီးတွေကလည်း စုက်ပြက်နေကြတာ အမှိုက်တွေကလည်း အများကြီး သန့်ရှင်းရေးလည်း မဌား ကိုယ်တိုင်လည်း မလုပ် ….. ကျောင်းသားတွေကို သန့်ရှင်းရေးအချိန်ဆိုပျော်နေကြတာ … စာမှမသင်ရတာ ….သန့်ရှင်းရေးလည်း မလုပ် …. အဲဒီအချိန်ဆိုကျောင်းကလစ်သေးတယ် …. မူလတန်းကို အခမဲ့ပြုလုပ်ပြီး မြို့နယ်အလိုက် သေသေချာချာ ကြပ်မတ်သင့်တယ်…. မိဘတွေကလည်း စားဝတ်နေရေး မပြေလည်တော့ ကျောင်းမထားနိုင် ဝင်ငွေရအောင် အလုပ်တွေလုပ်ခိုင်း အမှိုက်ကောက် … စားပွဲထိုး …. ပိုက်ဆံရရင် အကုန်လုပ်တယ် …. တစ်ချို့ဆို လူကုန်ကူးခံသေးတယ် … ကျောင်းမှာနေရင် အသိတွေရှိလာမယ်လေ …. အရွယ်နဲ့မလိုက်အောင် ရုံးကန်နေကြရတာ … သူများနိုင်ငံမှာကလေးတွေ ကွန်ပျူတာကိုင်ချိန်မှာ ကျွန်တော်တို့နိုင်ငံကကလေးတွေက အမှိုက်ကောက်နေရတယ် …. စားပွဲထိုးနေရတယ် …. ကျောင်းမတက်တော့ အသိမရှိ လုပ်ချင်ရာလုပ် လုပ်မိရာလုပ်ကြတော့ အနာဂတ်အတွက် လူကောင်းမဖြစ်ပဲ လူဆိုးကလေးတွေ ဖြစ်ကုန်ကြတာပေါ့… အများစုပါ မြို့တွေမှာပိုဆိုးတယ် … နယ်တွေမှာက မရှိ ရှိတာလေးနဲ့ကျောင်းထားကြတယ် …. ငါ့သား ငါ့သမီးလေး ငါ့လို မဆင်းရဲပါစေနဲ့ ဆိုပြီး မဖြစ်ဖြစ်အောင် ကျောင်းထားကြတယ် … မြို့ပေါ်က ကလေးတွေ မိုးလင်းရင်ပျောက်သွား ညမိုးချုပ်မှ ပြန်ပေါ်လာ ကြတာ ….. ကိုယ်လုပ်မှကိုယ်စားရမှာလေ…. မိဘတွေကလည်း မတက်နိုင်ဘူးလေ ….လ္ဘက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေမှာကလေးတွေကိုပဲ အလုပ်ခန့်တယ် … ပိုက်ဆံလည်း ပေးရတာနည်းတယ် …. အော်ငေါက်ပြီးတော့ခိုင်းလို့လည်းရတယ် ခိုင်းလို့လည်း ကောင်းတယ် … မကျေနပ်ရင်ရိုက်လို့တောင်ရတယ် …..သနားစရာပါ … မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ဧည့်သည်တွေလာရင် ကလေးတွေအများကြီး ဝိုင်းအုံ ပြီး စကားပြော  ပစ္စည်းရောင်း အတင်းကိုဆွဲ နေကြတာ လူမြင်လို့မကောင်းပါဘူး …. ရန်ကုန်မြို့ သန်လျင်ရေလယ်ကျောက်တန်းမှာ ကလေးတွေအများကြီးပဲ … လှေလှော်တယ် … လှေဆွဲတယ် … နိုင်ငံခြားသား ဧည့်သည်တွေလာရင် မိဘတွေထက်တောင် ရိုသေသေးတယ် …. လှေပေါ်တက်ရင် ခြေထောက်ကို အဝတ်နဲ့ သုပ်ပေးနေကြတာ နှစ်ယောက်သုံးယောက် ဝိုင်းပြီးတော့ လုပြီးသုတ်နေကြတာ … သူတို့မှာလည်း မျှော်လင့်ချက်နဲ့ပေါ့ … နောက်ဆုံးတော့ သူတို့ရလိုက်တာ တစ်ယောက်မှ ငါးဆယ်ကျပ် ဆီပဲ မုန့်ဖိုးရတယ် …. သူတို့ဒီလိုလုပ်လို့ ဘယ်လောက်မှမရဘူး … နိုင်ငံလည်း သိက္ခာကျတယ် … လုယက်နေရင် နောက်နောင် ဘယ်လိုလာမလဲ … သူများတွေကို ဘယ်လိုဆွဲခေါ်မလဲ …… မြန်မာပြည်ကြီးတိုးတက်ပါစေ ….. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ……

9 comments

  • pan pan

    August 25, 2011 at 3:06 pm

    သူ့များနိုင်ငံ ကျွန်သွားခံရလို့အားမရဘူး
    ကိုယ်နိုင်ငံမှာပါ သူများကျွန်ခံနေရပါလား
    ကိုယ်တိုင်လည်း ဘာမှမထူးပါဘူး (အဲလိုကလေးတွေလို ဖြစ်နေသလားလို့)
    ဟူးးးးးးးးးးးးးးးး 😥

  • ရွှေအိမ်စည်

    August 25, 2011 at 4:18 pm

    ဒါတကယ်တော့အရေးကြီးဆုံးဆိုတာ…ခင်ဗျားသိတယ်..၊ကျွန်တော်သိတယ်..။
    တော်တော်များများလူတိုင်းနီးပါသိကြပါတယ်..။

    ပညာရေးဝန်ကြီး ဆီရောက်ဖို ့နည်းဘဲရှိတယ်..
    သို ့သော်…..မိဘတွေကိုယ်တိုင်ကဝမ်းရေးရှိနေပြန်ရောဗျာ….
    သူတောင်းစားတောင်..ကလေးအဌားရှိတယ်….
    လူတိုင်းမှာတော့တာဝန်ရှိပါတယ်…
    ပြုပြင်ပြောင်းလဲရေးဆိုတာကလည်း…..
    မိုက်ရှူးရဲဆန်မှရတယ်….
    ဘယ်လောက်ဘဲပြင်ပြင်……လက်မခံတာကဆိုးတယ်…
    လမ်းဟောင်းဘဲ လိုက်တတ်ကြပါတယ်…….။
    အေးဗျာ….
    (လ္ဘက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေမှာကလေးတွေကိုပဲ အလုပ်ခန့်တယ် … ပိုက်ဆံလည်း ပေးရတာနည်းတယ် …. အော်ငေါက်ပြီးတော့ခိုင်းလို့လည်းရတယ် ခိုင်းလို့လည်း ကောင်းတယ် … မကျေနပ်ရင်ရိုက်လို့တောင်ရတယ်)

    အဲ ့သလိုတခါကြုံဘူးတယ်…ကုဋေကြွယ်လက်ဘက်ရည်ဆိုင်မှာဩဘာလမ်းထိပ်ကပေါ့
    မနေနိုင်ဘူး..ကိုယ်တွေ က…ကိုယ်ဝင်ပါမိတာ…..
    ကျွန်နော်ပြောတာမှန်နေတော့…..
    ..နောက့်နေ ့ကလေး(စားပွဲထိုးကောင်လေး)မတွေ ့တော့မေးကြည့်တာ

    .ကလေးကိုအလုပ်ထုပ်ပစ်လိုက်တယ်ဗျာ…….

    ကိုယ့်ကြောင့်စိတ်မကောင်းတာ..

    တော်ပြီဗျာ…ဘယ်သူကိုမှအပြစ်မတင်ချင်တော့ဘူး…

    ကိုယ့်ဘာသာဘဲတင်မိတယ်…….

    • Foreign Resident

      August 26, 2011 at 5:04 pm

      “ပညာရေးဝန်ကြီး ဆီရောက်ဖို ့နည်းဘဲရှိတယ်.”

      ပညာရေးဝန်ကြီး can do nothing.
      ပညာရေးဝန်ကြီး have no money.
      We don’t have enough Budget for ပညာရေး & ကျန်းမာရေး & etc
      Our country is very poor.
      Our people are very poor.

      My fellow villager,
      don’t expect too much & too high.
      Don’t forget, we are poor country.
      Be realistic.

      ” မြန်မာတနိုင်ငံလုံး တနှစ်စာအတွက် ကျန်းမာရေး အသုံးစရိတ်လိုအပ်ချက်၏
      ၄ဝ ရာခိုင်နှုန်း ကျော်သာ ရရှိခြင်းကြောင့် အစိုးရဆေးရုံများတွင် ဆေးဝါးမလုံလောက်မှုဖြစ်ပေါ်နေရကြောင်း အင်္ဂါနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမတ်တဦး၏ အမေးကို
      ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြား သွားသည်။ ”

      ” ဘတ်ဂျတ် (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅ဝ ဘီလျံ ဖြစ်နေသည်။ “

  • MaMa

    August 26, 2011 at 8:03 pm

    Dear Foreign Resident!
    Our country is very poor.
    Our people are very poor.

    But some are millionaires!

  • unclegyi1974

    August 26, 2011 at 10:12 pm

    ပညာရေးအတွက်သုံးတဲ့ငွေကဘယ်လောက်တုန်း
    ကျောင်းတွေမှာဘယ်လောက်ရလို့တုန်း
    ဒီကြားထဲကျောင်းဖွင့်ချိန်ဘာကြေးညာကြေးမကောက်ရ
    ဘယ်ကပိုက်ပို်က်နဲ့ရှိတဲ့အဆောက်အဦးတွေပြင်တာတိုးချဲ့တာလုပ်မတုန်း
    နောက်ဆုံးတော့တနည်းနည်းနဲ့ငွေကောက်ခံတယ်ဆိုတာဖြစ်ရတာပါပဲ
    ပြင်ဖို့ကအကုန်ပြင်ရမှာဟိုးထိပ်ကဟ်ိုးအောက်ထိ

  • မီးမီး သော်

    August 26, 2011 at 11:03 pm

    အင်း ပြောရင်းနဲ ့တောင်စိတ်ကုန်လာပီ။ဘာ့အတွက်ကြောင့်များခုလောက် ထိလက်တွေ ့ဆန်တဲ့အလုပ်ကို လုပ်ချင်စိတ်မရှိရတာပါလိမ့်။သူတို ့ကိုယ်တိုင် ကကို မသိချင်ယောင်ဆောင်နေတယ်များလား။တိုင်းပြည်တော့တနေ ့လေလံပွဲတင်ရတော့မယ်

  • Don Juan Ronald

    August 27, 2011 at 1:02 am

    အားလုံးပျက်နေတော့ဘယ်ကနေစပြင်ရမှာလည်း???
    သူတို ့လည်းဦးဏှောက်ချောက်နေတယ်။
    သနားဖို ့ကောင်းတယ်။

    • Foreign Resident

      August 27, 2011 at 5:52 pm

      ဘယ်ကနေစပြင်ရမှာလည်း = Government

  • Don Juan Ronald

    August 27, 2011 at 11:44 pm

    Government ကပိုပျက်နေတယ်လေ။

Leave a Reply