ငွေရင်းနည်းနည်းဖြင့် သားစဉ်မြေးဆက်ကောင်းစားရေး

အာဂAugust 25, 20111min21117

တစ်ရက် အသိတစ်ယောက် အမွေတွေသိန်းရာနှင့်ချီ ရသွားသောသတင်း တစ်ခုကျွန်တော်ကြားမိသောအခါ။ ထိုအသိအစားများစွာ ဝမ်းသာမိလေသည်။ ဘယ်ကြောင့်ဆိုသော် ကျွန်တော်တွင်မှု ထိုကဲ့သို အမွေရခွင့်ဟူ၍ မိဘ၊ဘိုးဘွား ဥစ္စာများများမရှိသော်ကြောင့်ပင်ဖြစ်သည်။ ရလျင်တောင်ရမည့်ပိုက်ဆံက သိန်းဂဏာန်းပင်ကျော် မည်မထင်မိချေ၊ဒီလိုပြောလို့လည်း မိဘ၊ဘိုးဘွားများအပေါ်အပြစ်မြင်သိစိတ်လည်းမပေါ်ပေါက်ခဲ့ပါ။ သို့သော် နည်းနည်းတော့ဘဝင်မကျဖြစ်နေခဲ့တာတော့အမှန်ပါ။ဘာကြောင့်လည်းဆိုတော့ အမေတို့ရဲ့အဘိုးတွေအဖွား တွေက အတော်လေးကိုချမ်းသာခဲ့သည်ဟုသိခဲ့ရသောကြောင့်ပါ။ ဒီပိုက်ဆံတွေဘယ်ရောက်သွားသလဲဆိုရင် တော့အကြောင်းအမျိုးမျိုးကြောင့် နောက်လာနောက်သားတွေသုံးစွဲလို့ကုန်ပြီလို့ပဲ ပြောရပါလိမ့်မည်။
ထားပါတော့ကုန်တာလည်းကုန်ပြီဆိုတော့ အခုသူတို့မြေး ကျွန်တော့်မိဘတွေအတွက်ဘာမှမကျန် သလိုကျွန်တော်တို့လို မြစ်တွေအတွက်လည်းဘာမှမကျန်ခဲ့နိုင်တော့ပေ။ဒီတော့ကျွန်တော်လည်းကျွန်တော် မျိုးဆက်အတွက် တန်ဖိုးကြီးအမွေတစ်ခုခုပေးနိုင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ နေ့စဉ်မပျက် စိတ်ကူးနှင့်စဉ်းစားနေခဲ့မိသည်။ သို့သော်အခုထိ ကိုယ့်ဘဝတောင်ကိုယ် လခစားဘဝနဲ့ အနိုင်နိုင်ရပ်တည် နေရသောအခါ မည်သို့လုပ်ရမည်မကြံတတ်အောင်ဖြစ်နေခဲ့မိပါသည်။ ဒါပေမဲ့ အမွေးပေး ထားချင်သည့်စိတ်ကူးကတော့မလျော့ပေ။ဒီတော့ နယ်တစ်နယ်မှာ ဈေးပေါပေါခြံလေးဝယ်ပြီးနှစ်ရှည် ရာဘာ စိုက်ရင်ကောင်းမလားတို့၊ဘဏ်မှာ မတည်ငွေလေးနည်းနည်းထည့်ပြီးထားမလို့များစွာ စဉ်းစားသော်လည်း လက်တွေ့မှာက မလွယ်ကူနိုင်ခဲ့ပေ။သို့သော်ကျွန်တော် စိတ်ကူးအိပ်မက်တို့ကတော့ လျော့မသွားခဲ့တိုးလို့ပင် လာနေတော့နေသည်။
လူမစွမ်းတော့နတ်မ ဆိုသည်စကားအလားပင်။ကျွန်တော်စိတ်ကူး တွေအကောင်အထည်ဖော်နိုင်မည့် သတင်း တစ်ပုဒ်ဖတ်လိုက်ရသည်။ ဒီသတင်းကိုဖတ်ပြီးနောက် ကျွန်တော် များစွာဘဝင်တွေ၍ အပျော်ကြီးပျော်မိနေခဲ့ မိ၏။ ထိုသတင်းက ကျွန်တော့်အတွက် ရတနာသိုက်ကြီး တစ်ခုလိုပင်ထင်မှတ် မိလောက်အောင် ကောင်းမွန်လှ သည့်သတင်းတစ်ပုဒ်ပင်ဖြစ်နေသည်။ထိုသတင်းကအခြားမဟုတ်၊အများသူငှာဖတ်မိလည်း ထူးခြားမည့် သတင်းမျိုးမဟုတ်ပေ။သို့သော်မသိသူကျော်သွားသိသူဖော်စားသကဲ့သို့။ကျွန်တော့်အတွက်အထူးဖော်စားရ မည့် သတင်းပင်ဖြစ်သည်။ စောစောကပြောပြခဲ့သလို သတင်းကတော့ ရိုးရိုးလေးပင် ဘယ်နိုင်ငံလည်းဆိုတာ ကတော့မမှတ်မိတော့ပါ။အမေရိကန်ပဲထားလိုက်ပါကြပါစို့။
အမေရိကန်နိုင်ငံမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝလောက် ကရှန်ပိန်ပုလင်းတစ်ပုလင်းကို လေလံစွဲရာ ဒေါ်လာ ၄၀၀၀ဝ ကျော်နဲ့ ဈေးတည့်သွားပါသတဲ့။ နောက်တစ်ခု နှစ်ပေါင်း၁၀ဝကျော်သက်တမ်းရှိတဲ့ ဝိုင်ပုလင်းကလည်း ဒေါ်လာ ၂သိန်းကျော်ရရှိသွားပါသတဲ့။နောက်အခြားသောသက်တမ်းရာချီရှိတဲ့ ယမကာများ ကိုလည်းလေလံစွဲရာ ဒေါ်လာ သောင်း၊သိန်းချီရရှိသွားပါသတဲ့။ သတင်းကတော့ ဒီလောက်ပါပဲ။ မိတ်ဆွေများကတော့ပြောကောင်းပြောကြလိမ့်မယ် ဘာများထူးလို့လဲဆိုပြီးတော့လေ။ ထူးသပထူး ထူးထူးနဲ့ တောင်မြည်အောင် ကျွန်တော့်အတွက်တော့ထူးသလေးပ။ ခင်ဗျားတို့ပဲစဉ်းစားကြည်လေ။စောစောက သတင်း ထဲကလိုလေလံအောင်သွားတဲ့ပုလင်းတွေကို အဲဒီခေတ်အချိန်ကဆိုရင် ဈေးပေါပေါနဲ့ လူအများသောက်နိုင်မှာ ပဲလေ။အခုကျတော့ ဈေးက မတန်တစဆိုတာထက်ကိုဈေးများနေသေးသကိုး။ပုလင်းထဲကအရည်ရဲ့တန်ဖိုးက သက်တမ်းလိုက်ပြီးကြီးလာသကိုး။ဒီတော့ကျွန်တော်လို ကျွန်တော့် မြေး၊မြစ်တွေကို အမွေလည်းပေးချင်၊အရင်း နှီးကောင်းကောင်းကလည်းမရှိတဲ့ကောင်အဖို့အတွက် ဟန်ကျလိုက်လေခြင်းပေါ့။ ဘာရယ်ညာရယ်သိပ်စဉ်းစား မနေတော့ပဲ လမ်းထိပ်က စတိုးဆိုင်မှာ နာနတ်ဝိုင်၊စပျစ်ဝိုင်၊ဘာဝိုင်ညာဝိုင် စသဖြင့် ဝိုင် ၁ဝလုံး၊နောက် ရှန်ပိန် မျိုးစုံက ၁ဝလုံး၊နောက် ဝီစကီ၊ဘီအီး၊ရမ်၊စသဖြင့်ပေါင်းစုံသောယမကာတွေ ကိုအရင်းအနှီးနည်းနည်းနဲ့ ဝယ်ပြီး သေချာထုတ်ပိုးထားလိုက်တယ်။နောက်ပြီးတော့ ကျွန်တော့်နာမည်ရေးလိုက်တယ်။ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒ လေးတွေကိုရေးလိုက်တယ်။ ဘယ်နေ့ဘယ်ရက်ဘယ်နှနာရီက ကျွန်တော့်မျိုးစက်တွေအတွက်လို့ဖိုးဖိုးရဲ့ စေတနာတို့ဘာတို့ပေါ့ဗျာ။နောက် ဘယ်နှခုနှစ်ကျော်မှ ရောင်းချရမယ်ဘာရယ်လို့စသဖြင့် စည်းကမ်းတွေ ဘာတွေကို သေချာစုံအောင်ထည့်လို့ပေါ့ဗျာ။ အိမ်ရှေ့က သရက်ပင်အောက်မှမြုပ်လိုက်တယ်။မိန်းမကိုလည်း အသိသက်သေထားလို့ပေါ့ဗျာ..။ကျွန်တော့်စိတ်ကူးကို ကျွန်တော်သေသွားရင်လက်ဆင့်ကမ်းလို့ရအောင်လို့ လည်းပါပါတယ်။တော်ကြာဗျာကျွန်တော်သေပြီး သားတွေက ဝမ်းနည်းလို့ထုတ်သောက်လိုက်မှဖြင့်ဘယ် လောက်နှမြောဖို့ကောင်းလိုက်မလဲ။ဒီလိုတွေမဖြစ်အောင်သေချာလည်းမှာရသေးသကိုး။အရင်းအနှီးကလည်း သိပ်များလှပါဘူး။သောင်းဂဏန်းလောက်ပါပဲလေ။ ဒီလိုမြုပ်ပြီးမှပဲကျွန်တော်လည်းပျော်နိုင်တော့တယ်။မြေး၊တွေ မြစ်တွေကို အဖိုးတန်အမွေပေးခဲ့နိုင်တဲ့လူဆိုပြီးတော့ပေါ့လေ။ သူတို့ နောင် နှစ်ပေါင်း ၁၀ဝရာကျော် ၂၀ဝရာကျော် မှထုတ် ရောင်းရင် အမြတ်က အဆမတန်ပဲလေ။ ဒီတော့မှသူတို့ လည်းကျွန်တော့်ကျေးဇူးကို သိပြီးကျွန်တော့်လိုလိုက်လုပ်ရင် ကျွန်တော့်မျိုးဆက်ကတော့ချမ်းသာပြီးရင်ကို ချမ်းသာ၊အမွေကောင်းပေးနိုင် ပြီးရင်ကိုပေးနိုင်တော့မှာမဟုတ်လား။ ဒီလိုလုပ်ပြီးတဲ့နေကစပြီးအခုထိ ကျွန်တော့်မှာ အိပ်ကောင်းစားကောင်း။ အိပ်မက်ကောင်းလေးမက်လို့ စိတ်ကူးလေးယှဉ်လို့ အတော့်လေးကိုနေသာထိုင်သာရှိသွားတော့တယ်။ ဒီတော့ ကျွန်တော်လို စိတ်မျိုးရှိပြီး မတတ်နိုင်တဲ့လူတွေအတွက် ဒီနည်းလေးက သုံးဝင်မလားလို့အခုလို ဂေဇက်မှာ ဖွင့်ခြပြလိုက်တာပဲဗျို့..။

မှတ်ချက်။ ။(ဒါတောင် စိတ်ထဲကတော့ လိုက်မလုပ်ပါစေနဲ့လို့တွေးမိသေးတယ်။ တော်တော်များ များလိုက်လုပ်လိုက်ရင် ကျွန်တော့် မြေး၊မြစ်လက်ထက်ကျ တော့ပစ္စည်းကပေါသွားပြီး ဈေးကောင်းမရမှာလည်း စိုးရိမ်မိသေးတာကိုးဗျ..။ )

17 comments

  • နွယ်ပင်

    August 25, 2011 at 3:27 pm

    အိုးအိုး ဦးအာဂ အကြံကြီးပါပေ့ …
    သားစဉ်မြေးစဉ်အထိပါ လိုက်ပြီးစဉ်းစားပေးနေတာကိုး
    ဒီလို အဖိုးမျိုးတော့ လိုချင်သား 😛

  • စုံ စုံ

    August 25, 2011 at 3:42 pm

    မရဘူးလိုက်လုပ်မှာဘဲ လိုက်လုပ်မှာဘဲ(မတားနဲ့)
    ဒီလိုသက်သက်သာသာနဲ့အမွေပေးနိုင်တဲ့နည်းရှိလို့ကတော့
    သားမြေးမြစ်အပြင်တီတွက်ကျွတ်ဘွတ်တွေထိတောင်အမွေဆက်ခံနိုင်အောင်
    ဒီနေ့ကစပြီးအိမ်ရှေ့ကရှိရှိသမျှအပင်တွေအောက်မှာအရက်နဲ့ဝိုင် ၁သိန်းဖိုးတိတိ
    ဝယ်ပြီး မြှုပ်ကိုမြှုပ်လိုက်ဦးမှာ 😛

  • pan pan

    August 25, 2011 at 4:08 pm

    တို့ကတော့ အိမ်ကရှေးဟောင်းနာရီကိုပဲ အဖေ့ဆီက အမွေတောင်းထားတယ်
    ကျန်တာမပေးချင်မပေးနဲ့ အဲဒီနာရီပဲပေးပါလို့ 😛
    မရောင်းဘဲသိမ်းထားမယ်

  • ပေါက်ဖော်

    August 25, 2011 at 4:22 pm

    ကောင်းလိုက်တဲ့ အကြံပဲ…
    ဖြစ်နိုင်ချေ အများကြီး ရှိသဗျ..
    နှစ်ချို ့လေ..ကောင်းလေပဲဆိုတော့..
    Good idea ပဲ.. 😀

    တစ်ခုရှိတာက ..
    ကျနော်က စိတ်မခိုင်ဘူး.
    ပိုက်ဆံရှိရင်..ဝယ်မြှုတ်လိုက်.
    ပိုက်ဆံမရှိတော့.ဖော်သောက်လိုက်ဆို….
    သရက်ပင်ပါ..မြွေပွ..အမြစ်မခိုင်ပဲ..သရက်သီးပါ ငတ်နေဦးမယ်.
    😛

  • xman

    August 25, 2011 at 5:10 pm

    အဲဒါလေးတော့ သားစဉ်မြေးဆက် သေသေချာချာမှာထားခဲ့ပါ..။
    မောင်ရင်မရှိတော့တဲ့အချိန်ကျမှ တရုတ်တွ စီမံကိန်းလုပ်ဖို့ဆိုပြီး မြေသိမ်းပြီး ဘူဒိုဇာနဲ့ထိုးပစ်လိုက်မှဖြင့် ….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 25, 2011 at 6:41 pm

    အာဂဘဲ 😀 😀 😀

  • weiwei

    August 25, 2011 at 8:09 pm

    တော်တော်အကြံကြီးတာပဲ …
    ကျွန်မအဖိုးသေသွားတော့ ခြံတစ်ခြံအမွေပေးခဲ့တယ် … အဲဒီခြံထဲမှာ ရွှေအိုးတွေမြှုပ်ထားတယ်လို့လဲ ပြောခဲ့တယ် … အဲဒါနဲ့ အဖိုးလဲသေသွားရော ရွှေအိုးတွေတူးဖို့အတွက် တစ်နေရာပြီးတစ်နေရာ တွင်းတူးလိုက် … ဘာမှမတွေ့ရင် သစ်ပင်ပြန်စိုက်လိုက်နဲ့ တစ်ခြံလုံး သစ်ပင်တွေဖြစ်သွားပြီး အခုတော့ အသီးရောင်းစားရတာ ရွှေပြန်ဝယ်နိုင်လို့ အဖိုးပြောတဲ့ ရွှေအိုးဆိုတာ ဒါပဲဖြစ်မယ်လို့ တွေးမိလာတယ် … 😛

  • ဆူး

    August 25, 2011 at 8:21 pm

    ငလျင်တွေ ဘာတွေ လှုပ်လို့ ပုလင်းတွေ ကွဲကုန်ရင် ဘယ်လို လုပ်မလဲ.. သဘာဝ ဘေးဒဏ်တွေ ထည့်တွေးထားသင့်တယ်။

  • sanaythalay

    August 25, 2011 at 9:03 pm

    လန်ထွက်နေတဲ့ စိတ်ကူးလေးပါ

  • unclegyi1974

    August 25, 2011 at 10:03 pm

    နိုင်ငံတော်အကြံပေးအဖွဲ့မှာအလုပ်လုပ်ဖို့
    ကိုုအာဂကိုလာခေါ်ဖို့ဒီနေ့ပဲကျွန်တော်တို့ထွက်လာပါပြီ
    စောင့်နေပါ

  • jaryitt

    August 25, 2011 at 10:22 pm

    လာခေါ်နေပြီတဲ့ ကိုအာဂရေ……..
    ကိုအာဂရေ လွတ်အောင်ပုန်း စုန်မကြီးလာနေပြီ……….ဟေးးဟေ့

  • မီးမီး သော်

    August 25, 2011 at 11:55 pm

    ဦးအာဂရေ ဘယ်လောက်ခံမယ်မခံဘူးတော့ အသာထားပါဥိီး။ဘယ်သားယူသောက်သွားမလဲ အရင်တွေးကြည့်ပါနော့။

  • ကြောင်ကြီး

    August 26, 2011 at 11:16 am

    အဲဒီအကြံထက် လက်တွေ့ကြတာ ပြောမယ်။ မန္တလေးဘီယာစက်ရုံက ဘီယာချက်တဲ့ကြေးအိုးကြီးတွေသည် နှစ်ပေါင်းရာချီနေလို့ အထဲမှာကပ်နေတဲ့ ဘီယာ၊ ရက်ဂျိုးတွေ ထုနဲ့ဒယ်နဲ့ရှိနေကြောင်း အတွင်းသိများကပြောတယ်။ စက်ရုံထဲကို ညဖက်ခိုးဝင်ပြီး ဘီယာ၊အရက်ဂျိုးတွေ ခွာထုတ်၊ ပြီးတော့ ဘီအီးဒီစီ အရက်ဖြူရောပြီး နှစ်ချို့အရက်အနေနဲ့ ကြော်ငြာရောင်း…။ အာဂလည်း သူဌေးဖြစ်၊ မော်ဒယ်လ်လေးတွေကို စပွန်ဆာပေး၊ အိမ်ကအဖွားကြီးကိုတော့ ရိပ်သာပို့လိုက်ပေါ့…။

  • R Ga

    August 26, 2011 at 3:08 pm

    ကျွန်တော်လည်း ကိုပေါက်ဖော်လိုပဲဗျ..။ စိတ်တော့နိုင်နိုင်ထားရမယ်ထင်တယ်။ ဆူးတို့ xmen ဆိုပြောသလိုဆိုရင်တော့။ မီးခံသေတာကောင်းကောင်းလေးတစ်လုံးပါဝယ်ရင်းရမယ်ထင်တယ်။

  • MaMa

    August 26, 2011 at 6:42 pm

    (ဘယ်နေ့ဘယ်ရက်ဘယ်နှနာရီက ကျွန်တော့်မျိုးစက်တွေအတွက်လို့ဖိုးဖိုးရဲ့ စေတနာတို့ဘာတို့ပေါ့ဗျာ။)
    အဲလိုနဲ့ အာဂမျိုးဆက် (မျိုးစက် ကို ပြင်လိုက်ဦးနော်။) ဆိုပြီး ကမာ္ဘမှာ အတုယူစရာတောင် ဖြစ်လောက်တယ်။
    ဘာပဲဖြစ်ဖြစ် သားစဉ်မြေးဆက်ထိတိုင်အောင် ကြီးပွားချမ်းသာစေချင်တဲ့ ဖိုးဖိုးအာဂရဲ့ စိတ်ကို နောင်လာနောင်သားတွေက ကျေးဇူးတင်ပြီး စေတနာကို တန်ဖိုးထားတဲ့အနေနဲ့ ကြိုးစားကြရင်???????????
    ဘယ်လောက်များကောင်းလိုက်လေမလဲ။

    • R Ga

      August 27, 2011 at 1:47 pm

      ဟုတ်ကဲ့အစ်မရေ။ကျေးဇူးပဲ.. အစ်မကိုတော့ ကျွန်တော့်ရဲ့ အတိုင်ပင်ခံ စာပြင်အယ်ဒီတာလုပ်ခိုင်းရမယ်။ နောက် ကျွန်တော်က စာရေးရင် ဝစ္စနှစ်လုံးပေါက်ကို ပိုထည့်မိရင် ထည့်မိတယ်။ ဒါမှမဟုတ် ကျန်ရင်ကျန်ခဲ့တတ်တယ်ဗျ..။ အဲဒီလိုစာလုံးပေါင်းမှားတာ နဲ့ ပါတ်သက်ပြီး မင်းသမီးနဲ့ ပြဿနာတတ်တဲ့အယ်ဒီတာ တောင်ရှိတယ်ဗျ။ ဘယ်သူလဲဆိုတော့ အိနြာကျော်ဇင်လေ..။ ကွန်ပြု တာသမားက ဇ ကိုရိုက်ရင် Shift ခံပြီးရိုက်ရတာကိုအဲဒီမှာ Shift မခံပဲရိုက်မိတော့ အိနြာကျော်ဖင်ဖြစ်သွားလို့လေ။

  • cobra

    August 27, 2011 at 4:08 pm

    ကျွန်တော်ဆိုရင်တော့ဖောက်သောက်မိမှာ…
    ဘယ်လိုမှစိတ်မချလို့

Leave a Reply