8 ဖီလင်

ဆူးAugust 25, 20111min23020

အာရုံတွင် နောက်ကျိ        မျက်စိတွေ မူးဝေ         ခြေလက်တွေလေးလံ          လူကထိုင်းမှိုင်း          ဦးနှောက်ကလည်း အလုပ်အဆိုင်း နားမယ်လို့ သူပြင်          စည်းချက်ရယ်မညီ              ရင်ခုန်သံ            မြန်တလှည့် နှေးတချီ           မောကြီးရယ် ပန်းကြီး               ကျောတနေရာ အသာဆန့် လို့ ကွေးလိုက်ချင်တယ်                   လူကွယ်ရာ အသာခိုးလို့                 မျက်စိကို မှိတ်        နေ့ခင်း              စည်းစိမ်            ဇိမ်ရစ်ပါလို့                   အိပ်လိုက်မယ်ပြင်                အိပ်မက် ကမာ္ဘ မဝေးကွာလို့                     လှမ်းကာ အတိုး                  အဆင်ဆင့်                 စီးမျောပါလို့               တွေးစရာ ဘေးမှာ ထားလို့                 စိတ်စေရာ                ကမာ္ဘသစ်ထွင်                         အစုန်အဆန် မျောဖို့            ခုန်ကာလေ ဟန်ပြင်           ရုတ်တရက်              ဘောစိလာတော့         တသွင်သွင် စီးတဲ့ရေ              သစ်ပင်ပေါ်က           သစ်ကိုင်းခြောက်                 ဘုတ်ကနဲ ကျဘိသလို                     လှိုင်းဘဝက်                ရင်၌ထကာ               သွေးလေခြောက်ခြား          ကတုန်ကရင်                လန့်ဖြန့်လို့ပင်                   အတင်းကာရော                 အမြင်အာရုံ              ဖြဲကာ ပြူးရတယ်           ငုတ်တုတ်ထိုင်လျက် အဆက်မပြတ်           သွားချင်သေးတဲ့            အိပ်မက် ရွာကို           မထားခဲ့ချင်ဘူး            လစ်ရင်တော့ကွယ်                   အိပ်ချင်သေးတယ် မထ ချင်ဘူး။

အကျိုးတော်ဆောင်                 ကော်ဖီရယ်               ဘယ်ရောက်နေ ဘိ သနည်း။

ဝါး…………………….

20 comments

  • etone

    August 25, 2011 at 3:02 pm

    အလုပ်များနေတဲ့ကြားက ငိုက်မြည်းနေတာ .. ။ ဟီးဟီး … အစ်မပြောမှပဲ … ကော်ဖီသောက်ချင်သလိုလိုဖြစ်လာပြီ … ။
    (( အကျိုးတော်ဆောင် ကော်ဖီရယ် ဘယ်ရောက်နေ ဘိ သနည်း။))

  • R Ga

    August 25, 2011 at 3:10 pm

    ကဗျာလေး က ဖတ်လို့ ကောင်းပေမဲ့ ။ ကြော်ငြာကြီးက ဝင်ရှုပ်နေတော့။ စာသားအထားအသိုတွေ ပျက်ပြီး ဖတ် ဖီလင်မရှိဘူးဖြစ်နေတယ် ဆူးရေ..။

    • ဆူး

      August 25, 2011 at 7:39 pm

      မှန်သော စကားဆိုပါတယ်။
      ဆူး ကဗျာ မစပ်တတ်ဘူး။
      စိတ်ထင်သလို ကာရံကို တတ်နိုင်သလောက် ညီအောင် ညှိပြီး ရေးထားတာ.. ဒါကြောင့် စာလုံး စာတမ်း အခွဲ အဖြတ် မလုပ်တတ်လို့ အဆင်မပြေ ဖြစ်တာပါ။

  • pan pan

    August 25, 2011 at 3:10 pm

    အကျိုးတော်ဆောင် ကော်ဖီသောက်လိုက်ဦးမယ်
    ကိုယ့်ကော်ဖီမဟုတ်
    ဘေးစားပွဲက သူများကော်ဖီ 😀

  • pooch

    August 25, 2011 at 3:17 pm

    ဆူးရေ … နေရာချင်းနီးရင် ကိုယ်တိုင်ဖျော်တိုက်ပါတယ်…. 🙂 တကယ်ပြောတာ….. လောလောဆယ် မိုးအေးအေးနဲ့ တို့လည်း အောက်ဆင်းဖျော်လိုက်ပါအုန်းမယ် 🙂

    • ဆူး

      August 25, 2011 at 7:41 pm

      စေတနာ အတွက် ကျေးဇူးတင်ပါတယ်။
      အမှန်တော့ ဆူး အိပ်ချင်တဲ့ အခါမှာ ဖြစ်တဲ့ အကြောင်းကို ရေးချင်တာနဲ့ ငိုက်တဲ့ အချိန်မှာ ဘယ်လို ဖြစ်သလဲ မှတ်ထားပြီး ချ ရေးလိုက်တာပါ။ အမှန်တော့ စာချရေးတဲ့ အချိန်မှာ တရေးနိုးလို့ အိပ်ရေးဝ နေပါပြီ။ အဟိ.. ကော်ဖီ မလိုတော့ပါဘူး။

  • နွယ်ပင်

    August 25, 2011 at 3:25 pm

    ငိုက်လိုက် ကော်ဖီသောက်လိုက် …..
    ကော်ဖီသောက်လိုက် ငိုက်လိုက် ….

  • manawphyulay

    August 25, 2011 at 4:02 pm

    ဒါဆို မနောလို လုပ်ထားလေ… ရုံးရောက်ပြီးဆိုတာနဲ့ ကော်ဖီဖျော်ပြီး စားပွဲပေါ်တင်ထားလိုက်တယ် သောက်ချင်တဲ့အချိန် သောက်လို့ရတာပေါ့နော်… ဖီလင်အပြည့်နဲ့ ကွန်နက်ရှင်ကို တိုက်ခိုက်ပြီး ဖတ်သွားပါတယ်။

  • ပေါက်ဖော်

    August 25, 2011 at 4:05 pm

    ငိုက်တာတောင် ကဗျာစပ်ပြီး ငိုက်နိုင်သေးတယ်..

    ကဗျာလောကမှာ ပျင်းချင်း အပြင် ငိုက်ချင်း ပါ ထပ်တိုးလာပါပကောလား..

    🙄

  • lovebelieve

    August 25, 2011 at 5:07 pm

    အတွေးကောင်းကောင်းလေးနဲ့ကောင်မလေးကို
    အမှတ်လေးများပေးလို့ ထောပနာ
    ပြုကြပါစို့လား သူငယ်ချင်းတို့
    မဂီလာ ပါ။။။။။။။။။။။
    ဆုတောင်းလွှာကတော့
    နေ့ရက်သစ်တွေပိုင်ဆို်င်မှာပါ
    ယူနီဖောင်းတွေပြောနေကြတဲ့ ရွှေရောင်လွှမ်းတဲ့နေ့ရက်တွေလေ။။။

  • weiwei

    August 25, 2011 at 7:51 pm

    ဝါးးးးးးးး ….
    အိပ်ချင်မူတူးနဲ့ဖတ်လိုက်တာ …
    တို့ကတော့ အိပ်မှာပဲ အိပ်မှာပဲ … ဘာဘောစိမှ ကြောက်စရာမရှိဘူး … 😛

    • ဆူး

      August 25, 2011 at 8:34 pm

      ကောင်းပါလေ့တော်.. သူတို့များတော့.. ခိုး မအိပ်ဘူး ပေါ်တင်ပဲ.. ဟိဟိ..
      အိပ်ခါနီး ခေါင်းအုံးပေါ် ခေါင်းချ တာနဲ့ ခေါင်းထဲ ရီဝေဝေ ချာလည်လည် မူး တော့တာပဲ.. အတိတ်တောင် မေ့သွားလား ထင်ရတယ်။

  • hmee

    August 25, 2011 at 8:16 pm

    ဆူး ပြောမှပဲ ဆယ်တန်းတုန်းက ကျုရှင်မှာ ငိုက်တာ သတိရသွားတယ်။ အချိန်က နေ့လည် ၁နာရီ၊ သင်တာက သင်္ချာ၊ မငိုက်ဘယ်နေမတုံး။ ထမင်းစားပြီးကာစ ဘယ်လိုမှ အားတင်းလို့မရဘူး မျက်လုံးကို အတင်းဖြဲလည်းမရ အိပ်ချင်တာလေ ထိန်းလို့မရဘူး တဇတ်ဇတ်နဲ့ ခေါင်းက ဖြစ်နေတော့ ဆရာကသိပြီး စာအုပ်နဲ့ ခေါင်းကို ခပ်ပြင်းပြင်းလေး ရိုက်မှ လန်ံဖြန့်ပြီး အငိုက်ပြေသွားတယ်။ တခါမဟုတ်ဘူး နေ့တိုင်းငိုက်တာလေ။ 🙂 အဲ့ဒါကြောင့် ပြောကြတာ လောကမှာ အလေးဆုံးက မျက်ခွံတဲ့ အိပ်ချင်ပြီဆို ကရိန်းနဲ့ မတောင် မရဘူးပြောတာ။

  • windtalker

    August 25, 2011 at 9:06 pm

    8 ငိုက်မှာပေါ့
    ကိုဆူး က
    ညဆို
    မအိပ်မနေ ကြူတာကြီး

  • fatty

    August 25, 2011 at 9:51 pm

    ကဗျာကတော့ တကယ်ကောင်း ဧကံန ဝိုင်သောက်ပြီးမှ စပ်တာထင်တယ်။ ဘာအမျိုးအစားလဲပြောပါအုံး။
    ဒေါ်ဆူးမှာဘောစိမရှိပါဘူး ဘယ်သူလာသလဲဘဲ။

  • ကြောင်ကြီး

    August 26, 2011 at 11:19 am

    8ဖီလင်ကို 9ဖီလင်နဲ့ ဖျောက်၊ ဥပမာ ရုပ်ရှင်မင်းသား နိုင်းနိုင်းပုံကြည့်ပြီး စိတ်ကူးယဉ်လိုက်။။

  • pisikway

    August 26, 2011 at 11:20 am

    တော်လိုက်တာ။ ထမင်းစားနားချိန် ရုံးခန်းထဲမှာမှောက်အိပ်နေတုန်း boss များ တံခါးဖွင့်ပြီးဝင်လာရင် လန့်နိုးပြီး ရင်တွေတဆတ်ဆတ်တုန်တာ။

  • Shwe Ei

    August 26, 2011 at 11:57 am

    တို့ကတော့ အိပ်ချင်ရင် Shopping ထွက်တယ်။( ရုံးအတွက် လိုအပ်တာတွေ ဝယ်ဖို့ ပြောပါတယ်။:D)

  • MaMa

    August 26, 2011 at 8:17 pm

    စာသင်ချိန်မှာ အိပ်ငိုက်တတ်တာကို သွားသတိရတယ်။ ဘယ်လိုမှ ဟန်မဆောင်နိုင်ပဲ ပုံပျက်ပန်းပျက် ဖြစ်နေတာကို ဘေးက သူငယ်ချင်းက မြင်ပြီး မနေနိုင်ပဲ ရီတော့မှ ရှက်ပြီး အိပ်ငိုက်ပြေသွားတာ။
    အဲဒီ သူငယ်ချင်းဆီက ရတဲ့ ပညာလေး မျှဝေ ပေးလိုက်မယ်။
    အမှန်က သူကိုယ်တိုင်လည်း ငိုက်နေတာတဲ့။
    အဲဒါနဲ့ သူငိုက်တာ ဘယ်သူများ တွေ့သွားမလဲဆိုပြီး ဘေးဘီလိုက်ကြည့်တော့ ဘေးမှာ သူနဲ့အပြိုင်ငိုက်နေတဲ့ ချစ်သူငယ်ချင်းကြီးကို တွေ့ပြီး အရမ်းရီချင်သွားတာ။
    အဲဒါနဲ့ သူလည်း မငိုက်တော့ဘူး။ ကိုယ်လည်း မငိုက်တော့ဘူး။ အဆင်ကို ပြေသွားတာပဲ။
    နောက်ဆိုရင် ကိုယ်အိပ်ငိုက်ရင် ဘယ်သူအိပ်ငိုက်နေလဲ လိုက်ရှာကြည့်၊ သူများအိပ်ငိုက်တာ တွေ့ရတာ သိပ်ရီချင်စရာ ကောင်းတယ်ဆိုပဲ။ 😀

  • မီးမီး သော်

    August 26, 2011 at 8:26 pm

    ဟီး အိပ်ငိုက်လိုက်တာနော်. ဝါးးးးးးးးး

    ကော်ဖီတခွက်လောက်သောက်အုံးမှပါ. မမဆူးရေ ကော်ဖီတိုက်ပါလားလို ့နော်။မမဆူးကဗျာလေးက ကောင်းပါတယ်။ဟိ ဟိ

Leave a Reply