ကမာ္ဘပျက်၍ / ပြတ်ရွေ ့ကြောင်းများဖြင့် / ကမာ္ဘပျက်ခြင်း

suekhatminMay 12, 20101min984

ဒီနေ့ ကမာ္ဘပျက်တယ် ..

တောမီးလောင်သလိုမျိုး .. စကားလုံးတွေ

အပြိုင်းအရိုင်း .. ကိုယ့် ဆီ တိုးဝင်လာကြ .. ။

သူမ ပုတ်ချခဲ့တဲ့ နှင်းဆီဝါဝါလေးမှာ ..

ကိုယ့် ဝင်သက်ထွက်သက်တွေ ..

၉၉ ရာနှုန်း .. ပါသွားတယ် ။

ဒီနေ့ ကမာ္ဘပျက်ကြောင်း ..

သေချာအောင် .. ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်မိတယ် ။

ကြိုးမိန့်ပေးသံတွေ ကြားတယ် .. ။

လေတိုးသံတွေ ကြားတယ် .. ။

ခေါင်းငိုက်စိုက်ကျသွားတဲ့ ညနေခင်းလေး ..

ကိုယ့် အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ပြုံး လို့ .. ။

ဒီနေ့ ကမာ္ဘပျက်ကြောင်း ..

နွေနေ့လည်ခင်းက ပူစပ်ပူလောင် ထောက်ခံတယ် … ။

ဒီနေ့ ကမာ္ဘပျက်ပါမယ် ရှင် .. လို့ ..

ရေဒီယိုက ကြေငြာခဲ့သလား .. ?

နားထောင်လိုက်ရသူများ .. ဆိတ်ငြိမ်ပေးပါ .. ။

စိတ်ငြိမ်ဆေး သောက်ဖို့ လိုနေပြီ ထင်တယ် .. ။

ကမာ္ဘပျက်ပြီးတဲ့နောက် ..

လမ်းပန်းဆက်သွယ်ရေး အရင်လို ကောင်းပါ့မလား .. ။

ကဗျာတွေ အရင်လို ရေးနိုင်ပါဦးမလား .. ။

စီးကရက် မီးခိုးငွေ ့တွေထဲ အရင်လို ရှာနိုင်ပါဦးမလား .. ။

မျက်ရည်စိုနေတဲ့ မိုးတွေ ရယ် .. ၊

မိုးရေစိုနေတဲ့ မြက်တွေရယ် .. ၊ အရင်လို ရှိပါဦးမလား … ။

စမ်းချောင်းထဲ အရင်လို လမ်းလျှောက်နိုင်ပါဦးမလား .. ။

လား ၊ လား ၊ လား ၊ လား ။

`လား´ ပေါင်းများစွာနဲ့ ငိုင်နေစဉ်မှာပဲ ..

ကိုယ့် နှင်းဆီဝါလေး `ဖတ်´ ခနဲ ..

ပုတ်ချခံလိုက်ရတယ် .. ။

ဒီနေ့ ကမာ္ဘပျက်ကြောင်း နိမိတ်ပုံတွေ ပေါ်ထွန်းခဲ့သလား ။

ကမာ္ဘပျက်နေချိန် …

တစုံတယောက် .. ခေါင်းစွပ်အင်္ကျ ီအနက်ရောင်လေးဝတ်ပြီး

အိပ်ပျော်နေမလား … ။

တစုံတယောက် .. စာမေးပွဲနီးလို့ စာတွေပဲ ဖိကျက်နေမလား ။

ကမာ္ဘပျက်တဲ့အကြောင်း သတင်းပေးဖို့

သူမ ဖုန်းနံပတ် ကိုယ့်ဆီမှာ မရှိဘူး ။

ကိုယ့် ဘီရိုအံဆွဲထဲက ဂျယ်လီလေး ..

ကမာ္ဘပျက်တဲ့ထဲ ပါသွားမလား .. ။

သူမ မိုးပေးခဲ့တဲ့ ကိုယ့်အိမ်လေးမှာ

ခရမ်းရောင် သက်တန့်တွေ ပွင့်နေမှာပါ .. ။

ကြယ်မြင် လမြင် .. ပျက်နေတဲ့ ကမာ္ဘမှာ

ကိုယ့် အခန်းစုတ်ထဲက တစ်ခြမ်းပြတ် ကြယ်လေးတွေ

သတိရတိုင်း ထထ လင်းနေတုန်းပဲ ။

ဒီနေ့ ကမာ္ဘပျက်ကြောင်း သေချာအောင် ..

ကိုယ့့်ကမာ္ဘကို ကိုယ်တိုင် ပြန်ဖျက်ကြည့်မိတယ် .. ။

ဆူးခက်မင်း

4 comments

  • susunosuki

    May 12, 2010 at 7:12 am

    ကမာ္ဘပျက်မဲ့ အကြောင်းကြားရတာ ဘင်လာဒင်ကို သတိရတယ်
    သူ့လက်ထဲ အနုမြူဗုံးမရောက်ပါစေနဲ့ လို့သတိရတိုင်းဆုတောင်းတယ်

  • chitsayar

    May 12, 2010 at 5:04 pm

    ကိုယ့့် လက်ထဲလည်းအနုမြူဗုံးမရောက်ပါစေနဲ့ အားလုံး လက်ထဲလည်းအနုမြူဗုံးမရောက်ပါစေနဲ့

  • moethiha

    May 27, 2010 at 5:12 am

    အော်အကောင်းမှတ်လို့လာကြည့်တာကဗျာဖြစ်နေတာကိုး။တွေးထားတာကမိုက်တာဗျာ

  • Thaw Zin Loikaw

    June 3, 2010 at 1:10 pm

    စိတ်ကူးလေးက တကယ့်ကိုကောင်းပါတယ်….
    ကဗျာလေးကိုဖတ်ရင်း မျက်စိရှေ့မှာ တကယ်မြင်ယောင်လာတယ်ဗျာ
    ၂၀၁၂ ဇာတ်ကားထဲကိုလို တကယ် ကမ္ဘာပျက်တော့မယ်ဆိုရင်…ဘာလုပ်ကြမလဲ သိချင်လိုက်တာ..။

Leave a Reply