မေ့သွားလို ့..မေ့သွားလို ့

မောင် ပေAugust 25, 20111min25918

တစ်ရက် တွင် ဖြစ်သည် ။ မိုးအေးအေး နှင့် ဟိုယောင် ဒီယောင် ယောင်တောင်ပေါင်တောင် ဖြစ်နေစဉ်…

ကျွန်တော့် တူမလေး ရောက်လာသည် ။ သူမ  ကို ကျွန်တော် က မီးမီး ဟု ခေါ်သည် ။

( ယခင် ကျွန်တော် တင်ခဲ့သော ` ဝတ်လာတာ က G-string ကြိုး  ´ ပို ့စ် ကို ဖတ်ဖူး သူ များ မှတ်မိကြပါလိမ့်မည် )

သူလေး ရဲ  ့ ထုံးစံ အတိုင်း မုန် ့ဖိုး တောင်းတော့သည် ။

` ဦးဦး…..မီး ဗိုက်ဆာ တယ် ´

` မုန် ့ဖိုး လိုချင် ၊ လိုချင်တယ်ပေါ့ ၊ မုန် ့ဖိုးလိုချင်ရင်….အရင်အပတ် က ဦးဦး ၊ မီးမီး ကို ကျက်ခိုင်းလိုက်တဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ကို အခု ရွတ်ပြ ´

` ဟာ…ဦးဦး ကလဲ ၊ မီးက အဲဒီနေ ့က တဲ က တစ်ခါထဲ အလွတ်ကျက်လိုက်ပြီးသား ၊ အိမ်ရောက်တော့ တောင် ဖေကြီး တို ့ကို ပြန်ရွတ်ပြနေသေးတယ် ´

` အခု…ဦးဦး ကို ဆိုပြလေ….ပြီးရင် မုန် ့ဖိုးပေးမယ် ´

မီးမီး က စပ်ဖြီးဖြီး ဖြင့် ပြုံးပြ လာသည် ။

` ဟီး….ဦး က လဲ မီးက တတ်ပြီးသား ၊ ရပြီးသား ပါ ၊ ဒါပေမယ့် အခု မေ့သွားပြီ…..ဗိုက်အရမ်းဆာလို ့မေ့သွားတာ နေမှာ….မုန် ့ဖိုးပေးနော် ´

` ဪ…င့ါတူမ လဲ ခေသူ မဟုတ်ကိုး …. ´

` ဘာလဲဟင်…ခေသူ မဟုတ် ဆိုတာကို ၊ မီး ကို ရှင်းပြ ´

သို ့နှင့် စပ်စုတတ်သော တူမလေး ကို ကြားဖူးသော ပုံပြင်လေး ပြောပြ ဖြစ်ခဲ့သည် ။ စာဖတ်သူများ ဖတ်ပြီးသား ၊ သိပြီးသား ဖြစ်နေတယ် ဆိုရင် တောင်းပန်ပါတယ် နော် ။

ဟိုးရှေးတုန်းက စစ်တပ် တစ်တပ် ရှိတယ်တဲ့…..

အဲဒီတပ် မှာ မင်းမင်း ဆိုတဲ့ စစ်သားလေး က ထမင်း၊ဟင်းချက် တာဝန် ယူ ရ သတဲ့…..

အဲဒီမှာ သူ က ဘာလုပ်သလဲ ဆိုရင် ၊ ထမင်းဟင်း ချက်ဖို ့ဈေးဖိုး တောင်းတိုင်း ၊ သူ ့အတွက် ကျန်အောင်…ပိုတင်သတဲ့……..

ကျန်တဲ့သူတွေ က မင်းမင်း ဒီလိုလုပ်နေတာ ကို သိပေမယ့် မပြောရဲ ကြဘူး တဲ့ …

မင်းမင်း က ထမင်း ၊ ဟင်း ချက်ကျွေးနေတာ ဆိုတော့ ….

ဒီလို နဲ ့နေလာတာ ၊ မင်းမင်း ဟာ အဆင်ပြေနေတာပေါ့….

တစ်ရက်ကြ တော့ ၊ သူတို ့စစ်တပ် အတွက် ဟင်းချက် တဲ့အခါ ကြက်သားဟင်း ချက်တယ်…..

အဲဒီနေ ့မှာ ကွာ ၊ မင်းမင်း က ဘယ်လို ဈေးတင် သလဲ ဆိုရင် …..

ကြက်သား တစ်ပိဿာ ကို တစ်ထောင် ကျပ် ပဲ ပေးရတဲ့ ကိစ္စ ကို ၊ သူ က တစ်ပိဿာ တစ်ထောင့်ငါးရာကျပ် ဆိုပြီး တင်ထားသတဲ့….

ဖြစ်ချင်တော့….အဲဒီ နေ ့မှာ ပဲ ၊ သူတို ့စစ်တပ် ကို ၊ ဗိုလ်မှူးကြီး က စစ်ဆေးရေး ဝင်ပါလေရော…..

မင်းမင်း တင်ထားတဲ့ ဈေးဖိုး အသုံးစရိတ် စာရင်း ကို လည်း ဖတ်ပြီးရော…ဗိုလ်မှူးကြီး က မျက်လုံးပြူးသွားပြီး ၊ တပ်သား မင်းမင်း ကို ခေါ်ပါလေရော…

` ဟေ့ကောင်..၊ ကြက်သား က တစ်ပိဿာ မှ တစ်ထောင် ပဲ ပေးရတာ မလား ၊ စာရင်း မှာ ဘာလို ့တစ်ထောင့်ငါးရာ ရေးထားတာလဲ ´

` ဒါကတော့ ဒီလို ရှိပါတယ် ဗိုလ်မှူး…..ကျွန်တော် ဝယ်လာတဲ့ ကြက် က ရိုးရိုးကြက် မဟုတ်ပါဘူး ဗိုလ်မှူး ´

` ရိုးရိုး မဟုတ်ရအောင် ၊ မင့် ကြက် က ရွှေဥ ဥနေလို ့လား ´

` ကျွန်တော့် ကြက် က တိုက်ကြက် စစ်စစ်ပါ ၊ ရိုးရိုး ကြက် ဆိုရင် တစ်ထောင် နဲ ့ရပါတယ် ၊ တိုက်ကြက် မို ့တစ်ပိဿာ တစ်ထောင့် ငါးရာ ကျပ် ပေးလာခဲ့ရတာပါ ဗိုလ်မှူး ´

အဲဒီ မှာ ၊ မင်းမင်း တစ်ယောက် စာရင်းပိုတင်ထားတာ ကို သိပေမယ့် မလည်း ၊ ဗိုလ်မှူးကြီး မှာ ဘာမှ ပြန်မပြောနိုင်တော့ပါဘူး တဲ့ ။

မင်း က တော့ ` ခေသူ တစ်ယောက် မဟုတ် ´ လို ့မှတ်ချက် ချပြီး ၊ ဗိုလ်မှူးကြီး က ပြန်သွားရပါသတဲ့….။

သည်တွင် တူမလေး က စောဒက တက်လာသည် ။

` ဟင်…ဦးဦး ပုံပြင် က လဲ မီး နဲ ့ဘာမှ မဆိုင်ဘူး ကော ´

` ဆိုင်တာပေါ့ ၊ မီးလေး ရဲ  ့..၊ ပုံပြင်ထဲ က မင်းမင်း ဟာ မဟုတ်တာ ကို ဟုတ်အောင် လှည့်ပတ် ပြောတတ်သလို ပဲ ၊ မီးလေး က လဲ..ဦး ကျက်ခိုင်းလိုက်တဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ကို ၊ မီးက အလွတ်ရခဲ့သယောင် နဲ ့ ဖြီးလာတာ ကိုး ´

` ဟာ….ဦးဦး က လဲ ၊ မီးတစ်ကယ် ရတာပါဆို ၊ အခု ဟာ က မေ့သွားလို ့ ပါ ဦးရဲ  ့….ဟီး ´

` အေးပါ…..ရော ့ရော့

 နောက်ကို မုန့်ဖိုး လိုချင်ရင် ရိုးရိုးသားသားတောင်း
မရတာကိုလဲရသလိုလို မလိမ်နဲ့ မုန့်ဖိုး က  အမေကပေးလိုက်ပြီးသားကိုလဲ မရသေးတဲ့ပုံစံနဲ့နှစ်ခါလိမ်မတောင်းနဲ့
နောက်ဒီလိုအချိုးမျိုး ချိုးလို ့ ကတော့
ပိုက်ပိုက် တော့ မရဘူး ၊ တုတ်ဘဲ ရမယ် ´

သို ့နှင့် ….တူမ လေး တစ်ယောက် မြူးတူး ခုန်ပေါက် ပြီး ပြန်သွားသည် ။

ကျွန်တော့် တွင်လည်း ၊ ဪ….မေ့တတ်သူ တွေ ဘယ်လောက်တောင် ရှိလာပြီ လဲ ဟု စဉ်းစားနေမိပါတော့လေသတည်း ။

———————အားလုံးကို ကျေးဇူးတင်ပါသည်—————————-

`

 

 

18 comments

  • ဆူး

    August 25, 2011 at 11:05 pm

    မေ့တယ် ဆိုတဲ့ စကား က အရင်က သိတယ် လို့ ပြောတာ..
    ဘယ်တုန်းက သိခဲ့တာလည်း ဆိုတာ ရှိသေးတယ်.. သေသေချာချာ လေးလေးနက်နက် ရေရေရာရာ တွေးပြီး စဉ်းစားတော့..

    အရင်ဘဝတုန်းကလား အတိတ်ဘဝ တုန်းကလား.. ဟိုးရှေးရှေး ဘဝ တုန်းကလား..
    အခုတော့ မေ့ပြီပေါ့.. ဟိဟိ

  • windtalker

    August 25, 2011 at 11:08 pm

    R ခိုင် နဲ ့R ဇာနည် ပေါင်းတော့
    မုန် ့ပြီလား မေ့ပြီ လား တဲ့ ။
    မောင်ပေ နဲ ့ဆူး နဲ ့ပေါင်းရင်တော့
    မုန် ့တီ လား မြီးရှည်လား လာထား
    ဟီဟိ

    • weiwei

      August 25, 2011 at 11:21 pm

      မောင်ပေတော့ အထုခံချင်နေပြီနဲ့တူတယ် …
      ဘွားတော်ဆူးကို သွားမစနဲ့ … ပေအစစ်ဖြစ်သွားလိမ့်မယ် …

    • ဆူး

      August 25, 2011 at 11:23 pm

      ဆူး နဲ့ အပေါင်းအသင့် တည့်တာ (ပေါင်းတာ) အပျိုကြီးတွေ များတယ်။
      မေပေါင် လည်း အပျိုကြီး လုပ်မလို့လား..

    • MaMa

      August 26, 2011 at 7:41 pm

      မေပေါင်ဆိုမှတော့ မေချောက်ဖုံနဲ့ တဂိုဏ်တည်းသားတွေ ဖြစ်ရမယ်။
      🙂 🙂 🙂

  • ပေါက်ဖော်

    August 25, 2011 at 11:11 pm

    ဪ..ကိုပေ.ကိုပေ..
    လူကြီးတောင်မေ့တတ်သေတာပဲ..
    ခလေးလဲ မေ့ပေမပေါ့..ဗျာ
    ဒါနဲ ့ စကားမစပ်..

    Where is ဘဲကင်တစ်ခြမ်း..

    • windtalker

      August 27, 2011 at 6:48 pm

      ဘဲကင် တစ်ခြမ်း is in mandalay !
      So , come and take award ! ကိုပေါက်ဖော်
      OK ပါနော်

  • captainamerica

    August 25, 2011 at 11:37 pm

    အဟ တော်ကီလန်းတယ်ဟ ကွန်မန်.ကိုပြောတာနော်………..:-) 🙂 🙂 😛 😛

  • မီးမီး သော်

    August 26, 2011 at 9:20 am

    မေ့ပါဘူး၊ရပါသေးတယ် မှတ်မိဆိုလို ့ ပြန်ရွတ်ခိုင်းကြည့်ရင်လဲအထစ်ထစ်နဲ ့နေမှာပါ။ကလေးတွေများနော် တတ်လဲတတ်နိုင်ပါတယ်—ဦးပေ့ရေ. 😉

  • Shwe Ei

    August 26, 2011 at 9:34 am

    နောက်တခါ လူကြီးတွေမေ့တတ်တာလဲ တင်ပေးပါအုံးနော်၊ ကိုကြီးမောင်ပေ။

  • နွယ်ပင်

    August 26, 2011 at 9:43 am

    မေ့တက်တာကတော့ ပြောမနေဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင်မေ့နေတက်သေးတယ် 😀

  • နွယ်ပင်

    August 26, 2011 at 9:44 am

    မေ့တက်တာကတော့ ပြောမနေနဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် မေ့နေတက်သေးတယ် 😀

  • ကြောင်ကြီး

    August 26, 2011 at 10:00 am

    ပုံစံကြည့်ရတာ သဂျီးက စစ်ဆေးရေးဝင်ပြီး ပွိုင့်ဖြတ်တော့မှာမို့ ရွာသားအပေါင်းကို ကိုလေပွားကနေ တဆင့်ပြောခိုင်းတယ် ထင်ပါတယ်..။

  • pan pan

    August 26, 2011 at 10:08 am

    ကိုပေ့တူမ မတတ်ပလေး ပါလားနော်
    ကိုပေ ဘွားဆူးနဲ့ပေါင်းမယ်ဆိုရင် “မောင်ပေ”နာမည်ထက် “မေပေါင်”ဆိုတာက ပိုကောင်းမယ် 😀 😛

  • weiwei

    August 26, 2011 at 10:17 am

    မေပေါင်က ရွာထဲက မေ့တတ်သူများအကြောင်းကို ရေးချင်နေတာကို ဒဲ့မရေးရဲတာနဲ့ တူမလေးနဲ့ ဝင်္ကဝုတ္တိအလင်္ကာသုံးလိုက်တာမဟုတ်လား (ခန့်မှန်းကြည့်တာနော် … မှားချင်လည်းမှားမယ်) … 🙂
    မောင်ပေ ခေသူမဟုတ် …

  • pisikway

    August 26, 2011 at 11:29 am

    ဒီဦးဦး တယ်ဆိုးတာပဲ။ ကလေးဗိုက်ဆာနေတာကို ကဗျာဆိုခိုင်းပြီး ရစ်နေသေးတယ်။

  • မောင်ပေဆိုတဲ့မေပေါင်
    မေ့ချင်ယောင်ဆောင်တဲ့သူများကို
    တူမလေးနဲ့ပုံပြ
    ဆုံးမလိုက်ပုံက………………………..

  • king

    August 26, 2011 at 8:35 pm

    မေ့တော့ မမေ့သေးဘူး
    ရင်မှာ ဒီဆူး …အဲ(မမ/ဒေါ်ဒေါ် ဆူးနဲ့မဆိုင်ပါ .. ကြိုရှင်းထားတာနော်) ဒဏ်ရာတွေ
    လွယ်လွယ်မမေ့နိုင်ဘူး …….
    မှတ်မိအောင်လုပ်ဖို့ လွယ်တယ်
    မေ့ဖို့က ခက်တယ်ဗျ ..
    နည်းနည်း စဉ်းစားကြည့်ကြပေါ့ဗျာ
    ဥပမာ … သင်၏အမေမည်သို့ခေါ်သနည်း၊
    ………… သင်၏ အမေအမည်ကို မေ့ပစ်ပါ။
    ရပါသလား
    ကျွန်တော်လည်း အခုထိ မေ့မရဘူးဗျ
    ဆိုင်မဆိုင်တော့မသိဘူး မေ့တာဆိုလို့ ရေးလိုက်တာ …. 😛

Leave a Reply