သတင်းထူး ( သူခိုး ကိုပြန်လွတ်ပေး )

Mobile HouseAugust 26, 20111min1177

မန်းလေး မှာ ဖုန်းဆိုင်တွေ အခိုးခံရတော့ မိထားတဲ့ သူခိုးကို တရားရုံး က ပြန်လွတ်ပေးမလို့လုပ်နေတယ် ။စစ်တဲ့ အချိန် တုံးကရယ် စရာပါဗျာ ။သူခိုးကိုသိလားတဲ့ ?သူခိုးကအဲ့ ခိုးတဲ့နေ့ တုံးက  ရွှာ မှာတဲ့ ။အဲ့ ဒါနဲ့ ပြန်ပြော လိုက် တယ် ဒီမှာ ရှိလို့ ဖုန်းတွေ ခိုး သွားတာ လို့ ပြောတော့ ရှေ့ နေနဲ့ တရားသူကြီး ကရယ်ပြီး တယ်။တရားသူ ကြီးက ပြောတယ် မသိဘူးဖြေရမှာတဲ့ ။စဉ်းစားလို့ကို မရဘူး ။သက်သေခံ ပစ်စည်း နဲ့ တကွ ရဲ ကမိ လာပြီး သူခိုး ကသူခိုးပါတယ် ဝန်ခံထားတာ ကို ဘာသဘောလဲမသိဘူးနော် ။CCTV တွေမှာ သက်သေခံပုံ တွေလဲ ရှိတယ် ။ပြီး တော့ ဓာတ်ပုံ တွေရထားတာ တောင် ရက် ၄၅ လောက် ကို မဖမ်း ဘူး။ပြီး တော့ ရဲကို က လိုက် ပြီး သူခိုး က တစ်ကိုယ်တော် တဲ့ ။ရဲကိုကပြောတာနေ ။စဉ်းစားကြည့် ပါဗျာ ။တစ်ယောက်ထဲ နဲ့ ဆိုင်ဝင်ခိုးလို့ရမလား ။ဖုန်းသူခိုးပုံတွေ ရဲကပြတော့ တစ်ဖွဲ့ တည်းလာတာတွေ့ ရတယ် ။ရဲကတော့ တစ်ကိုယ်တော်ဆိုခံငြင်းတယ် ။သူတို့ မွေးထားတာလား စဉ်းစားစရာပဲ ။ရဲ တွေက အမှတ် ( ၈ ) က ပါ ။တရားရုံး ကတော့ ၃၅ – ၃၆ ကြား ၊ ၆၃ – ၆၄ ကြား က မြို့နယ်တရားရုံး ပါ ။တရား သူကြီး ကအမျိုး သမီး တစ် ဦး ပါ ။နံမည်တော့ မဖော်ပြတော့ ပါ ဘူး ။သူမိပြီး ၂ ပတ်အတွင်း မှာ ၁၉ လမ်း နန်းရှေ့ က Mobile Mother အခိုးခံ ရတယ်လို့ သိရပါတယ် ။ရဲ တွေ မှာ ရထားတဲ့ သူခိုး  ဓာတ်ပုံ အရ ၂ယောက် ကျန်သေးတယ် ။မဖမ်း တာလား ။မမိတာ လား ။ဖုန်းဆိုင်တွေ ရင်ထိပ် နေ ရပြီ ။ဖုန်းဆိုင် ဝန်ထန်းတွေ လဲ အလျော်ပေး ရလို့ စိတ်ညစ်နေကြတယ် ။

7 comments

  • manawphyulay

    August 26, 2011 at 1:39 pm

    မင်္ဂလာပါ။ ပိုစ့်ရေးနည်းကို သဂျီးပြောပြထားတာ မဖတ်ဖြစ်ဘူးထင်တယ်နော်။

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ ဆိုတဲ့ စာပိုဒ်လေး ဖတ်မိပါသလားရှင်….

  • မီးမီး သော်

    August 26, 2011 at 1:44 pm

    ဟုတ်တယ် သူမေ့သွားလို ့နေမှာ။ကျွန်မတို ့တော့ အလျှော့ခံရပလေ့စေ။ဝင်မန် ့လိုပ်ဦးမယ်။ရဲတွေနဲ ့ပေါင်းပြီးများ လုပ်နေကြရော့သလား။ကူညီပါရစေ ဆိုပြီး ဘယ်လိုမျိုးကြီးတွေလုပ်ပြနေကြတာပါလိမ့်နော်

  • pan pan

    August 26, 2011 at 2:14 pm

    ဆက်ကြေးရလို့လားမှမသိတာ…… 🙄
    (ပိုစ်ဖျက်ခံထိမလားတော့မသိဘူး၊ ၂ဝရင်းလိုက်ပြီ) :mrgreen:

  • blackprince72

    August 26, 2011 at 2:18 pm

    ဖတ်မိပါတယ် ။မေ့ သွားလို့ ပါ။သတိပေးတာ ကျေးဇူး ပါ။ဒီနေ့ ဖြစ်တဲ့ ဟာကို ဒီနေ့ သိစေချင်လို့ ပါ။မစဉ်းစားမိ လိုက် ဘူး ။။

  • Shwe Ei

    August 26, 2011 at 3:17 pm

    တိုင်တဲ့လူတွေ အပီအပြင်မလိုက်ကြလို့များလား။

  • ရွှေ မင်း သား

    August 27, 2011 at 10:38 am

    ဒီသတင်း အမှန်သာဆိုရင် ပိုပြီးတိတိကျကျလေးရေးပေးစေချင်ပါတယ်။
    ဒီအပြင်ကို ပြည်တွင်းဂျာနယ်တွေကပါ နာမည်အပြည့်အစုံနဲ့ ဒီအဖြစ်အပျက်လေးရဲ့ အမှုစီရင် ပုံကို အစအဆုံး သေသေချာချာလေး ဖေါ်ပြပေးရင် ပိုကောင်းမယ်ထင်တယ်။

  • blackprince72

    August 28, 2011 at 10:59 pm

    ဒီသတင်း အမှန်သာဆိုရင် ပိုပြီးတိတိကျကျလေးရေးပေးစေချင်ပါတယ်။
    ဘယ်ဖြစ်မလဲ ခိုးလုပ်ပါတယ် ဆိုမှပဲ ။မှုခင်း မှာ ဖမ်းတာပါတယ် လေ။ ပြီး ရင် ဘာဖြစ် တယ်ဆိုတာ ထည့် ရေးမလား ဗျ ။အဖမ်း ခံရမှာ ပေါ့ ။

Leave a Reply